မန်းလေးဂေဇက်က ရွာသူရွာသားအပေါင်းတို့ရေ…………. ပြောင်းလဲသွားပြီဖြစ်တဲ့ မြန်မာနှစ်သစ်မှာ လိုရာကိုလဲ မတဘဲရ…………. စိတ်ကလဲ ကြည်နူးလို့ချမ်းသာ……………….. သဘာဝဘေးန၏အန္တရာယ်နဲ့ကင်းကွာ…………….. ကျန်းမာလို့လဲပျော်ရွှင်………………….. သူကြီးပေးမယ်ဆိုတဲ့ တစ်သိန်းကိုလဲ ရွာသူရွာသားတိုင်းရတဲ့ ဘဝတွေ ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်…… ကိုပေါက်(မန္တလေး) သူကြီးရေ ဒီစာအတွက် 80မပေးနဲ့နော်……


“အဖော်ရှာမယ် အဖော်ပါတယ် ကြော်ငြာမယ် ဆိုတဲ့………………….2011သင်္ကြန်” မခေါ်ဘဲနဲ့လဲ အချိန်မှန်လာ၊ မနှင်ဘဲနဲ့လဲ သုံးရက်ပြည့်တာနဲ့ ဇွတ်ပြန် ၊ အဲဒါသင်္ကြန်ပေါ့။ တစ်ခါတစ်ရံတော့ အဆစ်ပေးသလို လေးရက် ပျော်အောင်လဲ နေပေးပါတယ်။ ဟိုအရင်ကပေါ့ သင်္ကြန်နီးပြီဆိုတာနဲ့ တစ်နှစ်ကူးဘို့ ပုရစ်ဖူးလေးတွေက အရင်ဝေပြပါတယ်။ သူဝေပြီဆိုတာနဲ့ ဥဩက တွန်ပါတယ်။ ဥဩတွန်တာနဲ့ နွေမှုံမှုံ လေမှုံမှုံ လွမ်းရိပ်ဆင်ပြီဆိုရင် သင်္ကြန်မိုးပြေးလေးက ရွှေပိတောက်ကို အပြေးအလွှားကြိုသလို မန်းလေးသားကိုကိုတွေကလဲ စည်တိုခေါက်လို့ တူးပို့ သံလွင် မဏ္ဍပ်တွေဆင်လို့ သင်္ကြန်အတွက်ပြင်ကြပါတယ်။ ဘယ်အယူအဆကြောင့်ဘဲ ဖြစ်လာလာ။ ဘယ်သူ့ခေါင်းဘဲလက်ပြောင်းပြောင်း၊ ဒီအချိန်ရောက်တိုင်းတော့ မန္တလေးသူ မန္တလေးသား သင်္ကြန်သွေးကြွ ကြ တာ အများတကာထက် ပိုကို ပိုပါတယ်။ ဟိုရှေးရာဇဝင်မှာ နာကျင်စေခဲ့တဲ့အဖြစ်က နရသီဟပတေ့ နဲ့စောလုံ သင်္ကြန်မှာ အကြည်စားသန်မိလို့ […]


“ဗလာ နဲ့ တဏှာ” ပြောမယုံ ကြုံဖူးမှသိသတဲ့။ ကြားရသမျှလည်းနားဝမှာမသက်သာ။ ချက်တင်ကို နာမယ်ပျက်အောင် လုပ်လဲလုပ်ရက်တဲ့သူတွေ၊ ပြောတော့လဲမောယုံဘဲရှိ။ ကြူတဲ့လူကလဲ ဇွတ်ကို ကြူ မူရမယ့်လူကလဲ ကိုယ့်ကိုယ် ကို တန်ဘိုးမထား မူများ တောင် မမူနိုင်ဘဲ အလွယ်ကလေးနဲ့ ပေးလိုက်မိ တော့ လူတောင်ယိုင်နဲ့နဲ့လေးဘဲကျန်ခဲ့ပါသတဲ့။ အစရှိနောင်နောင် တားမရ ဆီးမရ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် လို်က်ရောမိတာလဲအကြီမ်ကြိမ် ထိန်းမနိုင်သိမ်းမရ ဖုံးမရဖိမရ အဆုံးမှာတော့ တိုင်ကြတောကြ ကြားလူမှာနားတွေပူရ။ တုံမမရေ နှာခေါင်းမပါလို့ စားကြတာ မဟုတ်ဘူးကွဲ့ ခေါင်းထဲမှာဦးနှောက်မပါတာရယ် အငယ်ကောင်လေးမိုက်သမျှ အလိုလိုက်ကြတာရယ်ကြောင့် ……….. စားနေတုန်းတော့ လူမသိ သူမသိ အပူတွေမိတော့ မှ အရပ်ကတို့ကိုဗျို့ ဟစ် ရွှေမန်းတင်မောင်လို့ ဟစ်လိုက်ချင်ပါသကွဲ့ “မောင်တင် ဘယ်သူ့ကို […]


“စနေနံ ဆို သားသားလဲ ကြောက်ကြောက် ” တ ထ ဒ ဓ န ဆိုတဲ့စနေနံ။ သူ့ကြောင့်အသေခံအနှံခံရဘူးတော့။ စနေနံဆိုရင် ကျုပ်လဲအတော်ကြောက်ပါတယ်။ ကျောင်းသားဘဝအမှတ်တရ ဆရာမအသစ်လေးက စာတွေသင်နေတ ာ မြန်မာစာက အလင်္ကာတွေပါ။ ကျုပ်ကလဲ ငေးချင်ရာငေး တွေးချင်ရာတွေးနေတုန်း ဗြုန်းဆိုဆရာမလေးက စာတွေမေးပါတယ်။ ကိုယ်ကလဲနားစွန်နားဖျားအကြား “တုတ်”ဆိုတာ” ကြီး”တာပါဆရာမလို့ဖြေလဲအဖြေ တစ်ခန်းလုံးကလဲ ဝုန်းကနဲအရီလိုက် ဆရာမလေးကလဲ ရှက်ရှက်နဲ့ရိုက်လို့ ငမိုက်သားကိုရုံးခန်းပို့လိုက်တော့ ကျောင်းမထွက်ရအောင် ခြေထောက်ကိုဖက်လို့ အတော်လေးတောင်းပန်ရဘူးပါတယ်။ (သူမေးတာ “တုတ်တုတ်ဗြုန်း”ရဲ့အလင်္ကာပါတဲ့) ငယ်ငယ်က ဆို မွေးသမိခင်က စိတ်တိုင်းမကျတိုင်း သူပိုင်ဆိုင်တဲ့ “ဒုတ်”လက်နက်နဲ့ အသေနှက်ခံရဘူးပါတယ်။ (တုတ်လို့ ခေါ်ခေါ် ဒုတ်လို့ဘဲခေါ်ခေါ် ဘယ်လိုခေါ်ခေါ် စနေကတော့ စနေပါဘဲ။)။ အရွယ်လေးရောက်လာပြန်တော့ နည်းနည်းလေးမှ မလှုပ်လိုက်နဲ့ “ထောင်ထဲရောက်သွားချင်သလား” […]


“အကယ်၍သာ…………………………………………….” (5-4-2011)နေ့ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးပါ။ အဲဒီနေ့ညပိုင်း 7း54မိနစ်မှာ ကျွန်တော့်တိုက်ခန်းရဲ့အပေါ်ထပ်မှာနေတဲ့”မီးမီး”ဆီကဖုံးဝင်လာပါတယ်။ “လေးလေးအိမ်ပြန်ရောက်ပြီလား”လို့မေးလာတော့ ကျွန်တော်က” အလုပ်ထဲမှာဘဲရှိသေးတယ် “လို့ပြောလိုက်တဲ့အခါ သူက “လေးလေးအိမ်ပြန်ရင် သမီးအမေကို ခေါ်ပြီးဆေးရုံကြီးကိုလာပို့ပေးပါနော်”လို့ ပြောပြီးအကူအညီတောင်းပါတယ်။ သူ့အဖေလမ်းမှာ ယာဉ်တိုက်မှု့ဖြစ်တယ်ဆိုတာရယ် အခုလောလောဆယ် အရေးပေါ်ဌာကို သူလိုက်သွားပြီဆိုတာရယ်ဘဲကမန်းကတန်းပြောသွားပါတယ်။ အဲဒါနဲ့ ကျွန်တော်လဲ လုပ်နေတဲ့ အလုပ်ကုိုပြီးအောင်လုပ်ပြီးမှအလုပ်ထဲကကလေးတစ်ယောက်ကို ဆိုင်ကယ်တစီးသတ်သတ်နဲ့ ကျွန်တော့် အိမ်ကိုခေါ်သွားလိုက်ပါတယ်။ ကျွန်တော့် ကောင်လေး က မီးမီး အမေကို ဆေးရုံအရင်ပို့ပေးဖို့ရည်ရွယ်ပြီး ခေါ်လာတာပါ။ ကျွန်တော်လမ်းမှာဘဲရှိသေးတဲ့အချိန်မှာကလေးမလေးဆီက ဖုန်းထပ်ဝင်လာပါတယ်။ အော်ပရေးရှင်းလုပ်ရမယ်ဆိုတဲ့အကြောင်းရယ် ဦးနှောက်နဲ့အာရုံကြောဌာနကိုလိုက်လာဘို့ရယ်လှမ်းအကြောင်းကြားတာပါ။ အဲဒီသတင်းကြားမိတော့မှ ထိခိုက်ဒဏ်ရာရသွားတာ များတယ်ဆိုတာသိသွားပါတယ်။ အပွင့်လင်းဆုံးပြောရရင်တော့ အစက ကျွန်တော့်စိတ်ထဲမှာ ထင်မိတာက သာမန်ပွန်းပဲ့တာလောက်ဘဲဖြစ်မယ်လို့ပါ။ အဲဒါနဲ့ဘဲ ဆိုင်ကယ်ကို နည်းနည်းမြန်အောင်မောင်းပြီး အိမ်ကို အမြန်ပြန်လိုက်ပါတယ်။ ဒါပေမမယ့်အိမ်ကိုရောက်တဲ့အခါမှာတော့ မီးမီးရဲ့အမေက အထုပ်အပိုးတွေနဲ့ဆင်းလာတာတွေ့ပါတယ်။ ကျွန်တော်ကိုတွေ့တဲ့အခါ “ […]


ကောင်းမှု့တော်ဘုရားရဲ့တောင်ဘက်ခြမ်းကပုံလေးပါ။ နေပူတော့ အရိပ်အောက်မှာခိုနေရင်းကနေမြင်ရတဲ့ ခေါင်းလောင်းလေးကြားက ရွှေရောင်ဝင်းတဲ့စေတီကြီးပုံတော်ပါ။


ကောင်းမှု့တော်ဘုရားကိုရောက်သွားရင် ဘုရားပါတ်ပါတ်လည်မှာတွေ့ရတာကတော့ သနပ်ခါးတုံးတွေရောင်းတဲ့ဈေးတန်းလေးပါ။ ဒီဘုရားကိုရောက်သူတိုင်း မဝယ်ဘဲမနေနိုင်အောင် အပြောချိုတဲ့ဈေးသည်လေးတွေရှိတဲ့ သနပ်ခါးတန်းပါ။ နေ့လည်နေပူတော့ ဈေးဝယ်ကိုမျှော်နေကြပါတယ်။


ကောင်းမူ့တော်ဘုရားမှာရှေးကတည်း က မြင်ရဘူးတဲ့လှေကားလေးပါ။ စေတီတော်ကြီးရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့လှေကားလေးပါ။ စေတီတော်ကို ပြုပြင်သန့်ရှင်းတဲ့အခါသုံးတဲ့သံလှေကားလေးပါ။ မော့ကြည့်ရုံနဲ့ကို မြင်ရတာမောပါတယ်။


ထူးထူူးခြားခြား ထဲက ပိုပြီးထူးခြားတဲ့ပုံစံရှိသော စေတီတော်ကြီးဖြစ်ပါတယ်။ စစ်ကိုင်းတောင်ပေါ်ကနေလှမ်းကြည့်ရင် လွမ်းမိလောက်အောင် ကို ဖြူဖွေးနေတဲ့စေတီကြီးက အခုတော့ ရွှေရောင်အတိဝင်းနေတဲ့ရွှေစေတီကြီးဖြစ်သွားပါပြီ ဖူးမျှော်တော်မူကြပါကုန်လော့


ဟိိုအရင် လူမှန်းသိစအရွယက်ကထဲက ကောင်းမှု့တော်ဘုရားလို့ပြောလို်က်ရင်အခြားစေတီတော်နဲ့မတူဘဲ ထူးခြားသောပုံစံ နဲ့ကြီးမားစွာ ဖြူဖွေးနေအောင် ထုံးအပြည့် သုတ်ထားတဲ့စေတီကြီးအဖြစ်မြင်ခဲ့ သိခဲ့ရပါတယ်။ ဒီစေတီတော်ကြီးကို ထုံးသုတ်မယ်ဆိုရင် အတော်လေးကို ကြာမှာကတော့ သေချာပါတယ်။ မမြဲသောသဘောနဲ့ကာလရွှေ့လျောခြင်းသဘောအရ အခုု2011မှာတော့ ရွှေရောင်းတွေဝင်းအိနေတဲ့စေတီတော်ကြီးအဖြစ် ဖူးတွေ့ရပါပြီ။ မရောက်ဘူးသောသူများ ဖူးမျှော်ကြည်ညိုရရင်တင်ပေးလိုက်ပါတယ်။ စေတီတော်ကြီး ရွှေသင်္ကန်းကပ်တာ ကိုဆောင်ရွက်ရတဲ့လုပ်သားများကိုတော့ ချီးမွမ်းပါတယ်။ ကိုင်စရာမရှိတဲ့ နေရာမှာ ဘယ်လိုများ အလုပ်လုပ်ကြတယ်ဆိုတာ သိချင်ပါတယ်။ ရွှေရောင်းတဝင်းဝင်း ပြောင်းလဲခြင်းတွေနဲ့ ကောင်းမှု့တော်


“အဖြေမသိတဲ့ပုစ္ဆာ” တစ်ခုသော ညနေခင်းလေးမှာ စစ်ကိုင်းဘက်ကအပြန် ကန်ပါတ်လမ်းဘက်အဆင်း အလင်းရောင်ကလဲရှိတဝက်မရှိတဝက် မှောင်တဲ့နေရာမှောင်လင်းတဲ့နေရာလင်း ကန်ုဘေးကမြက်ခင်းလေးပေါ်မှာ၊ သစ်ပင်အောက်မှာ၊ ခြုံအကွယ်မှာ၊ ကန်ဘောင်ပေါ်မှာ၊ အအေးဆိုင်ကခင်းပေးတဲ့ထိုင်ခုံလေးတွေမှာ မှာ …..မှာ………..မှာ…………….မှာ………………..မှာ လူမြင်ကွင်းမှာတောင် မရှောင် ချစ်ခြင်းသမုဒယဖွဲ့သူ၊ သူများ မြင်မှာတောင်မရှက်ဘဲအကြင်နာတွေပေးနေကြသူ။ မရောင်းချင်ဘူးဆိုတာတောင်ဇွတ်အတင်းဝယ်ချင်သူ၊ မလိမ်မိုးမလိမ်မာ သနားကမား စားနေကျကြောင်ဖားနဲ့မှတွေ့နေသူ ရှက်သလိုလို မူနွဲ့သလိုနဲ့ယူဟဲ့လို့ ပေးဝေနေသူ၊ လူစင်စစ်တွေ ဖြစ်ပါရဲ့နဲ့တော်သလင်းပွဲနွဲချင်သူ၊ မကြည့်လဲမြင် ကြည့်လဲမြင် မြင်…………..မြင်………….မြင်……………မြင်…………….။ မပီဝိုးတဝါး နံနက်ခင်း ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်ရင်း ဟိုးခပ်ဝေးဝေးအရောက် ည ညဆို လူပြတ်တဲ့ ကန်တော်ကြီးရဲ့သစ်ပင်ရိပ်အောက် ပုတ်သင်ညို အဖော်လိုရင်ခေါင်းငြိတ်ဆိုတဲ့ဘူးခွံလေးက နှစ်ခွံ တစ်ဝက်တစ်ပျက်ကျန်နေတဲ့ ရေသန့်ဘူးက တစ်ခု အုန်းပင်ရိပ်မှာကျားအိပ်နေဟန် ဘာမှမကျန်တဲ့ ဘီယာပုလင်းလွတ်ကတလုံး သုံးထားပြီး မွှစာကြဲနေတဲ့တစ်သျှုးစတွေက နေရာအနှံ့ ဘာမှန်းမသဲကွဲ နီနီရဲရဲ အဝတ်စကလေးက […]


အသစ်နဲ့အဟောင်းပြောင်းလဲခြင်းနိယာမအရ ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့စစ်ကိုင်းတံတားအဟောင်း(အင်းဝတံတား)ကအသုံးပြုသူနည်းသွားပါပြီ။ စစ်ကိုင်းဘက်ကို သွားတဲ့တစ်ရက် စစ်ကိုင်းတံတားအဟောင်းကို အလွမ်းပြေသွားရင် မြင်ရတဲ့ တံတားအသစ်ကို မှတ်တမ်းတင်မိတာပါ။ (27-3-2011)နေ့ကပါ။