klnApril 29, 20101min01
ဧပြီ ၁၅ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဆေးရုံအသီးသီးတို့၌ ဆေးကုသမှုခံယူလျက်ရှိသောဒဏ်ရာရလူနာ ၁၇ဝ အနက် လူနာအများစုမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ပြီး အမျိုးသား ၄၂ဦး၊ အမျိုးသမီး၁၈ဦးစုစုပေါင်း ၆ဝသာဆက်လက်ဆေးကုသမှုခံယူလျက်ရှိကြောင်းသတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆိုပါ ဆေးကုသမှုခံယူလျက်ရှိသော လက်ကျန် ဒဏ်ရာရလူနာများအနက် သက်သာပျောက်ကင်းသူများ ဆေးရုံမှ ထပ်မံဆင်းသွားနိုင်ခဲ့ပြီး ဧပြီ ၂၈ရက်နေ့အထိ အမျိုးသား ၁၉ဦး၊ အမျိုးသမီး ၁၃ဦးစုစုပေါင်း ၃၂ဦးသာဆေးကုသမှု ဆက်လက်ခံယူလျက်ရှိပါသည်။ khitlunge.org.mm


klnApril 29, 20101min04
ပါရမီတက္ကစီယာဉ်မောင်းများ ယာဉ်အတွင်းလုံခြုံရေး အထူးဂရုပြုရှာဖွေစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လာကြောင်း ပါရမီတက္ကစီယာဉ်မောင်းများထံမှ သိရှိရသည်။ ယင်းမှာဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် လက်အောက်ရှိ ပါရမီတက္ကစီယာဉ်ဂိတ်တွင် ပါရမီတက္ကစီယာဉ်များအားလုံး လုံခြုံရေးသတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ထုတ်ပြန်ထားသော လုံခြုံရေးသတိပေချက်များတွင် ပြည်သူ့ပျောက်ကျားတပ်ဦးအဖွဲ့မှ ဖောက်ခွဲရေးသမားများသည် ပါရမီတက္ကစီယာဉ်များအား ငှားစီး၍ ယာဉ်၏နောက်ဖုံးအတွင်း(သို့မဟုတ်) ကားထိုင်ခုံအောက်တွင် “ဗုံး”ဖောက်ခွဲရန် စီစဉ်နေကြောင်း စစ်ဆေးဖော်ထုတ်သတင်းရရှိသဖြင့် လုံခြုံရေးအထူးဂရုပြု၍ ယာဉ်အားရှာဖွေစစ်ဆေးကြရန်နှင့် ခရီးသည်ဆင်းတိုင်း ယာဉ်အတွင်း/အပြင် စစ်ဆေးရန်၊ ခရီးသည်မှတ်တမ်းထားရှိရန် စသည့်အချက်များပါရှိကြောင်း သိရသည်။ အဆိုပါလုံခြုံရေးသတိပေးချက်နှင့်ပတ်သက်၍ ပါရမီတက္ကစီယာဉ်မောင်းတစ်ဦးက “အခုလုံခြုံရေးအခြေအနေအရ ကိုယ့်ကားကိုငှားတဲ့ခရီးသည်တွေမှာ အပိုပစ္စည်းတွေ အိတ်တွေပါလာတယ် မပါလာဘူးဆိုတာ အမြဲသတိထားပြီး စောင့်ကြည့်ရပါတယ်။ အကယ်၍ အပိုပစ္စည်းတွေပါလာရင်လည်း ခရီးသည်ဆင်းသွားတဲ့အခါမှာ သူတို့ပစ္စည်းတွေ စုံ မစုံကို စောင့်ကြည့်ရပါတယ်။ အခုအချိန်မှာက ဘယ်သူ့ကိုမှမယုံကြည်ရဘူး။ အဲဒါကြောင့်မို့လို့ ခရီးသည်အားလုံးကို ဂရုစိုက်ပြီး စောင့်ကြည့်နေရတာပါ” […]


klnApril 29, 20101min00
သမဝါယမဝန်ကြီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ သင်တန်းကျောင်းများတွင် ၂၀၁ဝခုနှစ် ဇွန် ၁ရက်၌ဖွင့်လှစ်မည့် အောက်ပါသင်တန်းများသို့ တက်ရောက်လိုသူများ လျှောက်ထားနိုင်သည်။ ၁။ အထက်တန်းယွန်းပညာကောလိပ် (၁)နှစ်သင်တန်းကို ယွန်းပညာကောလိပ်၊ ပုဂံမြို့(ဖုန်း-၀၆၁-၆၀၂၇၆)တွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ ၂ဝလက်ခံမည်ဖြစ်သည်။ ၂။ အခြေခံရွှေချည်ထိုးငွေချည်ထိုး(၃)လသင်တန်းကို ဆောင်းဒါးရက်ကန်းကျောင်း၊ အမရပူရမြို့(ဖုန်း-၀၂-၇၀၄၂၈)တွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ ၁ဝဦးလက်ခံမည်ဖြစ်သည်။ ၃။ ရိုးရာလွန်းရာကျချိတ်(၆)လသင်တန်းကို ဆောင်းဒါးရက်ကန်းကျောင်း၊ အမရပူရမြို့(ဖုန်း-၀၂-၇၀၄၂၈)တွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ ၁ဝဦးလက်ခံမည်ဖြစ်သည်။ ၄။ အထည်အလိပ်အတတ်ပညာ(၁နှစ်ခွဲ)သင်တန်းကို ဆောင်းဒါးရက်ကန်းကျောင်း၊ အမရပူရမြို့(ဖုန်း-၀၂-၇၀၄၂၈)တွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ ၂ဝဦးလက်ခံမည်ဖြစ်သည်။ ၅။ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ(၁)နှစ်သင်တန်းကို အထက်တန်းရက်ကန်းကျောင်းများ(ဖလမ်း၊ မုံရွာ၊ ရွှေတောင်၊ ပခုက္ကူ၊ မိတ္ထီလာ၊ မုဒုံ၊ တောင်ကြီး၊ စစ်တွေ)တွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ ၁၆ဝဦး (ကျောင်းတစ်ကျောင်းတွင် ၂ဝဦးစီ)လက်ခံမည်ဖြစ်သည်။ ၆။ လက်ရက်ကန်း(၆)လသင်တန်းကို အခြေခံရက်ကန်းကျောင်းများ(မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ မင်းတပ်၊ […]


klnApril 29, 20101min01
သင်္ကြန်အကြတ်နေ့ကကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့တွင်ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်စဉ်အပြီး အများပြည်သူများနှင့်ထိတွေ့မှုများသော နေရာများတွင် လုံခြုံရေးသတိ၊ လုံခြုံရေးအသိများရှိရန် ပိုမိုဆောင်ရွက် လာကြောင်းသိရသည်။ ယင်းသို့ဆောင်ရွက်ထားရှိရာ၌ ရှော့ပင်းစင်တာများ၊ ကစားကွင်းများနှင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် တိုးမြှင့်ဆောင်ရွက်ထားရှိပြီး မသင်္ကာမှုများတွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားရန်ညွှန်ကြားချက်များထုတ်ပြန်ထားရှိကြောင်းသိရသည်။ ရန်ကုန်မြို့တွင်းအနေဖြင့် ၂၀၀၅ မေရရက်တွင်ဖြစ်ပွားခဲ့သော ကုန်သွယ်မှုဗဟိုဌာန၊ ရန်ကင်းစင်တာနှင့် Junction 8တို့၌ ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းလုံခြုံရေးအနေအထားအထူးတိုးမြှင့်ဆောင်ရွက်ခဲ့သည့်တိုင် ယခုဖြစ်စဉ်အားနည်းမှုများရှိနေသေးကြောင်းသိရသည်။ “အခုချိန်ထိတော့ ဘာမှလုပ်တာမရှိဘူး။ အခုမှတင်းတင်းကျပ်ကျပ်လုပ်တာမရှိသလို အရင်ကတည်းကကွင်းထဲမှာလုံခြုံရေးက စနစ်တကျလုပ်ထားတာမရှိသေးဘူး” ဟုမြန်မာနေရှင်နယ်လိဂ်ပြန်ကြားရေးအရာရှိဦးစိုးမိုးကဆိုသည်။ သို့သော်လည်း လူအများသေကျေပျက်စီးထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်မြို့ရှိလူစည်ကားရာ အထင်ကရစူပါမားကက်ကြီးများနှင့်ရုပ်ရှင်ရုံများတွင် လုံခြုံရေးအထူးတင်းကျပ်ပေးရန် ပြည်သူများကလိုလားလျက်ရှိကြောင်း ရန်ကုန်မြို့နေပြည်သူများကဆိုသည်။ မည်သို့ပင်ဆိုစေကာမှု သင်္ကြန်တွင်းကာလ၌ဖြစ်ပျက်ခဲ့သော ဗုံးပေါက်ကွဲမှုမှာ အတော့်ကိုဆိုးရွားသောဖြစ်ရပ်တစ်ရပ်ဖြစ်ခဲ့၍ အများပြည်သူများအထိတ်တလန့်ဖြစ်နေကြပြီး လူစည်ကားသောနေရာများသို့ သွားလာရန် ကြောက်ရွံ့မှုများဖြစ်ပေါ်လျက်ရှိပါသည်။ khitlunge.org.mm


klnApril 29, 20101min01
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်များအဖြစ် ရယူထားသူများအနေဖြင့် လာမည့် မေလ ၁၅ရက်နေ့တွင် ဆိုင်များအားလုံးစတင်ဖွင့်လှစ်သွားရန် လျာထားကြောင်း သတင်းရရှိပါသည်။ “မေလ ၁၅ရက်နေ့မှာတော့ ဆိုင်အားလုံး တစ်ပြေးညီဖွင့်ဖို့ လျာထားပါတယ်။ ဒါပေမဲ့ တစ်ဆိုင်ဆိုင်က နောက်ကျတယ်ဆိုရင်လည်း ရက်ပြင်ဆင်မှုမျိုးတော့ရှိနိုင်သေးတာပေါ့။ မေလ ၁၅ရက်နေ့ဆိုတာက ရန်ကုန်က ဆိုင်တွေကိုပြောတာပါ။ နယ်ဆိုင်တွေကတော့ ရန်ကုန်ထက်နောက်ကျပြီးမှ ဖွင့်မယ်လို့သိရတယ်။ ရောင်းဈေးကို သတ်မှတ်သွားမှာမျိုးတော့ မကြားမိဘူး။ ကိုယ့်ဈေးနဲ့ကိုယ်ရောင်းပေါ့။ အတတ်နိုင်ဆုံးလျော့ရောင်းနိုင်တဲ့သူ၊ အမြတ်အနည်းဆုံးနဲ့လုပ်နိုင်တဲ့သူက ဈေးကွက်ပိုရဆိုတဲ့သဘောပေါ့ဗျာ”ဟု ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် လုပ်ကိုင်မည့်သူတစ်ဦးက ရှင်းပြခဲ့သည်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များပေါ်ပေါက်လာပါက ရောင်းချသည့်ဈေးမှာ တစ်ဆိုင်နှင့်တစ်ဆိုင် နေရာကိုလိုက်၍ ရောင်းဈေးကွာခြားမှုရှိနိုင်ကြောင်း၊ တစ်ဂါလံ ကျပ် ၅ဝမှ ကျပ် ၁၀၀ဝန်းကျင်ကွာခြားနိုင်သည်ဟု ပုဂ္ဂလိကဒီဇယ်တင်သွင်းသူလုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ယခင်လများအတွင်းက ပြည်ပပို့ကုန်မှရသော နိုင်ငံခြာငွေတန်ဖိုးမြင့်တက်သည့်နှုန်းဖြင့် ဒီဇယ်ဆီတင်သွင်းထားသူများအနေဖြင့် ယခုအခါ နိုင်ငံခြားငွေတန်ဖိုးကျဆင်းမှုကြောင့် မရှုံးရန်ဦးစားပေးရောင်းချရမည့် အနေအထားရှိနေသည်khitlunge.org.mm


klnApril 29, 20101min00
မြန်မာနိုင်ငံ၏မူပိုင်ခွင့်ဥပဒေသစ်ကို (New IP Law) ၂၀၁၃ခုနှစ်မတိုင်မီသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲအကောင်အထည်ဖော်ထုတ်ပြန်မည်ဟု သိရှိရကြောင်း ဧပြီလ ၂၆ရက်နေ့၌ ကျင်းပသည့် WIPO Day အထိမ်းအမှတ်ပွဲတွင်ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကမာ္ဘ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ သဘောတူညီချက်အရ မြန်မာနိုင်ငံအပါအဝင် ကမာ္ဘ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအနက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် မူပိုင်ခွင့်ရေးရာများ အကောင်အထည်ဖော်၍ သတ်မှတ်ပေးထားသည့် နောက်ဆုံးအချိန်ကာလကို ၂၀၁၃ခုနှစ် ဇူလိုင်လ ၁ရက်နေ့အထိ သတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ရေးဆွဲလျက်ရှိသော မြန်မာ့မူပိုင်ခွင့်ဥပဒေသစ်များမှာ ကုန်ပစ္စည်းတံဆိပ်ဥပဒေ၊ စာပေအနုပညာမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စက်မှုလက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေတို့ဖြစ်ကြောင်း အဆိုပါဥပဒေများကို ၂၀၀၄၊ ၂၀၀၅ ဝန်းကျင်မှစတင်ရေးဆွဲနေခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ်မတိုင်မီ ဥပဒေများထုတ်ပြန်ရန် သင့်တော်ပြည့်စုံသည့်အချိန်၌ နိုင်ငံတော်မှ စတင်ပြဋ္ဌာန်းမည်ဖြစ်ကြောင်း သိရှိရသည်။ “မြန်မာနိုင်ငံမှာ ရေးဆွဲနေတဲ့ မူပိုင်ခွင့်ဥပဒေသစ်လေးမျိုကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲလျက်ရှိပြီး ၂၀၁၃ခုနှစ်မတိုင်မီ […]


klnApril 29, 20101min00
ပို့ကုန်၊ သွင်းကုန်ကိစ္စရပ်မေးမြန်းချက်များ အွန်လိုင်းမှ အချိန်တိုအတွင်း ဖြေကြားပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးဝင်းမြင့်က မြန်မာအင်ဖိုတက်၌ ကျင်းပသော Challenges and Opportunity ဟောပြောဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဆောင်ရွက်ချက်များ၊ လှုပ်ရှားမှုများ၊ သတင်းထုတ်ပြန်ချက်များ အစရှိသည်များကို အများပြည်သူ သိရှိစေရန် ဝက်ဘ်ဆိုက်တင်ထားပြီး ၎င်းဝက်ဘ်ဆိုက်များမှာ www.commerce.gov.mm နှင့် www.myanmartradenet.com တို့ဖြစ်ကြောင်း၊ ဝက်ဘ်ဆိုက်များတွင်ဖော်ပြထားသောသတင်းနှင့် လှုပ်ရှားမှုများကို ကြည့်ရှုတာသိလိုသမျှ အွန်လိုင်းမှ မေးမြန်းနိုင်ကြောင်း သိရသည်။ “ myanmartradenet.com ကနေပြီး ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကိစ္စတွေ၊ သိလိုသမျှတွေမေးမြန်းနိုင်ပါတယ်။ အချိန်တိုအတွင်းပြန်လည်ဖြေကြားပေးမှာဖြစ်တယ်။ အလွန်ဆုံးကြာရင် ၄၈နာရီပဲကြာမှာပါ။ အွန်လိုင်းပေါ်ကရေးသားမေးမြန်းခြင်းမဟုတ်ဘဲဖုန်းနဲ့ဆက်သွယ်မေးမြန်းလို့ရအောင်လည်း ဝက်ဘ်ဆိုက်မှာ ဖုန်းတွေထည့်ထားပေးပါတယ်” ဟု၎င်းကပြောပြသည်။ ကုန်သွယ်မှုအပိုင်းမသိမသာ ပြောင်းလဲလာခြင်းမှာယခင်ကထက် အတော်များများကွာခြားသွားပြီးဖြစ်ပြီးထိုကဲ့သို့ အွန်လိုင်းမှ အလွယ်တကူ မေးမြန်းခြင်း၊ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခြင်းတို့အတွက် […]


klnApril 28, 20101min03
အများပြည်သူနှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို တယ်လီဖုန်းနှင့်ပင် ဝန်ဆောင်မှုပေးနိုင်မည့် အသေးစားတယ်လီဖုန်းဝန်ဆောင်မှုစင်တာ( Mini Call Centre ) တစ်ခုကို ကြိုတင်ငွေချေစနစ် ( Prepaid Card) အသုံးပြုကာ မကြာမီစတင်တော့မည်ဖြစ်ကြောင်းအဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်မည့် Blue Ocean ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးထွန်းထွန်းနိုင်ကပြောသည်။ တယ်လီဖုန်းဆက်သွယ်မှုရရှိမည့် မည်သည့်နေရာမှမဆိုအသုံးပြုနိုင်မည့်ယင်းဝန်ဆောင်မှုကို ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော Blue Ocean မှ ပြည်ပနိုင်ငံများတွင် အဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်လုပ်ကိုင်နေသော အတွေ့အကြုံရှိ i Topia ကုမ္ပဏီနှင့်ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်းသိရသည်။ Blue Ocean နှင့် i topia တို့ပူးပေါင်းဆောင်ရွက်မည့် အဆိုပါ Mini Call Centre အား Medical Helpline ဟူသော အမည်ဖြင့် စတင်မည်ဖြစ်ပြီး ယင်း၏ ရည်ရွယ်ချက်မှာ လူအားလုံးနှင့်သက်ဆိုင်သောကျန်းမာရေးကိစ္စရပ်များကို […]


klnApril 28, 20101min03
ရတနာပုံဆိုက်ဘာစီးတီးတွင် အခြေစိုက်တည်ထောင်ထားသော နည်းပညာကုမ္ပဏီများအနေဖြင့် လုပ်ငန်းများစတင်လလည်ပတ်နေပြီဖြစ်သောကြောင့် ပြည်တွင်းထုတ်နည်းပညာပစ္စည်းများ မကြာမီးသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါနည်းပညာမြို့တော်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးနည်းပညာမြို့တော်ဖြစ်သော ရတနာပုံဆိုက်ဘာစီးတီး၏ Soft Based Factories Area Zone အတွင်းရှိ Asia Mega Link စက်ရုံ ITE မိုဘိုင်းလ်ကုမ္ပဏီနှင့်ပူးပေါင်းထုတ်လုပ်လျက်ရှိသည့် Mobile Base Station Terminal ( BTS) များကို စတင်ထုတ်လုပ်နေပြီဖြစ်ပြီး အဆိုပါစက်ရုံမှ တစ်နှစ်လျှင် ဂျီအက်စ်အမ်မိုဘိုင်းလ်ဟန်းဆက်အရေအတွက် တစ်သိန်းနှစ်သောင်းခန့်နှင့် မိုဘိုင်းလ် BTS အလုံးရေတစ်ထောင့်နှစ်ရာဝန်းကျင်ထုတ်လုပ်နိုင်မည်ဟု သတင်းရရှိသည်။ ထို့အပြင် ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ Solar Cell ပြားများကိုလည်းကောင်း Mc Will ( Multi- carrier Wireless Information Local Loop) ဆက်သွယ်ရေးစနစ်အတွက် […]


klnApril 28, 20101min01
တောင်အာဖရိကနိုင်ငံတွင် ကျင်းပမည့် ၂၀၁ဝပြည့်နှစ်ကမာ္ဘ့ဖလားဘောလုံးပြိုင်ပွဲများကို Yangon Entertainment မှ တိုက်ရိုက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ဇွန် ၁၁ရက်မှ စတင်ကျင်းပမည့် ကမာ္ဘ့ဖားဘောလုံးပြိုင်ပွဲ ၆၄ပွဲအား Yangon Entertainment မှ တိုက်ရိုက်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။ “အရင် ကမာ္ဘ့ဖလားပြိုင်ပွဲတုန်းကလဲ ကျွန်တော်တို့ပြသခဲ့ပါတယ်။ အခုလဲ ဘောလုံးပွဲ ၆၄ပွဲပြသဖို့အတွက် အစီအစဉ်တွေဆောင်ရွက်နေပါတယ်” ဟု Yangon Entertainment ဥက္ကဋ္ဌ ဦးလှဝင်းကပြောသည်။ Yangon Entertainment က တောင်အာဖရိကတွင် ကျင်းပမည့်ဘောလုံးပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့်မည့်အစီအစဉ်များအပြင် ပြိုင်ပွဲမကျင်းပမီကာလအတွင်း အသင်းပေါင်းစုံ၏ ကမာ္ဘ့ဖလားခြေစစ်ပွဲအောင်ပုံအဆင့်ဆင့်အား ပြသသွားမည်ဖြစ်သည်။ ကမာ္ဘ့ဖလားဘောလုံးပြိုင်ပွဲများ တိုက်ရိုက်၊ နောက်ကျထုတ်လွှင့်မှုများအား ပြသနိုင်ရန်အတွက် မြဝတီရုပ်မြင်သံကြား၊ မြန်မာ့အသံ/ ရုပ်မြင်သံကြားတို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ www.khitlunge.org.mm


klnApril 28, 20101min01
ယခုနွေရာသီတွင် အလွန်ပူပြင်းနေသောကြောင့် ငါးမွေးကန်များ၌ ငါးသေဆုံးမှုဆက်လက်ဖြစ်ပေါ်နေကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်တချို့က ပြောသည်။ “တစ်ဦးတည်းဧက ၁၀၀ဝပိုင်တဲ့ကန်တွေမှာ တစ်နေ့တည်း ငါးကောင်ရေတစ်ထောင်လောက်သေတာ နေ့စဉ်လိုပဲ”ဟု ဧရာဝတီ ငါးမျိုးမြှင့်တင်ရေးနှင့် ငါးမြစ်ချင်းမွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းကြိုင်ကပြောသည်။ ငါးမွေးမြူရေးလုပ်ငန်း အတွေ့အကြုံနှစ် ၂ဝအတွင်း ယခုနှစ်သည် ငါးသေဆုံးမှု အဆိုးရွားဆုံးနှစ်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ “ရာသီဥတုပြင်းထန်ပြီး ရေအပူချိန်မြင့်တက်နေတော့ ငါးတွေအရိပ်အာဝါသရဖို့ ဒိုက်တွေချပေးထားရတယ်”ဟု မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသန်းလွင်က ပြောသည်။ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ငါးမွေးမြူသူများအား ရေအရည်အသွေးထိန်းသိမ်းနည်းသင်တန်းများ ပို့ချပေးရန်စီစဉ်ထားကြောင်း ၎င်းကပြောသည်။ ယခုနှစ်မတ်လဆန်းတွင် တွံတေးမြို့နယ်၌ ဖြစ်ပွားခဲ့သော ငါးသေဆုံးမှု ဖြစ်စဉ်တွင် ငါးကောင်ရေ ၁သိန်းလုံး ညတွင်းချင်း သေဆုံးခဲ့သည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုမရှိသေးသရွေ့ ငါးသေဆုံးမှုများ ပိုမိုမြင့်မားလာဖွယ်ရှိပြီး မိုးရွာလာမှသာ သေဆုံးမှုနှုန်းလျော့ကျလာမှာဖြစ်ကြောင်း ရာသီဥတုပြောင်းလဲမှုကို လေ့လာစောင့်ကြည့်၍ […]


klnApril 28, 20101min01
ထိုင်းနိုင်ငံ၏စီးပွားရေးရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံမှာမြန်မာနိုင်ငံဖြစ်ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုအဖွဲ့(BOI)မှ တာဝန်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်းနယူးစ်အေဂျင်စီ(TNA)တွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မြန်မာနိုင်ငံတွင်အများဆုံးဖြစ်ပြီး ဒုတိယရင်းနှီးမြှုပ်နှံမှုအများဆုံးမှာ ဗြိတိန်ဖြစ်ကာ တတိယအများဆုံးမှာ စင်္ကာပူနိုင်ငံဖြစ်ကြောင်း ထိုသတင်း၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံစရာ စီးပွားရေးလုပ်ကွက်များ အများအပြားရှိပြီး ၁၉၈၈ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ရ ဒသမ ၄၁ဘီလီယံ(ဒေါ်လာသန်း ၇၄၁၀)ရှိပြီဖြစ်ကြောင်း ထိုင်းရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အကြံပေးအရာရှိ မစ္စဝါဆာနာကပြောသည်။ ထိုရင်းနှီးမြှုပ်နှံမှုပမာဏတွင် ၈၁ ဒသမ ရရာခိုင်နှုန်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် မြှုပ်နှံထားပြီး ၈ ဒသမ ၃၃ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် မြှုပ်နှံထားကာ ၃ဒသမ ၁ရာခိုင်နှုန်းမှာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားပါသည်။ www.khitlunge.org.mm


klnApril 28, 20101min01
မဟာသင်္ကြန်အကြတ်နေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော လူနာများအတွက် သွေးလှူဒါန်းလိုသူများ များပြားခဲ့သော်လည်း သွေးအိတ်ပေါင်း ၁၀၀ဝသာ လက်ခံခဲ့ကြောင်း သိရသည်။ အဆိုပါဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သွေးလှူဒါန်းရန် ဖုန်း Message များ ဝင်ရောက်လာရာတွင် မြန်မာလူမျိုးတို့၏ စေတနာသဒ္ဓါတရားထက်သန်မှုကြောင့် လာရောက်လှူဒါန်းသူများ အလွန်များပြားလာကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနမှ သိရသည်။ သွေးလှူဒါန်းလိုသူများ များပြားခဲ့သော်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနတွင် သွေးအိတ်ပေါင်း ၁၀၀ဝသာ သိုလှောင်နိုင်သောကြောင့် သွေးလှူဒါန်းလိုသူများကို ထပ်မံလက်မခံတော့ကြောင်း သိရသည်။ “ဒီမှာ သွေးအိတ်ပေါင်း ၁၀၀ဝပဲသိုလှောင်နိုင်တယ်။ ၁၀၀ဝကျော်သိုလှောင်လိုက်ရင် သတ်မှတ်ထားတဲ့အအေးနှုန်းမရတော့ဘူး။ အဲဒီလိုသွေးကို လူနာတွေကိုသွင်းလိုက်ရင်အဖျားတက်တယ်။ လူနာအတွက် အန္တရာယ်ရှိတယ်။ သွေးအိတ်ကလည်း ၃၅ရက်ပဲထားလို့ရတယ်။ လာလှူတဲ့သူတွေရဲ့သွေးကို မလိုအပ်ဘဲယူထားပြီး မသုံးဖြစ်ရင် အဲဒီသွေးတွေကို စွန့်ပစ်ရမှာ။ အဲဒါကြောင့် လက်မခံတာပါ” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနမှ […]