“ဖေဖေါ်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ ….” အစချီပြီး  “မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး .. ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင်” လို့ စာသားပါ “အောင်ဆန်းဇာနည်” ဆိုတဲ့ ကဗျာကို ငယ်ကထဲ ရွတ်၊ အာဇာနည်နေ့ ဆို အထိမ်းအမှတ် ပွဲတွေ လုပ်ခဲ့လေ့ ရှိတာကြောင့် “ဗိုလ်ချုပ်အောင်ဆန်း” ဆိုတာ သူရဲကောင်း ဆိုတာ သတိထားခဲ့ မိပါတယ်။ ဒါပေမဲ့ ငယ်သေးတာမို့ လေးစားထိုက်သူ လေးစားရမယ် ဆိုတာကလွဲလို့ စိတ်ထဲမှာ အလေးအနက် မရှိခဲ့ပါဘူး။ အသက်ကြီး လာတော့ စာအုပ်အစုံဖတ်နိုင်လာချိန်မှာ သူ့အကြောင်းတွေ၊ သူ့မိန့်ခွန်း တွေ ကိုဖတ်ရင်း ရင်ထဲကကို လှိုက်လှိုက်လှဲလှဲ နဲ့ လေးစားကြည်ညိုလို့ မဆုံးခဲ့ပါဘူး။ ဲသူ့မိန့်ခွန်း တစ်ခုထဲကလို […]


လုံမများသို့ အခုချိန်မှာ မိန်းကလေးတို့ဟာ ဂဇက်ရွာ စာမျက်နှာပေါ်က စာတွေလိုပေါ့။ အမြဲ ဖတ်ပြီး ဝေဖန်မဲ့ သူတွေက အများသားလား။ အဖြစ်ကလည်း ဝိုင်းကလိ ပြီး ကြည့် နေကြတဲ့ အခါပေကိုး။ သေချာ လေ့လာ စဉ်းစား ပြီးမှ ရေးတင်ပါကွယ်တို့။ အများ သိပြီးသား အကြောင်း ရေးတင်မိလို့ ကော်ပီ ဖြစ်နေရင် သူများ နောက်စာမျက်နှာမှာ အရိုးထုတ်ရတတ်တယ်လေ။ အကြောင်းအရာမရှိတဲ့ စကားတွေ ကို တစ်ကြောင်း နှစ်ကြောင်း လောက်ပဲဆိုရင်ကော။ သူများ အဖိုးတန် အချိန် တွေ ကို ကိုယ် ပွိုင့်ယူချင်စိတ် တစ်ခုထဲနဲ့ လဲယူ တင်လိုက် ချင်ရင်တော့ ဘယ်တရားပါ့မလဲနော်။ ဟို ဆရာလို အပြာချယ်လိုက် ရင်ရော လူရှေ့  မှာ […]


တကယ်က ခေါင်းစဉ် ၂ခု ပါ။ ဘာမှမဆိုင်ပါဘူး။ အဲဒါကို ဆက်ထားတာ။ အချိန်ကိုက်လေး မို့ အကြိုက်တွေ့ပြီး Post တစ်ခု ဖြစ်ခဲ့ပါကြောင်း။   ၂၀၀၅ ခုနှစ်တုန်းက အမေရိကနိုင်ငံ ရဲ့ အထင်ကရ နာမည်ကြီး တက္ကသိုလ် စတန်းဖို့ဒ် မှာ စတိဗ်ဂျော့ဘ် ကျောင်းဆင်းအမှာစကား ပြောခဲ့ပါတယ်။ ၉နှစ် ကြာအပြီး ဒီနှစ် ၂၀၁၄ ဇွန်လ ၁၅ရက် နေ့ ကပြုလုပ်ခဲ့တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား မှာတော့ ဘီလ်ဂိတ်စ် နဲ့ သူ့မဟေသီ မီလင်ဒါ တို့ တွဲပြီး ပွဲထွက်ခဲ့တယ်။ ကမ႓ာ့ အချမ်းသာဆုံးလို့ သတ်မှတ်တဲ့ သူတွေ ထဲမှာ ပါတဲ့ သူတို့ နှစ်ယောက် က သူတို့ စည်းစိမ်တွေ […]


ဒီနေ့ အင်မတန်ခင်မင်ရတဲ့ လူဆိုးကြီး လူမိုက်ကြီး တစ်ယောက် ဆီက မွှေးပြန့်တဲ့ သတင်း ရနံ့ လေး ရခဲ့တယ်။ သူ့သမီးလေးအတွက် ဝမ်းသာဂုဏ်ယူမှု တွေနဲ့ ဖုံးနေမဲ့ မျက်နှာ ပြုံးပြုံးကြီး ကို ချက်ခြင်း ပြေးမြင်လိုက်တာ။ ကိုယ်ဆီကိုတောင် သူ့ ရဲ့ ကြည်နူးပျော်ရွှင်မှု တွေ ကူးလာတာမို့ ဖခင်ကြီးရဲ့ ပီတိတွေက အင်အားပါဝါဘယ်လောက်ကြီးလဲ ဆိုတာ သူ့သမီးလေး ကို ပြလိုက်ချင်ရဲ့။ ၁ဝတန်းကို ဘာသာစုံ ဂုဏ်ထူး နဲ့ အောင်သူဆိုတာ လက်ချိုး ရေလို့ ရတဲ့ အထဲ ပါခဲ့တဲ့ သူ့သမီးလေး ကို ရွာ့အရီး ကလဲ ဂုဏ်ယူကြောင်း ပြောလိုက်ချင်ရဲ့။ ဒါနဲ့ဘဲ ဒီစာစု ဖြစ်ခဲ့ပါတယ်။   တနင်္ဂနွေနေ့က ခရိုနီသူငယ်ချင်းတစ်ယောက် […]


News & Image from http://www.bbc.co.uk/news/blogs-news-from-elsewhere-27740282 Altered Image: Burma’s Aung San Suu Kyi ‘in fake headscarf’ 9 June 2014 Last updated at 09:30 A deputy minister in the Burmese government has had to apologise after his wife spread a fake image of pro-democracy campaigner Aung San Suu Kyi wearing an Islamic headscarf. The picture of Aung […]


ဇာတ်လမ်းမပြီးသေးပါဘူး။ နောက်ဆက်တွဲလေး ဆက်ပါရစေဦး။ နောက်ဆက်တွဲမစခင်မှာ မဖတ်ဖြစ်တဲ့သူတွေ အတွက် “ဆုံနေရက် နဲ့ လွမ်းလေခြင်း”  ဇာတ်လမ်း ကို အတိုချုပ် ပြောသင့်သလားလို့။ အင်ကြင်းဝေ ဆိုတာ ဇာတ်ကောင်မင်းသမီးပါ။ သူ့အမေက ကလေးတန်း ကျောင်းဆရာမ။ သုသေသနစာတမ်း တစ်ခု အတွက် ကလေး တွေ ကို လေ့လာနေသူ။ သူ့စာတမ်း အတွက် လေ့လာနေတာက “ကလေးတစ်ယောက် ကို သူ့အသက် ရနှစ် အထိအတွင်းမှာသာ ကိုယ်လိုချင်တဲ့ ပုံစံ သွင်းနိုင်တယ်။ အဲဒီက ကျော်သွားရင် သူတို့ စိတ်ဓာတ် အတွေးအခေါ်တွေကို ပြုပြင်ပေးဖို့ မလွယ်တော့ဘူး” ဆိုတဲ့ အချက် ကို အခြေခံလို့။ သဘောကတော့ ရနှစ် အထိမှာ အသိပညာ အတန်းပညာ ကောင်းကောင်း မရခဲ့နိုင်တဲ့ ကလေး […]


ဟုတ်ကဲ့။ ထင်တဲ့အတိုင်းပါဘဲ။ ဂျူးးပါ။ မနေ့က သူငယ်ချင်းက ပေးလိုက်တဲ့ စာအုပ်လေး။ “ဆုံနေရက် နဲ့ လွမ်းလေခြင်း” တစ်ခြားဟာသာ အချိန်ဆွဲချင်ဆွဲမယ်။ ဒါမျိုးကျ နှောင့်နှေးမှုမရှိ။ ကလေးတစ်ယောက် ကို သူ့အသက် ရနှစ် အထိအတွင်းမှာသာ ကိုယ်လိုချင်တဲ့ ပုံစံ သွင်းနိုင်တယ် ဆိုတဲ့ အယူအဆ အတွေးအခေါ်လေး ကို အခြေခံထားတဲ့ ဇာတ်လမ်း။ ဖတ်ပြီးချိန် ပြောချင်တဲ့ အကြောင်းတွေ  ကြိုက်တဲ့ စကားတွေ နဲ့ စာမျက်နှာတွေ အများကြီး။ စာပြန်မရိုက်နိုင်တော့ ပုံတွေ အဖြစ်တင်လိုက်တယ်။ Space အတွက် Sorry ပါ သူကြီးမင်း။ သူများတွေဖတ်ပြီး မေ့လောက်ချိန်မှ တရေးလာနိုးနေတာပါ။   မြန်မာ့ ကလေးကဗျာ တွေ ရဲ့ အင်အားရှိမှု တွေ၊ မရောက်ဖူးတဲ့ […]


ရွာအပြန် မှာ ရွာသူ/သား တွေနဲ့ မိတ်ဆက်ပေးဖို့”မယ်မုတ်ဆိတ်” လေး ကို လက်ဆွဲခေါ်တော့လာတာဘဲ။ သို့ပေသည့် ရွာမဝင်ဖြစ်တာကြာပြီ မို့ ခဏလေး ဝင်ချောင်းလိုက်ရင်း အလွမ်းသယ်နေ လိုက်တာ နဲ့ မိတ်ဆက်ပေးဖို့ အချိန်ကို မရလိုက်ခဲ့ဘူး။ ပျောက်သွားလို့ အခုမှ မနဲ ဒရွတ်ဆွဲပြန်ခေါ်လာရတာ။   “မယ်မုတ်ဆိတ်” ကို မိတ်ဆက်ပေးရရင်ဖြင့် သူ့နာမည်ရင်းက “Tom” (Thomas)။ ပြိုင်ပွဲမှာ “Conchita” လို့ မိန်းကလေးနာမည်ယူထားပါတယ်။ သူ က ဒီနှစ် ဥရောပသီချင်းပြိုင်ပွဲ (Eurovision) မှာ “Rise Like a Phoenix” ဆိုတဲ့သီချင်း နဲ့ သရဖူဆောင်း ပထမဆုရသူပါ။   Eurovision အတွက် မတ်လ၊ ဧပြီလတွေကစလို့ စပြီး ပြင်ဆင်ကြပါတယ်။ […]


ပြီးခဲ့တဲ့ နှစ်နှောင်း က ရွာထဲဝင်တစ်ချက်၊ မဝင် တစ်ချက် နဲ့ နောက်ပိုင်း ရွာ့ကာလသားကြီး ကို ကျောက် တစ်ယောက် ရွာသူလေးနှင်း နဲ့ တူနှစ်ကိုယ်လက်တွဲ ရော အရီးခင် တစ်ယောက် အသဲကွဲပြီး ရွာထဲက ပျောက်ရော မထင်လိုက်ကြပါနဲ့။ တကယ်တော့ သူရို့ သားဦး/သမီးဦး လေးရမှ ပြန်ဝင်လာ မလားလို့ ပါ။ နောက်တာပါ။ အမှန်ကတော့ အရီး ပျောက်နေခြင်းအကြောင်းက  ကလေးကျောင်းကြီး  ပြောင်းတော့ သွားရတဲ့ ကျောင်းက  မြို့ဟိုဘက် ဒီဘက် ခရီး ဝေးလွန်းသမို့ အိမ်ပြောင်းရပါတယ်။ ဝေးတာထက် ဖြတ်ရတာ မြို့လည်ကားကျပ်တာမှ တစ်ခါကဆို လမ်းပိတ်ပြီး ကားထဲမှာ ၂နာရီကြာပါတယ်။ ဒါနဲ့ ကျောင်းနားကို ပြောင်းရတာပါ။ ခရစ်စမတ်မတိုင်ခင် ပြောင်းပါတယ်။ ပြောင်းတဲ့ […]


ပြီးခဲ့တဲ့ နှစ်နှောင်း က ရွာထဲဝင်တစ်ချက်၊ မဝင် တစ်ချက် နဲ့ နောက်ပိုင်း ရွာ့ကာလသားကြီး ကို ကျောက် တစ်ယောက် ရွာသူလေးနှင်း နဲ့ တူနှစ်ကိုယ်လက်တွဲ ရော အရီးခင် တစ်ယောက် အသဲကွဲပြီး ရွာထဲက ပျောက်ရော မထင်လိုက်ကြပါနဲ့။ တကယ်တော့ သူရို့ သားဦး/သမီးဦး လေးရမှ ပြန်ဝင်လာ မလားလို့ ပါ။ နောက်တာပါ။ အမှန်ကတော့ အရီး ပျောက်နေခြင်းအကြောင်းက  ကလေးကျောင်းကြီး အပြောင်း သွားရတဲ့ ကျောင်းက  မြို့ဟိုဘက် ဒီဘက် ခရီး ဝေးလွန်းသမို့ အိမ်ပြောင်းရပါတယ်။ ဝေးတာထက် ဖြတ်ရတာ မြို့လည်ကားကျပ်တာမှ တစ်ခါကဆို လမ်းပိတ်ပြီး ကားထဲမှာ ၂နာရီကြာပါတယ်။ ဒါနဲ့ ကျောင်းနားကို ပြောင်းရတာပါ။ ခရစ်စမတ်မတိုင်ခင် ပြောင်းပါတယ်။ ပြောင်းတဲ့ […]


မြစပဲရိုးSeptember 13, 20134min018
အပြာဖျော့အစက် သည် ကမာ္ဘမှ အဝေးဆုံး စံချိန်တင် မိုင် သန်းပေါင်း ၃,၇၀ဝ (ကီလိုမီတာ သန်းပေါင်း ၆,၀၀၀) ခန့် အကွာအဝေး မှ ဗွိုင်ယေဂျာ အမှတ်(၁) အာကာသယာဉ် ၁၉၉ဝ ခုနှစ် တွင် ရိုက်ကူးခဲ့သော နေစကြာဝဠာ၏ မိသားစုဓာတ်ပုံများ ပုံတွဲထဲမှ ကမာ္ဘဂြိုဟ်ဓာတ်ပုံ ၏ အမည် ဖြစ်ပါသည်။ ဤဓာတ်ပုံ တွင် မြေကမာ္ဘကို အာကာသ ဟင်းလင်းပြင်ကြီးထဲမှ အစက်ကလေး တစ်စက် အဖြစ်သာ တွေ့မြင်ရပါသည်။ နက္ခတ္တဗေဒ ပညာရှင် ကားလ်ဆေဂန် (Carl Sagan) ၏ မေတ္တာရပ်ခံချက် အရ အဓိက ရည်မှန်းချက် ပြီးဆုံး၍   နေစကြာဝဠာမှ ထွက်ခွာလျက်ရှိသည့် ဗွိုင်ယေဂျာအမှတ် (၁) အာကာသယာဉ် ကို ကင်မရာ […]


မြစပဲရိုးAugust 15, 20131min09
သက်ဆိုင်သူများသို့ ဦးမင်းလူ အမှတ်တရ ဒီတစ်ပုဒ် တော့ တင်ခွင့် ပြုပါ။ ဆရာ့ ဇာတ်ကောင် တွေကို ချစ်လွန်းလို့။ လူတွေကို ချစ်ဖို့ကောင်းအောင်၊ လူတွေ ကိုချစ်တတ်အောင် အတွက် သူ့စာတွေမှာ ဖတ်ကြည့် လို့ မြင်နိုင်တယ်။ ကျွန်မ တို့ ရွာလေး ကလဲ ဆရာ့ ဇာတ်ကောင် တွေ လို သူ့နည်းသူ့ဟန် ချစ်စရာ ကောင်းကြတဲ့သူ တွေ နဲ့ စု ထားလို့ပါ။ လောကကြီးမှာ ရွာထဲမှာလဲ မောင်ဝ လို၊ ရွှေကြည် လိုတွေ ရှိနေမယ်။ ဦးကုလား လို ၊ ဒေါ်ခင်တီ လို၊ ဓာတ်ခဲ လို မိသားစု ရှိနိုင်တယ်။ ကိုကြီးငွေ လို၊ စာကလေး လို  […]


မြစပဲရိုးAugust 15, 20131min025
ပွဲသိမ်းခရာ မမှုတ်သေးခင် ရှုံးပြီလို့မပြောပါနဲ့ဦး..။ ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ တကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။ ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့ ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ..။ အသက်ရှူ ရပ်သွားတာတောင် ဦးနှောက်အလုပ်လုပ်နေရင် သေပြီလို့ မဆိုနိုင်သေးဘူး..။ ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့ မင်းသိပ်ပျော်နေလား ဟင်..။ စိတ်ချ….. နောင်ဘဝကျရင်လည်း ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။ ဒီလိုပဲ.. တန်ဖိုးရှိတဲ့ မိန်းမဆိုတာ စာအုပ်ကောင်းတစ်အုပ်လိုပဲ ဘယ်လောက်ဟောင်နွမ်းစုတ်ပြတ်နေပါစေ ပြန်ဖတ်တိုင်း အရသာရှိတယ်လေ..။ မင်းလူ