ခင္ခDecember 13, 20121min020
အဲဒီတုန်းက ကြုံဆုံခဲ့ရာ ကြည့်မြင်တိုင်ဘူတာ။   ပီ—ပေါ်——ပီ——-။ ပီ———————ပေါ်—————–ပေါ်——-ပီ။ အင်းစိန်ဖက်သွားမယ့် မြို့ပတ်ရထား ဥဩရှည်ဆွဲပြီး ကြည့်မြင်တိုင်ဘူတာထဲဝင်လာလို့ လိုက်မယ့်ခရီးသည် များ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပြီး ထိုင်နေသူများထကြသလို အိတ်တွေ ပစ္စည်းတွေကိုလည်း လက်ကဆွဲ ပုခုံး က ထမ်းနဲ့ တက်လိုက်မည့် အဆင့်သင့်ဖြစ်ကြကုန်ပြီ။ အခုမှ ဘူတာနားရောက်လာသည့် ခရီးသည်ကလည်း ရထားစီးခွင့်လက်မှတ် အလောတကြီးဝယ်ကာ တက်ရောက်စီးမည့်ရထားစီသို့ပြေးသူကပြေးပေါ့။ ပေါ်—————- ပီ—။ ခဏတာရပ်ပြီး ရထားပေါ် ဆင်းသည့်ခရီးသည်က ဆင်း၊ လိုက်မည့်ခရီးသည်က တက် ကာ၊ ရထားဥဩ တစ်ချက်ဆွဲလို့ အင်စိန်းဖက်ဦးတည်ပြီး မြို့ဘက်ရထားကြီးထွက်သွားလေပြီ။ ဒီနေ့ အလုပ်အားနေတာနဲ့ ရန်ကုန်မြို့လယ် ဟိုဟိုဒီဒီ သွားလာကြည့်ဘို့ မြို့ပတ်ရထားစီးပြီးသွားမယ်ဆိုကာ ကြည့်မြင်တိုင်ဘူတာကို ခင်ခ တစ်ယောက်ရောက်ခဲ့တာပေါ့၊ ရထားအချိန်ဇယားကိုကြည့်တော့ မနက် ရုံးသွား ချိန်နဲ့ ညနေရုံးဆင်းချိန် […]


ခင္ခDecember 12, 20121min024
“ အော် မောင် ရယ် ´´   “မောင် မနက်ဖြန်မနက် စောစောလေးထပါလားဟင် ဈေးစောစောသွားရအောင်´´ “ဘာလို့လဲ ခါတိုင်း ရုံးပိတ်ရက်ဆို စောစောမထပါဘူး ၈ နာရီလောက်မှ ထကြတဲ့ဉ္စာ´´ “နေ့လည်က ရုံးကိုအမေဖုံးဆက်တယ် မနက်ဖြန်ရုံးပိတ်ရက် မနက်ပိုင်းသမီးတို့ ဘယ်သွားစရာရှိလဲတဲ့၊ သွားစရာမရှိရင် အမေတို့ လာလည်မလို့တဲ့လေ၊ ဒါနဲ့ ငယ် ကလည်း အမေတို့လာလည်မယ်ဆိုတော့ ဝမ်းသာ သွားပြီး သမီးတို့ရှိမယ်လို့ ပြောလိုက်တယ်လေ၊ အဲဒါ နေ့လည်စာ ထမင်းကျွေးမလို့ ဈေးစောစောသွား မလား လို့ပါ´´ “ငယ် ကတော့လုပ်ပြီ၊ နေလည်စာကျွေးချင်တယ်ဆိုလည်း တိုက်အောက်က ခေါက်ဆွဲစားသောက်ဆိုင်မှာ သွားကျွေးလိုက်လည်းရတာကိုး ဒါမှမဟုတ်လည်း မေနဲ့ဖေ ရောက်လာမှ ဟင်းစားသွားဝယ်လိုက်မယ်လေ တော်ကြာအကြောင်းအမျိုးမျိုးကြောင့်မလာဖြစ်ရင် ဘယ်နဲ့လုပ်မလဲ တနင်္ဂနွေတစ်ရက်ရုံးပိတ်လို့ အိပ်ရေးလေး ဝဝအိပ်ပါရစေဗျာ ´´ […]


ခင္ခDecember 10, 20121min020
ကြက်ဟင်းခါးသီး၏ အကျိုး   အပင်၏ပုံစံမှာ နွယ်ပင်အမျိုးအစားဖြစ်ပါ၏။ ပင်စည်ပျော့ပြောင်း၍ နှာမောင်းရှိသည်။ အရွက်များ အစိမ်းရောင် လက်ခြားပုံ ဖြစ်ပြီး အပွင့်များဝါ၍ အသီးအရောင်စိမ်းပါသည်။   ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေမှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။ အာဟာရတန်ဖိုးကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါ ဝင်မှု အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အများ အပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဖော လစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ […]


ခင္ခDecember 5, 20121min020
သတင်းလေးအတိုင်း တကယ်ဖြစ်ရင် ကောင်းမှာဘဲလို့။ အသက် ၆ဝ နှင့် ၇ဝ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။ “ နိုင်ငံတော်ရဲ့ ဆင်းရဲချမ်းသာ၊ ဘာသာလူမျိုးမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့အတွက် နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေး ဘဏ္ဍာငွေ ကူညီမှုတစ်ရပ်အဖြစ် ဆေးရုံများမှာ ဆေးပဒေသာပင်နဲ့ စရိတ်မျှပေးကျန်းမာရေးစနစ်ကို ပြုလုပ်နေပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုးပွားလာသော သက်ကြီးရွယ်အိုများအတွက် အစီအမံများ ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစီမံချက်ဝင် မြို့နယ် ၈၈ ခုရှိပြီး မြို့နယ်အဆင့် ဆေးရုံ၊ တိုက်နယ်ကျန်းမာရေးအဆင့်၊ […]


ခင္ခDecember 4, 20121min023
ဆောင်းရာသီအခါသမယနှင့် သက်ဆိုင်တာလေးတွေပါ။ မြန်မာပြည် ဆောင်းရာသီကိုရောက်တဲ့အခါ နေရာဒေသ တစ်ခုနှင့်တစ်ခုတော့ မတူညီကြတာကိုတွေ့ရပါတယ်၊ ဆောင်းရာသီမနက်ပိုင်း တစ်ချို့ဒေသတွေမှာ အအေးလွန်ကဲပြီး၊ တစ်ချို့ဒေသတွေကတော့ အေးရုံဆိုမျှရှိတတ် ကြပါတယ်၊ တစ်ချို့ဒေသတွေမှာတော့ ချမ်းလှအေးလွန်လှပေါ့။ တိုင်းရင်းဆေးအယူအဆတွင် ဆောင်းရာသီ၌ ပြင်ပလောကဗဟိဒ္ဓတွင် အေးချမ်းနေသောအခါ ထိုအအေး ဓာတ်၏ ပတ်ဖွဲ့မှု့ကြောင့်ခန္ဓာကိုယ်အရေပြားရှိမွေးညင်းပေါက်များ ကျဉ်းပြီးကျုံသွားသဖြင့် ကိုယ်တွင်းအပူ အခိုးအငွေ့များ အပြင်မထွက်နိုင်ဘဲ ပိတ်လှောင်ထားသကဲ့သို့ဖြစ်ကာ ကိုယ်တွင်းအပူချိန် တက်လာတတ် ပါသည်။ ထိုကြောင့် အလွန်းအေးလို့ အပြင်မှာမြူနှင်းကျချိန် ပါးစပ်ဟလျှင်ပင် အာခံတွင်းမှ အခိုးအငွေ့များ ထွက်သည်ကိုမြင်တွေ့ရနိုင်တာပါ။ အခိုးငွေ့အထွက်နည်းပြီး မွေးညင်းပေါက်များပိတ်သဖြင့် အရေပြားခြောက်သွေ့ရင် အသားပပ်သည် ဟုအများ ကပြောကြတယ်၊ အလှဆီခေါ်ပူသည့်အဆီတစ်မျိူးလိမ်းပြီး ဆောင်းတွင်းအအေးကိုက်နာ အသားကွဲအက်ခြင်း ကိုကာကွယ်ကြတယ်၊ တစ်ချို့ကတော့ လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းဖြင့် ချွေးထွက် အောင်လုပ်ပြီး အရေပြားအစိုဓာတ်ရအောင်လုပ်ကြတယ်။ ခန္ဓာကိုယ်တွင်းမှ […]


ခင္ခDecember 3, 20121min014
ဖေ့ဘုတ်က Mandalay Voice မှာဖတ်ရတဲ့ ဆောင်းပါးလေးပါ။ ဖတ်မိပြီးသဘောကျတာနဲ့ ပြန်မျှဝေလိုက်တာ ဖတ်ကြည့်စေချင်လို့လေ။ ဆုတောင်းလေးတွေပြောင်းလိုက်ပါ။ ========================================== ဘုန်းကြီးတို ့အင်္ဂလိပ်စာ နည်းနည်းလေးအဆင့်မြင့်မြင့် သင်မိတဲ့အချိန်မှာ The dictionary of synonym ဆိုတဲ့ စာအုပ်ကို သင်ရတယ်။ အဲဒီထဲမှာ Abominable ဆိုးသော ၊ Execrable ပို၍ဆိုးသော ၊ Detestable အလွန်သာ၍ဆိုးသော။ Degree တွေက တစ်ခုထက် တစ်ခုမြင့်သွားတယ်။ အဲဒီ စကားလုံး ၃ လုံးအကြောင်းကို အဲဒီစာအုပ်ထဲမှာ Story လေးတစ်ပုဒ်နဲ ့ရှင်းပြထားတယ်။ ဘီစီ ၅၀ဝ လောက်တုန်းက ဒင်နိုနီးရှား ဆိုတဲ့ မင်းတစ်ပါးဟာ အီတလီနိုင်ငံရဲ ့အနီးအနား မြေထဲပင်လယ်နားက ကျွန်းကလေးတစ်ကျွန်းမှာ အုပ်ချုပ်တယ်။ အဲဒီ ကျွန်းလေးနာမည်က […]


ခင္ခDecember 3, 20121min031
သခွားသီးကပေးတဲ့အကျိုးရလာဒ် သခွားသီးကနေ ရနိုင်တဲ့ အကျိုးရလာဒ်တွေကို သိစေချင်လို့ ခင်ခ ဖေ့ဘုတ်ကို ပို့လာတဲ့ထဲကပြန်လည်ဝေမျှ ရေးပေးတာပါ။   ၁။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင်စီ ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။ ၂။ နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။ ၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို […]


ခင္ခDecember 1, 20121min07
အင်တာနက်မီတာတပ်မယ် GSM/WCDMA Internet မိမိသုံးစွဲယူနစ် (bit) အား Computer တွင် မှတ်တမ်းတင်နည်းပါ။ မိတ်ဆွေများ အောက်က Bit Meter Software လေးကို Download လုပ်ပြီး စမ်းကြည့်လိုက်ပါ။ ပြည်သူတွေ သက်သာအောင်လုပ်ပေး/မပေး သိလာပါလိမ့်မယ်။ မိမိသုံးစွဲယူနစ် (bit) အား Computer တွင် မှတ်တမ်းတင်နည်း ၁။ ယခုလင့်မှ Installer ကို Download ရယူပါ။ http://download.cnet.com/BitMeter-2/3000-2381_4-10398686.html ၂။ bit meter 2 Installer ကို Computer တွင် Install လုပ်ပြီး ဖွင့်လိုက်လျှင် Graid Screen လေး Computer မှာ ပေါ်လာပါလိမ့်မယ်။ Grid လေးတွေလှပ်နေတာကတော့ မိမိသုံးစွဲနေတဲ့ Real […]


ခင္ခDecember 1, 20121min013
စာရေးဆရာမကြီးဂျူး၏ “ကိုယ့်ဘဝခဏ ဘယ်သူယူပါ့မယ်´´   အောက်တိုဘာလထုတ် ‘ကျန်းမာရေး’ မဂ္ဂဇင်း တွင် ပါရှိသော စာရေးဆရာမကြီး ဂျူး၏ စာမူကို အပြည့်အစုံဖတ်ရှုလိုသော စာဖတ်ပရိသတ်အတွက် ‘ကိုယ့်ဘဝခဏဘယ်သူယူပါ့မယ်။’ ဆောင်းပါးကို အပြည့်အစုံ ဖော်ပြပေးလိုက်ပါသည်။ ကျွန်မငယ်ငယ်တုန်းက မေမေက ဈေးဝယ်ခိုင်းသည့်အခါ ဘဲဥအလတ်ကွဲလေး နှစ်လုံး၊ သုံးလုံးလောက် ဝယ်ခဲ့ဟု ပြောတာ မှတ်မိနေပါသည်။ အလတ်ကွဲဆိုသည်မှာ ဘဲဥက အက်နေပြီ။ တစ်နေရာတွင် ချိုင့်နေပြီ။ သို့သော် အလတ်ကြီး ရှိသေးသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်မည် ထင်သည်။ ထိုဘဲဥက တခြားဘဲဥအကောင်းတွေထက် ပိုပြီးဈေးလျော့သည်။ ကွဲပြီး သားကိုး။ ကျွန်မတို့အတွက်တော့ ဈေးသက်သာတာကို ရှာဝယ်မှ ကျန်သည့်နေရာတွေမှာ သုံးစွဲစရာ ငွေလောက်ငမည်။ ဒါက ကျွန်မတို့ကိုယ်တိုင်၏ ဈေးနှုန်းကိုကြည့်ပြီး ရွေးချယ်မှုဖြစ်သည်။ အိမ်ရောက်သည့်အခါ ထိုဘဲဥအလတ်ကွဲတွေကို ချက်ချင်း […]


ခင္ခNovember 30, 20121min014
ထိုအခါက အင်္ဂလိပ်က ပ ဒု တ ဟု သုံးကြိမ်စစ်ပွဲ ဆင်ကာနွဲလို့ သိမ်းပိုက်သည့်အခါ ဒို့ရဲ့ဧကရာဇ် နန်းကျဆင်းလို့ ကျွန်ဖြစ်ခဲ့ရ ထိုအခါက။ ဗိုလ်ချုပ်အောင်ဆန်း ပါဝင်နွဲလို့ သုံးကျိပ်ရဲဘော် ဂျပန်မှာနော် စစ်ပညာပြု သင်ယူမှု့ဖြင့် နယ်ချဲ့အင်္ဂလိပ် တိုက်ထုတ်ခဲ့ပြန် သူကျွန်မခံ ဇာတိမာန် ဖြစ်ထွန်းခဲ့ရ ထိုအခါက။ တုယောင်လွှတ်လပ်ရေး ကြေငြာပေးပြီး နှိက်စက်မှု့ပြု စော်ကားအစုစုကြောင့် အင်္ဂလိပ်ကို တဖန်လက်တွဲ မဟာမိတ်ဘဲဟု ကြိုးစားပြုလာ သခင်အောင်ဆန်းမှာ ဖက်ဆစ်ဟုခေါ် ဂျပန်ကိုနော် တိုက်ထုတ်ခဲ့ရ ထိုအခါက။ တစ်နှစ်အတွင်း လွပ်လပ်ရေးရမယ် ကြွေးကြော်သံနဲ့ မဆုတ်မနှစ် ကြိုးစားဖြစ်သည့် ဖခင်ဗိုလ်ချုပ် မသမာသူအစုတ် ဒင်းလုပ်ရပ်ကြောင့် ကျဆုံးခဲ့ကာ အာဇာနည်ဖြစ်ရှာလည်း ဆက်လို့ရှေ့ချီ ဦးနုသည်ကား ဇန်နာဝါရီ ၄ ရက် ထိုမနက်အခါ ၁၉၄၈ […]


ခင္ခNovember 29, 20121min012
လေဖြတ်နိုင်ဖွယ် အချက် (၁၀)ချက် ၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။ (Sub occipital headache) ၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။ (Tingling sensation of limbs) ၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။ (Fluttering or Tic of eyelids and facial muscles) ၄။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။ (Occassional constipation and fluctuation) ၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။ (Tingling and numbress of limbs during sleep) ၆။ […]


ခင္ခNovember 29, 20121min020
အခါခါ သဝန်တိုမှု့ကို ခံရတဲ့အခါ အပေါ်ယံ စိတ်ကောက်ပြပေမယ့် ကြည်နူးမိတာ အခါခါ အပြစ်တင်မှု့ကို ခံရတဲ့အခါ ရင်ထဲဝမ်းနည်းသွားပေမယ့် စိတ်မဆိုးရက်တာ အခါခါ ဂရုစိုက်မှု့ကို ခံရတဲ့အခါ ခံစားချက်ကိုထုတ်မပြတက်ပေမယ့် ပျော်ရွှင်မိတာ အခါခါ ဥပေက္ခာပြုမှု့ကို ခံရတဲ့အခါ နှလုံးသားထဲနာကျင်သွားပေမယ့် ပြုံးပြခဲ့တာ အခါခါ အမှတ်မထင် ဆူကာပူကာ ပြောခံရတဲ့အခါ စိတ်တိုစွာနဲ့ ပြန်ပြောချင်ပေမယ့် နုတ်ပိတ်ကာဘဲနေဖြစ်ခဲ့တာ အခါခါ   လှည့်စားတဲ့အပြော ကြားမိတဲ့အခါ ဖုံးကွယ်မှု့အတွက်ပြောချင်ပေမယ့် အားနာမိတာ အခါခါ အချစ်ဆိုတာ….. လူတစ်ယောက်ရဲ့အတ္တတွေကို ဖုံးကွယ်စေတဲ့ ပညာရပ်တခုလားလို့ တွေးမိတာလည်း အခါခါ ပါပဲ။       ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။ ခင်ခ။


ခင္ခNovember 27, 20122min08
ဖုန်းထဲတွင် အင်တာနက်ဆော့ဝဲများအမြဲ run မိမှာစိုးလို့။   ကျွန်တော်ဖေ့ဘုတ်ထဲကိုပို့လာတဲ့ အကြောင်းအရာလေးတစ်ခုပါ။ အများစုသိရှိပြီးသားဖြစ်နိုင်မယ်လို့ယူဆ ပေမယ့်၊ မသိသေးတဲ့သူများအတွက်လည်း သိရှိအောင်မျှဝေတင်ပေးလိုက်တာပါ။   Myanmar Mobile App Store ဒီဇင်ဘာလမှစ၍ Data သုံးစွဲနှုန်းဖြင့် မိုဘိုင်းအင်တာနက်အသုံးပြုခကောက်ခံတော့မည်ဖြစ်၍ မြန်မာပြည်သူများ ပြင်ဆင်ထားသင့်သောအချက်များ ————————————————– – ဖုန်းထဲတွင် အင်တာနက်အမြဲသုံးစွဲနေသော ဆော့ဝဲများအား run မထားပါနှင့်။ – ဖုန်းထဲတွင် သတင်းများ auto တက်နေသော ဆော့ဝဲများရှိပါက ယင်းဆော့ဝဲအား ဖြုတ်ထားခြင်း (သို့မဟုတ်) ကိုယ်တိုင် update လုပ်မှ သတင်း အသစ်တက်စေသော setting သို့ပြောင်းထားပါ။ သတင်းဌာနဆော့ဝဲများသည် auto update feed / RSS Reader ကိုအသုံးပြုထားသဖြင့် သတင်းအသစ်တင်တိုင်း data […]