fattyOctober 29, 20101min07
အချိန်ကား …. ၁၉၈၂ ခု အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း ( ဘုရင်ခံ )စီးပွါးရေးလုပ်ငန်းရှင် LELAND STANFORD ဆိုသူသည် မိတ်ဆွေတစ်ဦးနှင့် စကားစပ်မိရင်း မြင်းများကဆုန်ပေါက်ပြေးရာတွင်မြင်းခွါခြေလက်လေးဖက်စလုံး မြေပြင်နှင့်လွတ်မလွတ် အလောင်းအစားလုပ်ကြခြင်းဖြစ်သည်။ ထိုငြင်းခုံချက်မှန်မမှန် သက်သေသာဓကပြုကြရန်အတွက် EADWEARD MUYBRIDGE ဆိုသူ ဓါတ်ပုံဆရာတဦးကိုခေါ်ဆောင်ကာဓါတ်ပုံရိုက်ကြည့်ကြရာ … ကျေနပ်မှုမရှိပြန်သောကြောင့် JOHN .D ISSAC ဆိုသူ အင်ဂျင်နီယာတဦးကို ထပ်မံခေါ်ယူပြီး ထူးထူးခြားခြား အစီအစဉ်တခုကိုပြုလုပ်ကြပြန်တော့သည်။ မြင်းပြေးလာမည့်လမ်းတလျှောက် တဖက်တွင် ကင်မရာ ၂၄ လုံး ထောင်ထားပြီး အခြားတဖက်တွင်ငုတ်တိုင် ၂၄ ချောင်းထောင်ကာ ကြိုးဖြင့်သွယ်ထားသည်။ မြင်းကဆုန်ပေါက်ပြေးသောအခါ မြင်းခွါများနှင့်ငြိပြီး ကြိုးများပြတ်ကာ ကင်မရာခလုပ်များ ရိုက်ပြီးသားဖြစ်သွားတော့၏။ ရိုက်ပြီးဓာတ်ပုံများကြည့်ရာတွင် ၂၄ ပုံအနက် ၂ ပုံမှာ မြင်းခွါလေးချောင်းစလုံး […]


fattyOctober 25, 20101min05
ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်မှ လူအင်အား ၅၀ဝ ကျော်သည် ၂၀၁ဝ ရွေးကောက်ပွဲအား ဆန့်ကျင်မှုဆန္ဒပြကြကြောင်းယနေ့သိရသည်။ အာဏာပိုင်များဘက်မှ တစုံတရာနှောက်ယုက်မှု မရှိသေးသော်လည်း ဆန္ဒပြခေါင်းဆောင်များကလုံခြုံရေးအရတိမ်းရှောင်နေကြကြောင်းသိရသည်။ မနေ့က ကြာအင်းဆိပ်တွင်လူအင်အား ၇၀ဝခန့် ဆန္ဒပြမှုဖြစ်ခဲ့ကြောင်းလည်းသိရသည်။


fattyOctober 22, 20101min05
မနးလေးတိုင်းအတွင်းရှိကျောင်းများသို့ ပညာရေးဝန်ကြီးဌာနမှ လှို့ဝှက် အမိန့်စာထုတ်ထားကြောင်း မန်းလေးရှိဆရာမတဦးကပြောကြားပါသည်။ မန်းလေးတိုင်းအတွင်း ကျောင်းပေါင်းစုံတွင် လပါတ်စာေမေးပွဲများကို oct ၆ ရက်ကစစ်ဆေးပြီးကြသော်လည်း နောက်ဆုံးအတန်းတင် စာမေးပွဲပုံစံဖြင့် oct ၂ဝ ရက်နေ့တွင်ထပ်မံစစ်ဆေးရန် လှို့ဝှက်အမိန့်ရရှိသဖြင့် ဆရာမများမေးခွန်းများအသစ်ထပ်မံထုပ်ရျ် စစ်ဆေးရပါကြောင်း ကျောင်းပိတ်ရက်ကို သီတင်းကျွတ်ပိတ်ရက်နှင့် (လိုအပ်ပါက) ဆက်လက်ပိတ်သွားမည်ဖြစ်ကြောင်း …မနးလေးမှဆရာမတဦးကပြောကြားသွားသည်။


fattyOctober 22, 20101min03
စစ်တွေ … ၄ဝ မိုင်နှုန်း။ ….မိုးရေချိန် ..၀.၁၂ လက္မ ကျောက်ဖြူ … ၇၅ မိုင်နှုန်း။ …။ ၄.၃၇ မာန်အောင် …၄ဝ …………………..၀.၀၈ အမ်း ……….၁ဝ ………………….၀.၂၈ ဂွ …………၁ဝ ……………………၀.၂၈ သံတွဲ ………၁ဝ ………………….၁.၂၆ ကျောက်တော် ..၂ဝ ………………….၀.၀၈ အသီးသီးတိုက်ခပ်သွားကြောင်း ရန်ကုန်မြို့ တွင် ရပ်ကွက်တိုင်းလိုလို လော်စပီကာနှင့် အလှုငွေများထည့်ဝင်ရန် ဆော်ဩလျှက်ရှိသည်။


fattyOctober 22, 20101min05
ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တော တွင်တိုက်ခတ်သွားသောမုန်တိုင်းအတွက် ရန်ကုန်မြို့ ရှိ နှစ်လုံးထီဒိုင်များမှ ဆန်နှစ်အိပ်စီ ထည့်ဝင် လှုဒါန်းရန် ယနေ့ပင် သက်ဆိုင်ရာ ရဲစခန်း မှ နယ်ထိန်းများက လာရောက်ပြောကြားသွားကြောင်း သိရသည်။


fattyOctober 20, 20101min08
တကယ်တန်းကျတော့ မြန်မာ့ထုံးတမ်းစဉ်လာမှာ ယောကျာင်္းတယောက်ဟာ လက်ရှိဇနီးတယောက်အပြင် နောက်ထပ်ဇနီးမယားတယောက် တရားဝင်ယူခွင့်ရှိတာကိုတွေ့ရပါတယ်။ မယားပြိုင်ပေါ့ ။ ဟာသလုပ်ပြီးပြောကြရင်တော့ … လက်ရှိ ဇနီးသည်ကို ရာထူးတိုးပေးလိုက်တယ်ပေါ့။ အိမ်ထောင်သယ်ဇနီးများ ယောကျာင်္းသားနဲ့ရင်ဘောင်တန်းပြီးလုပ်ငန်းခွင် ဝင်နေရသူများ … မကြာမကြာပြောတတ်ကြတာက …. ဒီမှာ ..ရှင့်လစာနဲ့လောက်လို့လား … ရုံးအလုပ်ကတဖက် ..အိမ်အလုပ်ကတဖက် ..ရုံးမှာကလည်း လုပ်လိုက်ရတာ .. ဦးနှောက်ကိုခြောက်လို့ … အိမ်ကျလဲနားရမလားအောင့်မေ့တယ် … စားဘို့သောက်ဖို့စီစဉ်ရတာနဲ့ .. တနေ့နေ့ ဘာချက်ရမလဲစဉ်းစားရတာနဲ့ ………..။ အစရှိသဖြင့် … ပူညံပူညံမကြာခဏကြားရတတ်ပါ၏။ အဆိုပါ ဇနီးသည်များ တခုသတိပြုစေချင်တာကတော့ … သိပ်ကြီးပူညံပူညံ မလုပ်မိကြရန်နှင့် အခန့်မသင့်ပါက ကုမ္ပဏီက ရာထူးတိုးမပေးဘဲ ကိုယ့်ယောကျာင်္းက ရာထူးတိုးပေးလိုက်မှာကို ထည့်သွင်းစဉ်းစားကြစေလိုပါသည်။ ကြားဖူးကြပေမည် … မင်းတုန်းမင်း မိဘုရားဘယ်နှစ်ယောက်တောင်ရှိလဲဆိုတာ […]


fattyOctober 20, 20101min06
ရန်ကုန်မြို့ထဲရှိ အင်တာနက်ကဖေးများ အချို့မြို့နယ်များတွင် ည ၁ဝ နာရီခွဲ နောက်ဆုံးထားပိတ်ရမည်ဟု အကြောင်းကြားပါသည်။ ဒီမိုကရေစီသို့ ခေတ်ပြောင်းကာလမို့ … လေ့ကျင့်ပေးနေဟန်တူပါသည်။


fattyOctober 19, 20101min011
ရှေးမြန်မာမင်းများလက်ထက်က ဆင်ဖြူတော်ပိုင်ဆိုင်ရမှုမှာ အလွန်အရေးပါလှကြောင်း အားလုံးသိကြပေမည်။ သို့ပါသော်လည်း ဆင်ဖြူတော်နှင့်ပတ်သက်ရျ် အများသိသေး ဟန်မတူသောအချက်တချက်ရှိနေပါသေးသည်။ …. ရှာရှာဇွေဖွေတင်ပြရပါသော် …… ပထမဆုံး ဆင်ဖြူတော်၏ကြံအင်လက္ခဏာများကိုတင်ပြပါမည် ..။ ဆင်ဖြူတော်ဟုသတ်မှတ်သော်လည်းမည်သည့်ဆင်ဖြူတော်မှ ဆွတ်ဆွတ်မဖြူပေ။ ဖြူညိုညိုမျှသာရှိသည်။ ထူးခြားချက်မှာ …သာမန်ဆင်၏နောက်ခြေထောက်တွင်ခြေချောင်းလေးများ လေးချောင်းသာရှိသော်လည်း ဆင်ဖြူတော်တွင်မူ ငါးချောင်းရှိရမည်ဖြစ်သည်။ သာမန်ဆင်ပေါ်သို့ရေလောင်းချလျှင် အနက်ရောင်သာရှိသော်လည်း ဆင်ဖြူတော်ပေါ်သို့ရေလောင်းလျှင်မူ အရေခွံသည် အနီရောင်သို့ပြောင်းသွားရမည်။ ဆင်ဖြူတော်၏မျက် လုံးမှာ အဝါရောင်ဖြစ်ရျ် အနီရောင်မျက်ရစ်ဝန်းပါရှိရမည်။ မင်းတုံးမင်းလက်ထက်တော်က သမိုင်းမှတ်တမ်းတခုတွင် ……….. အမေရိကန်သံအဖွဲ့ဝင် မစ္စတာ မက်ကားတစ် နှင့်အဖွဲ့ဝင်များကို နေပြည်တော်သို့လှည့်လည်ပြသရာ ဆင်ဖြူတော်မပြသနိုင်သောကြောင့် ပြောစမှတ်ဖြစ်ရသည်။ ယခင်က မင်းတုန်းမင်းတွင် ဆင်ဖြူတော်တစ်စီးပိုင်ဆိုင်ဘူးပါသည်။ အမရပူရရွှေနန်းတွင်စိုးစံစဉ်ကဖြစ်သည်။ သို့သော်ထိုဆင်ဖြူမှာ မန ္တလေးသို့မပြောင်းမီ အသက်ကြီးရင့်ရျ် ကွယ်လွန်ခဲ့ရသည်။ မင်းတုန်းမင်းသည် နောက်ဆင်ဖြူတော်တကောင်ရရှိရန် မြန်မာပြည်အရပ်ရပ်သို့ ဆင်ဖြူတော်ရှာပုံတော်ဖွင့်ခိုင်းခဲ့သည်။ ဆင်ဖြူတော်တစ်စီးကို […]


fattyOctober 19, 20101min06
အနန ္တသူရိယ အမတ်ကြီး၏ သံဝေဂ ရဖွယ် ကဗျာတပုဒ်ပြန်ဖတ်မိလို့ တင်ပြလိုက်ရပါသည်။ မူရင်းကဗျာတွင်ခေါင်းစဉ်မပါပါ။ ………. ရွှေအိမ်နန်းနှင့် ………. ကြငှန်းလည်းခံ ……….. မတ်ပေါင်းရံလျှက် ………. ပျော်စံရိပ်ငြိမ် ……….. စည်းစိမ်မကွာ ………. မင်းချမ်းသာကား ………. သမုဒ္ဒရာ ………. ရေမျက်နှာထက် ………. ခဏတက်သည် ………. ရေပွက်ပမာ ………. တသက်လှာတည်း။ ။ ………………… (အနန ္တသူရိယ) ………………………………………….. လူ့ဘဝဆိုတာ ရေပွက်ပမာတည်း ..ဟူသော စကားတခွန်းကိုဆင်ခြင်ပွါးများယုံကာမျှဖြင့် ပါရမီပါသူများဆိုပါက တရားထူးတရားမြတ် အသိထူးကိုရနိုင်ကြပါသည်။


fattyOctober 18, 20101min07
မကြာခင်သီတင်းကျွတ်တော့မယ်လေ … မင်းနဲ့အတူလျှောက်လည်ချင်တာပေါ့ … ဒါပေမဲ့ရန်ကုန်မှာမိုးမရပ်သေးပါ … နောက်တပါတ်မှာမုန်တိုင်းက လာနိုင်ခြေရှိသေးတယ်။ အရင်လိုစည်စည်ကားကားကလည်း ဘယ်နေရာမှာမှ မရှိ … ဒီတော့ လျှောက်လည်ကြမဲ့အတူတူ .. အကြံတူတွေများနေတော့ … guest house တွေမှာ booking တွေ ပြည့်နေကြာင်း သတင်းပါးလိုက်ရပါတယ်။ အဲ အခုချိန် ဆိုရင် booking နဲနဲကျန်အုံးမယ်။ သီတင်းကျွတ်အမှတ်တရ မီးပုံးလေးတွေတင်ပေးလိုက်ပါတယ် ။ မိုးလေကင်းရင်တော့ မြန်မာပြည်အလွမ်းပြေ … ပွဲခင်းလေးတင်ပေးမလို့ပါ။ နောက်ဆုံးပုံကတော့ ရုပ်ရှင်ရုံထဲအဝင် ပေါ့ဗျာ ..။


fattyOctober 16, 20101min03
ခြင်္သေ့ကြီးမင်္ဂလာဆောင်မယ်လုပ်တော့ …ကြွက်တကောင်ကပြောတယ် …. ငါ့အကို မင်္ဂလာဆောင်တော့မလို့ကွတဲ့ ……. တခြားကြွက်တွေကရီကြတာပေါ့ …………. ဟေ့ကောင် အခုမင်္ဂလာဆောင်မှာက ခြင်္သေ့ကြီးကွ ……………………………… …………..ငါလဲမင်္ဂလာမဆောင်ခင်ကခြင်္သေ့ဘဲကွ …တဲ့။ ……………………….အမျိုးသားများ မင်္ဂလာမဆောင်ခင် စဉ်းစားကြအုံး ..။


fattyOctober 16, 20101min07
ငယ်ငယ်က မူးမြစ်ကရေကိုသုံးရတယ် ရေကအရမ်းနောက်တော့ စဉ့်အိုးအတွင်းပိုင်းကို ကျောက်ချဉ်နဲ့ တိုက်ပေးမှ ရေကချက်ခြင်းကြည်သွားတယ်။ ငယ်ငယ်ကတော့ ထူးဆန်း နေတာဘဲဘာကြောင့်လဲမသိခဲ့ဘူး။ ကျေက်ချဉ်ဟာ အနယ်တွေကိုစုစေတဲ့သတ္တိရှိပါတယ် အနယ်တွေကပေါ့နေလို့ အနယ်မထိုင်နိုင်ဘဲ ရေနောက်နေတာပါ။