SawAungJanuary 16, 20163min06
Before I Wake ရှစ်နှစ်အရွယ် Cody ဆိုတဲ့ကောင်လေးတစ်ယောက်ကို မွေးစားထားတဲ့ လင်မယားနှစ်ယောက်။ အဓိက ပြဿနာကတော့ Cody မှာ ရှိနေပါတယ်။ Cody ရဲ့ အိပ်မက်တွေဟာ သူတို့မိသားစုအပေါ်တိုက်ရိုက်သက်ရောက်နေတာပါပဲ။ Cody ရဲ့ အိပ်မက်တွေဟာ လက်တွေ့အပြင်မှာတစ်ချိန်တည်းတစ်ထပ်တည်းဖြစ်ဖြစ်နေတဲ့အခါ…။ အိပ်မက်ဆိုးတွေကို သူတို့ ဘယ်လိုလွန်မြောက်နိုင်မှာလဲ။ လက်ရှိ ဝေဖန်သူတွေထောက်ခံမှုကိုရရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ Kate Bosworth နဲ့ Thomas Jane တို့က အဓိကပါဝင်သွားမှာပါ။   The Amityville (Awaking)   2005 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Ryan Reynolds နဲ့ Melissa George တို့ရဲ့ The Amityville Horror ကိုတော်တော်များများကြည့်ဖူးကြမှာပါ။ အိမ်ကြီးရဲ့ စေခိုင်းမှုကြောင့် မိသားစုတစ်ခုလုံးကို သတ်ပစ်တဲ့ […]


SawAungJanuary 16, 20163min04
The Other Side Of The Door မတော်တဆဖြစ်ရပ်တစ်ခုကြောင့် သားငယ်လေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်အနေနဲ့ သူ့သားလေးကို နောက်ဆုံးတစ်ကြိမ်အဖြစ်ပြန်ဆုံတွေ့ရမယ်ဆိိုရင် ဘာပဲဖြစ်ဖြစ်လုပ်မှာပါ။ ရှေးဟောင်း ဘုရားကျောင်းကြီးဆီကိုသွား ခြားနားနေပြီဖြစ်တဲ့ တမလွန်ကသားလေးကို အစီအရင်တစ်ခုနဲ့ ပြန်ခေါ်ဖို့ကြိုးစားရင်း အမှားအယွင်းတစ်ခုကြောင့် မထင်မှတ်တဲ့ ရလာဒ်တွေ ဖြစ်ရပ်ဆိုးတွေနဲ့ ဆက်လက်ရင်ဆိုင်ရတဲ့ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအလှည့်အပြောင်းကောင်းကောင်းနဲ့ အေးစက်ခြောက်ခြားဖွယ်ရသတွေကို ပေးစွမ်းနိုင်လိမ့်မယ့် ဇာတ်ကားလေးလို့ ထင်မိပါတယ်။ Trailer Link: http://m.youtube.com/watch?v=21LwJ6PLHMs   The Rings 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Ring 2 ရဲ့ နောက်ဆက်တွဲဇာတ်ကားကတော့ ဆယ့်တစ်နှစ်တိတိကြာပြီးမှ Rings ဆိုတဲ့ နာမည်နဲ့ထွက်ရှိလာတော့မှာပါ။ The Ring 2 ထွက်ခဲ့စဉ်က သမားရိုးကျ Horror ဇာတ်ကားတွေအတိုင်းမထူးခြားတဲ့ ဇာတ်လမ်းတည်ဆောက်ပုံသာဖြစ်ကြောင်း […]


SawAungJanuary 15, 20164min016
             သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ခဲ့ပါတယ်။ မှတ်မှတ်ထင်ထင် ကြည့်ခဲ့ဖူးပြီး ကြိုက်မိတဲ့ ကားတွေထဲမှာ The Eye, The Mermaid, Final Destination စတဲ့ ဇာတ်ကားတွေ အများအပြားပါပဲ။ ၂၀၁၅မှာ သည်းထိတ်ရင်ဖိုကားတွေဟာ သိပ်ပြီး မထွက်ရှိလာခဲ့ပါဘူး။ ၂၀၁၆မှာတော့ ကျတော်တို့တွေရင်ခုန်လို့ရခဲ့ပါပြီ။ စောင့်မျှော်ရမယ့် သည်းထိတ်ရင်ဖိုကားတွေအကြောင်းကို တင်ပြလိုက်ရပါ တယ်။  The Forest ဒီဇာတ်ကားလေးကတော့တကယ်စိတ်ဝင်စားစရာကောင်းမယ့်ဇာတ်ကားတစ်ကားဖြစ်လာမှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကျော် Suicide Forest တစ်ခုအကြောင်းအခြေခံပြီး ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားမို့ပါ။ Fuji တောင်ခြေရဲ့ အနောက်မြောက်ဖက်မှာ တည်ရှိုပြီး စတုရန်းကီလိုမီတာ ၃၅ ကီလိုမီတာကျယ်ပြန့်တဲ့ ဒီတောနက်ကြီးဟာ ကိုယ့်ကိုယ်ကိုသတ်သေသူတွေအတွက် နေရာတစ်ခုဖြစ်နေပါတယ်။ ပါးစပ်ရာဇဝင်တွေအရ ကွယ်လွန်သူတွေရဲ့ ဝိဉာဉ်တွေဟာ အဆိုပါတောနက်ကြီးထဲမကျွတ်မလွတ် ရှိနေကြပြီိး နောက်ထပ်လူတွေကို […]


SawAungJanuary 15, 20161min09
“ဂေါ်ရန်ဂျီကျွန်းအလှ နှင့် ပင်လယ်ကမ်းခြေ နှစ်ခုအလှကို ခံစားနိုင်မည့် ခရီးစဉ်” ? တစ်ဦးလျှင် ၆၀,၀၀ဝ ကျပ် ( ၅ ဦး နှင့် အထက်၊ ၁ဝ ဦး နှင့်အထက်များ အတွက် Special Discount) ? ဇန်နဝါရီလ ၁၅ ရက်နေ့ မဟာမြိင်မှတ်တိုင်မှ စတင်ထွက်ခွာ ပြီး ဇန်နဝါရီလ ၁ရ ရက်နေ့ မနက် ပြန်ရောက်ပါမည်။ လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါပြီရှင်…. အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၉ – ၂၆ ၄၅ ၈၈၁၅၅, ဝ၉ ၂၆၂၄၄ ၉၁၀၆, ဝ၉- ၄၄၈၀ဝ ၈၁၁ဝ တို့ကို ဆကိသွယ် မေးမြန်းစုံစမ်းနိုင်ပါ တယ်ရှင်… ခရီးစဉ်တွင်း […]


SawAungJanuary 11, 20161min011
2016 အစမှာ မြန်မာ့ရုုပ်ရှင်လောကဟာ အနည်းငယ်ပြောင်းလဲ လာခဲ့ပါပြီ။ မြန်မာဗွီဒီယိုလောကဟာ အပျက်ဘက်ကို ဦးတည်လာတာ တော်တော်များများ သိခဲ့ကြပြီး နောက်ပိုင်းမှာ ဗွီဒီယိုလောကဟာ ပျက်စီးသွားမယ်ဆိုတာ ကောက်ချက်ချထားကြပါတယ်။ သည်လိုနဲ့ ရုပ်ရှင်ဘက်ကို အချို့ချို့ဟာ ဦးတည်လာခဲ့ကြပါတယ်။   ပေါပေါလောလော စိတ်အပန်းဖြေ ဟာသဘက်ကို ဦးတည်လာတဲ့ ရုပ်ရှင်ဟာ အရင်ကနဲ့မတူ ဒရာမာ နဲ့ အခြား ဇာတ်လမ်းမတူတာ လေးတွေကို ချပြလာတာတွေ့ရပါတယ်။ မြန်မာ့ရုုပ်ရှင်နဲ့ အလှမ်းကွာဝေးခဲ့တဲ့ ကျတော်ဟာ 2015ခုနှစ် ဆန်ကာတင် ဇာတ်ကားထဲ မှာ ပါလာတဲ့ “တိုက်ဆိုင်မှု ရှိလျှင်” ဆိုတဲ့ ဇာတ်ကားက ပြန်လည် ဆွဲဆောင်ခဲ့ပါတယ်။   2016 အစပိုင်းမှာ ပြန်လည် ဆွဲဆောင်ခဲ့တဲ့ ဇာတ်ကားတစ်ကားကတော့ “ချစ်လှစွာသော … အမုန်း” ဆိုတဲ့ […]


SawAungDecember 28, 20151min011
အလုပ်နဲ့ပတ်သက်မိလို့ မရေးမိပေမယ့် ရေးလိုက်ပါဦးမယ်။ အရင်တုန်းက ဘာအလုပ်လည်းလို့ သူများမေးရင် ဂရတ်ဖစ်ဒီဇိုင်းလို့ပြောရင် အိကျီ င်္ ချုပ်တဲ့ဒီဇီုင်းလားပဲ မေးကြတယ်။   အမှန်တော့ ဂရတ်ဖစ်လို့ ပါတဲ့အတွက် ကွန်ပျူတာနဲ့ ကြော်ငြာတွေ ပရင့်ဒီဇိုင်းတွေ ဆွဲမယ်မှန်း တော်တော်များများ မသိခဲ့ကြဘူး။ ရွာထဲက ပြက္ခဒိန်အတွက် ဒီဇိုင်းဆွဲတုန်းကတော့ ပရင့်ပိုင်းပေါ့။ ပရင့်ပိုင်းဆိုပေမယ့် ကျတော့်အထင်က ဒီဇိုင်းလို့ မမြင်မိပါဘူး။ Layout လို့ခေါ်တဲ့ အစီအစဉ်တကျ ချပြတဲ့ ပုံစံတစ်ခုလို့ပဲ မြင်မိတာပါ။ ကာလာတွေ အရောင်တွေ သုံးထားတာတော့ တစ်ပိုင်းပေါ့။   လွန်ခဲ့တဲ့ နှစ်လလောက်က သူငယ်ချင်းတစ်ယောက်က အကူအညီ တစ်ခုလာတောင်းဖူးတယ်။ Ya Kun ကော်ဖီဆိုင်အတွက် Wallpaper တစ်ခု ဆွဲပေးဖို့ပါ။ ပထမ သူ့သူငယ်ချင်း ဒီဇိုင်နာတစ်ယောက်က ဆွဲပေးပေမယ့် […]


SawAungDecember 23, 20151min010
ဒီတစ်ခေါက် ပုဂံသွားတာ အလုပ်နဲ့ဆိုတော့ နှံ့နှံ့စပ်စပ်မရောက်ခဲ့ပြန်ဘူး။ အရင်တစ်ခေါက်ကလည်း ဘုရားဖူးကားနဲ့မို့ ရောက်ပြန်တွေချည်းပါပဲ။ ပုဂံမှာ ခြောက်ရက်ကြာတယ် ငါးရက်ကတော့ မြင်းပြိုင်ပွဲကွင်းအလယ်မှာပဲ အချိန်ကုန်ခဲ့တယ်။ တစ်ရက်တော့ ရှိတဲ့အချိန်လေး E Bike စီးပြီးလည်တော့။ E Bike ဟာ ကိုယ်လိုချင်တဲ့နေရာ သွားလို့ တော်တော်အဆင်ပြေမှန်းသိခဲ့တယ်။ နှံ့နှံ့စပ်စပ်မရောက်ခဲ့ပေမယ့် အခုတည်းခဲ့တဲ့ ဟိုတယ်လ်ဈေးရယ် E Bike ရယ် သေချာသိပြီမို့ နောက်တစ်ခေါက် နှံ့နှံ့စပ်စပ် လည်မို့ သေချာ ဆုံးဖြတ်ခဲ့တယ်။   ဒီတစ်ခေါက် လောကနန္ဒာဘုရားကို အေးဆေးရောက်ခဲ့တာမို့ ဓာတ်ပုံလေးတွေ ရလာခဲ့တယ်။


SawAungDecember 23, 20151min017
ပိုလီအကွက်တွေ ထိုးချင်လွန်းလို ့ပိုက်ဆံစုနေတာ သွားထိုးတာ ကိုသုဆီမှာပေါ့ အရင်က ပုံတွေလည်း ကိုသုဆီမှာပဲထိုးခဲ့တာဆိုတော့။ ဒီတစ်ခါထိုးတော့ နှစ်ခါခွဲထိုးလိုက်ရတယ်။ နောက်ဆုံးတစ်ခေါက် အီစလံဝေနေတာပဲ။ နာတာမှ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ဟိဟိ  


SawAungDecember 10, 20151min06
တစ်ရက်က မြေပဒေသာကျွန်းကနေ အပင်လေး နှစ်ပင်ဝယ်ခဲ့တယ်။ နွယ်လို အနွယ်လေးတွေ ကျနေတဲ့အပင်လေးတွေပါ။ ကျတော်အရင်က စိုက်ဖူးခဲ့တဲ့ အပင်လေးတွေလိုပါပဲ ကျတော်ကြားဖူးတာက သံယောဇဉ်ပင်လို့ခေါ်ပါတယ်။ သူက အရွက်ပုံစံအမျိုးမျိုးရှိပါတယ်။ အသည်းပုံလိုအရွက်ပုံစံလည်းရှိသလို ခပ်ထူထူ လှလှလေးလည်းရှိတယ်။ အခု ကျတော်ဝယ်ခဲ့တဲ့အပင်က အသည်းရှိတ်ပုံစံလေးရယ် ခပ်ထူထူအရွက် အပင်လေးရယ် ဝယ်လာခဲ့တယ်။ အသည်းပုံစံအပင်ကတော့ အပွင့်နီနီလေးတွေ သေးသေးလေးတွေပွင့်တယ်တဲ့။ အရွက်ထူထူအပင်ကတော့ အပွင့်နီနီ ခေါင်းလောင်းလို ခပ်ကြီးကြီးပွင့်တယ်တဲ့။ အခုတော့ ခေါင်းလောင်းလိုပွင့်တဲ့ အပင်က အဖူးထွက်လာပြီ။ သိတဲ့သူများ အပင်နာမည်လေး ဘာလေး အလင်းပြပါဦးဗျာ။   လေးစားစွာဖြင့် အောင်မိုးသူ  


SawAungDecember 8, 20151min06
လာမယ့် ၁၃ရက်နေ့ညကစပြီး ပုဂံမှာ ကျင်းပမယ့် မြင်းပြိုင်ပွဲအထွက် ရက်ရှည်ခရီးထွက်ရမယ်။ အလုပ်တွေပြီးလို့ နောက်ရက်တော့ လည်မယ်ပေါ့။ ပုဂံမြေက ကောင်းတယ်ဆိုတဲ့ အစားအသောက် နေရာ အမှတ်တရပစ္စည်းလေးတွေ သိတဲ့သူများ ပြေပြပေးဖို့ အကူအညီတောင်းပါရစေ။   လေးစားစွာဖြင့် အောင်မိုးသူ


SawAungDecember 3, 20151min015
ရုံးအပြန် အိမ်အရောက် ကျတော့်ကို ထွက်ကြို မယ် သူလည်းမရှိတော့ဘူး။ အရင်တုန်းက ဆူပူပြီး အထီးမကျန်ဘူး။ အခုတော့ ဆူပူပြီး အထီးကျန်တယ်။ လူတစ်စု စိတ်ချမ်းသာဖို့ လူတစ်စုနဲ့ အချို့အရာတွေ အစတေးခံလိုက်ရတယ်။ ဆူပူမှုတွေ ချုပ်ငြိမ်းပြီး သာယာတဲ့ လေညင်းတွေ ကျတော်လိုချင်မိနေတယ်။ အချိန်တွေ စောင့်ရဦးမယ်။ အခုတော့ ကျတော့်အိမ်ပြန်ချိန်တွေ အထီးကျန်လွန်းတယ်။ သတိရတယ် ဗစ်ကိရေ။ မင်းကို အမေလည်း သတိရနေတယ်။ ငါလည်း သတိရတယ်။ ငါတို့ သံယောဇဉ်တွေ စတေးခံလိုက်ရပေမယ့် တစ်ရက်တော့ ပြန်တူတူနေရတော့မယ်။ အခုတော့ အဝေးမှာ ပျော်အောင်နေနော်။   #အောင်မိုးသူ  


SawAungDecember 2, 20153min011
တလောက ရွှေပြည်ရီဆော့ကို ရောက်ခဲ့တယ်။ လိုင်းကားနဲ့ပဲသွားခဲ့တာပါ။ ကားစင်းလုံးလေးငှား ဒါမှမဟုတ် ကိုယ်ပိုင်ကားလေးနဲ့ဆို ပိုအဆင်ပြေမှာပေါ့။ အဓိကကတော့ အပန်းဖြေမယ် ပန်းပုတွေ လေ့လာမယ် ဓာတ်ပုံရိုက်မယ်ဆိုကောင်းပါတယ်။   ကိုယ့်ကားနဲ့ကိုယ်ဆိုရင်တော့ တောထဲမှာ ဖျာခင်း အရိပ်ကောင်းကောင်းအောက်မှာ စားသောက်ကြတာ ပျော်စရာပါ။ ကျတော်ကတော့ လိုင်းကားနဲ့သွားခဲ့တာပါ။ ပဲခူးကားကို တစ်ထောင်ပေးစီးပြီး ရွှေပြည်မှာ ရပ်ပေးပါဆို ရှေ့ကို ကွက်တိရောက်တယ်။ ပဲခူးမရောက်ခင်ပါ နီးပါတယ်။   အစားအသောက်တွေမယူဘဲ ရွှေပြည်ကဆိုင်မှာစားမယ်ဆိုရင်တော့ ဝန်ဆောင်မှုကောင်းပါတယ်။ အရသာကောင်းတယ်။ အစားသောက်လည်းစုံတယ်။ တောကောင်သားတွေလည်းရတယ်။ ဈေးကတော့ အသင့်အတင့်ပါပဲ။ သောက်စရာကတော့ အနည်းငယ် ဈေးကြီးပါတယ်။ ဘီယာ စည်တစ်ခွက် တစ်ထောင်ပါ။   ကျတော်တို့ ယူနန်မှိုတို့ဟူးထမင်းပေါင်း ဝယ်စားတယ်။ ပျှမ်းမျှ တစ်ပွဲကို သုံးထောင် သုံးထောင့်ငါးရာပါပဲ။   လေးစားစွာဖြင့် […]


SawAungDecember 2, 20151min09
ရွာထဲ နေ့စဉ်ပုံမှန်ဝင်မယ်လို့ ဆုံးဖြတ်ရင်း ဒီနေ့နံနက်မှာတော့ ဒေါ်ပြောင်းဖူးဆိုတဲ့ ပို့စ်လေးကို ဖတ်မိလိုက်တယ်။ တစ်မျက်နှာ တစ်ဘဝလို့ပြောရတဲ့ စာစုလေးပေါ့။ ရေးတတ်ရင်တော့ ဝတ္တုတိုကောင်းကောင်းတစ်ပုဒ်လောက်တော့ ရပါရဲ့။ အခုလည်း ဒီပို့စ်လေးကိုရေးရင်း ဒေါ်ပြောင်းဖူးပို့စ်ကို မှီးငြမ်းပြီး ဝတ္တုတိုလေးတစ်ပုဒ်လောက် ရေးပါရစေလို့ ခွင့်တောင်းချင်ပါရဲ့။   ဒေါ်ပြောင်းဖူးကို စိတ်ထဲမှန်းကြည့်ရင်း အခုခေတ်ဈေးသည်တွေကို မျက်စိထဲ ပြေးမြင်မိပါရဲ့။ တခါတခါ စကားပြောဖြစ်ရင်တော့ အမေကတော့ ပြောရှာတယ်။ ခေတ်ကမကောင်းတော့ လူတွေလည်း ဈေးသည်တွေဖြစ်ကုန်ပြီဆိုတာပါပဲ။ အမေပြောတဲ့ စကားတစ်ခွန်းလည်း ရှိသေးပါရဲ့။ တတ်လို့ဈေးရောင်းတာမဟုတ် ငတ်လို့ဈေးရောင်းတာတဲ့။   ဈေးရောင်ခြင်းမှာလည်း အတတ်ပညာဆိုတာ လိုသေးသကိုး။ အခုခေတ်ဈေးသည်တွေမှာလည်း စေတနာထည့်ရောင်းတာဟာ အတော့်ကို ရှားပါနေပါပြီ။ ဈေးသည်လို့ဆိုရာမှာ ဝမ်းဖြည့်တဲ့စားစရာကအစ မုန့်ပဲသွားရည်စာအဆုံးပေါ့။ တစ်ရက်ကပဲ တီဒုံရဲ့ မုန့်ရောင်းပွဲတော်လေးအကြောင်းဖတ်ရတော့ ဝမ်းသာမိတယ်။ အဲ့လို မြန်မာမုန့်တွေဟာ […]