zaw mgJanuary 26, 20111min010
သန်လျင်တွင် ဒုတိယကမ္ဘာစစ်က မပေါက်ဘဲကျန်ရှိသည့် ရော့ကတ်ဒုံးကျည်တွေ့ သန်လျင်မြို့နယ် ကျိုက်ခေါက် ဘုရားလမ်းရှိ အောင်ချမ်းသာ လက်ဘက်ရည်ဆိုင်တွင် ဒုတိယကမ္ဘာစစ် လက်ကျန် ရော့ကတ် ဒုံးကျည်တခုကိုု ယမန်နေ့က အိမ်သာကျင်းတူးရင်း တွေ့ရှိခဲ့ကြောင်း သိရသည်။ ဆိုင်ရှင်က မယကကို အကြောင်းကြား လိုက်သဖြင့် အင်ဂျင်နီယာတပ်မှ ကျွမ်းကျင်သူများ လာရောက် စစ်ဆေးရာ ယမ်းများရှိနေပြီး စနက်တံ မပြုတ်သေး သည်ကို တွေ့ရကြောင်း၊ လုံးပတ်မှာ လူကြီးတဖက်ခန့်၊ အရှည် ၄ ပေခန့်၊ ထိပ်အပြားနှင့် ဒလက်များ ပါရှိကြောင်း၊ ယခုအခါ အစောင့်များ ချထားပြီး အဆိုပါ လက်ဘက်ရည်ဆိုင် ခြံဝင်းနှင့် နဘေးရှိ တခြားသောဆိုင်များ ပိတ်ထားရကြောင်း သွားရောက် ကြည့်ရှုသူ တဦးက ပြောသည်။ သန်လျင်မြို့တွင် ယခင်ကလည်း မကြာခဏဆိုသလို ဒုတိယကမ္ဘာစစ် […]


zaw mgJanuary 26, 20111min00
ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်)အလုပ်အမှုဆောင်အဖွဲ့၏အရေးပေါ်အစည်းအဝေးမှကုမဏီများမှအမည်ပျက်စာရင်းများ အားထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။ အဆိုပါ အမည်ပျက်စာရင်းများတွင် ၁။ ရတနာဝင်းသုံးဆယ်ကုမဏီလီမိတက် ၂။ ကေ-ဘီ အင်တာနေရှင်နယ်ကုမဏီလီမိတက် တို့ပါဝင်ပြီးအရောင်းအဝယ်ပြုလုပ်ရာတွင်လိုက်နာရမည့်စည်းကမ်းချက်များနှင့်ညိစွန်းသည့် ကုန်သည် ၁။ဦးမွန်နား ၂။ဦးကျော်မြင့်တို့အား ကုန်စည်ဒိုင်အတွင်းသို့ဝင်ရောက်ခွင့်အား ယာယီပိတ်လိုက်ကြောင်းသိရသည်။ ထိုကဲ့သို့သောဖြစ်ရပ်များနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ရှိကုန်သည်တစ်ဦးမှပြောကြားရာတွင် ပဲအရောင်းအဝယ်ကိစ္စနှင့် ပတ်သတ်နိုင်ကြောင်းနှင့် လိမ်လည်မှုများ နှင့်လည်းပတ်သတ်သည်ဟုဆိုသည်။


zaw mgJanuary 25, 20111min00
ကျောက်ဖြူတွင် တည်ဆောက်မည့် ဘိုးဘွားရိပ်သာ အကူအညီများ လိုအပ်နေ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့တွင် ဘိုးဘွားရိပ်သာတခုကို ထူထောင်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိရာ အဆိုပါ ဘိုးဘွားရိပ်သာအတွက် အကူအညီများ လိုအပ်နေကြောင်း သတင်း ရရှိသည်။ ဒေသအတွင်း စေတနာရှင်များက ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး ကော်မတီတခုကို ဖွဲ့စည်းပြီး ယခုအခါ ဘိုးဘွားရိပ်သာအား စတင် အကောင်အထည်ဖေါ် ဆောင်ရွက် နေကြောင်းနှင့် အဆောက်အဦး ပြီးမြောက်ရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။ ကျောက်ဖြူ ဘိုးဘွားရိပ်သာ အဆောက်အအုံကို ကျောက်ဖြူမြို့ ဥပစာ ကောလိပ်ဟောင်း အနီး မြေဧက ၅ ဒသမ ၂ ဧကရှိမြေပေါ်တွင် ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။ ကျောက်ဖြူမြို့မှာ ရခိုင်ပြည်နယ်မှ ဒုတိယ အကြီးဆုံး ခရိုင်မြို့ကြီး […]


zaw mgJanuary 23, 20111min06
၂၀၀၉ ခုနှစ်အတွက် ရွေးချယ်ပေးအပ်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲအား နေပြည်တော်မြို့တော်ခန်းမရှိ လေဟာပြင်ကဇာတ်ရုံတွင် ဇန်နဝါရီ ၂၃ ရက်နေ့ (ယနေ့)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု [အကယ်ဒမီ] – အသံဆု ဆန်းဦးနှင့် အဖွဲ့ [အတိတ်ရဲ့အရိပ်] – ဓါတ်ပုံဆု ကိုကိုဌေးနှင့်အဖွဲ့ [အတိတ်ရဲ့အရိပ်] – အမျိုးသမီး ဇာတ်ပို့ဆု စိုးပြည့်သဇင် [မိုးညအိပ်မက်မြူ] – ဇတ်ညွှန်းဆု မြင့်ဦးဦးမြင့် [ကြိုးကြာတောင်ပံခတ်သံ] – တေးဂီတဆု ဓီရာမိုရ် [ဇော်က ကနေသည်] – အမျိုးသားဇတ်ဆောင်ဆု နေတိုး [မိုးညအိပ်မက်မြူ] – တည်းဖြတ်ဆု ဇော်မင်း(ဟံသာမြေ) [ကျောက်စက်ရေဇာတ်ကား] – ဇာတ်ကားဆု – ကြိုးကြာတောင်ပံခတ်သံဇာတ်ကား – ဒါရိုက်တာဆု – မီးပွား […]


zaw mgJanuary 21, 20111min00
ရခိုင်ပြည်နယ် ဂီရိ လေဘေး ဒေသများတွင် ကူညီထောက်ပံ့ ပေးနေသော ပြည်တွင်း ပြည်ပ NGO၊ INGO အဖွဲ့တချို့သည် ယခုလကုန်ပိုင်း၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်တန့်တော့မည် ဖြစ်ကြောင်း ပြည်ပသတင်းဌာနများမှသိရသည်။ ဂီရိဖြစ်ပွားပြီး ၃ လပြည့်ပြီးချိန်၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ရပ်တော့မည့် အဓိက အဖွဲ့များတွင် နိုင်ငံတကာ INGO အဖွဲ့တဖွဲ့ ဖြစ်သည့် Save The Children ပါဝင်သည်ဟု  ဧရာဝတီ အင်တာနက်သတင်းစာမျက်နှာတွင်ဖေါ်ပြထားသည်။ “ဒီတလစာအတွက် ဆန်တွေပေးထားပါတယ်၊ ဒီလကုန်ရင် ရိက္ခာတွေ မပေးတော့ဘူးလို့ Save The Children အဖွဲ့ဝင်တွေက ရွာတွေမှာ ပြောထားပြီးပါပြီ” အဆိုပါသတင်းက ဆိုသည်။ ဂီရိဒေသ၌ ထောက်ပံ့ကူညီရေးလုပ်နေသည့် INGO၊ NGO အဖွဲ့ စုစုပေါင်း ၁၅ […]


zaw mgJanuary 21, 20111min00
ရန်ကုန် ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်းမကြီး တလျှောက်ရှိ ဈေးဆိုင်ခန်းများအား အာဏာပိုင်များက နစ်နာကြေးမပေးဘဲ အမြန်ဆုံးပြောင်းရွှေ့ရန် ညွှန်ကြားသောကြောင့် ဆိုင်ခန်းရှင်များ အခက်အခဲ ဖြစ်နေကြောင်း အင်တာနက်သတင်းများအရသိရသည်။ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) အမှတ် ၁ နှင့် အမှတ် ၄ တပ်နံဘေးရှိ ကပစ ဝန်ထမ်းသက်သာ ဈေးဆိုင်ခန်းများကို ၂၀၁၁ ဇန်နဝါရီ ၂၁ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် ညွှန်ကြားချက်ကို ၂၀၁ဝ ဒီဇင်ဘာ ၃၁ ရက်စွဲဖြင့် အတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ သော်လည်း သတ်မှတ်ချိန်ထက်စောကာ ဖယ်ပေးရမည်ဟု ပြန်လည် အမိန့်ထုတ်သဖြင့် ဆိုင်ခန်းများကို အလျှင်အမြန် ပြောင်းရွှေ့နေကြရသည်။ “ဒီဇင်ဘာ ၃၁ […]


zaw mgJanuary 20, 20111min07
ကချင်ပြည်နယ် ပန်ဝါ တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ က နှင်းမုန်တိုင်း တိုက်ခိုက်ပြီး ဆီးနှင်းများထူထပ်စွာ ကျဆင်းမှု ကြောင့် တရုတ်-မြန်မာ ကုန်သွယ် ရေးဂိတ် ပျက်စီးပြိုကျသွားခဲ့ကြောင်း အင်တာနက်သတင်းများအရသိရသည်။ အဆိုပါသတင်းဖေါ်ပြချက်တွင်ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား ၊ချီဖွေ၊ ဗန်းမော် ၊ လိုင်ဇာ နှင့် မိုးညှင်း တို့တွင် မိုးသီးများကြွေပြီး ယခင်နှစ်ကထက် အအေးပိုသည့် ဒဏ်ကို ဇန်နဝါရီ လ ပထမပတ် အတွင်း ဆိုးဆိုးဝါးဝါး ခံစားခဲ့ရကြောင်းသိရသည်။ ထို့အပြင်ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် ပျမ်းမျှ အပူချိန်အောက် ၃ ဒီဂရီ စင်တီ ဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ်အထိ လျော့နည်းခဲ့သည်ဟုလည်ုး ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း […]