ashinindakaDecember 30, 20101min010
ရတနာသုံးပါးထဲက ဘုရားရှင်နဲ့တရားတော်ကို ဘာကြောင့် ဘယ်လိုကိုးကွယ်ရသလဲဆိုတာနဲ့ပတ်သက်ပြီး ထင်သာမြင်သာအောင် ပြောပြခဲ့တယ်။ ဒီတခါ သံဃာရတနာလို့ခေါ်တဲ့ သံဃာတော်တွေကို ဘာကြောင့် ဘယ်လို ကိုးကွယ်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး နည်းနည်း ပြောပြရအုံးမယ်။ ဒီအကြောင်းကို ပြောဘို့အတွက် ဗုဒ္ဓဘာသာသမိုင်းအနည်းငယ်ကို သိထားဘို့လိုတယ်။ သဗ္ဗညုတဉာဏ်ရပြီး ဘုရားဖြစ်ပြီးတဲ့နောက် ဘုရားရှင် ခုနစ်ရက်ခုနစ်လီ (ဝါ) လေးဆယ့်ကိုးရက်ကြာ မဟာဗောဓိပင်အနား သီတင်းသုံးနေထိုင်ခဲ့တယ်။ ပြီးတော့ တရားကို နားထောင်နိုင်စွမ်း၊ လက်ခံနိုင်စွမ်းရှိတဲ့သူ ရှာတယ်။ နောက်ဆုံး ဗုဒ္ဓစာပေမှာ ပဉ္စဝဂ္ဂီငါးဦးလို့ ထင်ရှားတဲ့ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ လို့ အမည်ရတဲ့ ရသေ့ငါးဦးကို တရားဦးဖြစ်တဲ့ ဓမ္မစကြာနဲ့ အနတ္တလက္ခဏသုတ်ကို ဟောပါတယ်။ အကုန်လုံး ရဟန္တာတွေဖြစ်ကုန်တယ်။ ရဟန်းဘောင်တက်ရောက်ကြတယ်။ သူတို့ငါးဦးဟာ ဘုရားရှင်ရဲ့ တပည့်သားသာဝက ရဟန်းတော်များဖြစ်လာတယ်။ တိုတိုပြောကြပါစို့။ […]

ashinindakaDecember 29, 20101min04
မွဲနေတယ်ဆိုလို့ ချမ်းသာဘို့အတွက် ဗုဒ္ဓဘာသာစာပေကလာတဲ့ စီးပွါးရေးလမ်းညွှန်ချက်လေးတွေ ပြောပြရအုံးမယ်။ လောကီရေးထဲမှာပါတဲ့ ဗုဒ္ဓစာပေကလာတဲ့ ဒီစီးပွါးရေးလမ်းညွှန်ချက်တွေဟာ ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ဝ ကျော်က အိန္ဒိယနိုင်ငံမှာ ဟောကြားထားတာတွေဖြစ်တော့ အခုခေတ်လို ဘဏ်စနစ်တွေ ဘာတွေ ညာတွေ မရှိသေးတဲ့တဲ့အတွက် ဒီခေတ်ရဲ့ အခေါ်အဝေါ် အသုံးအနှုန်းတွေတော့ ဘယ်ပါမလဲ။ အချိန်အခါနဲ့ နေရာဒေသအလိုက် ဘုရားရှင် ဟောကြားခဲ့ရတာပါ။ တကယ်တော့ စီးပွါးရေးသမားတွေအတွက် ဘုရားရှင်ဟောကြားထားတဲ့ စီးပွါးရေးလမ်းညွှန်ချက်တွေနဲ့အညီ စီးပွါးရေးလုပ်နေတယ်ဆိုရင် အဆင်ပြေနေဆဲပါဘဲ။ ကြီးပွါးချင်လို့ စီးပွါးရှာနေသူအတွက် နံပါတ် (၁) လိုက်နာရမဲ့ အချက်က ဥဋ္ဌာနသမ္ပဒါ – ဝီရိယရှိဘို့၊ မပျင်းဘို့။ ဒါကို ဘုရားရှင်ဟောတာ သူ့ခေတ် သူ့အခါ သူ့ဒေသမှာ အလုပ်မလုပ်ချင်ဘဲ ပျင်းတဲ့သူတွေ များနေလို့ နေမှာ။ တချု့ိက အလုပ်သာ မလုပ်ချင်တာ၊ […]

ashinindakaDecember 28, 20101min025
ဗုဒ္ဓဘာသာမှာ ကိုးကွယ်ရာ ရတနာသုံးပါးဆိုတာရှိတယ်။ ၁။ ဗုဒ္ဓ – ဘုရား ၂။ ဓမ္မ – တရား ၃။ သံဃ – သံဃာ နံပါတ် (၁) ဖြစ်တဲ့ ဗုဒ္ဓဘုရားရှင်ကို ဘယ်လို ဘာကြောင့်ကိုးကွယ် ဆည်းကပ်ရတယ်ဆိုတာ ရှင်းပြပြီးပြီ။ အခု နံပါတ် (၂) ဖြစ်တဲ့ ဓမ္မ တရားတော်ကို ဘယ်လို ဘာကြောင့် ဆည်းကပ်ရတယ်ဆိုတာရှင်းပြအုံးမယ်။ ဗုဒ္ဓဘာသာဝင်တိုင်း ဓမ္မံ သရဏံ ဂစ္ဆာမိ – တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏ လို့ အမြဲတမ်း ဆိုနေကြတယ်။ တရားတော်ကို ကိုးကွယ်ဆည်းကပ်တယ်ဆိုတော့ ဘယ်လိုကိုးကွယ်ဆည်းကပ်တာတုန်း။ တရားတော်ဂုဏ်တော်ဖြစ်တဲ့ သွာက္ခာတော ဘဂဝတာ ဓမ္မော စတဲ့ တရားဂုဏ်တော် (၆) ပါးကို နေ့မအား ညမအား […]

ashinindakaDecember 27, 20101min012
ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှင်ရဲ့ ရုပ်ပွါးတော် ရုပ်တုတော် ဆင်းတုတော်တွေကို ကိုးကွယ်ဆည်းကပ်ကြတယ်။ အရိုအသေပေးကြတယ်။ ရုပ်ပွါးတော်ဆိုတာ ဘုရားရှင်ရဲ့ ရုပ်ပုံတော်ကို ပွါးထားတာဖြစ်တယ်။ ရုပ်တုဆိုတာကလဲ ဘုရားရှင်ရဲ့ ရုပ်ပုံတော်ကို တုထားထာဖြစ်တယ်။ ဆင်းတုတော်ဆိုတာကလဲ ဘုရားရှင်ရဲ့ အဆင်းကို တုထားတာသာဖြစ်တယ်။ ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ ဘာလို့ ဒီရုပ်ပွါးတော်၊ ရုပ်တုတော်၊ ဆင်းတုတော်တွေကို ကိုးကွယ်ဆည်းကပ်နေရတာလဲ။ တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေက ရုပ်ပွါးတော်၊ ရုပ်တုတော်၊ ဆင်းတုတော်တွေကို ကိုးကွယ်ဆည်းကပ်တာ မဟုတ်ပါဘူး။ ဘုရားရှင်ရဲ့ ရုပ်ပွါးတော်၊ ရုပ်တုတော်၊ ဆင်းတုတော်တွေကို ကြည့်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ဝ ကျော်က ပွင့်ခဲ့တဲ့ ပေါ်ပေါက်ခဲ့တဲ့ ဘုရားရှင်ကို အလွယ်တကူ အာရုံပြုနိုင်အောင်လို့၊ အာရုံပြုနိုင်ပြီး ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို လွယ်လင့်တကူ သတိရနိုင်ဘို့အတွက် ဘာသာရေးကျောင်းတွေ၊ အိမ်တွေမှာ ရုပ်ပွါးတော်၊ ရုပ်တုတော်၊ […]

ashinindakaDecember 25, 20101min023
အသက် (၃၅) နှစ်အရွယ်မှာ ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက် ဘုရားရှင် (၄၅) နှစ်ကြာ တရားတော်များ ဟောကြားတော်မူခဲ့ပါတယ်။ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်၊ သတိပဋ္ဌာန် စသဖြင့် အကြောင်းအရာ မျိုးစုံဘဲ။ နောက်ပိုင်းမှာ ဘုရားဟောတရားတော်တွေဟာ ပိဋကတ်သုံးပုံအဖြစ်ထင်ရှားလာတယ်။ ဘုရားရှင်ဟောခဲ့တဲ့တရားတော်တွေဟာ ဘာမှ တီထွင်ကြဆပြီး ဟောခဲ့တာမပါဘူး။ အရှိတရားတွေကို ဟောတာ။ ဘုရားရှင်က အရှိတရားကို ပြန်လည်ထုတ်ဖော်ပြောဆိုပြတာ။ ဆိုကြပါဆိုစို့။ ဘုရားရှင်က ပါဏာတိပါတ၊ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါလို့ ပြောတယ်။ သူ့တပါးအသက်သတ်တတ်တဲ့ပုဂ္ဂိုလ်ဟာ အသက်တိုတတ်တယ်၊ အနာရောဂါထူပြောတတ်တယ်။ သူ့တပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်သာ အသက်ရှည်တတ်ပြီး အနာရောဂါကင်းရှင်းတတ်တယ် လို့ ဘုရားရှင်ပြောပါတယ်။ ဒီမှာနားလည်ရမှာက သူတပါးအသက်သတ်တတ်တဲ့ပုဂ္ဂိုလ်ဟာ ဘုရားရှင်ဟောလို့ အသက်တိုတတ်ပြီး အနာရောဂါထူပြောတာမဟုတ်ဘူး။ ဘုရားရှင် ဟောဟော မဟောဟော၊ သူတပါးအသက်သတ်တဲ့သူ […]

ashinindakaDecember 24, 20101min04
ကမ္ဘာပေါ်မှာရှိနေတဲ့ဘာသာကြီးလေးမျိုးကို အကြမ်းအားဖြင့် (၁) ကိုယ့်ကိုယ်ကို မှီခိုအားကိုးရသောဘာသာနဲ့ (၂) သူများကို မှီခိုအားကိုးရသောဘာသာလို့ နှစ်မျိုးခွဲနိုင်တယ်။ ဒီနှစ်မျိုးထဲမှာ ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။ မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၏၊ မိမိမှတပါး အဘယ်သူသည် (မိမိ၏) ကိုးကွယ်ရာ ဖြစ်နိုင်ပါအံ့နည်း၊ (အတ္တာ ဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရော သိယာ) {One is one’s own refuge, who else could be the refuge?}  လို့ မိမိကိုယ်ကို အားကိုးဘို့အတွက် ဘုရားရှင်က တိတိပပ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။ ယုံကြည် ကိုးကွယ် ဆည်းကပ်တာနဲ့ပတ်သက်ပြီး ကိုယ်ယုံကြည် ကိုးကွယ်ဆည်းကပ်တဲ့ ဘုရားရှင်အကြောင်းလေး နည်းနည်းတော့ […]

ashinindakaDecember 24, 20102min03
ကမ္ဘာပေါ်မှာ ကိုးကွယ်ရာဘာသာပေါင်းမြောက်များစွာရှိပေမဲ့ ကြီးကျယ်တဲ့ဘာသာကြီး လူသိများတဲ့ဘာသာကြီးအနေအားဖြင့် လေးမျိုးသာရှိကြောင်း တညီတညွတ်တည်း လက်ခံထားကြပါတယ်။ ဒီဘာသာကြီးလေးမျိုးမှာလဲ ဘာသာကိုတည်ထောင်သူနဲ့ ဘာသာရေးအဆုံးအမ (တရား) ကို (၁) စူးစမ်းဝေဘန်သုံးသပ်ပြီးမှ လက်ခံယုံကြည်ရသောဘာသာနဲ့ (၂) စူးစမ်းဝေဘန်ပိုင်ခွင့်မရှိဘဲ လက်ခံယုံကြည်ရသောဘာသာလို့ နှစ်မျိုးရှိပါတယ်။ ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။ ဒီဘာသာကြီးတွေကို နောက်တစ်မျိုးပြောကြည့်ရအောင်။ ဒီဘာသာကြီးလေးမျိုးမှာ (၁) ကိုယ့်ကိုယ်ကို မှီခိုအားကိုးရသောဘာသာနဲ့ (၂) သူများကို မှီခိုအားကိုးရသောဘာသာလို့ နှစ်မျိုးရှိပါတယ်။ ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာကို တည်ထောင်တဲ့ ဘုရားရှင်ကိုရော၊ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုရော စူးစမ်းလေ့လာခွင့် (Right to study, Right to survey)နဲ့ သံသယရှိခွင့် (Right to Doubt) အပြည့်ရှိပါတယ်။ […]

ashinindakaDecember 24, 20101min00
ဇနီးခင်ပွန်း အဆင်ပြေဘို့ နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။ နံပါတ် (၂) သမသဒ္ဓါ ဖြစ်ဖို့လို့ပြောပါတယ်။ နံပါတ် (၃) က သမစာဂ ဖြစ်ဖို့လိုပါတယ်။ (အရင်ပို့စ်တွေမုှာ ရှင်းပြပြီး) နံပါတ် (၄) က သမာပညာဖြစ်ဖို့လိုပါတယ်။ သမပညာမှာ ပညာကို အသေးစိတ်သိခြင်းလို့ ဘာသာပြန်ဆိုလို့ရမယ်။ အင်္ဂလိပ်လိုတော့ Knowing in detail လို့ပြောရမယ်။ (ပ – အသေးစိတ်၊ ညာ – သိခြင်း) သမ ကတော့ တူညီတာ။ ဒါ့ကြောင့် သမပညာ – အသေးစိတ်သိမှု တူညီတာ။ အသေးအဖွဲကိစ္စလေးတွေကအစ သိတဲ့နေရာမှာ တူညီနေရမယ်။ ဆိုလိုတာက လင်သွားတဲ့နေရာ လင်စားတဲ့အစားအစာ လင်လုပ်တဲ့စီးပွါးရေးစတာတွေကို မယားသိပိုင်ခွင့်ရှိရပါမယ်။ သိနေရပါမယ်။ ဒီလိုဘဲ။ […]

ashinindakaDecember 24, 20102min00

ashinindakaDecember 22, 20102min00

ashinindakaDecember 21, 20101min00
ဇနီးခင်ပွန်း အဆင်ပြေဘို့ နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။ နံပါတ် (၂) သမသဒ္ဓါ ဖြစ်ဖို့လို့ပြောပါတယ်။ နံပါတ် (၃) က သမစာဂ ဖြစ်ဖို့လိုပါတယ်။ (အရင်ပို့စ်တွေမုှာ ရှင်းပြပြီး) နံပါတ် (၄) က သမာပညာဖြစ်ဖို့လိုပါတယ်။ သမပညာမှာ ပညာကို အသေးစိတ်သိခြင်းလို့ ဘာသာပြန်ဆိုလို့ရမယ်။ အင်္ဂလိပ်လိုတော့ Knowing in detail လို့ပြောရမယ်။ (ပ – အသေးစိတ်၊ ညာ – သိခြင်း) သမ ကတော့ တူညီတာ။ ဒါ့ကြောင့် သမပညာ – အသေးစိတ်သိမှု တူညီတာ။ အသေးအဖွဲကိစ္စလေးတွေကအစ သိတဲ့နေရာမှာ တူညီနေရမယ်။ ဆိုလိုတာက လင်သွားတဲ့နေရာ လင်စားတဲ့အစားအစာ လင်လုပ်တဲ့စီးပွါးရေးစတာတွေကို မယားသိပိုင်ခွင့်ရှိရပါမယ်။ သိနေရပါမယ်။ ဒီလိုဘဲ။ […]

ashinindakaDecember 20, 20101min07
သာယာချမ်းမြေ့ပြီး အိုအောင်မင်အောင် ပေါင်းစုံနိုင်ဘို့ နောင်ဘဝမှာလဲ ပြန်လည်စုံဆည်းဘို့ လိုက်နာရမဲ့အချက်က နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။ နံပါတ် (၂) သမသဒ္ဓါ ဖြစ်ဖို့လို့ပြောပါတယ်။ (အရင်ပို့စ်တွေမုှာ ရှင်းပြပြီး) နံပါတ် (၃) က သမစာဂ ဖြစ်ဖို့လိုပါတယ်။ သမစာဂဆိုတာ စာဂ – ထောက်ပံ့မှု၊ ပေးကမ်းမှု၊ လှူဒါန်းမှု၊ သမ – တူညီတာ။ ဆိုတော့ သမစာဂဆိုတာ ထောက်ပံ့မှုတူညီ၊ ပေးကမ်းမှုတူညီတာ၊ လှူဒါန်းမှုတူညီတာကို ပြောတာ။ လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမြေ့မြေ့နဲ့သက်ဆုံးတိုင် အိုအောင်မင်းအောင်ပေါင်းဆုံဘို့ နောက်အရေးကြီးတဲ့အချက်တစ်ချက်က သမစာဂ – တူညီတဲ့ထောက်ပံမှုရှိရပါမယ်။ ထောက်ပံ့မှု တူညီရပါမယ်။ အိမ်ထောင်ကျလို့ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် အရင်မိဘနှစ်ဦးသာ ရှိရာက သူ့ဘက်က မိဘနှစ်ဦး၊ ကိုယ့်ဘက်က မိဘနှစ်ဦးဆိုပြီး […]