alinsettOctober 21, 20151min018
                        ကျနော် ငယ်ငယ်(အသက် ၁ဝ နှစ်လောက်)တုန်းက ရခိုင်ရိုးမတောင်တန်းကြီးပေါ်ကို ဖြတ်သန်းဖူးတယ်။ အခု အသက် ၂၈ နှစ် ပြည့်ပြီးချိန်မှာတော့ … ရှမ်းရိုမ တောင်တန်းကြီးတွေပေါ်ကို ရောက်ခဲ့ပြန်ပြီ။ ကျနော်ငယ်ငယ်က ဖြတ်သန်းဖူးတဲ့ ရခိုင်ရိုမတောင်တန်းကြီးနဲ့… အခု ရှမ်းရိုးမတောင်တန်းကြီးဟာ… တောင်တွေရဲ့ သဘောသဘာဝအရ… အကွေ့အဝိုက် အမြင့်အနိမ့်တွေ ထူးခြားပြီး ကွာခြားမနေပါဘူး ။ သစ်ပင်ကြီးတွေရဲ့ ထိပ်ဖျားကို ကိုယ်က အမြင့်ကြီးကနေ ငုံ့ကြည့်ရတာလည်း… ဘယ်ရိုးမပေါ်ဖြတ်ဖြတ်…အတူတူပဲ… ။ .တောင်ပေါ် ပတ်လမ်းကျဉ်းကျဉ်းကလေးမှာ ကွေ့ကာဝိုက်ကာ သွားနေတဲ့ ကားပေါ်မှာ … ကိုယ့်ရဲ့ တစ်ဖက်မှာ… တောင်နံရံကြီး.. […]


alinsettSeptember 29, 20151min020
အမေစု သို့–>>   —– ဒီနေ့မနက် ကျနော့်ကားကို အမျိုးသမီးတစ်ယောက် ငှားတယ်၊၊   မဂ်လာဒုံ ပန်းခြံကုန်းမှတ်တိုင်(ပြည်လမ်းပေါ်)နားက စစ်တပ်မိသားစုလိုင်းခန်းတွေထဲကို ငှားတာ၊၊ ပြည်လမ်းပေါ်ကနေ လိုင်းခန်းတွေရှိရာ ခြံဝန်းကြီးထဲ ချိုးကွေ့ဝင်ရမှာပေါ့၊၊   ဝင်ပေါက်ထဲကို ချိုးကွေ့အဝင်မှာပဲ အပေါက်စောင့်စစ်သားနဲ့ ကျနော် ပြဿနာတက်တယ် အမေစုရေ၊၊   ကျနော့်ကားကို အထဲ ဝင်ခွင့် မပေးနိုင်ဘူးတဲ့၊၊ စစ်သားတွေရဲ့ မျက်နှာက တင်းပြီး ထန်နေတာပဲ၊၊   ကျနော်က ဘာကြောင့်လဲ လို့ ပြန်မေးတာပေါ့၊၊ ကျနော့်အရှေ့မှာတင် တခြား Taxi တစ်စီး ဝင်သွားတယ်လေ၊၊ Taxi မဝင်ရလို့လည်း စာမရေးထားပါဘူး၊၊   ဝင်ခွင့်မပေးရတဲ့အကြောင်းက ကျနော့်ကားမှာ NLD အလံ တပ်ထားလို့ပါတဲ့၊၊   ဖြစ်ရလေ ဝိုင်းစိန်ရယ်—- […]


alinsettSeptember 14, 20151min04
  ဘယ်လောက် ခက်မာနေစေဦးတော့ အတင်းရုန်းကန် တိုးထွက်လာတတ်သော- – – ချိနဲ့မှု+သန်စွမ်းမှုတို့ တပြိုင်နက်တည်း ပိုင်ဆိုင်ထားရရှာပါသော – – မြက်ပင်များ ရှင်သန်တွယ်ဖက်ရာ- – – အုတ်ကြား မြက်ပေါက် တိုင်းပြည်- – – ကသီလင်တအခြေအနေကြားမှာပဲ ကြွကြွရွရွ လျှောက်ပြပြီး အလျဉ်မပြတ်တဲ့ အလင်းအအိုဖျော့တော့တော့ကို ကိုယ်စွမ်းနိုင်သလောက် ကြဲချပေးနေတဲ့ “တောက်ပခွင့် ပိတ်ပင်ခံထားရသော ကြယ်တစ်ပွင့်” ရှိရာ ဤဌာနီ- – – အတော်တော့လည်း ခက်တယ်- – – ကိုယ်တိုင် ချစ်မြတ်တွယ်တာလိုသူကိုပဲ ချစ်တယ်ပြောရမလား- – – ကိုယ်—ချစ်တယ်ပြောချင်သူကို ပြောမှာစိုးလို့ – – – ကိုယ့်ပါးစပ်ကို လာပိတ်ထားတဲ့ လက်တွေကိုပဲ ချစ်တယ် ပြောရမလား- – […]


alinsettAugust 31, 20151min010
                                  .နေသာတဲ့နေ့ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ .မနက်ဖြန်ရောက်ရင် …. .ထမင်းမဝတဲ့သူတို့… ဟင်းတွေပါ ဝလာမယ်..   .မနက်ဖြန်ရောက်ရင် … .စစ်ဘေးဒဏ်သင့်မြေမှာ…. ပန်းတွေပါ ပွင့်လာမယ်… .မနက်ဖြန်ရောက်ရင် … .ပြိုပျက်နေတဲ့ ကျောင်းအိုမှာ စာအံသံတွေ တစာစာ…ကြားရမယ်… .မနက်ဖြန်ရောက်ရင် … .သုဉ်းသွားတဲ့တောတောင်တွေ ပြန်ပေါက်ရောက်လာမယ်… .မနက်ဖြန်ရောက်ရင်ပေါ့… .ဒုက္ခသည်စခန်းတွေဆီကနေ ကိုယ့်မြေကိုယ့်ယာဆီ .တည်ငြိမ်စွာ ပြန်လာကြမယ်… .မနက်ဖြန်ရောက်ရင်ပေါ့ကွယ်… .ဟောဟိုက ကလေးငယ်တွေဟာ ရေသန့်ဗူးခွံတွေအစား ကိုယ့်သယံဇာတ .ကိုယ်ကောက်မယ်… .မနက်ဖြန်….. .ဟုတ်တယ်….မနက်ဖြန် ရောက်ရင်လေ… .ငါတို့တတွေရဲ့ […]


alinsettAugust 26, 20151min08
                          ဟဲဟဲ… .ဘာရယ်မဟုတ်…  Facebook  ပေါ်မှာ တစ်ရက် တစ်ပုဒ်နှစ်ပုဒ်နှုန်း တင်နေတဲ့ .ပေါက်တတ်ကရ သတင်းတိုထွာတွေကို စုစည်းလိုက်တာ… ။ .ဒီသတင်းတွေကို မနက်တိုင်း ကျနော့် မေးလ်ထဲ ရောက်လာတဲ့ VOA နဲ့  7 Day သတင်းဌာနတွေဆီက သတင်းကိုဖတ်ပြီး… ပြန်ရေးတာပါ။ .ပြန်ရေးရာမှာ… Facebook  ပေါ်မှာ အပျော်သဘော ပြန်ရေးတာမို့.. .ပေါတောတော သတင်းတိုထွာတွေ ဖြစ်သွားပါတယ်။ .အတည်အခန့်ပုံစံတော့ မပေါက်ပေမဲ့… အခြေခံသတင်းက အမှန်တွေပါ…လို့..။ .သူကြီးရဲ့ သတင်းစာထဲ.. မြန်မာပြည်သတင်းဒိုင်ယာရီ ရေးခဲ့တာကိုလည်း လွမ်းပြီး…. .ရတတ်သလောက် ပြန်ရေးထားတာ.. […]


alinsettAugust 25, 20151min097
                            အမှတ်တရမှ အမှတ်ရရသို့… ~~~~~~~~~~~~~~~~~~~~~~ .ကျနော့် ဆွေတော်မျိုးတော် ရွာသူားများနဲ့ တိုင်ပင်စရာ ၁ခု ရှိလို့ပါ။ .ဝိုင်းဝန်း ဆွေးနွေး အကြံပေးကြပါအုန်း။ .၁ယောက်၁လက်လည်း ကူနိုင်တဲ့ အပိုင်းက ဝင်ကူပေးပါအုန်း။ .ဒီလိုပါ။ .ကျနော်တို့ မြန်မာ့ဂဇက် Members အနေနဲ့ ပြက္ခဒိန်လေး ထုတ်မလားလို့ပါ။ .လာမယ့် ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်ပေါ့။ .ပုံလေးတွေ ဝေဝေဆာဆာသုံးပြီး အမှတ်တရအဖြစ် ထုတ်မယ်။ .ရွာသူားတွေရဲ့ အိမ်နံရံထက်မှာ ချိတ်ထားခြင်းအားဖြင့် .အမှတ်၁ရတစ်ခုလည်း ဖြစ်သွားမယ်။ ၁နှစ်စာအတွက်လည်း အသုံးဝင်မယ်ပေါ့။ .ပြက္ခဒိန်အတွက် ပုံရိပ် ၁၃ […]


alinsettAugust 24, 20151min011
                          လမ်းဟောင်းပေါ်က ခြေထောက်အဟောင်းများ   ——— .မနေ့တုန်းကပေါ့— .အတောင်ပံတွေ တဖျတ်ဖျတ်ခတ်ပြီး ပျံသွားတဲ့ ငှက်တစ်အုပ် .ခပ်အုပ်အုပ်ပြောသွားတယ်၊၊ “ငါတို့ အသစ်တွေ လုပ်တော့မယ်”တဲ့— .ရယ်ချင်လိုက်တာ— .စကားအဟောင်းကြီး ကြားရလို့…  ဘေထုပ်စော် နံသွားတယ် အဟုတ်… ———————-     Alinsett @ မောင်သူရ ဩဂုတ်လ ၂၃ ၊ ၂၀၁၅  


alinsettAugust 22, 20151min08
  ဘယ်သူမှ မရှိဘဲ ထင်နေတဲ့အရိပ်   =================   .ဒီလိုပါ… .နဖူးဆီက ချွေးတစ်စက်… .ခြေမဆီ ကျသွားရာကနေ…ပြန်ကန်ထွက်လာပြီး… .နဖူးပေါ် ပြန်ရောက်…. .အသားထဲ ပြန် စိမ့်ဝင်သွားတဲ့အဖြစ်မျိုး… .ကြုံခဲ့ရစဉ်ကလို့…. ဆိုပါစို့… …… ….. …. … .. . ================= .မောင်သူရ @ Alinsett .ဩဂုတ်လ ၂၁ ။ ၂၀၁၅ ။  


alinsettAugust 20, 20151min011
                            ”ဇာတ်ကောင်များ၏ ဇာတ်ကောင်များ” ——————————————–   ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါ မြင်၏ ။ အဘယ်သို့နည်း ဟူမူကား… ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ…. (ဓမ္မသစ် ဆာလံနှင့် သုတ္တံကျမ်း၊ စာမျက်နှာ ၃၃ဝ ၊ ဗျာဒိတ်ကျမ်း-အခန်း ၂၁၊ အပိုဒ် ၁ )     >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>   တိတ်ဆိတ်ခြောက်သွေ့သော နွေမနက်ခင်းတစ်ခုကို တောင့်တနေရသည့် မိုးသည်းထန်သော ဝါခေါင်နေ့ရက်တစ်ခုတွင် … သူတို့ ထိပ်တိုက်ဆုံဖြစ်ကြသည်။ သူတို့သည် လွန်းထားထား(ဆေးတက္ကသိုလ်)တို့ ၊ ပုညခင်တို့ရေးသော […]


alinsettAugust 16, 20151min014
ဖြစ်စဉ်   ——– ဆိုးလိုက်တာ. … ကိုယ့်ရဲ့ ဘယ်ဘက်မျက်လုံးက ကိုယ့်ရဲ့ညာဘက်မျက်လုံးကို လှမ်းကြည့်တာတောင်… မမြင်ရရှာဘူး၊၊ ——– မောင်သူရ ဩဂုတ် ၁၆၊၊ ၂၀၁၅၊၊


alinsettAugust 8, 20153min017
  ပလို့တွေ ဂျိခဲ့တုန်းက….                                ။။။။။။။။။။။။။။။။။။။။။။။။။။                         ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။                             ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။                 […]


alinsettAugust 5, 20151min021
.ဘေးဘယ်ညာက အိမ်အမိုးစွန်းတွေ ရပ်ထားတဲ့ဆိုက်ကားတွေ စက်ဘီးတွေ ဘာတွေညာတွေနဲ့ ကျနော်မောင်းတဲ့ကားရဲ့ ဘက်မှန်တွေနဲ့ လက်နှစ်လုံးစာလောက်ကလေးဘဲ ကပ်ကပ်သပ်သပ် လွတ်တယ်ဆိုရုံ အင်မတိအင်မတန် ကျဉ်းတဲ့လမ်း. . . အဲ့ဒီလို လမ်းကြိုကြားထဲအထိမှ  ဝင်မပေးရင် တစ်လမ်းလုံးစီးလာတဲ့အဖိုးအခ ပိုက်ဆံကို မပေးဘူးဆိုတဲ့အထာမျိုး. . . ချိုးရက်နိုင်တဲ့ ခရီးသည်တွေကိုလည်း အံ့ဩတယ်။ အဲ့ဒီလောက် ကျပ်သပ်နေတဲ့လမ်းထဲမှာ ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင်း လမ်းမအလည်ဘက် ခြေဆင်းထိုင်နေတဲ့လူလည်းရှိသေးတယ်။ ဒါ့ထက် အံ့ဩတာက ကျနော်မောင်းတဲ့ကားရဲ့ ညာဘက်အခြမ်းမှာ ရှေ့ဆန့်ထုတ်ထားတဲ့ သူ့ခြေထောက်ကို မထိအောင် ရှောင်လိုက်ရင် ကားရဲ့ဘယ်ဘက်အခြမ်းက ဘက်မှန်နဲ့. . .  လမ်းပေါ်ချထားတဲ့ အုတ်တိုင်ကီကြီးနဲ့ ထိမှာ သေချာသမို့ သူ့ခြေထောက်ကလေးကိုလည်း ထိမရ/ ဟိုဘက်က အုတ်တိုင်ကီကိုလည်း ပွတ်ဆွဲမရနဲ့. . . .ရှေ့ဆက် မောင်းလို့မရတာကို […]