နှစ် ၂၆၀ဝ ပြည့် အထိမ်းအမှတ် ထမနဲ ထိုးပြိုင်ပွဲ ပုံရိပ် များ

Mလုလင္February 7, 20123min013
ရွှေတိဂုံ အနောက်ဖက် မုခ် မှ ပန်းပျိုးခင်း
ဆု ပေးမယ့် နေရာပါ။ အရှေဘက် မုခ် ကားရပ်နား ဝင်းနားကပါ။
အားနဲ့ မာန် နဲ့ တူညီဝတ်စုံ နဲ့
အားနဲ့ မာန်နဲ့ တက်ညီလက်ညီ
မီးခိုး က လဲ မွှန် ပါ့။
အအေး ခံပြီး နှံ့အောင် မွှေသည်။
မြေပဲ ထည့်ပြီးရင် ချလို့ရပြီ တဲ့။
သူတို့လဲ မြေပဲ ထည့်နေကြပြီ။
အားနဲ့ မာန်နဲ့
ပူလို့ ပူမှန်း လဲ မသိကြတော့ပါ။
အချိန်မီ ပြီးလို့ ပျော်တဲ့သူက ပျော်ပေါ့။

ဒီနေ့ (Feb-6) ညနေ ၄ နာရီခွဲ လောက်မှာ ရွှေတိဂုံ ကိုရောက်သွားခဲ့တယ်။ အနောက်ဖက်မုခ် ကနေတက် ပြီး အရှေ ့ဘက်မုခ် မှာ ထမနဲထိုးပြိုင်ပွဲ ရှိတယ်ဆိုလို့ သွားရိုက်ပြီး ရွာ သူား တွေကြည့်ရအောင်ပြန်တင် ပေးလိုက်ပါတယ်။ ရွာထဲမှာ ပြောနေခဲ့သလိုပဲ ရင်ပြင်တော်မှာ ပန်းခင်းကြီး ဖြစ်နေသလို အဲလို ဖြစ်ဖို့ ပျိုး နေတဲ့ နေရာ မှာ လဲ တကယ့်ကို ပန်းခင်းကြီးပါပဲ။

ဒီ ပိုစ့် ကတော့ တပို့တွဲလ ထမနဲပွဲ ဆိုတာနဲ့ ၂၆၀ဝ ပြည့် အထိမ်းအမှတ် နဲ့ တိုက်ဆိုင် သွားတဲ့ အတွက်သတင်း ဆောင်းပါးလိုတင်ချင်ပေမယ့်။ ဟိုလူ့ လိုက်မေး ဒီလူ့ လိုက်မေး လုပ်ရမှာနဲ့ ဒိုင်လူကြီးတွေ အမှတ်ပေးတာ စောင့်ရမှာနဲ့ .. နဲ့ ပေါင်းများစွာ ရင်မှာပိုက်လို့ အိမ်သာ အမြန်ပြန်ခဲ့ရပါတော့တယ်။ ဓါတ်ပုံလေးတွေ ပဲ အမှတ်တရ တင်ပေးဖြစ်တာ . နားလည် ပေးစေလိုပါတယ်။

လေးစားစွာဖြင့်
Mလုလင်

13 comments

  • kai

    February 7, 2012 at 5:03 am

    ကိုရင်လုလင်ရေ..
    ပုံတင်ရင် စာကို Caption နေရာထည့်ရမှာပါ..။ Alt နေရာထည့်ရင် စာမပေါ်ပါဘူး..
    အခုပုံတွေတော့ပြင်ပေးထားပါကြောင်း…။ 🙂

    အဟမ်း..
    အယ်လ်အေ.. ဘုန်းကြီးကျောင်းမှာလည်း ထမနဲ့ထိုးပွဲလုပ်ပါတယ်..
    အရင်ကတော့.. လူတွေကိုယ်တိုင်.. ထမနဲထိုးကြတယ်ပေါ့..
    နောက်ပိုင်းတော့ ထမနဲဖြစ်ပြီးရောဆိုပြီး.. စက်နဲ့ရောသမမွှေပုံပေါ်တယ်..။ :mrgreen:

    Reply

    • Mလုလင်

      February 7, 2012 at 9:39 am

      🙂 .. မှားသွားပါတယ် သူကြီးရေ။

      Reply

  • water-melon

    February 7, 2012 at 8:20 am

    ထမနဲကတော့ ရောင်းကောင်းပြီ
    မနေ့က ၈၂လမ်း ဒေါ်ရှိဆိုင်ဆို ရောင်းကောင်းချက်က ကမ်းကုန်
    အများနဲ့ရောင်းလို့လားမသိ စားရတာခပ်ပေါ့ပေါ့နဲ့ :mrgreen:

    Reply

  • ရွှေဘိုသား

    February 7, 2012 at 9:41 am

    အရင်တုန်းကတော့ ပုဆိုးကို ခါးတောင်းကျိုက် ဆေးမင်ကြောင် အပြည့်နဲ့ ထိုးတာတွေ စာအုပ်ထဲမှာ တွေ့ဖူးတယ် အခုတော့ ခေတ်တွေပြောင်း နည်းနည်းတော့ ပြောင်းကုန်ပြီနော်
    ရိုးရာမပျက်တာ ဂုဏ်ယူစရာကောင်းတယ်

    Reply

  • MaMa

    February 7, 2012 at 9:42 am

    ခေတ်မီနည်းစနစ်နဲ့ ပြုပြင်ပြောင်းလဲပြီး ထမနဲကို ပင်ပင်ပန်းပန်းထိုးစရာမလိုပဲ မုန့်လုပ်တဲ့အခါတွေမှာ သုံးတဲ့ ဂျုံနယ်တဲ့ စက်လိုမျိုး mixer, blender တွေနဲ့လုပ်နိုင်ရင် ကောင်းမယ်။ ခုပုံတွေကြည့်ရတာ ချွေးတွေလည်း ဝင်မယ့်ပုံပဲ :mrgreen:

    Reply

    • Shwe Tike Soe

      February 7, 2012 at 11:16 am

      မလုပ်ပါနဲ.မမရယ် မြန်မာရိုးရာဆိုလို. ဒါလေးတွေပဲရှိတော့တာ.. လက်နဲ.ထိုးတာပဲကောင်းပါတယ်…
      ဒါက ကိုယ့်အင်ကိုယ့်အားနဲ. ကြိုးစားအားထုတ်ပြီး ဘုရားကိုလှူချင်တာလဲ ပါတာပေါ့..

      Reply

    • Mလုလင်

      February 7, 2012 at 2:48 pm

      အဲဒါဟာကြောင့် အရသာ လေးလေးပင်ပင် ရှိနေတာ လို့ထင်တာပါပဲ 🙂 စီးပွားဖြစ်ဆိုရင်တော့ စက်နဲ့ လုပ်တာ ပို အဆင်ပြေ မယ်ထင်ပါတယ်။ ခုဟာ ကတော့ ၁၂ ရာသီ ပွဲတော် ကို ဂုဏ်ယူ စရာအဖြစ်ကျင်းပတာမို့ …
      လေးစားစွာဖြင့်
      Mလုလင်

      Reply

  • inz@ghi

    February 7, 2012 at 11:24 am

    ထမနှဲထိုးတဲ့စက် …အင်း …မဆိုးဘူးဟ ….
    ထပ်တွေးစမ်း မောင်ဂီ ..ထပ်တွေး …

    ထန်းလျက်ပြား ရိုက်စက် ….
    မဆိုးဘူးဟ ….ဗယ်လင်တိုင်းမှာ ချောကလက် အင်ပို့ထ် လျော့ချနိုင်မယ့် နည်းလမ်းသစ်။

    စပါကထန်း …
    ထန်းရည်ကို မပျက်အောင် ဆော်ဒါရောပီး သကြားသာထည့်လို့ကတော့
    မောင်ဂီတို့ ဘာလို့ ချူးဟိုင် တော့မလဲ …. စကော့တလန်စမ်းရေ တင်သွင်းမှု လျော့ကျသွားမယ်.

    ပီတီ(ပါဆင်နယ်လ် သနပ်ခါး..)
    လက်ပကျွတ် အရွယ်လောက် သနပ်ခါး သွေးတဲ့ စက် တွေပေါ်လာရင်
    သနပ်ခါးအစ်စ် ပေါ့ထေးဘယ်လ် ပြောလို့ရပြီ …. မိတ်ကပ်အင်ပိုထ့် လျော့ချနိုင်ပြီ

    ရွာထဲက စက်မှုကျောင်းထွက် ဆြာသမားတွေ နဲ့ တီထွင်
    အီကိုက ဆြာတွေပေါင်းပြီး ဘစ်ဇနက်စ် မော်ဒယ်ဆွဲ ….
    ဖော်ဖော်လေး တို့လို့ အလှပဂေးလေးတွေကိုသာ ရွာ့ဓါတ်ပုံဆြာတွေ ဝိုင်းရိုက်ပီး
    ပစ္စည်းကြော်ငြာလိုက်ရရင်တော့ …ပေါက်ပြီ …အဲ့လာမှ မီလျံဘစ်ဇနက်….

    😀

    Reply

    • inz@ghi

      February 7, 2012 at 11:27 am

      ကျုပ်တော့ ဝက်ပုန်းရည်ကြီး ကို ဖာစ့်ဖုချိန်း ဖွင့်ဖို့ ကြိုးစားလိုက်ဦးမယ်
      ဒက်ဂလောက်ဒက်ဂလောက်…..

      ပုံ
      ဂီဂီ့နိုယ …

      Reply

  • စိန်ပေါက်ပေါက်

    February 7, 2012 at 11:25 am

    ဟမငေး..
    ထိုးနေကြတာ ပျော်စရာကြီး.
    သများတို ့ဗလနဲ ့တော့ ဖြစ်ချေဘူး…
    သူရို ့မွှေသလို မွှေရင် အီးထွက်သွားနိုင်တယ်
    ဗျစ်..ဗျစ်..ဘလစ်…ဗစ်.စ်…

    Reply

  • TTNU

    February 7, 2012 at 11:46 am

    ကိုလုလင်ရေ…
    Up-to-date မှာပြနေတယ်။ ကိုလုလင်ပုံတွေ တကယ်အသက်ဝင်တယ်။
    ကြည့်ရင်းနဲ့ လှုပ်ရှားလာသလိုပဲ။

    Reply

    • Mလုလင်

      February 7, 2012 at 2:06 pm

      အင်္ကျ ီခရမ်းရောင် စကင်နီဂျင်းနဲ့ မြက်ခင်းပေါ်မှာ လူးလိမ့်နေတဲ့ တစ်ယောက် များ မတွေ့မိဘူးလား.. ဆရာမကြီးရေ .. 🙂

      Reply

      • inz@ghi

        February 7, 2012 at 2:27 pm

        ဩ …သူလည်း စကင်းနီးဂျင်းနှင့် low angle ကြိုက်သကိုး ..
        ကောင်းလေစွ …
        😀

        Reply

Leave a Reply

Your email address will not be published.