ကိုယ်အားကိုယ်ကိုး

ShwemannmayJune 3, 20101min01

အညာဒေသရှိ ကျေးရွာများတွင် ဂါလန်တစ်ထောင်ဆန့် မီးသတ်ကားများ ကိုကိုယ့်အားကိုယ်ကိုး ဝယ်ယူထားရှိလာကြောင်း သတင်းရရှိသည်။

“စိုင်ပြင်ကြီးကျေးရွာမှ ကျေးရွာလူထုက ၆၈ သိန်း၊ တ.ယ.က က သန်း ၃ဝ ပါဝင်ပြီး Good Brothers ထုတ် ဂါလန်တစ်ထောင်ဆံ့ မီးသတ်ယာဉ်ငယ်တွေကို ကိုယ့်အားကိုယ်ကိုးပြီး ဝယ်ယူလာပါတယ်။ လယ်တီ မေတ္တာလူမှုကူညီရေးအသင်းက ဦးစီးပြီး အလှူခံပြီး ကျေးရွာအရန် မီးသတ်တပ်ဖွဲ့ထံမှ လှူဒါန်းနိုင်ခဲ့ပါတယ်။ စိုင်ပြင်ကျေးရွာက စုပေါင်းလှူဒါန်းခဲ့တဲ့ မီးသတ်ကားနဲ့ ပါဆိုရင် နှစ်စီးရှိပါတယ်”ဟု စိုင်ပြင်ကြီးရွာ လယ်တီမေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးဇော်လွင်က ပြောသည်။

“ဘုတလင်နယ်၊ ဒီပဲယင်းမြို့နယ်၊ အရာတော်နယ်က ကျေးရွာတွေက မုံရွာ-ရေဦး လမ်းမပေါ်မှာရှိ တဲ့ စိုင်ပြင်ကြီးရွာမှာ ကုန်စည်ဖလှယ်တဲ့နေရာလို ဖြစ်နေပါတယ်။ ဧပြီလတုန်းက ဖယောင်းတိုင်မီးနဲ့ ဓာတ်ဆီထည့်ရာကနေ အမျိုးသမီးနှစ်ဦး မီး လောင်ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ စိုင်ပြင်ကြီး ကျေးရွာအနီးက ရဲထွက်ရွာမှာ နွားစာစဉ်းရင်း ဆေးလိပ်သောက်ရာကနေ မီးလောင်မှုတွေဖြစ်ခဲ့ပါတယ်။ ကျေးရွာ အနေနဲ့ မေလ ၁ဝ ရက်နေ့မှာ မီးသတ်ကားဝယ်ခဲ့တော့ ပတ်ဝန်းကျင် တွေကလည်း ဝမ်းသာရပါတယ်”ဟု ဒီပဲယင်းမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။
ကိုယ်အားကိုယ်ကိုးဆိုတာ သူများကိုအားကိုးလို ့မရလို ့ပေါ့နော 😀

One comment

  • thihayarzar

    June 3, 2010 at 9:27 am

    အရမ်းကောင်းတဲ့အစီအစဉ်ပါပဲ … ကိုယ့်အားကိုကိုးတာပဲကောင်းတယ် …. နောက်လည်းအလှူရှင်ပေါ်ပြီးတော့ မီးသတ်ကားတွေများများ ရပါစေ ..

    Reply

Leave a Reply

Your email address will not be published.