အမေစုရဲ့ မန္တလေးခရီးစဉ် ရွှေ့ဆိုင်းခြင်းနှင့် ပုသိမ်ခရီးစဉ်

နွယ်ပင်February 4, 20121min05

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေဖော်ဝါရီလ ၄ရက်နဲ့ ၅ ရက်နေ့များတွင် မန္တလေးကို သွားရောက်ပြီး၊
မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ
ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။
နိုင်ငံတော်အစိုးရထံမှ ကွင်းငှားရမ်းစဉ်က ညွှန်ကြားချက်စည်းကမ်းကြောင့် ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကလည်းပြောကြားခဲ့ပါတယ်
“ဘောလုံးကွင်းက ဘောလုံးအဖွဲ့ချုပ်က ပိုင်တာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေ နဲ့ နှစ်၃ဝစာချုပ်နဲ့ နိုင်ငံတော်အစိုးရထံက ငှားရမ်းထားတာပါ။ ငှားစဉ်စာချုပ်ချုပ်ကတည်း က ဘောလုံးအားကစားအပါအဝင် နိုင်ငံတော်က အထူးစီမံတဲ့အခမ်းအနားတွေရယ်၊ အားကစားနဲ့နွယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကလွဲရင် ကျန်တာတွေ ငှားခွင့်မရှိပါဘူးလို့ ညွန်ကြားချက်ရရှိထားတဲ့အတွက် မငှားတာပါ။ ဘောလုံးအဖွဲ့ချုပ်က မငှားတာမဟုတ်ပါဘူး။ ငှားခွင့်မရှိလို့ မငှားတာပါ။ အဲဒီအပေါ်မှာ NLD အနေနဲ့လည်း ဘောလုံးအဖွဲ့ချုပ်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အစိုးရအထက်အဖွဲ့အစည်းတစ်ခုခုက အထူးကိစ္စတစ်ခုအနေနဲ့ ခွင့်ပြုလိုက်တယ်ဆို ရင်တော့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ခွင့်မပြုစရာ အကြောင်းမရှိပါဘူး”ဟု မြန်မာနို်င်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားခဲ့သည် ။
ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့သွားရောက်မည့်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရသော်လည်း ယခုလရရက်နေ့တွင် ပုသိမ်ခရီးနှင့် ၁၁ရက်နေ့တွင် ကော့မှူးခရီးစဉ်တို့ကို သွားရောက်မည်ဖြစ်ကြောင်း ယနေ့ညနေ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကာတားနားနှင့်တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။
သို့သော် ……………..
. ပြည်သူရဲ့ အပြည့်အဝထောက်ခံမှုကို ရနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ကို လာရောက်တဲ့နေ့တွေဖြစ်တဲ့ ဖေဖေါ်ဝါရီ 6ရက်နဲ့ 7 ရက်တွေမှာ တက္ကသိုလ်တွေမှာ ရုတ်တရက်စာမေးပွဲအနေနဲ့ ကျောင်းသားကျောင်းသူတွေကို Pre exam စစ်မယ်လို့ သတင်းရရှိပါတယ် ။

5 comments

  • captainamerica

    February 4, 2012 at 1:36 pm

    ဧရာဝတီ ရော သစ်ထူးလွင်ဆိုဒ်မှာဘာဖတ်ရတယ်မနွယ်ပင်ရေ။ အမေစုရဲ.ထားဝယ်ခရီးစဉ်
    ကိုကြည့်ပီး အားရပီး ဝမ်းသာပီတိဖြစ်လိုက်တာ။ကဲ ပုသိမ်သားတွေ အလှည့်ရောက်ပီ အစွမ်း
    ပြကြပါအုန်း။သူတို.တွေအယုတ်တမာနည်းလမ်းတွေနဲ.ဘယ်လောက်လိုက်ဖျက်ဖျက်လူထုရင်
    ထဲကဆန္ဒကိုတော့ဘယ်လိုမှဖျက်ဆီးလို.မရပါဝူး။Pre Exam စစ်မယ်ဆိုတာကြီးကတကယ့်
    ကလေးကလားဟာသကွက်ကြီး

    Reply

  • Pre exam စစ်မယ့်လူနဲ ့ကျောင်းအတင်းတက်ခိုင်းရတာနဲ ့ နေရာတကာမှာ
    အာဏာရူးသူတောင်းစား၊မိန်းမလိုမိန်းမရအကြံနဲ ့ကောင်တွေတသိုက်ကို
    ဖြုတ်ပြစ်မှသာ သန် ့သွားတော့မယ်။ဘယ်သူဖျက်ဖျက် မဗေဒါက ပန်းပန်လျှက်ပါ။

    Reply

  • ဇွဲမာန်(အင်းဝ)

    February 4, 2012 at 3:24 pm

    သွားပါပြီး ကျွန်တော်ကတော့မျှော်မှန်းထားတာ ခုတော့မလာတော့ဘူးတဲ့….အဟင့်..အဟင့်..။

    Reply

  • zaw min

    February 4, 2012 at 7:02 pm

    ဘောလုံးအဖွဲချုပ်ဥက္ကဌကြီး ဦးဇာ်ဇော်က မြန်မာနိုင်ငံဘောလီဘောအဖွဲချုပ်ဥက္ကဌအဖြစ်သို့ ပြောင်းလဲသွားပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးး…

    Reply

  • naung

    February 6, 2012 at 11:58 am

    ပြောရရင်တော့ဗျာ တိုင်းပြည်အတွက်အသက်ပေးခဲ့တဲ့ စစ်သားတွေကိုတော့ အားနာပါတယ်.
    စစ်တပ်ကနေ အရေခွံပြောင်းထားတဲ့ အစိုးရဖြစ်ပြီးတော့ အမေစုလောက်တောင် သတိ္တမရှိဘူး။
    နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ချထား၊ ဖိနှိပ်ထားတာတောင်မှ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးကနေ တစ်စက်ကလေးမှ အလျှော့မပေးခဲ့သူပါ၊။

    Reply

Leave a Reply

Your email address will not be published.