ပညာနှင့်ပတ်သက်၍ တွေးမိတွေးရာ

ko luchaw52February 2, 20121min010

  ယနေ့ခေတ်က ပညာရေးမရှိမဖြစ်ခေတ်ဖြစ်နေပါတယ်။

ယနေ့ခေတ်လူသားတွေဟာ

ငယ်ရွယ်စဉ်အရွယ်မှာ ပညာရှာနေကြပါတယ်။

လူလတ်ပိုင်းအရွယ်မှာလည်း ပညာကိုပဲရှာနေကြရပါတယ်။

သက်ကြီးပိုင်းအရွယ်မှာလည်း တတ်နိုင်စွမ်းသေးသလောက်ပညာရှာကြပါတယ်။

ပညာနှင့်ပတ်သက်ပြီးတော့ စကားပုံလေးအချို့ကိုသတိရမိပါတယ်။

ပညာဟူသည်မြတ်ရွှေအိုး၊

ပညာရွှေအိုးလူမခိုး၊

ပညာမတတ်သူ့ကျွန်၊

ပညာလိုအိုသည်မရှိ  ဆိုတာတို့အပြင်

နောက်ဆုံးသတိရမိတာတော့

ပညာရှာပမာ သူတောင်းစားတဲ့လေ။

တော်တော် တစ်တစ်ခွခွ စပ်ခဲ့တဲ့စကားပုံပါပဲ။

ဒီလိုဆိုတော့ ကျွန်တော်လည်း သူတောင်းစားတစ်ယောက်

အဖြစ်နဲ့ပဲ ရပ်တည်နေပါတယ်။

 

10 comments

  • DEPARKO DEPARKO

    February 2, 2012 at 7:14 pm

    ကမာ္ဘဆိုတဲ့ရွာကြီးမှာ သူတောင်းစား လုပ်ရတာဂုဏ်ယူလိုက်စမ်းပါ

    Reply

  • စာသူတောင်းစား(ဝါ)ပညာသူတောင်းစားဘဲ လုပ်ပါဗျာ။
    ဘယ်နှယ့် ကိုလူချောကလဲ။ခက်ပ။ပညာလို အိုသည်မရှိ
    ပါဘူး။

    Reply

  • fatty

    February 2, 2012 at 8:32 pm

    ပညာရွှေအိုးလူမခိုးတဲ့ .. အရင်ဆုံးတော့ပညာရဖို့ ရွှေအိုးရှိမှဖြစ်ပေမည်။

    Reply

  • Khin Latt

    February 2, 2012 at 9:05 pm

    ပညာအရောင် ထွန်းလင်းပြောင်။
    ပညာရှိ သတိဖြစ်ခဲ။
    ———————————-
    လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး ၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲ ရောက်သည်အထိ “ပညာ” သင်သားများ ဖြစ်နေ ကြစေသည်။

    မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် “ပညာ”တတ်သည်ဟု မဆိုနိုင်ပေ။

    လှေနံဓါးထစ်ဆိုသော အလုပ်။ အပြော၊ အတွေးတို့မှာ “ပညာ”၏အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။

    “ပညာ”သည် လူ၏ ဉာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူ အဆများ ကိုလည်း တိုးတက်စေရမည်။
    (ဗိုလ်ချုပ်အောင်ဆန်း)

    Reply

  • inz@ghi

    February 2, 2012 at 9:18 pm

    သများ ငယ်ငယ်တုန်းက ဘာသာစုံ အောင်ဝူးရယ် …..
    သများ ဘော်ဒါ က ဘာသာစုံအောင်တယ် …တိလား …
    သများဘော်ဒါက သများဆီမှာ စစ်စတမ် အင်ဂျင်နီယာ ဖြစ်လာတယ်…လေ…ခိခိ..
    သများလား…
    သများက ဘီလ်ဂိတ်စ်လေ…..အနုမြူအပျော့ရဲ့ ချဲယာမန် ပေါ့ ….။
    (တွေးစရာလေးတွေပါ…….)

    ပညာဆိုတာ….
    စာအုပ်တွေထဲမှာသာ …
    စာအုပ်တွေ ရှိတဲ့ စာသင်ခန်းတွေထဲမှာသာ ….
    ထိုစာအုပ် စာသင်ခန်းတို့ရဲ့ မှတ်ကျောက်ဖြစ်သော စာမေးပွဲတွေပေါ်မှာသာ..
    ထိုစာမေးပွဲတွေရဲ့ ပဉာတ်ချက်ဖြစ်တဲ့ အအောင်အရှုံး ဒါမှမဟုတ် ရမှတ် တွေပေါ်မှာသာ
    ရှိတာမဟုတ်ကြောင်း.. ဒါလေးက ပြနိုင်မယ်ထင်ရဲ့…….

    ခင်တဲ့….
    စတိဗ်လတ် ကို ရိသွားတာ မဟုတ်တဲ့….
    ဘီလ်ဂိ…

    P.S ချစ်လို့စတာပါ အရီးလတ်ရယ် ..မအားလွန်းလို့ သည်နေ့ တနေကုန်အတွင်း…
    တခုတည်းသော ကွန်းမန့်ပါ ….. အချိန်မွဲနေလို့ပါခည….. 😀

    Reply

    • Khin Latt

      February 2, 2012 at 10:05 pm

      မှန်လိုက်လေ ဘီလ်ဂိ ရယ်။

      တူတော်လေး လုံးပမ်း နပမ်း သတ်နေသော Project များ အားလုံး (ဟတ်ချလောင်း) အမြန် “ပါဖက်” စွာ ပြီးစေသတည်း။
      အသစ် များ လဲ နောက် က တန်းစီ စောင့်စေသတည်း။ 😆

      ခင်မင်စွာဖြင့်
      အရီး စတိဗ်လတ် (အဟိ) 😉

      Reply

  • kyeemite

    February 3, 2012 at 8:49 am

    ပညာရဲရင့် ပွဲလယ်တင့်…
    အတန်းပညာမရှိဘဲလဲပညာရှိဖြစ်နိုင်၏။
    ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာလောကကြီးသည်ပင်..တသက်တာဖတ်ရွေ့မကုန်နိုင်သော..
    စာအုပ်ကြီးဟု ပြောကြလေကုန်သည်တမုံ့…

    Reply

  • Thel Nu Aye

    February 3, 2012 at 9:29 am

    ကိုဖက်ပြောတာမှန်တယ်။ ကြားမိတာတော့အခုခေတ်ပညာဆိုတာဝယ်လို့ရတယ်ဆိုလား။ နိုင်ငံခြားက
    ဒေါက်တာဘွဲ့တောင်ရဆိုပဲ။ ရှေးတုန်းကစကားပုံလဲဒီဘက်ခေတ်ရောက်မှမှားတော့တာပဲ။ စိတ်မကောင်းစရာပါ။

    Reply

  • ba gyi

    February 3, 2012 at 10:45 am

    ဟာ့ ကိုဖက်တီးကြီး ပညာစကားတွေပြောသကိုးဗျ၊
    ခုခေတ်မှာတော့ ပညာ အစား၊ ပြင်ညာ ကိုအသုံးများလာပါသဗျား၊
    ပြင်တယ်ပြောလိုက်၊ညာလိုက်ပေါ့
    အနှီသို့ ပြောင်းလဲလာရာ နှစ်ပေါင်းနှစ်ဆယ်ကျော်သို့ရောက်လာသောအခါ တွင် မူကား
    မူကား= မူများ(အမူအကျင့်/ မူဝါဒ) များကားလာကါ၊ ဗျဲလရမ်းဖြစ်လျှက်၊ ပညာ ဟူသော စကားရပ်သည်
    လည်း အဓိပါယ်ပြောင်းပြီးသကာလ၊ ဂုဏ်သရေ ဟူသောဝေါဟာရတို့သည်လည်း၊ ဂုဏ် တွင် သွားရေ/အပုတ်တို့လွှမ်းဖုံကာ၊ ရွှံစရာအတိပြီးခဲ့လေတော့သတည်း။
    သို့သော် အနှီ ဖြစ်ရပ်မှလွတ်ရာအကြောင်းကို၊ ကိုကိုလူချောမှ သတိလက်လွတ်မဖြစ်စေခြင်းငှာတစ်ကယ့် မူရင် ပညာ ဝေါဟာရကို ဖေါ်ပြပေးပါ သဖြင့် လေးစားရပါကြောင်း။

    Reply

  • ko luchaw52

    February 3, 2012 at 9:58 pm

    ဟေဟေ့—ဒို့လိုသူတောင်းစားကိုအားပေးသူရှိသားပဲ။

    Reply

Leave a Reply

Your email address will not be published.