အမှတ်တရ စနေနေ့

manawphyulayJune 2, 20101min00

တစ်ပတ်စနေ ရောက်လို့လာ
တို့အဖွဲ့တွေ ပျော်နေတာ
ကုသိုလ်ရေးမို့ ဘုရားရောက်လာ
ဘုရားပတ်ခါ တံမြက်လှည်း
စောင်းတန်းကိုလည်း မချန်ပါကွဲ့
တစ်ယောက်တစ်လှည့် ဝိုင်းလို့ကူ
ပဠာန်းရွတ်ဖို့ ကျန်သေးတာ
ခဏနားကာ အအေးသောက်
ဟိုတစ်စု သည်တစ်စု ထိုင်လို့သောက်
့ပြုံးလို့ ရွှင်လို့ ကုသိုလ်ပြု
တို့အဖွဲ့တွေရဲ့ ကောင်းမှု
အများသူငှါ ဘုရားဖူးရေး
တို့အဖွဲ့တွေ ကျန်ဆောင်ပေး
တို့ပြုသမျှ ကုသိုလ်တွေ
နတ်လူသာဓုခေါ်လို့ကွယ်
ပီတိဝေလို့ တို့လူတွေ
စနေနေ့ကို မျှော်လို့နေ
ကုသိုလ်ရေးမို့ တို့ပျော်ပေ
စည်းလုံးညီစွာ လုပ်ဆောင်ကြစို့။

Leave a Reply

Your email address will not be published.