သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့်အတွက် စာပေပန်းကုံး ၁

manawphyulayJanuary 26, 20121min03

သည်မှာ ဘုရား၊ သည်တရားပင်
သည်ကား သံဃာ၊ သည်မှာ မိဘ
ဂုဏ်ကိုပြ၍ သည်က ဆရာ
လင်္ကာပန်းစုံ သီကုံးပုံသည်
သီတဂူဆရာတော်ကြီး လက်ရာတည်း။
ငါးပါးအနန္တ ဦးခိုက်ကြသော်
သာသနာရေး ရှေ့က ဦးဆောင်
နိုးကြားတက်ကြွ ဆော်ဩကာဖြင့်
သီတဂူသာသနာပြုအဖွဲ့ကြီး ဖြစ်တည်ခဲ့သည်။
သီတဂူအရေး တို့အရေးဟု
ဝင့်ကြွားဂုဏ်ရောင် ပညာရောင်ဖြင့်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပေါ်ပေါက်ခဲ့သည်။
သာလိမ့်ကျက်သရေ တက်ဖြိုးဝေဟု
စာပေဆော်ဩ ဘုရားဟောနှင့်
ပုတ္တောဝါဒ ဆုံးမစာဖြင့်
ဘာသာအရေး ပြန့်ပွားစေခဲ့သည်။
လူ့ဘောင်သာသစ်၊ တရားချစ်ကြ
တားမြစ်မရ၊ အိုကြရလိမ့်…..
တားမြစ်မရ၊ နာကြရလိမ့်….
တားမြစ်မရ၊ သေကြရလိမ့်….
ဘဝမငြိမ် ခန္ဓာအိမ်ကို
အချိန်နှင့် ဆောက်၊ အပျောက်နှင့်ရှု
အပြုနှင့် ပြင်၊ အလှဆင်လော့
အိုလူသားတို့…. နိုးဆော်ရင်းဖြင့်
ဘာသာ သာသနာ
လူမှု ပညာ၊ ကျန်းမာရေးကို
အစဉ်ကုသိုလ်ပြုဖို့အရေး
သက်တော် ၇၅ နှစ်မှ
နောင် ၁၂ဝ တိုင်စေသော်
သက်တော် တည်တံ့စေဖို့
တပည့်တော် စာပန်းကုံးဖြင့်
လက်ဆယ်ဖြာချီ ထိပ်ဆီအုပ်မိုး
ရှိခိုးပူဇော်လိုက်ပါသည်ဘုရား…..

၁၇.၁.၂၀၁၂ ရက်နေ့ ည ၁ဝ နာရီ ၂ဝ မိနစ်တွင် မနောဖြူလေးခံစားရေးဖွဲ့သီကုံးသည်။

www.sitagustar2020.net တွင်လည်း ပူဇော်ရေးသားတင်ပြထားပြီး ဖြစ်ပါသည်။

3 comments

  • etone

    January 26, 2012 at 4:48 pm

    အစ်မ မနောရေ.. ဆရာတော်ကြီးက သက်တော် ၇၅ ဆိုတော့.. ဝါတော်ကရော ဘယ်လောက်များလည်း .. သိချင်လို ့ပါ ။

    Reply

    • manawphyulay

      February 1, 2012 at 5:47 pm

      ဆရာတော်ကြီးက သက်တော် ၇၅ ဖြစ်ပြီး ဝါတော်က ၅၅ ဝါ ဖြစ်ပါတယ် ညီမလေးရေ… ကွန်နက်ရှင်မကောင်းတာရယ် မသုံးဖြစ်တာရယ်ကြောင့် ရွာထဲကို မလာဖြစ်ဘူးဖြစ်နေတယ်။

      Reply

  • ဆူး

    January 30, 2012 at 4:47 pm

    ဆရာတော်ကြီးတောင် သက်တော် ၇၅ နှစ်ရှိသွားပြီပဲ..
    ဆရာတော်ကြီး ကျန်းမာ သက်ရှည် စွာနဲ့ လူတွေ အကျိုးကို ပိုပြီး လုပ်နိုင်ပါစေ။
    ပညာတတ်ပြီး လုပ်နိုင်တဲ့ ဆရာတော်တွေ မွေးထုတ်နိုင်ပါစေ။

    Reply

Leave a Reply

Your email address will not be published.