ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော်

ကထူးဆန္းJanuary 23, 20121min010

တစ်ခါတစ်ရံ ထူးဆန်း MRTV 3 (ခ) Myanmar International ကြည့်ဖြစ်ပါတယ် ။ ကိုယ့်မြန်မာ ပြည် အကြောင်း ဗဟုသုတ လေးတွေ ရိုက်ပြထားလို့စိတ်ဝင်စားတာတွေ့ရင် ကြည့်ဖြစ်ပါတယ် ။ နိုင်ငံခြား ရောက်နေသူများဆိုလည်း အမြဲမဟုတ်တောင် တစ်ခါတစ်လေ ကြည့်ဖြစ်မယ်လို့ထင်ပါတယ် ။ အဲ့ဒီလို ကြည့်ရင် စိတ်ညစ် ညစ်သွားရတဲ့ အစီအစဉ် တစ်ခုရှိပါတယ် ။ အဲ့ဒီ့ အစီအစဉ်ကလည်း မကြာခဏ ပြတဲ့ အစီအစဉ်ပါ။

အဲ့ဒါကတော့ သတင်းပါ ။ သတင်း အစီအစဉ် ရောက် ရင် စိတ်ကုန်ကုန်သွားပါတယ် ။

စိတ်ကုန်သွားတယ်ဆိုလို့ ထူဆန်းကို သတင်းမကြိုက်သူလို့မထင်ပါနဲ့။ ထူးဆန်းက သတင်းကြိုက်သူပါ ။ သတင်းကြည့်ရတာ ဝါသနာပါသူပါ။
မြန်မာသတင်းဘဲဖြစ်ဖြစ် နိုင်ငံခြား သတင်းဘဲဖြစ်ဖြစ် စိတ်ဝင်စားပါတယ် ။ ပေါ်လစီအရဘဲ ပြပြ ဘာဘဲပြပြ စိတ်ဝင်စားပါတယ် ။ တံတားဖွင့်ပွဲ ပြတာ ဘဲဖြစ်ဖြစ် ဘယ်သူ က ရေတွင်း စစ်တယ်ဘဲပြောပြော လမ်းဘဲလျှောက်ပြပြ အချိန်ရရင် ကြည့်ပါတယ် ။ အဓိက ကြည့်တဲ့ အကြောင်းရင်းကတော့ ကိုယ်မရောက်ဘူးတဲ့ ဒေသတွေရဲ့ နေရာတွေကို TV ပေါ်မှာ တွေ့ရ မြင်ရလို့ စိတ်ဝင်စားလို့ပါ။ ဒါဆို ဘာ စိတ်ကုန်တာလည်း မေးစရာ ရှိမှာပေါ့နော် ။

ဟုတ်ကဲ့ ။ အားတော့ နာပေမဲ့ တည့်တည့်သာ ပြောပါရစေ။ သတင်းကြေညာသူကိုပါ။

သတင်းကြေညာသူက အင်္ဂလိပ်လို အရမ်းကောင်း အရမ်းပီသလို့ဆိုရင်လည်းထားတော့။ အခုတော့ အင်္ဂလိပ်လို လည်း ပီပီသသ မထွက်နိုင်ဘူးဆိုတာလူတိုင်းသိပါတယ် ။ ဒါဖြင့် မြန်မာလိုရော ။ ပိုဝေးသွားပါတယ် ။ သူထွက်တဲ့ အသံထွက်တွေကို ကျွန်တော် နားထောင်ပြီး ဘယ်သူ့ကိုပြောပါလိမ့်။ ဘယ် ဒေသကို ပြောပါလိမ့် ။ ဘယ်မြို့ကို ပြောပါလိမ့်ဆိုတာ မကြာခဏ မသိပါဘူး ။ ရုပ်ကြီးပေါ်လာတော့မှ ဪ သူ့ကိုပြောတာကိုး ။ မြို့နံမည်တပ်ထားတာ မျိုးတွေ့မှ ဪ ဒီမြို့ကို ပြောတာပါလားဆိုတာ သိပါတယ် ။

MRTV 3(ခ) Myanmar International စစချင်းမို့လို့ လူ မရလို့ ဆိုရင်လည်းထားတော့ ။ သက်တမ်းအတော် ရှိလာပေမဲ့ဒီလူကတော့ ဒီလူဘဲ ။ အခုထိ မပြောင်းသေးတာ တော်တော်အံ့ဩမိပါတယ် ။ လူကြီးတွေနဲ့ အမျိုးတော်လို့လို့ ပြောလို့ရအောင်ကလည်း .. အင်းလေ ပြောလို့တော့ မတတ်ဘူးပေါ့။ လောကမှာ ထူးဆန်းမသိတာတွေ အများကြီးကို။

မြန်မာတွေ ဒီလောက်ဘဲ ညံ့နေပြီလား ။ အင်္ဂလိပ်လိုမပြောတတ်ကြတော့ဘူးလား ။ သတင်းမကြေညာတတ်လို့လား နဲ့လည်း မချိတင်ကဲ တွေးမိရတဲ့ အဖြစ်ရောက်ရောက်သွားပါ တယ် ။ အနဲဆုံး မြန်မာ သတင်းကြေညာသူထားရင် အင်္ဂလိပ်လို မပီရင်တောင်မှ မြန်မာလို အသံထွက်တွေတော့ပီပါဦးမယ်။

ဘယ်တော့မှများ ကိုယ့်လူမျိုး ဒီနေရာမှာ တွေ့မလည်းလို့။

လူကြီးတွေကလည်း တစ်ခါမှ မကြည့်ကြတာလား ။ သူတို့ကတော့ သဘောကျနေလို့လား ။
ဒီလိုတော့လည်း မဖြစ်နိုင်ပါဘူးလို့။ စကားစပ်မိလို့ ထူးဆန်းတို့ ပါတ်ဝန်းကျင် ပြောမိရင် အကုန် နှားခေါင်းရှုံ့ ကြပြီး ဒီအကြောင်းက ဟာသကြီးကို ဖြစ်လို့။ ဘာဖြစ်လို့ ဒီလူကြီး ဘဲ သတင်းကြေညာနေပါလိမ့်ဆိုတာ တွေးမိပါတယ် ။

သူ့နေရာမှာ မြန်မာသူသားလေးတွေ အစားထိုးရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ ။ သူကတော့ ကြီးကြပ်သူ ၊သင်တန်းပေးသူ အဖြစ် နောက်ကွယ်ထားလည်း ရမှာပါလို့။

ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော် ။။။

10 comments

  • etone

    January 23, 2012 at 2:34 pm

    ဟီး … ကျွန်မနဲ့ … ဒီနေရာမှာ သဘောထားခြင်း လာတိုက်ဆိုင်နေပါလားဗျို့ …….. ။ သတင်းကြော်ငြာသူတွေကို ကြည့်ရတာ …အင်ဒိုနီးရှားက လူတွေလိုပဲ … ။ နာမည်တွေအရပြောပါတယ် .. ဒါပေမယ့်လည်း … မြန်မာလို စကားပြောတဲ့ အစီစဉ်တွေမှာ တခွန်းစ နှစ်ခွန်းစ ဝင်ပြောတော့လည်း .. မြန်မာတွေလိုပဲ … ။
    ရုပ်တွေကတော့ .. မြန်မာရုပ်မပေါက်ဘူး … ဘာလူမျိုးပါလိမ့် … ။

    သတင်းကြေငြာသူဆိုတာမျိုးက …. အသံပီသရှင်းလင်းဖို့နဲ့ .. အဖြတ်တောက် လေယူလေသိမ်းမှန်ဖို့ အဓိကပါပဲ .. . မဟုတ်လျှင် … ဘုန်းကြီးကျောင်းသား စာရွတ်နေသလို ..လုံးလုံးထွေးထွေးနဲ့ … 😛

    Reply

    • htoosan

      January 25, 2012 at 2:29 pm

      etone ရေ။
      ဖိလစ်ပိုင်လူမျိုးလို့ထင်ပါတယ် ။ ကျွန်တော်လည်း သိတော့မသိပါ ။အသံထွက်က ဖား (ဖိလစ်ပိုင်) သံထွက်နေပါတယ်။
      သတင်းကြေညာသူ နံမည်ကတော့ Randolf Jamias ပါ။

      Reply

  • pooch

    January 23, 2012 at 3:36 pm

    ဟုတ်တယ် ကျမလည်း အဲ့ဒီလို အတွေးမျိုး ရှိတယ်။ တကယ်တော် တကယ် အရည်အချင်းရှိပြီး သူ့နေရာနဲ့ သူ သင့်တော် တဲ့သူမျိုး မဟုတ်ပဲ သူခန့်ချင်ရာ ခန့်ထား သလိုမျိုးပဲ ။ သူများ နိုင်ငံ အစီအစဉ်ကြေငြာသူများကို ကြည့်လိုက်ရင် သူ့ နေရာနဲ့ သူ စမတ်ကျကျ သံနေသံထား ကောင်း ကောင်း နဲ့ နား ထောင်လို ကောင်းမှကောင်း ။ ဒီမှာ ကြည့်ရင် တော့ ဘာတွေ လွဲနေမှန်းကို မသိဘူး။ ပြောရတာလည်း မကောင်းပါဘူး ။နေရာ တကာ မြင်မြင်သမျှလိုက်ပြောနေရတော့လည်း မကောင်းဘူး။ :mrgreen:

    Reply

  • Khin Latt

    January 23, 2012 at 4:18 pm

    ကိုထူးဆန်း ရေ – ဒီလို ပြောမှ အမှန်သိ ကြနိုင်တာမို့ တွေးသာတွေး ပြီး ပြောသာပြော ဖို့ အချွန်နဲ့ မရင်း တိုက်တွန်းပါတယ်။ 😉
    သက်ဆိုင်သူတွေ က လဲ ဌာန တိုးတက်ချင်ရင် ဝေဖန်ခြင်း ကို နားစွင့် နိုင် သမျှ နားစွင့် နေရမှာပါ။
    ဝေဖန်တိုင်း လိုက်လုပ်စရာ၊ ပြင်စရာ မလို ပေမဲ့ မျှတ မှန်ကန် တဲ့ ဝေဖန်ခြင်းဆိုရင် တော့ အဲဒါကို လက်ခံပြီး ပြန်သုံးသပ်ကာ အမှန်ပြင်ဖို့ ကြိုးစား ရပါမယ်။
    ဒီလို ဘဲ ဝေဖန် သူ တွေ ကလည်း စေတနာ ထားပြီး ဝေဖန်တာတော့ ဖြစ်သင့်ပါတယ်။
    ဒီလို အပေးအယူမျှ မယ် ဆိုရင်တော့ ကျွန်မတို့ ချစ်သောအမိမြန်မာပြည် မတိုးတက်နိုင်စရာ မရှိပါဘူး။
    ကျွန်မတို့ တတ်နိုင်သ၍ ကြိုးစားကြတာပေါ့။
    ဒီတော့ ကို ထူးဆန်းရေ – အတွေး ဆန်း လေးတွေ နဲ့ ကယ်ရီအွန် ပါ။ 😀

    Reply

  • the best

    January 23, 2012 at 10:25 pm

    ကိုထူးဆန်း ရေ …..
    MRTV 3 မဟုတ်ပါဘူး။ MI ( Myanmar International )ပါ။

    Reply

  • Thel Nu Aye

    January 24, 2012 at 12:15 pm

    ပြောမနေပါနဲ့တော့။ မြန်မာကသီတင်းကြေငြာသူတွေမပီချက်ကတော့။ မြန်မာလိုလဲမပီ။ အင်းဂလိတ်လိုလဲမပီ။ MRTV 3, MRTV 4 အားလုံး အတူတူတွေချည်းပဲ။ ဥပမာ- ကဏ္ဌ ကို ( ဂမ်ဒ ) ကို ကန်န တဲ့။ comedy ( ကော်မဒီ ) လို့တသက်လုံးဖတ်လာတာ။ MRTV 4 နဲ့တွေ့မှပဲ ကမ်းဒီတဲ့။ Loreal ( လော်ရယ် ) ကို လို-ရီးယယ်း တဲ့။ ကျွန်မတို့ပဲမှားတာလား။ သိတဲ့သူရှိရင်ဖြေပေးပါအုံး။

    Reply

  • htoosan

    January 25, 2012 at 2:50 pm

    Pooh ရေ။ အရင်က ( အရင်ကဆိုတာအခုနောက်ပိုင်း မကြည့်ဖြစ်တော့လို့) NHK english အစီအစဉ် သတင်းကြေညာသူများဟာလည်း မစွံပါဘူး ။ သူတို့ မပီပါဘူး ။ ဒါပေမဲ့ သူတို့နိုင်ငံသားတွေလေ။
    သို့သော် အခြားနိုင်ငံတော်တော်များများကတော့ စမတ် ဖြစ်ကျ ပါတယ် ။ တစ်ရုတ်ကြီးဆိုလည်း CCTV အင်္ဂလိပ် မှာ သတင်းကြေညာသူ အဖြူနိုင်ငံသား Native speaker ခန့်ထားတာပါ ။ နောက်ပိုင်းမှ သူတို့ တရုတ်လူမျိုး အစားထု်ိး လာတာ တွေ့ဖူးခဲ့ပါတယ် ။ မြန်မာနိုင်ငံအနေနဲ့လည်း အဲ့ဒီလိုမျိုးသာ ဖြစ်သင့်ပါတယ် ။
    Thel Nu Aye ရေ ။ ပီရင်တော့ ပိုကောင်းပါတယ် ။ မပီလို့ ကိုယ့်ဟာကိုယ် ငပိသံထွက်တာလည်း ရှက်စရာမလိုပါဘူး ။ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံတောင် သူ့ဒေသလိုက် အသံထွက် ကွဲလွဲတာ ၊ သူ့လေသံသူထွက်တာတွေကတော့ သိပ်ရှက်စရာမရှိပေမဲ့ သူများနားလည်ဖို့တော့ အရေးကြီးပါတယ် ။
    အဲ တနိုင်ငံလုံးကို လွှင့်တဲ့ MRTV ကသူများကတော့ အထူးဂရုစိုက်သင့်ပါတယ် ။
    The Best ရေ . MRTV 3 အဖြစ် စထွက်လာပြီး နောက်ပိုင်းနိုင်ငံတကာ တင်မယ်ဆိုပြီး Myanmar International ဖြစ်သွားတာပါ ။ အိမ်က 5 channel က လိုင်းရွေးရင် MRTV 3 ဘဲ ပေါ်ပေါ်လာလို့ စိတ်ထဲ စွဲနေတာပါ ။ ပြန်ပြင် ထည့် ထားလိုက်ပါတယ်။ အခုလို သတိပေးတာ ကျေးကျေးပါ။

    အရီးလတ်ရေ။အားပေးတဲ့ အတွက်ကျေးဇူးပါ ။ လျှာရှည်ချင်နေတာ အခုတော့ သူကြီး အားကိုးနဲ့ အရီးလတ်တို့လို အားပေးတဲ့သူနဲ့ဆိုတော့ ကြိုးစားရမှပါ့… 😀

    Reply

  • kai

    January 25, 2012 at 5:04 pm

    အမှန်ကတော့.. ကိုယ့်နိုင်ငံတီဗီ.. ကိုယ့်နေးတစ်ဘာသာစကားကျွမ်းသူနဲ့.. လွှင့်ရမှာပေါ့..။
    အလုပ်အခွင့်အလန်းကိုလည်း ..သူများလက်ထိုးမအပ်ရပါဘူး..

    အင်္ဂလိပ်လိုလွှင့်မယ်ဆိုရင်လည်း.. အင်္ဂလိပ်ကြီးခေါ်ရမှာပါ..။
    သူ့ဘာသာစကားနေးတစ်ဖြစ်သူ.. ခေါ်သုံးသင့်တာပေါ့….။ အဲဒီကနေ.. လေ့လာသင်ယူကြပေါ့…။
    တီဗီက.. ကလေးတွေဘာသာစကားလေ့လာရာမှာ အတုယူတတ်တာမို့.. အရေးကြီးပါတယ်..။
    ဒါပေမဲ့.. အဆုံးမတော့…. ဖြည်းဖြည်းချင်း မြန်မာတွေဖက်ပြောင်းယူရမှာပါ..။

    ယူအက်စ်မှာမွေးတဲ့.. မြန်မာ-အမေရိကန်တွေ အများကြိးပဲ..။
    အမေရိကန်အင်္ဂလိပ်စကားကို.. အမေရိကန်အတိုင်းပြောနိုင်ကြတယ်..။ ဆိုင်ရာဗေဒနဲ့. ကျောင်းတွေလည်း ပြီးထားကြတယ်..။
    သူတို့ကို.. လစာများများပေးဖို့မလိုပါဘူး..။ ထိုက်သင့်ယုံနဲ့ဆို.. အလုပ်လုပ်ဖို့ခေါ်သုံးလို့ရမှာပါ…
    ပြန်လုပ်ချင်သူတွေများ ပုံလို့..။
    မိတ်တောင်ဆက်ပေးလိုက်ဦးမယ်…. 🙂

    အဲဒီတယောက်ဆို..လေယူသိမ်း အသံထွက် တော်တော်ကောင်းတယ်..။
    http://myanmargazette.net/38515/entertainment

    Reply

    • MaMa

      January 25, 2012 at 9:18 pm

      သဂျီးပြောလို့သာ ယုံရမယ်။
      အဲဒီတစ်ယောက်ဆို ယူအက်စမှာ နာမည်ရပြီး အဆင်ပြေနေတာ ပြန်လာဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
      ဖြစ်နိုင်ရင်တော့ ကျမသာ တာဝန်ရှိသူဆိုရင် warmly welcome ပဲ။

      Reply

  • htoosan

    January 26, 2012 at 8:57 am

    ဟုတ်ပါတယ် သူကြီးရေ။ ဘယ်တော့များပြောင်းမလဲ ကြည့်ရင်းကဘဲ နှစ်ပေါက်လာလို့ ပါ ..
    မသိတဲ့ နိုင်ငံခြားသား အတွက်ကတော့ မြန်မာ လို့ထင်ရင်ထင်မှာ ။ အဲ့ဒီလို ထင်ရင်ဆိုပြီးဘဲ သုံးနေလားတော့မသိပါ ။ သို့သော် သူ့နံမည် ကြီးပေါ်လာရင် မြန်မာ မဟုတ်ဘူးဆိုတာလည်း နိုင်ငံခြားသားများသိမှာပါ ။ နိုင်ငံခြားသားတွေ ကော ကြည့်တောင်ကြည့်ရဲ့လားတော့မသိပါဘူး။
    အဝေးရောက်မြန်မာတွေ အတွက်တော့ အလွမ်းပြေ ကြည့်လောက်တယ်လေ။
    မမရေ။ နိုင်ငံခြားရောက်နေသူများ နိုင်ငံခြားမှာ ပေးတဲ့ လစာ အတိုင်းရမယ်ဆိုရင် ပြန်ပြေးလာချင်သူတွေများပါတယ် ။ ကလေးကျောင်း ပညာရေး ပြန်မကြည့်ရရင်ပေါ့နော်။

    Reply

Leave a Reply

Your email address will not be published.