ဆုံးရှုံးသွားသော ဆေးများအတွက် သွင်းကုန်လိုင်စင်လျှောက်ထားလိုပါက ဆေးအသင်းအား အကြောင်းကြားနိုင်ကြောင်းသိရ

klnJune 1, 20101min01

မင်္ဂလာဈေးမီးလောင်မှုကြောင့် ဆေးဝါးများ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့၍ ပြည်တွင်းဆေးလိုအပ်ချက်အတွက် ပြည်ပမှဆေးဝါးများ တင်သွင်းလိုပါက သွင်းကုန်လိုင်စင်လျှောက်ထားရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းသို့ အကြောင်းကြားနိုင်ကြောင်းနှင့် အသင်းမှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဦးဆောင်၍ လျှောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ မင်္ဂလာဈေးမီလောင်မှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ဆေးဈေးကွက်အခြေအနေများအပြင်၊ ဆေးဝါးလုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည့်နည်းလမ်းများကို စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးကုမ္ပဏီများကိုလည်း ရစရာရှိသည့်အကြွေးများအား အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ပေးစေလိုကြောင်းနှင့် Discount Limit Amount ကိုပါ လျော့ချပေးစေလိုကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဘက်က Discount Limit ရော၊ Time Limit ရောပေးဖို့ စီစဉ်ထားပါတယ်။ အခုဆေးတွေပြန်လည်ရောင်းချပေးနေပါပြီ။ သတ်မှတ်ထားတဲ့ ပမာဏအထိ မှာယူနိုင်ပါတယ်”ဟု ဆေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လုပ်ငန်းရှင်များဘက်မှ ဆေးတင်သွင်းမှုအတွက် အခွန်လျော့ချပေးစေလိုသည့် ဆန္ဒရှိကြကြောင်းနှင့် အလားတူ နိုင်ငံတော်ပိုင်းမှ ထောက်ပံ့မှုများကို မျှော်လင့်လျက်ရှိကြကြောင်း သိရသည်။

One comment

  • လင်းဝေကျော်

    June 1, 2010 at 8:21 am

    ဆေးတွေ ဈေးမတက်ဖို့ အရေးကြီးပါတယ်။ သွင်းတာကတော့ သွင်းကြမှာပါပဲ ဈေးကွက်လိုအပ်ချက်အရ။
    အခုလို သွင်းကုန်လိုင်စင်တွေ အမှန်တကယ် မြန်မြန်ဆန်ဆန်ချပေးမယ်ဆိုတာ ကြိုဆိုရမှာပါ။
    ရောင်တော်ပြန်နဲ့ ရောလွှတ်မယ့် အခွင့်အရေးသမားတွေကြောင့်မှန်ကန်သူတွေ မနှောင့်နှေးပါစေနဲ့။

    Reply

Leave a Reply

Your email address will not be published.