ကြာရမီရဲ ့အဓိပတိ

Wai PhyoeJanuary 20, 20121min015

ကျွန်တော်ကအရင်တုန်းကတော့ အဓိပတိပရိတ်သတ်တစ်ယောက်ပါ။နောက်ပိုင်း ကားအသစ်(တရုတ်မ)တွေ
ပြောင်းပြီးကတည်းကလုံးဝမစီးတော့ပါဘူး။အဓိက ကတော့စီးချင်စိတ်ကိုမရှိတော့လို့ပါ၊ခုခေတ်က အားလုံးက
အချိန်လုပြီးလုပ်နေရတဲ့ခေတ်ပါ။ အထူးကားဆိုပြီး ၂၀ဝပေးစီးရတယ်။မှတ်တိုင် တိုင်း ထိုင်တယ်ဗျာ တရားလား
ကားကလဲမောင်းတာနှေးသေးတယ်။ကြားထဲထိုင်ခုံတွေကလဲလုံးဝအဆင်မပြေပါဘူး။ပြောချင်တာကတော့
“ကြာ” တာကိုပါ။ ဘယ်သွားသွားမရောက်နိင်တော့ပါဘူး။အထူးကားရဲ့စံနှူန်းထဲကတစ်ခုကိုပြော၇ရင် မြန်ဘို့မလို
ပါဘူး။ဒါပေမယ့် အထူးကားလို့ခေါင်းစဉ်တပ်ပြီး မှတ်တိုင်တိုင်း ထိုင်တာတော့လွန်တယ်ဗျာ။ရိုးရိုး ၅ဝ တန်ကား
တွေကကျော်တက်ကုန်တယ်။နောက်ပြီးသူတို့ကားကြီးတွေနဲ့ အိစိအိစိ သွားပြီး လမ်းပေါ်မှာလည်းကို့ရိုးကား
ယားနဲ့ တကယ်ကိုအဆင်မပြေပါဘူးဗျ။
ဒါတွေကတော့ထားလိုက်ပါ။ရိုးနေကျပါပြီ ကျွန်တော်ပြောချင်တာက ကားသမားတွေမိုက်ရိုင်းတာကိုပါ။ပာိုတစ်
နေ့က မဖြစ်မနေ အဲ့ဒီ တရုတ်မ ကိုစီးဘို့အခြေနေဖန်လာပါတယ်။ကယ်…..ဒီတစ်ခါတော့မထူးဘူးစီးရတော့မယ်
ဆိုပြီး တက်စီးလိုက်မိပါတယ် ရူးရောဗျာ။ အထူးကားတဲ့ စုတ်ပြတ်သတ်နေတာပါပဲ။ဘယ်လောက်စုတ်လဲဆို
ကားကထိုင်ခုံတွေမပါပါဘူး။ ကားအောက်မှာ စပါယ်ယာညအိပ်ထားတဲ့ ခြင်ဆေးခွေပြာတွေက လဲနေရာအနှံ့ပါ
ပဲ။ပိုဆိုးတာက မရှိမဲ့ရှိမဲ့ကားခုံ က အရည်တောင်ထွက်နေပါပြီ။မှန်တွေကလည်းဖုန်တွေကြီးပါ။ ကားခုံမှာကပ်နေ
တဲ့ဂျီးတွေကလည်းကလော်ထုတ်လို့တောင်ရပါတယ်။စပါယ်ယာတွေကလည်းစုတ်ပြတ်သပ်နေတာပါပဲ။ကြားထဲ
ကွမ်းယာစားပြီး တပျစ်ပျစ်နဲ့ဗျာ။ကားအမိုးပေါ်ကစာဖတ်ကြည့်တော့ “ ကွမ်းမစား၇၊စည်းကမ်းရှိပါ”တယ့် အော်
သူတောင်းစားတွေစာမဖတ်တတ်ရှာဘူးပဲလို့တောင်တွေးမိလိုက်ပါသေးတယ်။နောက်တစ်ခုရှိသေးတယ် ဘာတဲ့
“Always do Tunning and Shinning” တဲ့ လုပ်မလုပ်တော့မသိဘူး ကျွန်တော်စီးခဲ့တဲ့ ခုံနောက်ကစပါယ်
ယာချွတ်ထားတဲ့ သေးစော်နံနေတဲ့ ဘောင်းဘီကသက်သေပြနေတယ်။ နောက်ပိုင်းဆက်ဆံရေးကလည်းဘာ
ကျဲသလည်းမမေးနဲ့ တစ်လောကလုံးသူ့တို့လုပ်စားထိုင်စားနေတဲ့မျက်ခွက်တွေနဲ့ချည်းပါပဲ။ ပါရမီကိုတော်တော်
လေးစိတ်ကုန်နေပါပြီ။ ကြိုက်တဲ့ကားလိုက်စီးကြည့်ပါ သူတို့ကားတွေလောက် ကြီးကြီးကျယ်ကျယ် ကပ်ထားတဲ့
စာတွေမရှိပါဘူး ပြီးတော့သူတို့အဆိုးဆုံးပါ။
ပါရမီကလူကြီးတွေလည်းတစ်စက်မှာအသုံးမကျပါဘူး။လူကြားကောင်းအောင် MTV တွေရိုက်ဘာရိုက်နဲ့
ကားတွေကစုတ်ပြတ်သလို ဝန်ထမ်းတွေကလည်းရွဲ့ပဲ့နေပါပြီ အရင်လို့လုံးဝမပာုတ်တော့ပါဘူး။ အထူးကား
ဆိုပြီး ပြည်သူလူထုကို ရိုက်စားနေတဲ့ထဲမှာ ပါရမီက ထိပ်ဆုံးကပါ။ ကားစီးရတောင်လန့်တောင်လန့်ပါတယ်
အားလုံးကော်ကားတွေကြီးပါပဲ။ပြီးတော့ကားဘောဒီတွေက ပေါက်နေတာ အလွန်သတိထားဖို့ကောင်းပါတယ်။
ဓါတ်ပုံထဲမှာကြည့်နိင်ပါတယ်။
ကျွန်တော်သိချင်တာက ပါရမီကလူကြီး (အကောင်)တွေဘာလုပ်နေသလဲဆိုတာကိုပါပဲ။ ယူနီဖောင်းကြီးတွေ
ဝတ်။ရဲလိုလိုဘာလိုလို ဦးထုပ်ကြီးတွေဆောင်းပြီးတော့ နည်းနည်းလေးမှာအသုံးမကျကျဘုူးလား။ခင်ဗျားတို့
မရှက်ဘူးလား။ရှက်တတ်ရင် ခင်ဗျားတို့ကော်ကားကြီးတွေပုံပြီး မီးရှိ့လိုက်စမ်းပါဗျာ။ အထူးကားလို့တော့မပြောနဲ့
ဗျ။ ၂၀ဝ ပေးဘို့နေနေသာသာ ဂိတ်တိုင်းထိုင်လွန်းလွန်းလို့ အလကားပေးစီးတောင် သနလို့မစီးချင်ဘူးဗျာ။
ကားသန့်ရှင်းရေးလေးဘာလေးလုပ်ဖို့စိတ်ကူးရောရှိရဲ့လား?
ဝန်ထမ်းတွေကိုကော ဘယ်လိုခန့်လဲ?(အသံပြဲပြီးရောလား)
ကားမောင်းသမားတွေကကော လိုင်စင်ကြီးကိုင်ထားတာပာုတ်ရဲ့လား?
ခင်ဗျားတို့အိမ်မှာကော အဲ့လိုပဲလား?
ခရီးသည်တွေအတွက်လုံခြုံရေးဘယ်မှာလဲ?
ခရီးချော့မွေ့မြန်ဆန်ရေး ဘယ်မှာလဲ?
လူကြီးဆိုပြီးတော့ကော ကားတွေပေါ်ကောတက်စစ်ဘူးလား?
တစ်ခွန်းပဲပြောချင်ပါတယ်………………….ခင်ဗျားတို့ပါရမီကလူတွေစာမတတ်သရွေ့ကြီးကြီးကျယ်ကျယ်
ကပ်ထားတဲ့စာတွေကိုပဲအရင်ဖြုတ်လိုက်ပါအုံး ကျွန်တော်သာခင်ဗျားတို့နေရာမှာဆို ရှက်ပြီးလဲသေလို့ရပါ
ကြောင်း……………………………………………………………………
(မှတ်ချက်။  ။ယခုကျွန်တော် ဝေဖြိုး  မြန်မြန်ဆန်ဆန်ရောက်တဲ့ ဒိုင်နာကို ၁၀ဝ ပေးပြီး နောက်ကတွယ်စီး
ကာ လေကောင်းလေသန့်ရှူပြီး စိတ်ချမ်းသာနေပါကြောင်း) 

ခုံတွေကတော်တော်ကောင်းပါတယ်

 

ကားဘောဒီတွေလဲပေါက်နေပါတယ်

15 comments

  • Sandy

    January 20, 2012 at 1:10 pm

    ဖြစ်နိုင်ပါတယ် ဒီပြသနာကိုအမြဲကြုံတွေ့နေရလို့ပါ.
    ဒါ့ကြောင့်ကျွန်မလည်း မစီးတော့ပါဘူး

    Reply

  • စိန်ပေါက်ပေါက်

    January 20, 2012 at 2:02 pm

    ကြာရမီ၊အဓိငပိ
    အဲတာစီးမှ ပိုနေရခက်တယ်
    ထွက်ချင်လဲ ထွက်လို ့မရ
    ခုံနှစ်တန်းလူပြည့် အလယ်ခေါင်လူပြည့် သွားလမ်းက ကျဉ်း
    အပေါက်ဝနားရပ်မိလို ့ကတော့ စုံလည်လည်ပြီသာမှတ်..
    အနောက်ကတိုးထွက်လာတဲ့လူတွေ.တိုးလို ့…စုံလည်လှည့်ပြီး ရှောင်ပေးရတာ
    ပြော မပြောချင်ပေါင်
    ပြောလဲပြောပြီးပြီလေ..
    ထပ်ပြောစရာတွေမကုန်နိုင်တော့လို ့
    တော်တေးဘီ..အဟွတ်..အဟွတ်..

    Reply

  • Wai Yan Lay

    January 20, 2012 at 3:01 pm

    အရမ်းမှန်တယ်… ကို ဝေဖြိုး, စစချင်းတုန်းက အရမ်းကို စီးလို့ ကောင်းခဲ့တာပါ.. အခုတော့ ခုံတွေကိုဖြုတ် လူတွေကို ပိုတင် မှတ်တိုင်မှာ နောက်ကားမလာမချင်းရပ် ၏လို့ တခါခါ စပယ်ရာဆိုတဲ့ မလောက်လေးမလောက်စား(အသက်အားဖြင့် ၁၄ ၊ ၁၅ လောက်) လေးတွေက ဟိုးဘက်တိုးပါအုန်း ဒီဘက်တိုးပါအုန်းနဲ့ ၊ ကြာရမီက လူကြီးမင်းတွေ မသိလို့လား မသိချင်ယောင်ဆောင်နေကြလားမသိဘူးဗျာ ၊ ပေးရတော့ ၂၀ဝ ကားတွေက စုတ်လွန်းလို့ အခုနောက်ပိုင်း ကျွန်တော်ဆို မစီးရဲတော့ဘူး တော်ကြ ဘော်ဒီပြုတ်ကျန်ခဲ့ မှာကြောင့်လို့…

    Reply

  • Thel Nu Aye

    January 20, 2012 at 3:02 pm

    ဟယ်သူများကောင်းကြောင်းတွေအဲလောက်ကြီးမရေးနဲ့လေ။ သွပ်ပြားမနေတတ်တော့ဘူး။ ရှက်ချာကြီး။

    ဟီဟိ ( ရှက်လို့ )
    တရုတ်မကြီး မပါရမီ

    Reply

  • awra-cho

    January 20, 2012 at 3:38 pm

    မန်းလေး မှာ ဒီ ဒုက်ခ မရှိ သွားချင် ခွပြီး စက်နိုး ဝီးဒေါက် ရောက်ရော၊စစ်ကိုင်း ကျေက်ဆည် ထိ တောင်
    လစ်တာပဲ။ ရန်ကုန် ရောက်ရင် တော့တေ ပြီပဲ။ ကားမစီးတတ်တော့ ဟိုမေးဒီမေး၊ ကားပေါ်မှာ နေရာ
    မယူတတ်တော့ စပယ်ယာ က ဟောက်၊ သူများတိုက်မိတော့ ကောင်မလေးတွေ က မျက်စောင်းထိုး၊
    တက်ကစီ စီးတော့ ကားသမားက မတန်တဆ နှိပ်။ ဝူုး စိတ်ကို လေ ရော၊ ရွာထဲ က ညလေးတွေ ကူမှ
    ရမယ်ထင်တယ်၊

    Reply

  • kokothandar

    January 20, 2012 at 5:05 pm

    လိုင်တစ်ခေါက်ပြန်လာရင် တစ်ဝက်ဘဲလိုင်းကြေးသွင်း ကျန်တာ ခွဲယူနေတော့ ပြောသူမောပြီဘဲရှိမယ်
    ဖြစ်နိုင်ရင်မစီးမိအောင် နေရင်း သူတို့ခိုးနေတဲ့ငွေတွေ ရော့အောင်လုပ်. ဒါဘဲတတ်နိူင်မှာလေ

    Reply

  • manawphyulay

    January 20, 2012 at 5:28 pm

    ဒိုင်နာကို ကြည့်ကျက်လည်းစီးဦး ဝေဖြိုးရေ… ကြာရမီကတော့ အပြန်တော့ စီးဖြစ်ပါတယ်။ ဒါတောင် ဧည့်စာရင်းတိုင်ရတယ်။ မတတ်နိုင်ဘူး။ ဒီတစ်စီးပဲရောက်တော့လည်း စောင့်စီးရတယ်။ ဒိုင်နာက ညဘက်ဆို အန္တရာယ်အရမ်းများလို့ မစီးတာ။ နောက် ပိုဆိုးတာက တွယ်စီးတာ ပိုဆိုးတယ်သတိထားဟေး ဟိုကားက စုတ်ပြတ်ပြီ ကြာပဲကြာတာ ဒိုင်နာစီးလို့ ကြွသွားဦးမယ်…. တစ်ခါ ဒိုင်နာစီးတာ ဈေးဟောင်းကနေ အင်းစိန်ကို ၁၅ မိနစ်လောက်ပဲကြာတယ်။ ကားပေါ်မှာ ခါးပတ်မပါတော့ လူက ထိုင်စီးတာတောင် အနောက်လွှင့်နေတာ… စဉ်းစားသာကြည့်တော့ ဘယ်ကားမှအဆင်မပြေဘူး။ ထီကလည်း မပေါက်သေးတော့ ဝယ်စီးဖို့ကလည်းမဖြစ်နိုင်ဘူး။ ဆူးလေပွဲဈေးလျှောက်ပြီး တစ်စီးလောက်ဝယ်ရကောင်းမလားလို့ စဉ်းစားနေတယ်။ 😛

    Reply

    • Wai Phyoe

      January 21, 2012 at 12:03 pm

      ပာီးကောင်းတယ် ကောင်းတယ် ဝယ်လိုက်

      Reply

  • windtalker

    January 20, 2012 at 9:23 pm

    တွယ်စီးရတော့
    ရင်ခုန်သံမြန်တာပေါ့နော်
    ဟီး
    အရဂါးစဒါ

    Reply

  • gyinkalay

    January 20, 2012 at 11:04 pm

    ကြေညာ ဝင်တာတော့မဟုတ်ပါဘူး..အထူးကားတွေထဲမှာဆို ရွေဧည့်သည် ကစီးလို ့အဆင်ပြေတယ်….စပယ်ယာတွေလဲ အပေါက်မဆိုးဘူး…ကျောက်လဲမချဘူး ပြိုင်မောင်းတယ်ဆိုတာလဲ ရှားတယ်…..ရုံးတက်ရုံးဆင်းချိန်လူကြပ်တာ ကတော့ချွင်းချက်ပေါ့..

    Reply

  • the best

    January 21, 2012 at 12:32 am

    ကို ဝေဖြိုး
    ဓါတ်ပုံထဲမှာ ရွေဧည့်သည် ကား ကို ကြည့် ချင်ပါတယ်။

    Reply

  • Wai Phyoe

    January 21, 2012 at 9:59 am

    ပာုတ်ပဗျာ ဘယ်ကားမှအဆင်မပြေဘုူး ကျွန်တော်လည်း ပို့စ်တင်ပြီး အော်နေရင် သိပြီးသားလူတွေပဲသိမှာ
    ဒီကောင်တွေကို ဒီစာပို့ရင်ကောင်းမလားလို့စဉ်းစားနေတာ။
    အရင်တုန်းက အဓိပတိတွေကိုတော့ ကြိုက်ပါတယ် တစ်ကယ်လည်းစီးရတာ တန်ပါတယ်။
    ကျွန်တော်ခုတော့ ဓါတ်ပုံတွေများများရိုက်ပြီး တိုင်အုံးမယ်ဗျာ
    ဒိုင်နာလည်းကြည့်စီးဘာတယ်ဗျာ စိတ်ပူပေးကျတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် သတိထားစီးမှာပါ။
    ဝူး………………မြန်မာပြည်မှာဘတ်စ်ကားစီးရတာလည်း အသက်နဲ့ရင်းနေရပါလားနော်။

    Reply

  • myanmarcitizen

    January 21, 2012 at 1:41 pm

    ပါရမီကတော့ ဆိုးပါတယ်ဗျာ။ ဟုတ်ပါတယ် ထိုင်ခုံတွေကလဲလုံးဝကိုမကောင်းပါဘူး။ ကျန်တာကောကောင်းလား ဆိုတော့ ကျန်တာလဲမကောင်းပါဘူး။ နဝဒေး လိုအတက်လေးကိုတောင် မနဲတက် နေရတယ်။ တစ်ခါတုန်းက 176 စီးမိလိုက်ပါတယ်။ ခုံကကျိုးနေတာ နဲ့ ညပ်လိုက်တာ သွေးကိုထွက်ပါလေရောဗျာ။ နောက်တစ်ခုက ရေးထားလိုက်တာ၊ ကပ်ထားလိုက်ကြတာ ပါရမီက ဘိုးတော်တွေ စည်းကမ်းတွေများ။ အခု ၂ဝ လောက်ရှိမယ်ထင်တယ်။ ဒါပေမဲ့ အဲ့အတိုင်းတော့ ဘယ်ကောင်မှ လိုက်မလုပ်ကြဘူး။ ကားတွေကို က သံရေကျို စက်ထဲပဲထဲ့ဖို့ကောင်းတော့တယ်။

    Reply

  • Wai Phyoe

    January 22, 2012 at 9:46 am

    မြန်မာပြည်သားရေ ပါရမီကိုတော့ သံရည်ကျိုစက်ပို့လို့မရဘူး အားလုံး ကော်ကားတွေကြီးပဲ
    ကော်ရည်ကျိုစက်ပို့ပြီး Recycle လုပ်ပြီး သေးအိုးလုပ်တာပဲကောင်းတယ်

    Reply

Leave a Reply

Your email address will not be published.