ဖျပ်ကနဲ့ရန်ကုန်-အပိုင်းလေး(အငြိမ်နဲ့အလှုပ်)

ဖျပ်ကနဲ့ရန်ကုန်-အပိုင်းလေး(အငြိမ်နဲ့အလှုပ်)

1 ုငြိမ်သက်စွာ ရွှေတိဂုံဘုရားပေါ်မှာ
2 ဒီပုံလေးကတော့ ကျန်းမာရေးအတွက် အင်းလျားကန်နံဘေးက ကွက်လုပ်မှာ လှုပ်လှုပ်ယှားယှား
3 ဗိုလ်တစ်ထောင်ဘုရားမှာ တရားကျင့်နေတဲ့ သံဃာတော်
4 အင်းလျားက လေ့ကျင့်ခန်းဆင်းနေသူတွေပါ
5 ဗိုလ်တစ်ထောင်ဘုရားမှာ တရားထိုင်နေသူ
6ဒါကလဲအင်းလျားကန်စောင်းမှာပါဘဲ
7 တည်ငြိမ်အောင် ................တစ်ကိုယ်တော်...............8 ကလေးကတော့ ပျော်ပျော်ဘဲေ နာ်အမြဲ့လှုပ်နေတာ
9 သူတို့လဲ အစက အငြိမ်ဘဲ
10 ငှက်ကလေးတွေရဲ့ အလှုပ်

“ဖျပ်ကနဲ့ရန်ကုန် အပိုင်းလေး -အငြိမ်နဲ့အလှုပ်”

 

ဒီတစ်ခေါက်ရန်ကုန်အသွားနေရာတော်တော်များများကိုရောက်ခဲ့ပါတယ်။

အင်းလျား-ကန်တော်ကြီး အစရှိတဲ့လူအများစည်ကားတဲ့နေရာတွေရော။

ဆူးလေ ရွှေတိဂုံ ဗိုလ်တစ်ထောင် စွယ်တော်ဘုရားတွေရောပေါ့။

အဲဒီမှာ တရားကျင့်ကြံလို့ စိတ်အေးချမ်းမူ့ကို ရှာနေသူ။

တရားရိပ်မှ ခဏခိုလို့ အပူတွေလျော့နေသူ။

နံနက်စောစော အကြောလျော့လို့ လေ့ကျင့်ခန်းယူနေသူ။

အစုံပါဘဲ။

ဒီအထဲမှာ အပူပင်မဲ့တဲ့ကလေးလေးတွေရဲ့ သဘာဝလေးကလဲချစ်စရာ။

သေချာပြန်ကြည့်တော့ လောက မှာ လှူပ်ယှားတာနဲ့တည်ငြိမ်တာ တလှည့်စီဆိုတာကိုပါဘဲ။

 

လောကကြီးကတော့ အမြဲတမ်းလှုပ်ယှား။

ဒါကိုတည်ငြိမ်အောင်ကျနော်တို့ကြိုးစားကြပါတယ်။

တစ်ခါတစ်ရံငြိ်မ်သက်ပြန်တော့ လှုပ်ယှားအောင်လုပ်ရ။

ဆန့်ကျင့်ဘက်လို့ထင်ရတာလေးတွေကို တင်ပေးလိုက်ပါတယ်။

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့။

(11-1-2012)

 

16 comments

  • ပြန်ပြီဗျ 9ရက်နေ့ မနက်ပြန်ရောက်တယ်လေ။
    တားတားကို ဆဲရဘူးနော်…………………..

    Reply

    • windtalker

      January 11, 2012 at 7:27 pm

      တားတား ကို
      ယားယား နဲ ့
      ပေးမတွေ ့ပေးလိုက်ရလို ့တဲ့
      ရန်ကုန် မှာ အကြံကုန်နေတဲ့
      အင်းကူး က
      ိဆိတ်တွေ မကောင်း ဖြစ်နေရှာတယ်

      Reply

  • ငပေါက်ဖော်

    January 11, 2012 at 6:52 pm

    လှုပ်လှုပ်ရှားရှားတွေကော တည်တည်ငြိမ်ငြိမ်တွေကော စုံလို ့ပါတကား..
    အင်းယားကန်က လေ့ကျင်းခန်းလုပ်တဲ့မြင်ကွင်း ခုမှ မြင်ဖူးသဗျာ..
    အဲဒီအချိန် ငပေါက်ကလေး အိပ်မက် မက်ကောင်းတုန်း အချိန်ပေါ့.. 😆
    တစ်ချိန်မတော့ ပေါက်ကြီးလို ဖြစ်အောင် လုပ်ဦးမယ်..စောကြီးတော့ ထရမပေါ့
    ပုံ၊
    ပေါက်ကြီးခြေရာနင်းမဲ့ပေါက်ကလေး
    😎

    Reply

  • “ဘီလူးကြီး”ogre

    January 11, 2012 at 7:13 pm

    ဒီလူကြီးစောစော စီးစီး
    ကန်ဘောင်သွားပြီး
    လေ့ကျင်ခန်းလုပ်တာတော့ မဖြစ်နိုင်ဘူး
    ကောင်မရေးဒွေ တွားငန်းဒါဘဲဖစ်မယ်
    အင်း…တိုပေါက်..တိုပေါက် အသက်ဒွေကြီးဘီနော်…ဟင်းဟင်း 🙂 🙂

    Reply

  • အသက်ကြီးရင်နုပျိုလာအောင် ဆက်ရတယ်ကွဲ့။
    မင်းလဲကြီးလာရင်သိလာမှာပါ။

    Reply

  • yaungchikha

    January 11, 2012 at 8:23 pm

    ဗိုလ်တစ်ထောင်ဘုရားက ပြုပြင်ထားတာကြာပြီလားမသိဘူးနော်၊ ကျနော် ရန်ကုန်မှာနေခဲ့တဲအချိန်ကတော့ အခုလို မတွေ့ခဲ့ရဘူး၊ အင်ယားကန်ဆိုတာလဲ ကားနဲ့ဖြတ်သွားတုန်းပဲ မြင်ဘူးခဲ့တာ၊ မရောက်ဘူးခဲ့ဘူး၊ ဦးပေါက်ရေ ကျေးဇူးပါနော်၊ ပုံလေးတွေတင်ပေးလို့…….

    Reply

  • Thel Nu Aye

    January 11, 2012 at 10:08 pm

    ကန်ဘောင်ကိုညမှသွားရမှာ။ အဲဒါမှပိုမိုက်တာ။

    Reply

  • ဦးဦးပါလေရာ

    January 12, 2012 at 12:21 am

    ကိုပေါက် ဒီလောက်သွားနိုင်တာကို တော်တော်အံ့ဩမိပါတယ်။
    ရက်ကလေးနဲနဲ နဲ့ စုံလိုက်တဲ့နေရာတွေ…

    Reply

  • သိပ်မစုံသေးပါဘူး ကိုကိုပါလေရာရဲ့ နောက်တစ်ခေါက်ရောက်ရင် ရိုက်မယ်ဆိုပြီး မှန်းထားခဲ့တဲ့နေရာတွေရှိသေးတယ်နော်………………..

    Reply

  • MaMa

    January 12, 2012 at 9:48 am

    ကိုပေါက်ရဲ့ အတွဲအစပ်ကို သဘောကျတယ်။ (ဓာတ်ပုံတင်မကဘူး။ အိုင်ဒီယာပါပါလို့)

    Reply

    • Khin Latt

      January 15, 2012 at 6:04 am

      Agree. 🙂

      Reply

  • ကြောင်ကြီး

    January 12, 2012 at 12:15 pm

    အငြိမ်နဲ့အလှုပ်
    ကြိမ်နဲ့ဒုတ်
    မြိန်တဲ့ငါးဆုပ်
    ဇိမ်နဲ့အုပ်
    လိမ်တဲ့ဗရုတ်
    အရှိန်နဲ့တုပ်….။

    Reply

  • padonmar

    January 14, 2012 at 11:19 pm

    ကိုပေါက်ရေ
    အငြိမ်အလုပ်လည်းလုပ်ဖူးတယ်၊စိတ်ချမ်းမြေ့တယ်။
    အလှုပ်လည်း လှုပ်ဖူးတယ်၊
    ကိုယ်ကျန်းမာတယ်။
    ၂ခုလုံး အားပေးတယ်။

    Reply

    • Khin Latt

      January 15, 2012 at 6:09 am

      အစ်မရေ – ကျွန်မ အဖို့တော့ လှုပ်ဖို့လွယ်တယ်။ ငြိမ်ဖို့ခက်တာကလား။
      ငြိမ်လိုက်တာနဲ့ စိတ်က စလှုပ်တော့တာ မရပ်တော့ဘူး။
      Proper အငြိမ် ဖြစ်ဖို့ ကြိုးစားဆဲ……. 😀

      Reply

  • ကျနော်ကတော့ အခုအချိန်ထိ လှုပ်နေရဆဲပါဘဲဗျာ။
    နှလုံးရပ်မှ ငြိမ်မယ်ထင်ပါရဲ့။

    Reply

Leave a Reply

Your email address will not be published.