သားသမီးကိုကိုယ့်ထက်သာအောင် သွန်သင်ပါ

fattyJanuary 10, 20121min013

ကျနော်ဒီအကြောင်းရေးတော့အပျိုကြီးတွေ လူပျိုကြီးတွေနဲ့တော့
မဆိုင်လှဘူးပေါ့ဗှာ ..။သားသမီးရှိတဲ့အိမ်ထောင်သည်များနှင့်သာဆိုင်သည်ပေါ့
ရေးဖြစ်ရတဲ့အကြောင်းကတော့ ……
တလောက … အိမ်နီးနားချင်းတဦးရဲ့သားငယ်က
အင်တာနက်တတ်ပေးပါဆိုပြီးသူ့အဖေကိုပူဆာသဗျ
အဖေလုပ်သူက မင်းဟာက ပိုက်ဆံဖြုံးဖို့သက်သက်ပါကွာတဲ့
ဘာလုပ်ရမှာလဲတဲ့ ……………
ကဲ … အဲလိုလဲ ရှိသေးသဗျ။

ရန်ကုန်မြို့လယ်ခေါင်မှာနေတဲ့မိသားစုနော …
သားဖြစ်တဲ့သူကပူဆာလွန်းအားကြီးတော့ကျနော့လာမေးပါတယ်
အင်တာနက်ဆိုတာဘာလုပ်လို့ရလို့လဲတဲ့ဗျား …………။
အဖေလုပ်တဲ့သူက အရင်ကဓာတ်ဆီဆိုင်ကပန့်သမားပါ
ဆီစားပြီးကြီးပွါးလာသူဆိုပါတော့
အခုလက်ရှိလဲ နှစ်လုံးဒိုင်ကိုင်ပြီးဝင်ငွေကောင်းနေသူပါ
သူ့လောက်မှဝင်ငွေမကောင်းတဲ့ ကျနော်က
ပညာရတယ် ဗဟုသုတရတယ် ဘယ်လိုများရှင်းပြရမှာပါလိမ့် …..။

***************************************************************************************

နောက်တဦးကတော့အဖေက စကာင်္ပူမှာ အလုပ်လုပ်နေပါတယ်။
အမေကတော့ဒေါ်ရွှေစုလို့တောင်ခေါ်လိုက်ချင်ပါတယ်
ရွှေတွေငွေတွေစိန်တွေ ဝယ်ဝယ်ပြီးစုလွန်းလို့ပါ .။
အဲ သားသမီးပညာရေးကြတော့ အားမပေးဘူးဗျာ
ကလေးက ဘွဲ့လေးတခုရယုံသာရပြီးအခုတော့ချောင်ပလောင်ထဲမှာ
လစာလေးမလောက်မငနဲ့ အလုပ်လုပ်နေရတယ်။
ကျနော်မနေနိုင်ပါဘူး သူတို့နဲ့လဲရင်းနှီးတော့တိုက်တွန်းပါတယ်
ကလေးကိုပညာရေးကောင်းကောင်းမြေတောင်မြှောက်ပေးပါ
ခေတ်ကပြောင်းနေပြီ သူများနောက်ကျန်ခဲ့လိမ့်မယ် ..။
အဲလိုပြေလည်းမရပါဘူးဗျာ ..
အခုမှ ဟိုလွှတ်ချင်ဒီလွှတ်ချင်နဲ့ဆိုတော့ အချိန်ကနှောင်းနေပြီ
သားကအရွယ်ကောင်းတုန်းရှိသေး
အရက်ကသောက်တတ်နေပြီလေ တောထဲနေရတာကိုး …။

ကျနော့မိသားစုမှာပညာရေးစားရိတ်ကတော်တော်ထောင်းပါတယ်
သားကြီးအတွက်တလကို ရ သိန်းလောက်ပို့ရတယ်။
သားငယ်က တလ ၅ သိန်းလောက်ကုန်ပါတယ် ..။
သာရေးနာရေးစားရေးသောက်ရေးကျန်းမာရေး ဘာရေးညာရေးမပါသေးပါဘူး
ပညာရေးတခုထဲပါ။
ကျနော့ခံယူချက်ကိုက သူတို့ဟာမိဘတွေထက်သာကိုသာရမယ်
ဒါမှလောကကြီးကတိုးတက်သတက်တိုးတက်လာမယ်
စဉ်းစားတွေးခေါ်နိုင်စွမ်းတွေမြင့်သထက်မြင့်လာမှာမဟုတ်လားဗျာ ..။
ကျနော့မိသားစု plan လေးမှာ ကျနော့ယုံကြည်ချက်အတိုင်း
ပညာရေးကို ဘတ်ဂျက်တိုးသုံးထားတာပါ …။
နိုင်ငံတော်အတိုင်းအတာနဲ့ကြည့်ရင်တော့ ………
ကျနော့အမြင်များမှားနေလို့လားမသိပါဘူးဗျာ ……………..။

13 comments

  • Foreign Resident

    January 10, 2012 at 5:30 pm

    ဦး Fatty ရေ
    သားသမီးတွေအပေါ်ထားတဲ့
    ဦး Fatty ရဲ့ မေတ္တာ နှင့် အနစ်နာခံမှုကို
    ထောက်ခံသွားပါတယ် ။

    Reply

  • MaMa

    January 10, 2012 at 7:08 pm

    ဦးဖက်လို အမျှော်အမြင်ရှိတဲ့ မိဘမျိုးမှာ သားသမီး လာဖြစ်ရတာ နည်းတဲ့ကုသိုလ် မဟုတ်ဘူး။

    Reply

  • fatty

    January 10, 2012 at 8:12 pm

    တဲ့တဲ့ပြောရတော့မှာဘဲ …………
    နိုင်ငံတော် plan ချမှတ်နေသူတွေ ပညာရေးဘတ်ဂျက်မှာဒီလောက်မသုံးဘူးဗျ
    ဒါကြောင့်ကျနော့်မိသားစု plan မှားနေသလားလို့ပါ …။
    အကြံလေးများပေးကြပါအုံးလား ……..။

    Reply

    • MaMa

      January 10, 2012 at 9:53 pm

      အင်းးးးးးးးးးးး ဒီလို တည့်တည့်ပြောတော့လည်း ရေးရေးတော့ ပေါ်လာသား…. 😆

      Reply

  • water-melon

    January 10, 2012 at 9:12 pm

    လူတိုင်း ဦးဖက်လိုဆိုရင်ကောင်းမှာဗျ
    တော်ရုံလူကတော့ ကျောင်းပြီးတာနဲ့ အလုပ်ခိုင်းတာဘဲဗျ
    ငွေရေးကြေးရေးကလည်းကွာတယ်နော့
    ဦးဖက် သားသမီးတွေကျောင်းစားရိတ်က နှစ်ယောက်ပေါင်း ၁၂ သိန်းလောက် ရှိနေတာ့ တော်ရုံမိသားစု အတွက်တော့ မလွယ်လောက်ဘူးဗျ
    ကိုယ်က ရင်းပြန်တော့လည်း သားသမီးက ကြိုးစားရင်တော့ ကောင်းတာပေါ့
    ငွေကုန်အချိန်ကုန်ပြီး ဘာမှဖြစ်မလာရင် နှမြောစရာကြီး

    Reply

  • padonmar

    January 10, 2012 at 10:01 pm

    ဦးဖက်က မဆိုင်ဘူးပြောပေမယ့် ဒီအကြောင်းမန့်ချင်တယ်။
    ဦးဖက်မှာသာ လောလောဆယ် သားသမီးပညာရေးအတွက် အကြွေးမတင်ပဲ ထားနိုင်တယ်ဆိုရင်
    အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါ။
    ပညာတတ်တွေ လူရာဝင်မယ့်ခေတ်ကို ရောက်ဖို့ မဝေးတော့ဘူးလို့ မြင်ပါတယ်။
    တစ်ခုတော့ရှိတယ်။ သူတို့ ဒီပညာနဲ့ ငါ့ကိုပြန်ရှာကျွေးမယ်လို့တော့ မျှော်လင့်မထားစေချင်ဘူး။

    Reply

  • windtalker

    January 10, 2012 at 10:41 pm

    ဦးဖက်တီး စာ ကို ဖတ်ရတော့
    ကျွန်တော့် မာတာမိခင် ပြောလေ့ ရှိတဲ့ စကား ကို သတိရမိသဗျာ
    ငါ့သားသမီးတွေ ပညာတတ်ဖို ့ဘဲ ပိုက်ဆံသုံးမယ်တဲ့
    ငါသာ ရွှေတွေ စိန်တွေ ဝယ်ဝတ်ခဲ့ရင် ရတာပေါ့တယ်
    ဦးဖက်တီး စာဖတ်ပြီး
    ကျွန်တော့် မာတာမိခင် ကို ကျေးဇူးဆပ်ဖို ့၊ သတိရတယ်ဗျာ
    ကျေးကျေးပါ

    Reply

  • fatty

    January 11, 2012 at 9:22 am

    မှန်ပါတယ်ပဒုမ္မာရယ် သားသမီးဆီကတော့ပြန်ရမယ်လို့တော့မမျှော်မှန်းထားပါဘူး
    ဒါပေမဲ့ ရင်ထဲကကိုဖြစ်ထွန်းချင်နေတာဆိုတော့ သူတို့အရေးမှာတွန့်ဆုတ်လို့ကိုမရပါဘူး
    မိဘကမတတ်နိုင်လို့ သူတို့တက်ချင်တာလေးမတက်လိုက်ရဘူးဆိုရင်အသေတောင်ဖြောင့်မှာ
    မဟုတ်တော့ပါဘူး …..။ နိုင်ငံတော်ကလည်းပြည်သူကို သားသမီးကဲ့သို့သဘောထားနိုင်ရင်
    ဘယ်လောက်ကောင်းမလဲလို့ ကျနော့မိသားစုလေးနဲ့ယှဉ်ပြရတာပါ။ ပညာရေးဘတ်ဂျက်ဟာ
    ရင်းနှီးမြှုုပ်ျနှံရတဲ့ဘတ်ဂျက်ပါ ..။ နောက်ကျလို့လဲမရပါဘူး အချိန်ကအရေးကြီးပါတယ်။အခုကထဲကရင်းနှီး
    မြှုပ်နှံမှုလုပ်မထားသေးရင် အခုကလေးတွေ နောင်လူကြီးဖြစ်လာတဲ့အချိန်မှာ နိုင်ငံဟာ တိုးတက်
    ထွန်းပြောင်မလာနိုင်သေးဘဲ အမြင်ကျဉ်းတဲ့သူတွေလက်ထဲမှာဘဲရှိနေအုံးမှာပါ။

    Reply

  • manawphyulay

    January 11, 2012 at 11:56 am

    အပျိုကြီး လူပျိုကြီးတွေနဲ့မဆိုင်လှလည်း တူလေးတွေ တူမလေးတွေအတွက် လေ့လာစရာ မှတ်သားသင့်တဲ့အချက်လေးတွေပါပဲ။ ပြုပြင်ပေးလို့ရတာပေါ့နော်။

    Reply

  • စုံ စုံ

    January 11, 2012 at 1:28 pm

    ဦးဖက်ရေ ဒီပို့စ်လေးကြောင့်ဘဲမိဘကျေးဇူးကိုပိုအောက်မေ့မိပါတယ်
    ကျမအဖေက ဘုန်းကြီးကျောင်းသားဆိုတော့ပညာကောင်းကောင်းမသင်ခဲ့ရဘူး
    ဒါကြောင့်သူ့သားသမီးတွေဖြစ်တဲ့ကျမတို့ကို ပညာအရမ်းတတ်စေချင်ခဲ့တာ
    သူပေးနိင်တဲ့အမွေကလဲ ပညာအမွေဘဲရှိတယ်ဆိုတာ ခဏခဏပြောရင်း
    စာတော်စေချင်ခဲ့တာလေ ကျမကိုယ်တိုင်ကလဲ (ကျမအတိုင်းအတာနဲ့ပေါ့)
    သူကျေနပ်အောင်ကြိုးစားပေးခဲ့တယ် အခုတော့ကျမအတွက်အဖေစိတ်အေးနိုင်ပါပြီ
    ဒီလိုဘဲ ကျမတို့သားသမီးအလှည့်ကျရင်လဲ အဖေ့လို ဦးဖက်လိုစိတ်မျိုးမွေးပြီး ကိုယ့်သားသမီးကို
    မြေတောင်မြှောက်ပေးနိင်မှ မိဘထက်သာမယ့်သူတွေဖြစ်လာမယ်ဆိုတာ ပိုသေချာသွားတာပေါ့

    Reply

  • Novy

    January 11, 2012 at 1:33 pm

    ဦးဖက်ရေ..
    မိဘဆိုတာ သားသမီးအပေါ်
    ပေးဆပ်သူပါ
    ဥယျာဉ်မှူးတစ်ယောက်လို့
    ကိုယ်ရဲ့ ပန်းလေးတွေရှင်သန်လာဖို့
    အရိပ်တကြည့်ကြည့်နဲ့ ပြုစုပျိုးထောင်းရင်
    ကိုယ့်ဘဝတွေကို ဒီဥယျာဉ်ကြီးထဲမှာ
    ပေးဆပ်ရင် အချိန်တွေကို ကုန်ဆုံးနေသူပါ

    မနိုလဲ သမီးလေးပညာရေးအတွက် အချိန်တွေငွေတွေကို မြေဩဇာ ထည့်ပေးနေရသူဆိုတော့
    ဦးဖက်ရဲ့ Plan ကို ထောက်ခံသွားပါတယ်

    Reply

  • ကိုရင်စည်သူ

    January 11, 2012 at 1:55 pm

    ဗြဲ..ဗြဲ… ဦးဦးဖက် ဝမ်းထဲမှာ မဝင်စားခဲ့တာ
    ကိုယ့်ကိုယ် ရင်နာတယ်.. ဗြဲဗြဲ…
    ချန့်လေးတစ်ခုတော့ ရှိသေးတယ်… နော်.. ဦးဦး.. 😆 😆

    Reply

  • nozomi

    January 11, 2012 at 2:03 pm

    ဦးဖက်က ရည်ရွယ်ချက် နှစ်ခုနဲ့ပြောတာပါ
    တစ်ခုကတော့ ဦးဖက်ကိုယ်တိုင် ပြောလိုက်ပြီ
    နောက်တစ်ခုကတော့ ရွာထဲမှာ သင့်တော်တဲ့ သမီချော၊လိမ္မာလေး နှစ်ယောက်လောက် ရှာချင်တာပါ

    Reply

Leave a Reply

Your email address will not be published.