လှောင်ချက်ကယ်…. နာ

 

 

 

 

ပင်ပန်းသည်။

ခေါင်းတွေထဲ မူးနောက်နောက်နဲ့..။ တကိုယ်လုံး နှုံးချည့်နေသလိုလို..။ စိတ်ထောင်းတော့ ကိုယ်ကြေသည်ပေါ့..။

ဒီတော့လဲ စိတ်ပြေလက်ပျောက် လဘက်ရည်ဆိုင်လေးဝင်ပြီး ကော်ဖီမစ်လေးတခွက်လောက်သောက်လိုက်ဘို့ စိတ်ကူးမိလေသည်။

ဆိုင်ဝကလှမ်းကြည့်တော့ နေ့လည်ကြောင်တောင်ကြီးမှာတောင် စားပွဲတွေကသိပ်မလွတ်ချင်။

တိုက်နှစ်လုံးကြား အပြင်ဒေါင့်က စားပွဲလေးသာကိုယ့်အတွက်ကျန်သည်။ ဘယ်တတ်နိုင်မလဲ။ ရတဲ့နေရာပေါ့…။

တကယ်တော့ ဒီစားပွဲကသိပ်ထိုင်လို့ကောင်းသည်မဟုတ်။ ဘေးမှာကလဲ တိုက်နှစ်လုံးကြားမှရေမြောင်းငယ်ရှိတော့ နဲနဲညစ်တီးညစ်ပတ်နိုင်လေသည်။ ပိုဆိုးတာက အပေါ်ထပ်အခန်းမှ အဲယားကွန်းရေပြန်ပိုက်ကို စည်းမဲ့ကမ်းမဲ့အပြင်ထုတ်ထားတော့ ရေစက်တွေ ရေမြောင်းထဲတည့်တည့်ကျကာ အပြင်ကို စင်တတ်သည်။ ကိုယ့်ခြေထောက်လာမထိအောင် ခပ်ရှောင်ရှောင် လွှဲထိုင်ရလေသည်။

နက်စ်ကော်ဖီမစ်တခွက်မှာရင်း ဆေးလိပ်ဗူးထုတ်ကာ တလိပ်ညှိလိုက်သည်။ ပြီးတော့ မှုတ်ထုတ်လိုက်သည့် ဆေးလိပ်မီးခိုးများကိုကြည့်ရင်း လွန်ခဲ့တဲ့လနည်းငယ်ဆီ စိတ်က ပြန်ရောက်သွားပြန်သည်။

 

အော်… လုပ်စားတော့ မိုးခေါင်ဆိုလား….

သည်တနှစ်လုံးအဆင်မပြေလှ။ တရုတ်မကြီးပိုက်မိလိုက်လို့ ခွက်ခွက်လန်သွားပြီးကတည်းက ဘာမှလုပ်လို့ကိုင်လို့ အစပ်မတည့်။ တရုတ်မကြီးဆိုတာက ကုမ္မဏီတခုကထုတ်ရောင်းတဲ့ ဆယ့်လေးယောက်စီး ခေါင်မြင့် တရုတ်ဟိုင်းအေ့စ်ကို ပွဲစားတွေနာမည်ပေးထားတာပါ။ သည်အကြောင်းတွေမတွေးလိုတော့ပြီ။ ကိုယ့်အဖြစ်နဲ့ကိုယ်သာ ရှိပါစေတော့။ ဒါနဲ့ပဲ ပါသွားတာလေးပြန်ကာမိမလားလို့ ဟိုဆွဲဒီစပ်ဖြင့် အလုပ်တခုကို ငါးပွက်ရာငါးစာချမိပြန်လေသည်။

တွက်ရေးတုန်းကတော့ စက်သဌေးပေါ့ … နော့။ ခက်တာက တွက်တဲ့အထဲ စီးပွားကူးသန်းရဲ့ တပတ်တခါနှုံးလောက်နဲ့ အမျိုးမျိုးပြောင်းနေတဲ့ မူတွေကို ထည့်မစဉ်းစားမိခဲ့..။ အတိုချုပ်ရသော် ဦးပါလေရာတယောက် ဖွတ်မရသည့်အပြင် ဓါးမလဲ မသေချာတော့သည့်ဘဝသို့ ရောက်လေသတည်း။

ဖုတ္ထဿလောကဓမ္မေဟိ  စိတ္တံယဿ နကမ္ပတိ ..တဲ့။ ဘုန်းကြီးကျောင်းသားဘဝက ဆရာတော့်ကြိမ်လုံးကြောက်လို့ စွတ်ရွတ်ကျက်ထားတဲ့ မင်္ဂလသုတ်လေးနဲ့ ကိုယ့်ကိုယ်ကို ပြန်အားပေးပါသည်။ လောကဓံကြုံမဖြုန်တမ်းပေါ့ မတုန်စမ်းနဲ့စိတ်ခိုင်လေ  .. ဆိုလား။ စိတ်ကိုအနိုင်နိုင်တင်း၍ သတိသမ္ပဇဉ်တို့ကို တစစီကောက်ဆက်ကာ ဦးပါလေရာတယောက် ထပ်မံလာလတ္တံ့သော အခွင့်အလမ်းတို့ကို မျက်စိကိုဖွင့်နားကိုစွင့်လျှက် ငုတ်တုတ်ကြီးထိုင်စောင့်ပြန်လေသတတ်။

—–

အဲ.. အဲ.. အဲသည်နား…ပေါ့။ အဲသည်နားကို အစွင့်ကောင်းလို့ပေါ့…။

ကိုယ့်လိုဘဝတူယောင်လည်လည်တယောက်က “သံလျှင်ဘက်မှာ မြေတွေ ဈေးမြောက်နေတယ်… အလုအယက်ဝိုင်းဝယ်နေကြတာ ပွဲတော်ကြီးလိုပဲ… စီမံကိန်းရှိလို့ဆိုလားမသိဘူး… အခုသွားရင်ရနိုင်သေးတယ်..” ဟု သူခိုးသေဖေါ်ညှိသောအခါ ဦးပါလေရာမနေနိုင်လေပြီ။ လွန်ခဲ့သောဆယ့်သုံးနှစ်က တသက်လုံးရှာထားသမျှ တက်တက်ပြောင်သွားခဲ့ဘူးသော သင်ခန်းစာတို့ကို သတိမရတော့ပြီ။

သံလျှင်က ပွဲစားဆိုသောလူ၏အိမ်ကိုရောက်တော့ စတုဒိသာအလှူလုပ်နေသလားမှတ်ရသည်။ အိမ်ပိစိလေးမှာ အိမ်ထဲလဲအပြည့်၊ ဝရံတာလဲ မဆန့်၊ ခြံထဲသို့ပင် ခြေနှစ်ချောင်း မိမိရရချမိအောင် အတော်ကြိုးစားရသည်မှာ ပတ်စပို့သက်တမ်းတိုးရသည်ထက်ပင်ဆိုးနေသယောင်။ ဤလူပင်လယ်ကြီးအတွင်းမှာ ပွဲစားဆိုသူကို ရှာရသည်မှာလဲ ကောက်ရိုးပုံကြား အပ်ပျောက်သည့်နှယ်…..

 

(  ဆက်ပါမည်… )

23 comments

  • ငပေါက်ဖော်

    January 9, 2012 at 7:41 am

    ပွဲစားများ အလှူပွဲတွေ လိုက်ရှာပေါ့ဂျာ

    ရဂါးနောက်ဒါ..

    အဲဒီအကြောင်း စိတ်ဝင်စားဒယ်..
    ကြားထဲက ပွဲစားတွေ ကြီးပွါးမယ်ထင်တယ်..
    အဖြစ်မှန်..သိရအောင် ဆက်ပါလော့အဆွေ

    Reply

  • small cat

    January 9, 2012 at 8:01 am

    ကပေါက်ဖော်ရ ကပေါက်ဖော်ပြောနေတဲ့ဟာတွေက ပွဲစားမဟုတ်တော့ဘူးဗျ ရိုက်စားတွေ ဗျ ရိုက်စားတွေ။

    Reply

  • ပေစိ

    January 9, 2012 at 11:35 am

    အင် တန်းလန်းကြီး ဟပ်ဖီးကြီးနဲ့ ဦးဦးပါလေရာ ထားသွားပြီ ဆက်ပါဦး ဦးဦးပါလေရာ ခံရတဲ့အကြောင်း ဟိဟိ

    Reply

  • ကြောင်ကြီး

    January 9, 2012 at 11:50 am

    လှောင်ချက်ကယ်နာ
    ကြောင်မြတ်ရယ်သာ
    စောင်လှပ်တွယ်တာ
    ပေါင်မျက်ကယ်နာ
    ဟောင်လျက်ဖယ်ကွာ
    ယောင်ထွက်ကယ်ပါ..။

    Reply

  • Thel Nu Aye

    January 9, 2012 at 12:23 pm

    တော်ကြာဒလဘက်ကမြေမြိုတဲ့လူလိုဖြစ်သွားအုံးမယ်နော်။ မြေတကွက်ကိုသိန်း ၃၀၀၊ သိန်း ၄၀ဝ နဲ့ဝယ်။ ပြန်ရောင်းတော့ဝယ်မဲ့လူမရှိလို့တသက်လုံးစုထားသမျှမြေမြိုသွားလို့ဖြစ်နေအုံးမယ်။ ကြည့်လုပ်၊ ပွဲစားစကားများတယ်မယုံရ။ ကျွန်မတော့ခံရပါများလို့ပွဲစားဆိုရင်ဝေါင်ဝေါင်ရှေး၊ ဝေးဝေးရှောင်ပါတယ်။

    Reply

  • weiwei

    January 9, 2012 at 1:04 pm

    အခုတော့ ဈေးတွေပြန်ကျပြီကြားတယ် … အရောင်းပဲရှိပြီး အဝယ်မရှိတော့ဘူး … စရန်ပေးတဲ့သူတွေတောင် အဆုံးခံလိုက်ကြတယ်တဲ့ … ပွဲစားတွေခြေရှုပ်နေတဲ့ happy country ဆိုင်လေးတောင် ခြောက်ကပ်သွားတာ တွေ့လိုက်ရတယ် …

    Reply

  • ဦးဦးပါလေရာ

    January 9, 2012 at 1:53 pm

    အားပေးကြတယ် … လာ့ 🙁

    ကိုပေါက်ဖေါ်ရေ- ပွဲသိပ်မပြီးတတ်သေးလို့ ပါးပါးလေး တို့နှင့်မလို့ဗျ။ မကြာခင် ဇတ်သိမ်းခန်းရောက်တော့မယ်ထင်တယ်..။

    ကိုကြောင်လေးပြောတာမှန်တယ်။ ကိုယ်တွေ့ … 🙁

    ကိုပေစိရဲ့ …
    ကိုယ်ခံရတာဆိုတော့ ဖြေးဖြေးပြောရတယ်။ သူများခံရတာလို အားရပါးရလုပ်လို့ဘယ်ဖြစ်မလဲ..:D

    ကိုကြောင်ကြီး…..
    ရှောင်လျှက်ဖယ်ခွာ
    နောင်သက်ဆယ်ခါ
    ဖေါင်ဖျက်တယ်ဗျာ။

    မသဲနုအေး၊ မဝေဝေ၊ ရေ….
    အခုမြေမြိုတာ ဒလဘက်တင်မကတော့ဘူး
    အစကတည်းက အကြောင်းလုံလုံလောက်လောက်မရှိပဲ စွတ်တက်ခဲ့တာဆိုတော့။
    တကယ်တော့ မြေနဲ့ပါတ်သက်ပြီး အတည်ဆောင်းပါးရေးချင်ပါတယ်။
    ဉာဏ်သိပ်မမီလို့ ချိန်နေတာနဲ့ ….။

    Reply

  • nozomi

    January 9, 2012 at 2:01 pm

    ပါသွားတဲ့ သူတွေအတွက် စိတ်မကောင်းပေမဲ့
    မြေဈေးတွေ ပြန်ကြပါစေ (စက်မှုဇုံတင် မဟုတ်ပဲ လူနေရပ်ကွက်တွေပါ) ဆုတောင်းပါတယ် (သူကြီးရေ ကျွန်တော်လဲ လောလောဆယ်ဒါပဲ တတ်နိုင်လို့ပါ)

    ဦးပါလေရာ တကယ်တော့ မြေနဲ့ပါတ်သက်ပြီး အတည်ဆောင်းပါးရေးချင်ပါတယ်။ ဆို ရေးပါဦး ဗျာ ကျွန်တော်တို့အတွက် အကျိုးရှိပါတယ် စောင့်မျှော်နေပါမယ်

    Reply

  • windtalker

    January 9, 2012 at 2:40 pm

    သားက မန်းတလေး ကဆိုတော့ သန်လျင်မြေဈေးကွက်မသိလို ့သိတာလေး မန် ့ဦးမယ်ဗျာ
    လူတွေ ဝယ်သောက်နေကြတဲ့ ဈေးနှုန်းချိုသာစွာ ဝယ်လို ့ရသော ကော်ဖီမစ်ထုပ်များသည် ကော်ဖီ မစစ်ပါတဲ့ ။ ကော်ဖီစစ်စစ် တစ်ခွက် ဖြစ်ဖို ့ဆိုရင် အဲဒီဈေးနဲ ့ဘယ်လိုမှ မရောင်းနိုင်ပါဘူးတဲ့ ။
    ဆိုတော့က…မစ်ထုပ်များသည် ရောဂါဘယ ထူစေဖို ့အကြောင်းအထောက်အပံ့ ဖြစ်နိုင်ပါသတဲ့ ။
    အဲဒါနဲ ့ သားတို ့လင်မယား လဲ အဲဒီသတင်းကြားပြီးတဲ့နေ ့ကတဲက စလို ့၊ မြန်မာကော်ဖီမှုန် ့ပြေးဝယ် ၊ နို ့ဆီပြေးဝယ်ပြီး ၊ ကိုယ်တိုင်ကိုယ်ကျ ဖျော်သောက်နေကြကြောင်း ရယ်ပါလေ

    Reply

  • Novy

    January 9, 2012 at 3:33 pm

    ဦးပါလေရာရဲ့ ကိုယ်တွေ့ ဖြစ်ရပ် တွေက
    နောက်လူတွေ အလုပ်လုပ်ရင် ဆင်ခြင် နိုင်မှာမို့
    ဦးပါလေရာ ကုသိုလ်တွေတော့ ရမှာပါ
    မနိုတို့လဲ သိသင့်သိထိုက်တာ ဆောင်ရန်ရှောင်ရန်တွေကို
    ဆက်ပြီးရေးပါအုံးလို့

    Reply

  • nature

    January 9, 2012 at 3:42 pm

    ခေါင်းစဉ်လေးကိုကြည့်ပြီးတော်တော်လေးနာမဲ့ဇာတ်လမ်းမို့လို့စိတ်ပါဝင်စားစွာ အားပေးနေပါတယ်။ ခေတ်နဲ့အညီလိုက်နိုင်တဲ့ ဦးဦးပါလေရာကြီးပါပဲ။ ဒါတွေက ပေါ်ပင်လူတိုင်းစိတ်ဝင်စားနေကြတဲ့ အကြောင်းလေးဆိုတော့်မြန်မြန်လေးဆက်ရေးပေးပါ။ အမြဲတန်းလန်းကြီးတော့ လုပ်မထားပါနဲ့။ 🙂

    Reply

  • manawphyulay

    January 9, 2012 at 3:58 pm

    အယ် အဲဒီတော့ ဘာလုပ်စားမယ်လို့ စိတ်ကူးနေလဲ ဦးဦးပါလေရာ…
    ဗဟုသုတဆိုတာ ကိုယ်တွေ့ကြုံတာမှ သိရတာဆိုတော့ ပြန်လည်မျှဝေပေးပါဦး ဆက်လက်စောင့်မျှော်နေပါ့မယ်။

    Reply

  • etone

    January 9, 2012 at 4:44 pm

    ဦးဦးပါလေရာရေ … ပွဲစားအသိတွေမြင်ခဲ့ဖူးတော့ … သူတို့စကားပြောကျွမ်းကျင်တာကို အံ့ဩမိတယ် ။
    တချို့ဆို ကြမ်းပိုးကနေ လိပ်ဖြစ်အောင်ကို ပြောတတ်တာ …. ။ ဒါပေမယ့်လည်း .. စကားက သုံးခွက် တစ်ခွက်တင်လောက်ပေါ့ … ။ ဒါကတော့ သူတို့ပင်ကိုယ် အရည်သွေးပေါ့နော် … ။ ဖြတ်ထိုးဉာဏ်ကောင်းပေမယ့် .. ကွက်ကျော်စိတ်ရှိတာကိုတော့ မကြိုက်ဘူး … ။

    ပွဲစားအသိတွေနဲ့ အိမ်က လူတွေ ခင်ကြတယ် … အလုပ်သဘောအရမဟုတ်ပဲ ဆွေမျိုးမကင်းတဲ့ လူတွေမို့ … ဝင်ထွက်သွားလာနေပြီး တစ်ခါတစ်လေ ထိုင်စကားပြောမိလျှင် တမေ့တမောပါပဲ … ။ အပြောကတော့ ဟုတ်နေတာပဲ … .အလုပ်ကတော့ ချိုမိုင်မိုင်တွေများတယ် … ( ပွဲစားတိုင်းကို မဆိုလိုပါ ) ။

    Reply

  • naywoonni

    January 9, 2012 at 5:31 pm

    ပွဲဖြစ်မှစားရတဲ့သူတွေလေ…. နတ်ကတော်တွေလိုပေါ့…။ ရောင်းသူနဲ့ဝယ်သူကြားမှာ သူမပါလည်းမပြီးဘူး…။ ပါပြီဆိုလည်းနာမယ့်သာကြံထား….။

    Reply

  • MaMa

    January 9, 2012 at 8:01 pm

    မရေးတော့လည်း မရေး
    ရေးမယ့်ရေးတော့လည်း ….
    ကားကူး ကားဆက်ပုံလေး ပညာပါလို့ သင်ခန်းစာ ယူသွားကြောင်းပါ။
    (ကြည့်ရတာ ရုပ်ရှင်ဇာတ်ကားတွေမှာ ကားကူး ကားဆက် လုပ်ဖူးတင်ထင်တယ်။ 😀 )

    Reply

  • padonmar

    January 10, 2012 at 12:34 am

    အခုခေတ်စားနေတဲ့ လောကကို တစ်ကယ်ရောက်ဖူးကြုံဖူးသောဦးပါလေရာ၏ အတွေ့အကြုံများကို တိုးတိုးမက ကျယ်ကျယ်ကြားချင်ပါသည်။
    TV မှလာသော အခန်းဆက်ကားများလို ကောင်းခန်းမှာဖြတ်ပြီးကြော်ငြာထိုးနေပါသည်။

    Reply

  • pooch

    January 10, 2012 at 12:44 am

    အဲ့ဒီမြေကွက်တွေက တကယ်လား ဟင် ဝေးနေတော့ ဘာမှမသိဘူး..
    နေပြည်တော် စာရွက်ပေါ်ကအကွက်များလည်း ပိုက်မိသူတွေ ရင်တမမဖြစ်နေကြပါတယ် ဦးဦးပါလေရာရယ်
    ပလုံကြပြီနေမှာပါပဲ..

    Reply

    • ဦးဦးပါလေရာ

      January 10, 2012 at 1:18 am

      ဒီသံလျှင်မြေကွက်တွေကတော့ တကယ်အမှန်အကန်တွေပါ။
      အိုးအိမ်ကအကွက်ရိုက်ပြီးချထားတာတွေပါ။
      ရောင်းတဲ့ ဝယ်တဲ့အခါတွေမှာသာ မမှန်ကန်တာတွေဖြစ်တာလေ။
      နေပြည်တော်အကွက်တွေလဲ အမှန်အကန်တွေပါပဲ။
      ဒါပေမယ့် ဈေးနှုံးတွေက မတန်ဘူးဖြစ်နေတာ။
      ပြီးတော့ ဝန်ထမ်းအကွက်တွေကတော့ ရောင်းခွင့် လွှဲခွင့်လဲ တရားဝင်မရှိဘူးပေါ့။
      ဒါလဲ ဒီလိုပဲ စွန့်ပြီးဝယ်ကြတာပါပဲ။

      Reply

  • ဦးဦးပါလေရာ

    January 10, 2012 at 12:59 am

    @nozomi
    “ပါသွားတဲ့ သူတွေအတွက် စိတ်မကောင်းပေမဲ့
    မြေဈေးတွေ ပြန်ကျပါစေ”

    ပြန်တော့ကျပါတယ်။ အရင်တခေါက်လိုတော့ ဝုန်းဒိုင်းကြီးမဟုတ်ဘူးဗျ။
    ပါသွားတဲ့သူတွေကတော့သူ့လောဘနဲ့သူလေ။

    @windtalker
    မောင်ပေရဲ့-
    ကော်ဖီအတုဆိုတာ နင်တို့ မန္တလေးက စ တာဟဲ့။ 🙂
    အဲဒီတုန်းက ပဲပိုးထိုးတွေကို တောင်ခြေ ခွေးခြံနားမှာလှော်ပြီး ကြိတ်ရောပြီး တရုတ်ကိုပို့တာ။
    ဘာတံဆိပ် ကို ဘာပလပ်စတစ်နဲ့ထုပ်ပြီးပို့တယ်ဆိုတာ ဖေါ်ကောင်လုပ်ရဦးမလား..။:)

    @Novy
    ကိုယ်တွေ့ဖြစ်ရပ်စစ်စစ်တော့မဟုတ်ပါဘူးကွယ်။
    ဒီလိုပဲ ရောသမမွှေပြီး..။

    @nature
    အပိုင်းလေးတွေခွဲပြီးဆက်ပါမယ်ဗျာ..
    နဲနဲအားသွားလို့ လက်ငင်းဝေဒနာလေးတွေဘက်လှည့်ကြည့်တာလေ။

    @manawphyulay
    မနောရယ်
    ဒီမှာက ဘာအထူးလုပ်စားလို့ရမှာလဲ
    ဒီပေါ်ပင်အလုပ်မကောင်းရင် နောက်ပေါ်ပင်အလုပ်ပဲပေါ့ 🙂

    @etone
    @naywoonni
    ပွဲစားတွေထဲမှာလဲ ကောင်းတဲ့သူတော့ ရှိပါတယ်။
    အချိုးအစားနည်းတယ်ပေါ့။
    ဒီအလုပ်ရဲ့သဘာဝကိုက သိပ်ကောင်းရင်အလုပ်မဖြစ်တတ်သလိုလဲရှိတာကိုး..။
    ခက်တာက သူတို့နဲ့ ကင်းလို့တော့လဲ မရပြန်ဘူး။

    @MaMa
    ကြည့်ရတာ နောက်တပိုင်းမှာလဲ ပြောဦးမှာထင်တယ်။ 😀

    အရမ်းရှည်နေလို့ မမ ရဲ့။

    စာဖတ်သူကိုမနှိပ်စက်ချင်လို့ပါဗျာ။ 🙂

    @padonmar
    မပဒုမ္မာရေ
    တကယ်တော့ မြေနဲ့ကျွန်တော်နဲ့က ရန်စမကင်းဘူး။
    ၁၉၉ဝ မှာ မန္တလေး
    ၁၉၉၉ မှာ ဒဂုံဆိပ်ကမ်း
    ပြီးတော့ အခု..။

    Reply

    • nature

      January 10, 2012 at 11:33 am

      ဦးဦးပါလေရာကိုအားပေးပါတယ်။ ဟုတ်တယ်။ သိပ်ရှည်ရင် ဖတ်ရင်းဖတ်ရင်း မျက်စိတွေရှုပ်လာတယ်။

      Reply

  • kai

    January 10, 2012 at 4:51 am

    နောက်မြန်မာပြည်ထဲမဝယ်နဲ့တော့နော်…
    ယူအက်စ်မှာလာဝယ်..။
    တဧကမှ.. ဒေါ်လာ ၁၀၀ဝလောက်တွေအများကြီးပဲ..။ အာမခံချက်လည်းရှိတယ်..။
    ၅သိန်းဖိုးဝယ်ရင်.. အမြဲတန်းနေထိုင်ခွင့်ပါရမယ်..။ 🙂

    Reply

  • nature

    January 10, 2012 at 11:38 am

    ၁ဧက ဒေါ်လာ၁၀၀ဝ တန်တွေဆို ဝယ်ဖို့စိတ်ဝင်စားတယ် သူကြီး။ မြန်မာငွေနဲ့ဆို ၁ဧက ၉ သိန်းလောက်ပဲရှိတယ်။ ဘယ်နေရာတွေလဲ။

    Reply

Leave a Reply

Your email address will not be published.