သံဖြူဇရပ်က War Cemetery (1939-1945)

weiweiJanuary 2, 20124min08

မော်လမြိုင်ခဏခဏရောက်ဖူးပေမယ့် သံဖြူဇရပ်က စစ်သင်္ဂျိုင်းကို အခုတစ်ခေါက်မှပဲ ရောက်ဖူးခဲ့ပါတယ်။ ကျွန်မတို့ဧည့်သည် ဩစကြီးယားနိုင်ငံသားက သူ့အဘိုးရဲ့မိတ်ဆွေတွေကျောက်တိုင် ရှိနေလို့ ဝင်ပြီးဂါရဝပြုချင်တယ်ဆိုတာနဲ့ ရောက်ဖူးသွားခြင်းဖြစ်ပါတယ်။ ဝင်းထဲကိုဝင်လိုက်တာနဲ့ သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတာကို တွေ့ရပါတယ်။ ဝင်ကြေးမပေးရပါဘူး။ အင်္ဂလန်က တိုက်ရိုက်လစာပေးပြီး ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ ၁၉၃၉ ကနေ ၁၉၄၅ အတွင်း စစ်အတွင်းကျဆုံးသွားတဲ့ နိုင်ငံခြားသားစစ်သည်များရဲ့ ကျောက်တိုင်များကို ဗဟုသုတအနေနဲ့ကြည့်ရအောင် ဓါတ်ပုံတစ်ချို့ တင်ပေးလိုက်ပါတယ် ….

ခြံဝင်းထဲ ဝင်ဝင်ချင်းမှာရှိတဲ့ ကျောက်တိုင်
ဘယ်ဘက်အခြမ်းမြင်ကွင်း
အလယ်တည့်တည့်မြင်ကွင်း
ညာဘက်အခြမ်း မြင်ကွင်း
အနီးကပ်မြင်ကွင်း
စာတန်းတွေက စိတ်ဝင်စားစရာကောင်းတယ်
နိုင်ငံတံဆိပ်ကြည့်ပြီး ဘယ်နိုင်ငံကလဲ သိနိုင်တယ်
နိုင်ငံတံဆိပ်တွေ မတူကြဘူး
မတူတာလေးတွေ ရိုက်ပြထားတာ
တရုတ်စကားပင်ကြီးကလဲ လွမ်းစရာအသွင်နဲ့
သန့်ရှင်းသပ်ယပ်တဲ့ မြင်ကွင်း
သဂျိုင်းကျောက်စာ
အဝင်ဝ တံခါး
စစ်အတွင်းက ကျန်ခဲ့တဲ့ ရထားခေါင်းတွဲ
သံဖြူဇရပ် အထိမ်းအမှတ် သံဖြူဇရပ်

အထဲကိုဝင်လိုက်ချိန်မှာ ပန်းခြံတစ်ခုလိုဖြစ်နေပေမယ့် မြေပုံတွေကို တစ်ခုချင်းသေချာကြည့်ရင်း ရင်ထဲမှာ ဝမ်းနည်းသလိုလို ခံစားရပါတယ်။ ဆွေမျိုးသားချင်းတွေ လာရောက်အလေးပြုလေ့ရှိတယ်လို့ သိရပေမယ့် အရေအတွက်အရမ်းနဲပါတယ်တဲ့။ ထိုင်းဘက်မှာလဲ အခုလိုမျိုး စစ်သဂျိုင်းရှိပြီး သွားရောက်အလေးပြုတဲ့သူပိုများတယ်လို့ သိရပါတယ်။ ကျွန်မတို့ဧည့်သည်က သူ့ဆွေမျိုးသားချင်းတွေကို အကြာကြီးရှာပြီးတဲ့နောက် ၃ ခု တွေ့သွားတယ်။ အလေးပြုရင်း မျက်ရည်ဝဲနေတာတွေ့ခဲ့ရလို့ ကျွန်မတို့လဲ ထပ်တူစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

8 comments

  • water-melon

    January 2, 2012 at 7:32 pm

    အင်္ဂလန်က တိုက်ရိုက်လစာပေးလို့တော်သေးတာပေါ့
    နိုု့မို့ဆို……
    သူတိုု့နာမည်ရေးထားတာက ကျောက်နဲ့လား
    ဘာနဲ့လဲ မwei wei

    Reply

    • weiwei

      January 2, 2012 at 7:43 pm

      ကျောက်ပြားအမာအကောင်းစားပေါ်မှာ ကြေးစာလုံးကပ်ထားတယ်လို့ ထင်ပါတယ် … (သိပ်တော့ မသေချာ)

      Reply

  • MaMa

    January 2, 2012 at 7:42 pm

    ရထားခေါင်းတွဲတွေ၊ သံဖြူဇရပ်တွေကတော့ သမိုင်းမှတ်တမ်းပေ့ါ။
    စစ်သင်ချိုင်းက သေသေချာချာ ထိန်းသိမ်းထားတာ သပ်သပ်ရပ်ရပ်လေးပဲနော်။
    အုတ်ဂူလေးတွေ မြင်ရတာ ကိုယ်တောင် စိတ်ထဲတမျိုး ဖြစ်သွားတယ်။
    (သက်ဆိုင်သူတွေဆို ဆိုဖွယ်ရာမရှိ)
    အများစုက အသက်ငယ်ငယ်လေးတွေ။
    စစ်ရဲ့ အနိဌာရုံ ဆိုးကျိုးတွေပေ့ါ။ 🙁

    Reply

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    January 2, 2012 at 7:58 pm

    အဲ့သည်လို စစ်သင်္ချိုင်းတွေရဲ့ လုပ်သားခတွေကို ဖွဲ့စည်းပုံအရ
    သဂျီးတို့ရွာက အသပြာတွေနဲ့ပေးတယ်လို့ဆိုသဗျ
    ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တိုးတက်ပုံ
    အဲ့သည်လိုမျိုးစစ်သင်္ချိုင်းတွေမှာ လုပ်သားအဖြစ်အလုပ်လုပ်ဘို့
    သက်ဆိုင်ရာ ဆိုင်ရာပိုင်ရာမိသားစုတွေ အကြံဖန်လုပ်ပြီး ဝန်ထမ်းအဖြစ်လုပ်ကြတယ်
    and than အခြားတစ်ယောက်ကို ပလာစတာတွေ အပီကပ်ထားတဲ့ ဘီရှုးမား စက္ကူတွေနဲ့
    အလုပ်သမားအဖြစ်ပြန်ငှားစားတယ်လို့တော့ ကြားဘူးတာဘဲ
    ဟုတ်သော်ရှိ မဟုတ်သော်ရှိ
    မယုံသော် ပုံပြင်မှတ်
    သူရူးစိတ်ချမ်းသာသော် တိုင်းပြည်အေးချမ်းလတ္တံ့မှတ်
    ပုံ
    ငကြောင်အောင်ပု

    Reply

  • windtalker

    January 2, 2012 at 8:43 pm

    တရုတ်စကားပင်ကြီးက သက်တမ်းဘယ်လောက်ရှိပြီလဲ မသိဘူး ၊ တော်တော်လှတယ်နော

    Reply

  • blackchaw

    January 2, 2012 at 9:04 pm

    သွားချင်နေတဲ့ နေရာတွေထဲမှာ သံဖြူဇရပ်လည်းပါတယ်ဗျာ။
    ထောက်ကြန့်က စစ်သင်္ချိုင်းကတော့ ဖြတ်သွားဖြတ်လာမို့ ရောက်ဖူးနေသလိုပါပဲ။
    အံမယ်။ ဘယ်လောက်သန့်ရှင်းသပ်ယပ်သလဲဆိုရင်
    အပန်းဖြေတဲ့လူတွေတောင် လာကြတယ်ဆိုပဲ။
    ကျေးဇူးပဲဗျို့။

    Reply

  • hmee

    January 2, 2012 at 11:01 pm

    မဝေရေ ဟံသာဝတီ အဝိုင်းနားမှာလည်း အဲ့လို တခုရှိတယ်။ စာပေဗိမ္မာန် (ထင်တာပဲ သိပ်မတိကျလို့) အဲ့ ခေါင်းရင်ဘက် လမ်းကြားကနေ ဝင်လိုက်ရင် တွေ့ရတယ်။ မင်္ဂလာဒုံက သချင်္ ိုင်းကိုတော့ လူသိများပေမဲ့ ဟံသာဝတီက သချင်္ ိုင်းကို သိပ်မသိသလိုပဲ။ အင်္ဂလန်က တိုက်ရိုက်လစာပေးလို့ အခုလို သပ်သပ်ရပ်ရပ်ဖြစ်နေတာ။ အပန်းဖြေလို့တောင် ရတယ်။

    Reply

  • သားငယ်

    January 2, 2012 at 11:31 pm

    ထောက်ကြံ့ မှာတစ်ခု ဟံသာဝတီမှာ တစ်ခု သံဖြုှဇရပ်မှာ တစ်ခု နောက် ဘယ်မှာရှိသေးလဲ ဟင်…

    Reply

Leave a Reply

Your email address will not be published.