ဖတ်လိုက်ရတဲ့ ဒေါက်တာနေဝင်းမောင်သတင်း

chityimhtooJanuary 2, 20121min012

ဒေါက်တာနေဝင်းမောင် သေဆုံးမှုဟာ မြန်မာပြည်က ဆေးလောက ချွတ်ခြုံကျနေပုံကိုမီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။ နှစ်သစ်ကူးနေမှာသူဟာ ရင်ပတ်အောင့်လာတယ်။
နှစ်သစ်ကူးပါတီကို မိတ်ဆွေတွေနဲ ့ မဆင်နွဲနိင်ပဲ သူကိုယ်တိုင်ကားမောင်းပြီး တေဇပိုင် ဝိဒူရိယ ဆေးရုံးကို သွားရတယ်လို ့သိရတယ်။ ဒီဆေးရုံက ကိုးမိုင်တရုပ်သငြိုင်းကို စစ်တပ်ကသိမ်းပြီးတေဇကို ရောင်းထားတာဖြစ်တယ်။ ဟိုရောက်တော့ ဆေးရုံးမှာဆရာဝန်တွေမရှိပဲ နစ်သစ်ကူးပါတီ ဆင်နွဲနေကြတယ်လို ့သိရတယ်။ ဒါနဲ ့သူဟာ ရန်ကုန်ဆေးရုံကြီးကို ဆက်ပြီးကားမောင်းသွားရတယ်။

ရောက်ရောက်ချင်း ပဲသေဆုံးသွားတယ်လို ့ဆိုပါတယ်။ ဒါဟာမြန်မာ ပြည်က ပြည်သူကျမ်းမာရေးစနစ်
ပြိုကျနေပုံကို ကွက်ကွက်ကွင်းကွင်း ဖေါ်ပြလိုက်တာဖြစ်တယ်။ သူလို ့ပြည်စုံပြီး ပေါက်ရောက်တဲ့ လူတယောက်တောင် အဖြစ်ဆိုးနဲ ့ကြုံရတဲ့အတွက် အောက်ခြေဆင်းရဲ သားပြည်သူတွေဟာ နေစဉ်
နှလုံးရောဂါနဲ ့ဘယ်လောက်သေနေကြမလဲဆိုတာ မစဉ်းစားဝံအောင်ဖြစ်ပါတယ်။

သူဟာ နှလုံးရောဂါရှိသူဖြစ်တယ်။ ဒါဟာဒုတိယအကြိမ် နှလုံးရောဂါဖေါက်ခြင်း ( Second Attack ) ဖြစ်ပါတယ်။သူသာ တကယ်လို ့အမေရိကန်မှာဆိုရင် သေဆုံးမှာမဟုတ်ပါဘူး။

သူဟာလူချစ်လူခင်များသူတဦးဖြစ်ပြီး၊ ငယ်ငယ်ရွယ်ရွယ်နဲ ့သူရဲ ထူးဆန်းတဲ့သေဆုံးမှုကို ဝမ်းနည်းကြောင်း သူမိတ်ဆွေတွေကအင်တာနက်စာမျက်နှာတွေမှာဖေါ်ပြထားကြပါတယ်။

12 comments

  • kai

    January 2, 2012 at 10:46 am

    ဒါကို ဘယ်ကရပါသလည်း.. ကိုယ်တိုင်သုံးသပ်ရေးတာလား သိချင်ပါတယ်ခင်ဗျား..။

    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။

    Reply

    • ကိုရင်စည်သူ

      January 2, 2012 at 11:37 am

      ကိုချစ်ရင်ထူးရဲ့ ကိုယ်ပိုင်သုံးသပ်ချက်လား??? ကူးရင်လည်း ကိုယ်ပိုင်သုံးသပ်ချက်နဲ့ ကူးလာတဲ့နေရာကို
      သေချာစွာညွှန်းသင့်ပါတယ်… သဂျီးလည်း ၂၀၁၂ မှာ
      ပိုမို၍ စည်းကမ်းပိုင်းကို တင်းကျပ်နေပီလို့… သတင်းကြားထားပါတယ်..
      ဒီလို ဖော့ရက်မေးလ်းတွေတင်တဲ့ ကိစ္စ တခြားသတင်းဆောင်းပါးကို
      မဖော်ပြပဲ ကိုယ်တိုင်ရေးဟန်တွေကြောင့် ခဏခဏ ရွာဆူနေလို့ပါဗျာ..

      ခင်တဲ့
      ကိုရင်စည်သူ

      Reply

  • Thel Nu Aye

    January 2, 2012 at 12:46 pm

    တခုခုတော့မှားနေသလိုပဲ။ ဒုတိယအကြိမ် နှလုံးရောဂါဖေါက်ခြင်း ( Second Attack ) ရနေတဲ့သူ ဟာကိုယ်တိုင်ကားမောင်းပြီးဆေးရုံတရုံပြီးတရုံကူးနေရတယ်ဆိုတာတမျိုးပဲလားလို့။ ဒါမျိုးဆိုတာ emergency case ဖြစ်လို့သူနဲ့နီးစပ်ရာကဆေးရုံကိုဖုန်းဆက်ပြီးအရေးပေါ်ကားခေါ်ရမှာမဟုတ်ဘူးလား။ သတင်းပိုတိကျရင်ကောင်းမယ်။ ပါတီကနေထလာတဲ့ဆရာဝန်တယောက်ဟာသူနဲ့ပါတီအတူကျင်းပနေ သူတွေထဲမှာဆရာဝန်တော့ပါမှာပဲ။

    Reply

  • AKKO

    January 2, 2012 at 1:27 pm

    ဆေးရုံကို သွားတာတောင် ဆရာဝန်မရှိဘူးဆိုတာ စဉ်းစားစရာပါပဲ ။
    ဝိတိုရိယဆိုတာက ပုဂ္ဂလိကဆေးရုံပါ ။ဟိုက်ကလပ်စ်တွေလောက်သာ ကုသမှု ခံယူနိုင်တဲ့နေရာမျိုး ။ ပါတီကတော့ ပါတီပေါ့ တာဝန်ချိန်က ၂၄နာရီ အလှည့်ကျရှိမှာပါပဲ ။ အခုလို ဆရာဝန်အားလုံး (တစ်ယောက်မကျန်) မရှိဘူးဆိုတာကတော့ တွေးတောစရာပါပဲ ။ 🙄

    Reply

    • ကိုရင်စည်သူ

      January 2, 2012 at 1:41 pm

      ကိုအောင်ကျော်ကျော်ဦး ထောက်ပြတာ လက်ခံတယ်..
      ဝိတိုရိယလို ဆေးရုံကို သွားတာ ဆရာဝန်မရှိဘူးဆိုတာ..
      လုံးဝမဖြစ်နိုင်တဲ့ ကိတ်စပဲ… ဘဲရီးဘတ်ဒ်ဗျာ…
      ကျောင်းမှာ ဆရာ မရှိတာမဖြစ်နိုင်
      ထမင်းကို ရေမပါပဲချက်တာမဖြစ်နိုင်
      သုသာန်မှာ လူသေမရှိတာ မဖြစ်နိုင်
      ဆေးရုံမှာ ဆရာဝန်မရှိတာ မဖြစ်နိုင်….
      မဖြစ်နိုင်…
      မဖြစ်နိုင်…
      မဖြစ်နိုင်…

      Reply

  • အင်း တခုခုတော့မှားနေပီထင်ပါတယ်။ဒါပေမယ့် အီးဂရက်စ်ရဲ ့တည်ထောင်သူတစ်ယောက် ဆုံးရှုံးသွားရတဲ့
    အတွက် မိသားစုနဲ ့ထပ်တူဝမ်းနည်းရပါကြောင်း……….

    Reply

  • chityimhtoo

    January 2, 2012 at 3:52 pm

    ဆောတီးပါဗျာ ကျွန်တော်ရေးထားပါတယ် *ဖတ်လိုက်ရတဲ့လို့ * ပါပါတယ်။ဒေါက်တာလွဏ်းဆွေမှာဖတ်လိုက်
    ရတာပါ။ဒေါက်တာလွဏ်းဆွေရေးဘို့ကျန်ခဲ့တာပါ။ကိုယ်တိုင်သုံးသပ်ရေးတယ်လို့လည်းမဆိုလိုပါဘူး။
    sorry …sorry ….sorry

    Reply

  • Onyx

    January 2, 2012 at 4:36 pm

    ဘယ်လိုဖြစ်ဖြစ်လေ လူတော်တစ်ယောက် ဆုံးရှုံးတာပဲမဟုတ်လား
    ဆရာဝန်ဆိုတာတော့ ဆေးရုံမှာ ရိုကောင်းပါရဲ့လေဗျာ…..

    Reply

  • htet way

    January 2, 2012 at 6:22 pm

    အဲ့ ဒီလိုလည်းပြောလို့ မရသေးဘူးကိုရင်စည်သူရေ့
    ဆေးရုံမှာဆရာဝန်မရှိတာဖြစ်တတ်ပါတယ် ကျွှန်တော့်အတွေ့ အကြုံအရ
    ဆရာဝန်မရှိတာကြုံဖူးတယ်ဗျာ။နယ်မြို့လေးမှာနော် လိုက်ရှာခေါ်ရတယ်
    အဲ့ ဒီဆေးရုံက ဆရာဝန်၄ယောက်ရှိတယ်။
    အခုဆောင်းပါးယုတ္တိတန်ခြင်း မတန်ခြင်းကို ကျွှန်တော် မပြောလို။
    နယ်မှာဆရာဝန်ထက် သန့်ရှင်းရေးဝန်ထမ်းကိုကြောက်ရကြောင်း
    ငွေမပါရင် တော့ သေဖို့သာပြင်ထားပဲနောက် မှားယွင်းမူတွေ….
    ပြောရင်တော့ စုံနေတာပဲ မပြောသေးဘူး ဆရာဝန်ဆိုတဲ့ လူတွေကိုလေးစားပါတယ်။

    Reply

  • padonmar

    January 2, 2012 at 7:56 pm

    ဆရာဝန်မရှိလို့ ဆေးရုံတစ်ခုပြီးတစ်ခုကူးနေရတယ်ဆိုတာတော့ မဟုတ်ပါဘူး၊
    သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကရတဲ့ သတင်းအရ
    နေဝင်းမောင်က သူ့ကိုယ်သူ ဗိုက်နာတယ်ထင်ပြီး ကိုယ်တိုင်ကားမောင်းပြီး ဝိတိုရိယဆေးရုံသွားခဲ့ပါတယ်။
    တာဝန်ကျဆရာဝန်က Dr.နေဝင်းမောင် မှန်းလည်းသိ၊
    ECG မှာ နှလုံးသွေးကြောပိတ်တဲ့ လက္ခဏာတွေ့ရတော့ ဆေးရုံကြီးကို သွားခိုင်းပါတယ်။
    Victoria မှာ ကတည်းက shock ရနေပြီလို့ သိရပါတယ်။
    သူဖြစ်တာက inferior and posterior infarct လို့ သိရပါတယ်။အရေးကြီးတဲ့ နေရာတွေပေါ့။
    နှလုံးခုန်မှု ထိန်းချုပ်တဲ့ ကြွက်သားတွေ သွေးငတ်သွားတယ်လို့ ပြောရပါမယ်။
    ဆေးရုံကြီးမှာ အထူးကုတွေ ဝိုင်းကုရာက နည်းနည်းသက်သာလာပြီး တတိယအကြိမ် attack အရမှာ အသက်ပါပါသွားရှာပါတယ်။
    လွန်ခဲ့တဲ့ တစ်လလောက်က hernia ခွဲတဲ့ အချိန်ကတည်းက သူ့ရဲ့ နှလုံးသွေးကြောကျဉ်းတာတွေ့ခဲ့ပါတယ်တဲ့။
    အလုပ်ကိုဘဲဦးစားပေးနေပြီး Not me ငါတော့ ဒါလောက်နဲ့မသေနိုင်သေးပါဘူးထင်မိတာလည်းပါမှာပေါ့။
    ဆေးလိပ်လည်း ကြိုက်တဲ့သူပါ။
    သူ့ idea တွေ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လူတော်တစ်ယောက်ဆိုတာတော့ ဘယ်သူမှငြင်းကြမှာမဟုတ်ပါဘူး။
    တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခုပါဘဲ။
    ဒီနေရာမှာ တစ်ခုပြောစရာရှိတာကတော့ မြန်မာပြည်မှာ လုံလောက်တဲ့ emergency treatment ပေးဘို့
    ပညာရှင်၊စက်ကိရိယာ၊လေ့ကျင့်သင်ကြားပေးမှုတွေတော့ အမြန်ဆုံးဖြည့်ဆည်းပေးသင့်နေပြီလို့ မြင်ပါတယ်။

    Reply

    • etone

      January 3, 2012 at 9:55 am

      အခုလိုပြည့်ပြည့်စုံစုံသိရတော့မှ ဇာတ်ရည်လည်သွားတော့တယ် … ။
      လူတော်တယောက်ဆုံးရှုံးသွားတာ တို်င်းပြည်အတွက်တော့ နစ်နာသွားပါတယ် ။ 🙁

      Reply

  • kai

    January 3, 2012 at 5:54 am

    သူက.. အရေးကြီးတဲ့ နိုင်ငံရေးစံနစ်ကို ပြောင်းဖို့ကြိုးစားခဲ့သူပေါ့..။
    ပြောင်းလည်း… တော်တော်ပြောင်းခဲ့တာပါ..။
    အဲဒီကနေမှ.. ကျမ်းမာရေး.. ပညာရေး စံနစ်တွေ.. နိုင်ငံတော်အဆင့်..ပြောင်းယူရမှာပါပဲ..။

    မြန်မာပြည်ရဲ့ ငွေရှင်တွေဟာ.. ထစ်ဆို.. စင်္ကာပူ၊ဘန်ကောက်ထွက်ကုလို့ ရနေတယ်ထင်ပြီး.. မြန်မာပြည်ကျမ်းမာရေးစံနစ်ကို ဂရုမစိုက်.. မလှူတန်း..အထောက်အကူမပြုတာလည်း ပါမယ်ပေါ့..။
    ကိုတေဇ တုန်းကလည်း.. တောင်ပေါ်မြင့်မြင့်တက်နိုင်တဲ့.. ကယ်ဆယ်ရေးချော့ပါမရှိလို့.. ထိုင်းနိုင်ငံကမှာခဲ့ရတယ်ကြားဖူးတယ်..။
    ဒေါက်တာနေဝင်းမောင်လည်း.. အရေးပေါ်ဆေးရုံကား မခေါ်..မသုံးနိုင်ခဲ့လို့ပဲလို့ ယူဆမိပါတယ်..။

    ငွေရှင်ကြီးတွေအထဲက.. မွန်မြတ်တဲ့အလှူတခု.. ဘယ်သူလှူမလည်း …ဘယ်သူစပေးမလည်း… သိချင်သား..။

    Reply

Leave a Reply

Your email address will not be published.