တစ်ထောင်ကျပ်တန် ငွေအတုများ ဖမ်းဆီးရမိ……….

chitnyoMay 29, 20101min01

ငွေတစ်ထောင် ကျပ်တန် အစစ် ကျပ် တစ်သိန်း နှင့် အတု ငွေကျပ် ၁ဝ သိန်းကို အလဲ
အလှယ် လုပ်လာသူများ အဖမ်းခံ ရကြောင်း ဒေါပုံမြို့နယ် ရဲစခန်းမှ သိရသည်။
ယခုလ ၁၁ ရက်က
ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံ ရပ်ကွက်တွင် ငွေစက္ကူ အတုဟု ယူဆရသည် များကို
ကိုင်ဆောင် သုံးစွဲ နေကြောင်း ကြားသိရသည့် အတွက် ယင်း၏ တာဝန် ရှိသူများက
သွားရောက်
စစ်ဆေးကြရာ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ “ဗိုလ်ထွန်းစံ ရပ်ကွက် ဗိုလ်တေဇလမ်း၊
အိမ်နံပါတ် ၁ရ မှာနေတဲ့ မကြည်ကြည်မိုး နှင့် အဖ ဦးဘိုအောင် တို့က အဲဒီ
ရပ်ကွက်က
ဈေးဆိုင် တွေမှာ ငွေစက္ကူ အတုနဲ့ ဈေးဝယ် ကြတာက စပြီး သဲလွန်စ ဖြစ်တာပါပဲ”
ဟု ယင်း၏
တာဝန်ရှိသူက ရှင်းပြသည်။ ၎င်းတို့က ငွေစက္ကူ အတုဖြင့် ငွေကျပ် ၂၀ဝ ဖိုးစီ
ဝယ်ယူကာ
၈၀ဝ ကျပ်ကို ပြန်လည် သိမ်းကြောင်း ယင်းက စစ်ဆေး တွေ့ရှိမှု အပေါ် အခြေခံ၍
ပြောသည်။
“စုစုပေါင်း အဲဒီအနီး ပတ်ဝန်းကျင်မှာ အတု ငွေ ၁၀၀ဝ ကျပ်တန် ငါးရွက်
အသုံးပြု ထားတာ
တွေ့ရတယ်”ဟု ယင်းက ဆိုသည်။ အဆိုပါ နေအိမ်မှ ငွေစက္ကူ အတု များကို ည ရ နာရီ
၁၅
မိနစ်ခန့်က Kangaroo အဖြူနက် လက်ကိုင်အိတ်မှ အရွက် ၇ဝ ထပ်မံ တွေ့ရှိ
ခဲ့ကြောင်း၊
ငွေစက္ကူ အတု များကို ရွှေပေါက်ကံ မြို့နယ်နေ ဒေါ်ယဉ်ယဉ်ရွှေ ဆိုသည့်
အမျိုးသမီးကြီးက
မြဝတီ ဘက်သို့ ဘုရားဖူး သွားရင်း ဆိုင်ကယ်သမား တစ်ယောက် နှင့် ရင်းနှီးကာ
ငွေကျပ်
တစ်သိန်း နှင့် ကျပ် ၁ဝ သိန်းကို အလဲ အလှယ် ပြုလုပ် လာခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
“ဒေါ်ယဉ်ယဉ်ရွှေ နှင့် မကြည်ကြည်မိုး၊ မိခင် ဒေါ်စန်းမြင့်တို့ နှစ်ဦးက အဆက်
အသွယ်
ရှိပြီး ငွေစက္ကူ အတု တွေကို သုံးစွဲကြတာ၊ အခု ဖြစ်စဉ်မှာ အတုမှန်း သိလျက်
သုံးစွဲ
သူတွေ အားလုံးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၈၉(ခ)(ဂ)၊ (ပ) ၁၈၉/၂၀၁ဝနှင့်
အရေးယူထားကြောင်း………………………..။

One comment

  • intro

    May 30, 2010 at 3:38 am

    လောဘ၊ လောဘ! ပိုက်ဆံအတုကို ကိုယ့်မှာရှိတဲ့ ပိုက်ဆံ အစစ်နဲ့များ လဲရတယ်လို့… တကယ်တမ်းအတုအစစ်မသိသာရင် လဲပေးတဲ့သူတွေက အလဲခံပါဦးမလား? လောဘ အမှောင်ဖုံးနေတော့လည်း အမှားအမှန်မစဉ်းစားမိတော့ဘူး ထင်ပါရဲ့…

    Reply

Leave a Reply

Your email address will not be published.