ကျပ်သိ်န်း ၇၀ဝ ကျော်တန်ဖိုးရှိ စာကြည့်တိုက် ဒိုက်ဦးမြို့တွင်ဖွင့်

klnMay 29, 20101min01

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် ငွေကျပ်သိန်း ၇၀ဝ ကျော်တန်ဖိုးရှိ “ ဒေါ်ခင်မြင့်မြင့် လူမှုထူးချွန် စာကြည့်တိုက် ” သစ်ကို မေလ ၂၃ ရက်နေ့တွင် ကန်တော် မင်္ဂလာ ပရဟိတ ကျောင်းဝင်းအတွင်းရှိ အဆိုပါ စာကြည့်တိုက်တွင် ဖွင့်လှစ်ခဲ့သည်။ ကွယ်လွန်သူ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌဖြစ်သူ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်မြင့်မြင့်က အဆိုပါ စာကြည့်တိုက်အား ၎င်းမွေးဖွားရာ ဇာတိမြို့တွင် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ ဦးမြတ်သင်းအောင်က ပြောသည်။ စာကြည့်တိုက် အဆောက်အအုံအတွက် ကျပ်သိန်း ၅၀၀၊ စာအုပ်စာတမ်း၊ တီဗီ၊ ကွန်ပျူတာ၊ အင်တာနက်၊ စက်ရေတွင်းနှင့် ပရိဘောဂ အပါအဝင် စုစုပေါင်း ကျပ်သိန်း ၇၀ဝ ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။ စာကြည့်တိုက် စတင်ဖွင့်လှစ်သည့် အချိန်၌ပင် စာအုပ်အရေအတွက် ၆၀၀ဝ ကျော်ရှိခဲ့သဖြင့် လက်ရှ ိစံနမူနာပြ စာကြည့်တိုက် တစ်ခုဖြစ်သည့် ဦးဖိုးကျား စာကြည့်တိုက်မှာပင် စာအုပ်ရေ ၈၀၀ဝ ကျော်သာရှိသောကြောင့် မကြာမီအချိန်တွင် နိုင်ငံတော်တွင် စံနမူနာပြ စာကြည့်တိုက်တစ်ခု ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ လယ်တွင်းသားစောချစ်က ပြောကြောင်း ၂၀၁ဝခုနှစ် မေလ ၂၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • moetian

    May 29, 2010 at 7:04 am

    ကောင်းလိုက်တာဗျာ …
    ကြားရတာဝမ်းသာလိုက်တာ …
    ကျွန်တော်တို့မြန်မာနိုင်ငံမှာ အဲဒီလို စာကြည့်တိုက်တွေ များများရှိရင် အရမ်းကောင်းမှာပဲ …

    Reply

Leave a Reply

Your email address will not be published.