မန်းလေးတောင် အဆင်းလမ်း…………….

1 ပိတ်ထားတဲ့ဓါတ်တော်တိုက်
2 ဓါတ်တော်တိုက်ပိတ်ထားတဲ့မြင်ကွင်းလေး
3 ဓါတ်တော်တိုက်က နံရံဆေးရေးပန်းချီ

 

4 အလင်းနဲ့အမှောင်
5 အလင်းနဲ့အမှောင် အရောင်နဲ့အရိပ် (2)
6 အလင်းအမှောင်လေး
6a အလင်းအမှောင်……….
7 ဘုုရား မုဒ်ဦးက လက်ရာ
7b အလ့င်းအမှောင် မှန်စီရွှေချ
8 ခေါင်းလောင်းစင်ကလေး
10 အဝေးကခေါင်းလောင်းလေး

 

11 အလင်းအရိပ်6
12 စွယ်တော်တို်က်က ဘုရားဆင်းတု
14 လမ်းနံဘေးက ကျောက်ဆောင်
15 ကြားညပ်တယ်ဆိုတာဒါမျိုးနေမှာ

 

“ မန်းလေးတောင်အဆင်းလမ်း………………………………”

 

တောင်ပေါ်ကိုတက်မယ်ဆိုရင်တော့ မျှော်လင့်ချက်နဲ့ အားအပြည့်မာန်အပြည့်။

တောင်ပေါ်ကဆင်းပြီဆိုရင်တော့ အားလျှော့ထားတော့ စိတ်ပျက်လက်ပျက်။

ဒါကတောင်တက်တုိုင်းကြုံရတဲ့ ခံစားမူ့လေးပါ။

မန်းလေးတောင်ကို ကျနော်အကြိမ်ပေါင်းများစွာ တက်ခဲ့ဘူးပါတယ်။

အရင်ကလေးဘဝကတော့ စောင်းတန်းမှာအပြေးအလွားမမောနို်င်မပန်းနိုင်။

နောက်ပိုင်းမှာတော့ ဆိုင်ကယ်နဲ့အကြိမ်ပေါင်းများစွာ။

ဟိုတစ်လောကတော့ လမ်းလျှောက်ပြီးတက်ချင်စိတ်ပေါ်လာတာနဲ့

ဆိုင်ကယ်ဖြတ်သန်းခတောင်းတဲ့နားအထိ တက်။

ပြီးခဲ့တဲ့ဥပုဒ်နေ့ကတော့ ဘိုးဘိုးကြီးနန်းဘက်ကနေလမ်းလျျောက်တက်။

အသက်အရွယ်အရရော လူဝတာရောပေါင်းတော့ နည်းနည်းတော့ မောပါတယ်။

ဒါပေမယ့်တောင်ပေါ်မြင်ကွင်းတွေကြောင့်အမောပြေပါတယ်။

ပြန်အဆင်းမှာလဲ မရောက်တာကြာတော့ ကြည့်မဝ ရူ့မဝ။

မောရမှန်းတောင်မသိပါဘူး။

အပေါ်အဆင့်က ဓါတ်တော်တို်က်ကိုတော့ သော့ပိတ်ထားပါတယ်။

ထူးခြားလှတဲ့အပေါက်ကြီးတွေက အောက်ခြေမြင်ကွင်းကို ဖွင့်ဟလို့ပြနေပါတယ်။

အဆောက်အဦကြီးကထောက်တိုင်တွေမှတော့ နံရံဆေးရေးပန်းချီများနဲ့။

ပြုပြင်သူဝေး ဘုရားဖူးလာတဲ့သူနည်းပါးတော့ အိုဟောင်းနွမ်းပြီးပျက်စီးမှာ

အဖျက်ဆီးခံရမှာကိုတော့ ပူမိပါတယ်။

ပြည်လည်အစားထိုးအသစ်ြ့ပုလုပ်လို့မရတဲ့ရှေးဟောင်းပစ္စည်းတွေကို

စနစ်တကျစောင့်ရှောက်သင့်တယ်လို့မြင်မိပါတယ်။

 

အဆင်းလမ်းမှာတော့ အတက်တုန်းက သတိမထားခဲ့တဲ့စွယ်တော်တို်က်ကိုဝင်ဖူး။

ပြီးတော့ဖြတ်လမ်းကသွားမယ်ဆိုသွားလိုက်တော့ ကျောက်ဆောင်တွေကြားထဲကိုရောက်။

မမြင်ဘူးတဲ့မြင်ကွင်းတွေမြင်ရ။

သစ်ပင်ကြီးက ကျောက်တုံးကြားမှာညှပ်နေတာ မြင်ရတာအံ့ဩစရာ။

ပြန်လာပေမယ့် နောက်တစ်ခေါက်တော့ ထပ်ရောက်ချင်ပါသေးတယ်နော်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(29-12-2011)

 

 

4 comments

  • M-Lulin

    December 30, 2011 at 11:36 am

    ဓါတ်ပုံ ရှင် ရဲ့ စေတနာ ကို မြင်လိုက်ရတယ်။ ချီးကျူးပါတယ်။

    Reply

  • ငပေါက်ဖော်

    December 30, 2011 at 11:47 am

    ဟင်
    ကြားညပ်နေတဲ့ အပင်ကြီး
    မသက်သာလှပါတကား
    ဖလား..ဖလား..
    😆

    Reply

  • windtalker

    December 30, 2011 at 9:57 pm

    အဟမ်း
    မန်းလေးတောင် ကားလမ်းအတိုင်း ခြေလျင်ဆင်းမည် ဆိုပါက
    ကျောက်ခေတ် စုံတွဲများ ကို လည်း ကွက်ကွက်ကွင်းကွင်း ချောင်းကြည့်နိုင်ပါကြောင်း
    အဟွတ်

    Reply

  • မောင်ပေ
    ချောင်းစရာမလိုပေါင်ကွယ်။
    သူတို့ကိုက ကြည့်ချင်ကြည့် မကြည့်ချင်နေထဲမှာ ပါ ပါတယ်။

    Reply

Leave a Reply

Your email address will not be published.