“ဘိုးဘိုးကြီးနန်းရှိတဲ့မန်းတောင်တော်ရဲ့လမ်းမှာ…………”

“ဘိုးဘိုးကြီးနန်းရှိတဲ့မန်းတောင်တော်”

1 မန်းလေးတောင် ဘိုးဘိုးကြီးနန်းအဝင်
2 မန်းလေး က လူတွေက ဘာဝယ်ဝယ် ဘိုးဘိုးကြီးကို လာပြတယ်လေ
3 အပူဇော်ခံရာနေရာလေးပါ ကန့်တော့ပွဲတွေမှ အများကြီး
4 အများသူငှာ ဝပ်တွားကာ ပူူဇော်ပသပါတဲ့ မန်းလေးဘိုးဘိုးကြီး
5 ဘိုးဘိုးြ့ကီးအနီးကပ်ပုံတော်
6 တောင်တက်လမ်းက နားခိုရာနေရာ
7တောင်စခန်းတစ်နေရာ ကျောက်တုံးအဲဒီနောက်မှာတော့ .................သေချာကြည့်ရင်မြင်ရတယ်
8 ဒီနေရာရောက်တော့ ရှေးကဗျာလေး တောင်တောရယ်သာ ဆိုုုတဲ့စာသားလေးပြန်သတိရလိုက်မိပါတယ်

 

9 ဒီနေရာလေးကနေဆင်းပြီး ဓါတ်ပုံတွေရိုက်ခဲ့တာပေါ့ သာယာတဲ့နေရာလေးပါ
10 အတက်လမ်းတစ်နေရာအရောက် ရွက်ကြွေတောကိုမြင့်တော့...................
11 တောင်ပေါ်မှာဒီအပင်စိမ်းစိုစိုမြင်တော့ အမောပြေပါတယ်
12 ဒီပုံလေးကတော့တင်ဘူးပါတယ် ဒါပေမယ့် အနီးအဝေး မတူတဲ့ရိုက်ချက်မို့ပါ

 

“ မန္တလေးဘိုးဘိုးကြီးနန်းရှိတဲ့မန်းလေးတောင်အတက်လမ်းကလေး….က”

 

မန်းလေးမြို့သူမြို့သူမြို့သားနဲ့ မန်းလေးဘိုးဘိုးကြီးကခွဲခြားမရတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

ဆိုင်ကယ်လေးဝယ်ဝယ် ကားလေးဘဲရရ ဘိုးဘိုးကြီးပြလိုက်ရမှ စိတ်အေးပါတယ်။

ဆိုင်ကယ်မှန်ထောင်မှာ၊ကားမှာ ဘိုးဘိုးကြီးနန်းကစွန့်လိုက်တဲ့ အဝတ်စလေးချည်နှောင်ထားမှ

အန္တရာယ်ကင်းတယ်ထင်ကြပါတယ်။

ဟောကလေးတွေရှင်ပြုပြီဆိုရင်လဲ မောင်ရင်လေးကိုပြလိုက်ရမှ ကိစ္စပြီးမြောက်တယ်လို့

ယုံကြည်ကြပါတယ်။

အရင်ကတော့ ကျနော်လဲ ဒီဘိုးဘိုးကြီးနန်းကိုဖြတ်သွားပေမယ့် အမှတ်တမဲ့။

ကျနော်တို့တောင်တက်တဲ့နေ့က ကျနော်အဖော်ကောင်းလေးကိုဘိုးဘိုးကြီးနန်းကလူတွေက

နုတ်ဆက်တာမြင်တော့ ကျနော်လဲ လက်ဆော့လိုက်ပါတယ်။

ယုံတာမယုံတာအပထား ဗဟုသုတသဘောမြင်ဘူးစေလိုတဲ့သဘောပေါ့။

 

အဲဒီကနေတက်သွားရင်းလမ်းမှာ မြင်ရတဲ့မြင်ကွင်းလေးတွေက သာယာပါတယ်။

ဟိုအရင်နှစ်များဆီက မန်းလေးတောင်ကို မြင်ရရင်စိတ်မချမ်းသာပါဘူး။

ခြောက်သယောင်းပြီးတောင်ကတုံးလိုဖြစ်နေလို့ပါ။

အခုများမှာတော့ စိမ်းစိမ်းစိုစိုသာသာယာယာ

အများမြင်သာအောင်လက်ဆော့ခဲ့သမျှကိုတင်ပြလိုက်ရပါတယ်။

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(29-12-2011)

 

 

 

 

 

11 comments

  • ဆူး

    December 29, 2011 at 10:40 am

    မှန်စီရွှေချ မြင်ရင် အဘိုးအဘွား တွေ ခေတ်ကလို့ ပြောလိုရမယ်။
    အခုခေတ်မှာတော့ မှန်စီ ရွှေချ တွေ ပြဒါးတွေ ကုန်လို့ မဲပြီး အသစ်တွေ ထပ်မလုပ်ကြတော့ဘူး တခြား ခေတ်မှီ ရွှေဆေး နဲ့လဲကုန်ကြပြီနော်။

    Reply

  • ကြောင်ကြီး

    December 29, 2011 at 10:55 am

    မန်းဂေဇက်ရွာကို စောင့်တာ ကြောင်ဘိုးဘိုးကြီး။။။ 🙂

    Reply

  • blackchaw

    December 29, 2011 at 11:08 am

    ကိုပေါက်ရေ။
    မန်းဂဇက် ဘိုးဘိုးကြီး
    အဘကြောင်ကြီးပုံ ရိုက်တင်ပေးဦးဗျာ။

    Reply

  • koyinmaung

    December 29, 2011 at 6:53 pm

    (7တောင်စခန်းတစ်နေရာ ကျောက်တုံးအဲဒီနောက်မှာတော့ ……………..သေချာကြည့်ရင်မြင်ရတယ်)ဆိုတာ
    ဘာကိုကြည့်ရမှာလဲဆရာပေါက်ရဲ့……ပြောပြစမ်းပါအုံး…..

    Reply

  • koyinmaung

    December 29, 2011 at 6:59 pm

    တွေ့ပြီဆရာပေါက်ရေ…တွေ့ပြီ
    မြွေမကြောက် ကင်းမကြောက်

    Reply

  • Khin Latt

    December 29, 2011 at 8:45 pm

    ကိုပေါက် အများမြင်သာအောင်လက်ဆော့ခဲ့သမျှ
    ကျွန်မတို့မှာ လွမ်းတသသ
    အဝေးက …….
    (ရွာဓလေ့ အတိုင်း အများတကာလို စာချိုး ကြည့်တာပါ) 😉

    Reply

  • မြွေမကြောက် ကင်းမကြောက်
    ချစ်သူခေါ်ရာနောက်
    ကြောက်ကြောက်နဲ့မယ်ရောက်လာ။
    ဟိုဆရာ ကင်မရာကြီးရယ်နဲ့
    လက်ဆော့လို့မှတ်တမ်းတင်
    လူတကာ သူငါမြင်အောင်
    အင်တာပေါ်သူတင်လိုက်မှာတော့
    မယ်ကြောက်တယ်လေး………………………………..

    Reply

  • windtalker

    January 1, 2012 at 7:56 pm

    ဘာ​တွေ တုန်းဗျ
    ကျုပ် ဖြင့် ဘာမှ ကို မမြင်ရဘူး
    သေချာ ပီပီပြင်ပြင် ရိုက်မပြဘူး
    လူဆိုး
    1/2 ဖီး ဘဲ

    Reply

Leave a Reply

Your email address will not be published.