ရွာသူားများ စီးပွားဖွံ့ဖြိုး၊ လာဘ်ပွင့်စေရန် အယူတော်မင်္ဂလာရဲ့ ယတြာအခံ

koyin sithuDecember 22, 20111min07

ဒီနည်းလေးကတော့ ဈေးဆိုင်များ – ကုမ္ပဏီများ ၊ မင်းသား ၊ မင်းသမီး ၊ အဆိုတော်များ၊ အစရှိသော လူအများနှင့် ပူးတွဲ ပေါင်းစပ် လုပ်ကိုင်ရသော လုပ်ငန်းများအတွက် အထူးပင် သင့်တော်ပါသည်။ လူများစု ထောက်ခံသော လုပ်ငန်းများဆိုလျှင် ပို၍ပင် ကောင်းမွန် ပြုလုပ်သင့်ပါသည်။ ပြီးတော့ လုပ်ရတာလည်း အလွန်လွယ်ကူပါတယ်။ ငွေကုန်ကြေးကျလည်း အရမ်းမများပါဘူး။ ဒါကြာင့် လုပ်ဖို့ပဲ လိုပါတယ်။

နောက်တစ်ခု ပြောချင်တာက မိမိတို့ ဘဝမှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာခဲ့ရင် ဒါမှမဟုတ် မိမိတို့ လုပ်သော အလုပ်အကိုင် စီးပွားရေးများ မအောင်မမြင် ဖြစ်နေတယ်ဆိုရင် ကျွန်တော် တင်ပေးထားတဲ့ ယတြာတွေထဲက တစ်နည်းနည်းလောက်ကို လုပ်ကြည့်စေချင်ပါတယ်။ ဘာမှမလုပ်ပဲနဲ့ ဒုက္ခခံနေမယ်၊ ညည်းငြူနေမယ့်အစား တစ်ခုခု လုပ်ပြီး အခက်အခဲတွေက လွတ်မြောက်အောင် ကြိုးစားစေချင်ပါတယ်။

နောက်တစ်ခုက ယတြာတစ်ခုကို ကိုယ်က ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ကြည့်ပါ။ ပြီးရင် အခြေအနေ တစ်ခုအနေနဲ့ စောင့်ကြည့်ရမယ်။ ကိုယ်ဆောင်ရွက်လိုက်တဲ့ ယတြာက အနည်းဆုံး (၉) ရက်ကနေ (၄၅)ရက်အတွင်း အကျိုးပေးပါတယ်။ (၄၅)ရက် ပြည့်လို့မှ အဆင်မပြေသေးဘူးဆိုရင် နောက်တစ်နည်းနဲ့ ပြောင်းလုပ်ကြည့်ပါ။ အခုတော့ လူတော်တော်များများက ဒီနေ့ ယတြာဆောင်ရွက်တယ်။ နောက်နေ့ မကောင်းဘူးဆိုရင် နောက်ထပ်ယတြာတစ်ခု ထပ်လုပ်တယ်။ အဲလို ဖြစ်နေတယ်။

အခု ကျွန်တော်ပြေပြတဲ့ ယတြာအစီအရင်ကို လုပ်မယ်ဆိုရင် လာဘ်လာဘရွှင်မယ်။ စီးပွားရေးပွင့်လန်းမယ်။ တိုးတက်အောင်မြင်မယ်။ သူတစ်ပါးတို့ရဲ့ အနှောက်အယှက် အတိုက်အခိုက် ကင်းမယ်။ လုပ်ရမှာက မြေအိုးလေးတစ်လုံးနဲ့ ဆောင်ရွက်ရမယ်။ ကျွန်တော်တို့ အတာအိုးလေးဆိုရင် ရပါတယ်။ အဲဒီမြေအိုးလေးထဲ မှာ ကျောက်ရောင်စုံ (၇)မျိုး၊ သံလိုက်တုံးလေးတစ်တုံး၊ ကြေးနီပိုက်ဆံ တစ်ပြားထည့်ရမယ်။ ပြီးရင် နေ့သားအလိုက် အောက်မှာ ဖော်ပြထားတဲ့ နေ့သားအလိုက် ပန်းအိုးထိုးတဲ့ နည်းလေးအတိုင်း ပန်းအိးထိုးရုံပါပဲ။ လွယ်ပါတယ်။ ဒါပေမယ့် ။ လုပ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

 

…..တနင်္ဂနွေသားသမီးများအတွက်…..

အနောက်တောင်အရက်ကို မျက်နှာ်မူ၍ အုန်းညွန့် (၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

…..တနင်္လာသားသမီးများအတွက်…..

အနောက်အရပ်ကို မျက်နှာမူ၍ ကံ့ကော်(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

…..အင်္ဂါသားသမီးများအတွက်…..

အနောက်မြောက်အရပ်ကို မျက်နှာမူ၍ နှင်းဆီ (၁)ပွင့် ။ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

…..ဗုဒ္ဒဟူးသားသမီးများအတွက်…..

မြောက်အရပ်ကို မျက်နှာမူ၍ ရွက်လှ(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

…..ရာဟုသားသမီးများအတွက်…..

အရှေ့တော်အရပ်ကို မျက်နှာမူ၍ ခရေ(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

…..ကြာသပတေးသားသမီးများအတွက်…..

အရှေ့အရပ်ကို မျက်နှာမူ၍ ပိန်းပန်း(၁)ပွင့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

…..သောကြာသားသမီးများအတွက်…..

တောင်အရပ်ကို မျက်နှာမူ၍ သီဟိုဠ်(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

…..စနေသားသမီးများအတွက်…..

အရှ့မြောက်အရပ်ကို မျက်နှာမူ၍ ဒန်း(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

 

7 comments

  • comegyi

    December 22, 2011 at 3:59 pm

    ကဲ
    ကိုစည်ရေ့
    ကျုပ်တော့ချေပီနော….
    ကျောက်ရောင်စုံကတော့
    ရှာရခက်မယ်

    Reply

  • windtalker

    December 22, 2011 at 7:25 pm

    ဟုတ်ဘီ
    ကျုပ် သူဌေးဖြစ်ရင်
    ကရင်စည်သူ ကို မမေ့ဘူး
    နင်တို ့အတွဲ ကို
    ဆိုမာလီ ပို ့ပေးမယ်နော်
    ဟီဟိ

    Reply

    • ကိုရင်စည်သူ

      December 23, 2011 at 1:13 pm

      ဟေ့.. ကိုပေ.. ညန်ညန် သဌေးဖြစ်အောင်လုပ်ဗျ…
      ဆိုမာလီ မပို့လည်းရဒလယ်…
      မန်းလေးမှာ မန်းတောင်ရိပ်ခိုရင်
      ဘီယာလေး တီးရရင် ကျေနပ်ပါပြီဗျာ…
      အောင်မြင်ပါစေ… 😀 😀 😀 😀

      Reply

  • ငပေါက်ဖော်

    December 22, 2011 at 9:57 pm

    ဒီနည်းက စမ်းချင်ရင်..လွယ်သဟ….
    အိုစကေရင်တော့..ပါတီ..ပီတာ.စမူဆာ..ပလာတာ..အီကြာကွေး..အဟေး..ဟေး…

    Reply

  • Yin Nyine Nway

    December 23, 2011 at 8:03 am

    ကိုရင်ရေ….
    ယူသွားပြီနော်…
    လုပ်ကြည့်အုန်းမယ်
    ရင်ငြိမ်းတောင်မှ ပန်းအလှဆင်ရင်း စီးပွါးတိုးမယ်ဆိုတဲ့ပိုစ့်လေး တင်မလို့လုပ်တုန်း….
    ကိုရင်က ဒါလေးတင်လိုက်တော့
    ဒါကို အရင်ယူသွားပြီ…ဟီး…
    ကျေးဇူး

    Reply

  • manawphyulay

    December 23, 2011 at 1:58 pm

    အရပ်ပဲ မျက်နှာမူရမှာလား ဘုရားမှာ ပူဇော်ရမှာမလား…

    Reply

  • tt lay

    December 23, 2011 at 2:47 pm

    ကျေးဇူးကိုရင်…………… လုပ်ကြည့်မယ်နော်

    Reply

Leave a Reply

Your email address will not be published.