အာဏာရှင်ကြောင်ကြီးသေဘီ Death

ကြောင်ကြီးပက်လက် နတ်ပြည်တက်

တိုင်းပြည်ကို လူမဆန်စွာ ရက်ရက်စက်စက် အုပ်ချုပ်ခဲ့သည့် ချစ်လှစွာသော မဟာခေါင်းဆောင် ကြောင်ကြီး သေလေပြီ။ လူမဆန်ဆို ၎င်းသည်ကြောင်တကောင် ဖြစ်သောကြောင့်တည်း။ သူ့လက်ထက်တွင် လူ့အခွင့်အရေး မပြောနှင့် ကြောင်များမှလွဲ၍ အခြားတိရိစာ္ဆန်များလည်း အခွင့်အရေးမရပေ။ လူများကဲ့သို့ အဖိနှိပ် အခံရဆုံးကား ခွေးများဖြစ်သည်။ တိုင်းပြည်တွင် ခွေးအရိပ်အယောင် ခွေးသံမကြားရ၊ ယုတ်စွအဆုံး ဟဲ့သောက်ခွေး၊ ခွေးမသား စသော အသုံးအနှုန်းများကိုပင် ပြင်းထန်စွာ တားမြစ်ထားသည်။ လူများကိုလည်း ကြောင်နှင့်တူစေရန် လေ့ကျင့်ပေးထား၍ တိုင်းပြည်ရှိလူအားလုံး အူကြောင်ကြောင် ဖြစ်နေပြီး ဝန်ထမ်းများမှာ အဆိုးဆုံးဖြစ်သည်။ ရာထူးမြင့်လေ ပိုကြောင်လေဖြစ်သည်။ ထိပ်ပိုင်း အရာရှိကြီးများကား ကြောင်သည့်အပြင် ဖားလည်းဖားကြသောကြောင့် ကြောင်ဖားများဟု အမည်တွင်သည်။ 🙄
ကြောင်ကြီး ဘုန်းတန်ခိုး နေလတောက်ပချိန်တွင် လက်ညှိုးညွှန်ရာ ငါးကြော် ဖြစ်ခဲ့သည်။ ဒီမိုကရေစီ အရေးအတွက် စစ်တပ်ကြီး တတပ်လုံးကိုပင် အံတုခဲ့သော အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် လက်ပိုက်ကြည့်နေရသည်။ သူမကိုယ်တိုင် ခွေးမွေးထားသည့် အပြစ်ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် အခြေအနေကို မသိကျိုးကျွံပြုကာ အိမ်ပြင်မထွက်ဘဲ ရှိသဖြင့် ကိုယ့်ဖာသာကိုယ် အကျယ်ချုပ် ကျမှန်းမသိ ကျနေရတော့သည်။ ကြောင်ကြီးကား ဤမျှ ပါးရည် နပ်ရည်ရှိသူ ကွက်ကျော်မြင်သူတည်း။ 
တိုင်းသူပြည်သားအပေါင်းကား လူစင်စစ်ဖြစ်လျက် ဖင်တွင်အမြီးတပ်ရသည်၊ ယောက်ျား၊ မိန်းမမရွေး တချောင်းချင်း ကားထွက်နေသော နှုတ်ခမ်းမွှေးရှည် ခပ်ကျဲကျဲ ထားရသည်။ ထိုးထိုးထောင်ထောင် နားရွက်တု တပ်ကြရသည်။ လူအများပိုမို အလုပ်လုပ်ကြစေရန် အာဝါဟဝိဝါဟ အမှုများကို ကာလသုံးပါးမရွေး လုပ်ခွင့်အား ပိတ်ပင်ထားပြီး ပြာသိုလတလထဲတွင်သာ သောင်းကျန်းခွင့်ရှိသည်။ သံသေးသံကြောင် အအော်နိုင်ဆုံးသူက ထိုကာလတွင် အခွင့်ရေးအရဆုံးဖြစ်ပြီး ဘက်တူနေက နပန်းသတ်ခြင်းဖြင့် အဆုံးအဖြတ်ပေးသည်။ မလိုက်နာ လိုသူများကိုမူ ကွပ်ညပ်ပစ်ပြီး ဘိုးဘိုးများအဖြစ် ကြောင်ကြီးပျော်စံရာ နန်းတော်တွင် အမှုထမ်းရွက်စေသည်။ ကြောင်ကြီးမူကား အုပ်ချုပ်သူ အရှင်သခင်ဖြစ်သောကြောင့် ဥပဒေအထက်တွင် ရှိရလေသည်။ (မှတ်ချက်။ မီး ကစားသူသည် မီးတောက်ကို ငြိမ်းခွင့်၊ မီးဖိုခွင့်ရှိသည်)။ 😎
၎င်းလက်ထက်တွင် ရာဇဝတ်မှုကျူးလွန်သူများကို နှုတ်နှုတ်စင်း၍ ကျားစာကျွေးပစ်သည်။ ထို့ကြောင့် ပြည်ရွာငြိမ်းချမ်းလေသည်။ တရုတ်နိုင်ငံအား ဆန့်ကျင်သောကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အားပေးထောက်ခံမှုကိုလည်း အပြည့်အဝ ရရှိပေသည်။ ကြောင်ကြီးအား ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချသူကား အမေရိကန်နိုင်ငံတွင်နေထိုင်သူ တရုတ်ကူမြူနစ်ပါတီကေဒါ မမှန်ဆိုသူ တရုတ်မလေးဖြစ်သည်။ မမှန်၏ မမှန် မကန်လုပ်ကြံစွပ်စွဲချက်များကို ထိုင်ဝမ်နိုင်ငံတွင် လှုပ်ရှားနေသော တရုတ်သူလျှိုဇုနှင့် U Don ဆိုသူတို့က မီးလောင်ရာ လေပင့်လုပ်ကြလေသည်။ အက်ဖ်အာဆိုသူ တရုတ်သူလျှိုတဦးမှလည်း ကမာ္ဘ့တောင် ဝင်ရိုးစွန်း တနေရာ ပင်လယ်ပြင်မှ ကြုံလျင်ကြုံသလို ဝင်နှောက်လေသည်။ သို့သော် တဦးတယောက်မျှ ပြည်တွင်းဝင် မြေအောက်လှုပ်ရှားမှုများ မလုပ်ရဲသောကြောင့် ၎င်းတို့ ကြိုးပမ်းချက် အရာမထင် ဖြစ်သည်။ ဒေါ်စုပင်လျင် လက်မြောက်ထားရသည်ကို ၎င်းတို့မှ ဘာတတ်နိုင်မည်နည်း။ ဆင်ဖြူတော်အား ဟောင်သောခွေးများကဲ့သို့ သနားဖွယ် ကောင်းလှပေသည်။ 😆
ယခုအခါတွင်မူ တချက်လွှတ် အာဏာရှင် ကြောင်ကြီးသေလေပြီ။ စားပိုးနင့်၍ သေခြင်းပေတည်း။ တိုက်စရာ ပြည်တွင်း၊ ပြည်ပ ရန်သူများ မရှိတော့၍ တောတွင်းတိရိစာ္ဆန်အသားငါး ပေါင်းစုံကို ဟင်းခွက်ငါးရာ ပြည့်အောင် ကြော်လှော်ချက်ပြုတ်စေပြီး အောင်သေအောင်သား စားပွဲကျင်းပရာမှ အစားမတော်တလုပ် သေ ရခြင်းဖြစ်သည်။ သရဏဂုံတင်ခြင်းကို ဝါတော်မည်မျှရှိမှန်း မခန့်မှန်းနိုင်အောင် ကြည်ညိုဖွယ်ကောင်းသော ဆြာတော်ဘဒ္ဒန္တမိုက်ကယ်ဂျော်နီအောင်ပုမှ ယီးတီးယိုင်တိုင်ဖြင့် ရွတ်ဖတ်သရဇ္ဇယ်ပေးပြီး အော်မေဂိုဏ်းချုပ် ဆရာကြီးတို့မှ ကြောင်ကြီးပြန်မလာနိုင်ရန် ပရိတ်ရွတ်ဖတ်ပေးသည်။ ဂျာပွန်ဇိမ်ဖုံးဂျီး ဥကိုင်မှလည်း ကိုဘေးနွား ကောင်လုံးကင်နှင့် ဘီယာတတိုင်ကီကို ဈာပနပွဲလာပရိတ်သတ်အား အလှူကြီးပေးရာ လွတ်လပ်ရေးနေ့ ပျော်ပွဲသဘင်အလား စည်စည်ကားကား ရှိလှပေသည်။ 😮

19 comments

  • Moe Z

    December 21, 2011 at 11:43 am

    ဦးကြောင်ကြီးရဲ့ ဈာပနအခမ်းအနားကို ဝမ်းမြောက်ဝမ်းသာတက်ရောက်သွားပါသည် 😀

    Reply

  • ပေါက်ဖော်

    December 21, 2011 at 11:45 am

    သေတာတောင်.. စီးစိမ်ခံပြီး မှ သေတာပါလား
    အမှီးကို ဆွဲပြီး ဝှီးထလိ်ုက်ရင်တော့..ကွိ ခနဲ တောင် အော်နိုင်မည်မထင်
    🙄

    Reply

  • KING

    December 21, 2011 at 12:08 pm

    ဘာပဲဖြစ်ဖြစ် အာဏာရှင် ကြောင်ကြီးရှိတုံးကလို
    ပွဲတော်အတွက် ငါးကြော်တွေ ဖြတ်ခုတ်လို့ မရတော့တာ အမှန်ပဲ
    ဒါကြောင့် နောက်ဆုံးအနေနဲ့ ကိုဘေးနွားကင်တွေကို လူမမြင်အောင်
    ပါဆယ်ထုတ်သွားပြီဗျို့ ….. (စာကြွင်း။ အကုန်လုံးကိုယ့်ဟာနှင့်ကိုယ် ရှုပ်နေသဖြင့် မမြင်ဟု ယူဆမိသည်) … 🙂

    Reply

  • char too lan

    December 21, 2011 at 12:32 pm

    haha 😀 ရီလိုက်ရတာ ဖက်ဖက်မော… ရင်ဘက်နောက်ကကြော ……… 😛
    ဦးကြောင်ဘာတွေဓာတ်ကျနေလဲ ဇဝနဉာဏ်တွေအရမ်းစွမ်းနေပါလား……………
    ကူးထားတယ် တော်တော်ရီရလို့ ငယ်ငယ်တုန်းက ကဗျာစာအုပ်ထုတ်ရောင်းသလို
    အခွင့်အရေးရရင် တစ်ပိုဒ်ပီး တစ်ပိုဒ် ဆက်စပ်ပီး ရောင်းဝေဖြန့်ဖြူးလိုက်အုံးမယ်လို့
    ကြံစည်ထားတယ်…………. 🙂

    Reply

  • ဆူး

    December 21, 2011 at 12:38 pm

    သေပြီဆိုတော့ မသာဖြစ်ပြီပေါ့.. မသာကြောင်ကြီး
    ကောင်းရာ မွန်ရာ ငရဲခန်းမှာ အနှစ်နှစ် အလလ စံစားနိုင်ပါစေ။

    Reply

  • weiwei

    December 21, 2011 at 12:51 pm

    နောက်ဆက်တွဲသတင်း ….
    ကြောင်ကြီး၏ ရုပ်ကလာပ်အား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချလျက်ရှိပါသည်…
    ဟင်းပွဲပေါင်းငါးရာဖြင့် စားသောက်ထားသဖြင့် အလွန်အရသာရှိမယ့် ကြောင်ကင်ဖြစ်မည်ဟု ကိုဘေးနွားကင်ကိုသာ အမြည်းလုပ်နေရသူသူကြီးက သတင်းပေးလိုက်မိသဖြင့် အစားကြူးသူများ အပြိုင်အဆိုင် လေလံဆွဲနေကြခြင်းဖြစ်ပါသည် …. 😛

    Reply

  • blackchaw

    December 21, 2011 at 12:56 pm

    ကြောင်သားကင်လေး
    ဒုတ်နဲ့ထိုးကင်ပြီး
    အရက်ကလေးနဲ့မြည်းလိုက်ရရင် …………….။

    Reply

  • နီကီတာ

    December 21, 2011 at 1:09 pm

    ဈာပနအခမ်းအနား တတ်ရောက်သွားပါကြောင်း…. 😀

    Reply

  • amatmin

    December 21, 2011 at 1:10 pm

    ဦးကြောင်ကြီး ချန်ရစ်ထားခဲ့တဲ့ တရုတ်လုံမပျိုလေး တွေ ကို ရွာသားတွေ ထဲက
    ဘယ်သူတွေ မောင်ပိုင်စီး ခွင့်ရမလဲ ဆိုတဲ့ ရှင်းတမ်းလေး ထုတ်ပြီးမှ သွားပါတော့လား ဦးကြောင်ရယ်.. 🙂
    အခုတော့ အဝေမတည့် လို့ ကိုဘေးနွားကင်တောင် မအုပ်နိုင်ဘဲ တုတ် ဓါး တွေ ဆွဲရတော့မယ်… 🙁

    Reply

  • windtalker

    December 21, 2011 at 1:12 pm

    ဟိုနေ ့တုန်းက မှ
    ကြောင်သား ကို ဘယ်ပုံ ဘာညာ ချက်စားမယ် ဆိုတဲ့
    ဂျပွန်ဇိမ်ဖုံးဂျီး လက်သစ် လေးနဲ ့တော့
    တိုးတော့မှာဘဲ ။

    Reply

  • မိုးနတ်သားလေး

    December 21, 2011 at 1:28 pm

    အဲဒီကြောင်ကိုနတ်ပြည်ပါမစ်ထုတ်မပေးလို့တိုးလိုတန်းလန်းနဲ့ဟိုမရောက်ဒီမရောက်ဖြစ်နေတယ်ဘယ်ကို
    ပိုရမလဲဆိုတော့မသိသေးပါဘူးပါမစ်ကျဖို့တနှစ်လောက်စောင့်ရမယ်လိုပြောသံကြားတယ်

    Reply

    • ဆူး

      December 21, 2011 at 1:36 pm

      ရေမလာလို့ စားပွဲတွေကြားထဲ ဖိုင်ကျပျောက်သွားပါပြီ။

      Reply

  • pooch

    December 21, 2011 at 2:34 pm

    နောက်ဆုံး သတင်းများအရ မသာကြောင်ကြီးကို လေလံတင် ရောင်းချရာ တရုတ်ပြည်မှ သူဋ္ဌေးတဦးမှ လေလံအောင်သွားပြီး သကာလ
    ကြောင်ကြီးအား အရေခွံစုတ်ကာ ဆေးဘက်ဝင် သစ်မြစ်သစ်ဥများဖြင့် ပေါင်းပြီး ကြောင်ပေါင်းရည်အဖြစ် ဈေးကြီးပေးပြီး ရောင်းချရာ ဝက်ဝက်ကွဲ ဝယ်ယူအားပေးကြသည် ဟု ကြောက်ရှိတ်ကေ သတင်းဌာန မှ တရားဝင်ထုတ်ပြန်ကြေငြာသွားပါတယ်……

    Reply

  • htoosan

    December 21, 2011 at 4:19 pm

    ကြောင်လတ်၊ကြောင်ဖက်တီး ၊ ကြောင်လေး အစရှိသည့် ကြောင် အပေါင်းတို့ မှ ကြောင်ကြီး နေရာ ဆက်ခံရန် အာဏာလုနေသောကြောင့် ဈာပန သို့မတက်ရောက်နိုင်သေးကြောင်း သတင်းရရှိသည်။

    Reply

  • MaMa

    December 21, 2011 at 6:16 pm

    အော် ကိုကြောင်ကြီး သေပြီဆိုတော့ ရွာသူားတွေစိတ်ထဲဘယ်လိုများခံစားနေကြရမလဲဆိုတော့…..
    ဈာပနပွဲလာ ပရိတ်သတ်ကြီးမှာ ပျော်ပွဲသဘင်အလား ပျော်ရွှင်လျှက် ရှိကြပေသည်။ 😆

    Reply

  • ကိုရင်စည်သူ

    December 22, 2011 at 2:18 pm

    အာဟိ.. အောင်ကြူးကြီး ကောင်းရာ သုဂတိ ဗြမာ့ကြောင်ပြည်သို့
    ရောက်ဖို့အတွက် ကိုရင်မှ ကြောင်ဆွမ်းအနုမောဒနာတရားတော်ကို
    ပဝါမကူရေမရှူပဲ ရွတ်ဆိုပေးပါ့မည်။
    ပုံထဲမှ အာဏာရှင်ကြောင်ကြီး ပက်လက်လန် အမြီးလန်တာကြည့်ပြီး
    သံဝေဂရမိတာကတော့ အာဏာရှင်တို့ ကျဆုံးလျှင်
    အမြီးလှန် ဥလှန် မရှူနိုင်မကယ်နိုင် ဖြစ်တတ်ပါတယ်… 😆 😆

    Reply

  • ဆူး

    December 22, 2011 at 4:41 pm

    ကြောင်ကြီး သေပြီ ဆိုပြီး ရေးသွားတာ တမလွန်ကနေပြီးတော့ လှမ်းပြီးတော့ မတ်ဆိတ်လေး ဘာလေး မပို့ပါလား။

    🙄 🙄

    Reply

  • char too lan

    December 22, 2011 at 5:21 pm

    ကြောင်လိမ် သေဒါလဲဟုတ်ပဲနဲ့
    အရှင်ထွက်ထွက်ပီး
    တင်ချာပါမုန့်ဖုတ် ဖစ်သွားတာ ကြည့်ပါလား …..
    သူချည်းပဲ နှုတ်လိုက် ပေါင်းလိုက် လုပ်နေတာ … 😛

    Reply

Leave a Reply

Your email address will not be published.