မြိတ်ကျွန်းစု ကို သိမ်းယူဖို ့ တရုတ် ကြံစည်နေပြီ

chatsuDecember 14, 20111min04

မြိတ်ကျွန်းစုတွင် တရုတ်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး ရင်းမြှုပ်နှံမှုပြုလုပ်နိုင်ရန် မြိတ်ကျွန်းစုဒေသရှိ ကျွန်းများ၏အကြောင်း အသေးစိတ်ပြုစုထားသော Report စာရွက်စာတမ်းများအား တရုတ်မှဝယ်ယူသွားကြောင်း ဟိုတယ်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနဝန်ကြီး ဦးတင်နိုင်သိန်းတို့နှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နေသော တရုတ်အဖွဲ့မှ အဆိုပါ Report အား ဝယ်ယူသွားကြောင်း လုပ်ငန်းရှင်ဦးအေးမင်းဦး (ခ) ဦးဆန်နီက ပြောသည်။

“မြိတ်ကျွန်းစုတစ်ခုလုံး အကြောင်းတော့ မဟုတ်ပါဘူး။ ကျွန်တော်ရောက်ခဲ့တဲ့ ကျွန်းများအကြောင်း ပြုစုထားတာဖြစ်ပါတယ်။ ဘယ်ကျွန်းကတော့ ကောင်းတယ်။ ဘယ်ကျွန်းကတော့ ရေရတယ်။ စစ်တပ်ရှိတဲ့ကျွန်း။ ဘယ်ကျွန်းကတော့ ဘာမှမဖြစ်ဘူး။ ကျွန်တော် ဆာဗေးဆင်းထားတဲ့ ကျွန်းဧရိယာတွေအကြောင်းပါ။ ခြုံငုံပြီးရေးသားထားတဲ့ Executive Summary စာအုပ်ပါ” ဟု ၎င်းကဆိုသည်။

မြန်မာဘာသာဖြင့် ပြုစုထားသော စာအုပ်အား အမေရိကန်ဒေါ်လာ ၂၀၀ဝ ကျော်ပေး၍ ဝယ်ယူသွားခဲ့ကြောင်း ၎င်းကပြောသည်။ ၎င်းစာအုပ်ပြုစုရန် အတွက် အချိန်ခုနှစ်နှစ်ခန့်ပြုစုခဲ့ရကြောင်း၊ စတင်ပြုစုခဲ့သည့်နေ့မှစ၍ ယခုလက်ရှိအထိ အသေးစိတ်ရေးသားထားကြောင်း သိရသည်။ အဆိုပါ ဝယ်ယူသွားသော အဖွဲ့မှ ၎င်းစာအုပ်အား တရုတ်ဘာသာဖြင့်ပြန်လည်ရေးသား သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈၀ဝ ကျော်ရှိပြီး နိုင်ငံခြားသားလည်ပတ်ခွင့်ပြုထားသော ကျွန်း ၂၂ ကျွန်းရှိ၍ ကန့်သတ်ကျွန်း ၁၆ ကျွန်းရှိကြောင်းသိရသည်။ ခွင့်ပြုထားများမှာ စူလာငယ်၊ စူလာကြီး၊ လငန်းကျွန်း၊ မကြုံဂလက်၊ မြောက်တော်ဝင်၊ လန်ပိ၊ ကျွန်းဖိလာ၊ ညောင်ဝီး၊ တောင်တောင်ဝင်၊ ၁၁၅ ကျွန်း၊ မြောက်နီ၊ လိုဏ်ဂူ၊ နာနတ်သီး၊ ရွှေကျွန်းငယ်၊ သူရဲကောင်းကျွန်း၊ Sagain (Big OX)၊ မင်းလှ၊ သူဌေးကျွန်း၊ အောက်နီ၊ မြင်းခွာကျွန်း၊ စလက်ဂလတ်၊ Betal Nut Island ကျွန်းတို့ဖြစ်ကြောင်း မြန်မာပို ့စ် ဂျာနယ် – အတွဲ ၃၊ အမှတ် ၄၈ တွင် ဖော်ပြထားသည်။

4 comments

  • လင်းဝေ

    December 15, 2011 at 9:34 am

    အချိန် ရနှစ် တောင် ပြုစုထားတဲ့ စာအုပ်ကို ဒေါ်လာ ၂,၀၀ဝ တည်းနဲ့ရောင်းလိုက်ရသလား။
    ဒေါ်လာ ၂၀,၀၀ဝ ဆိုရင်တောင် နည်းသေးတယ်။ ခရီးစားရိတ်လောက်ပဲရှိမယ်။
    ပေါလွန်းတယ်။ ဈေးပေါ လူပေါ။

    Reply

  • Gipsy

    December 15, 2011 at 11:06 am

    အင်း..
    တရုတ်တင်မဟုတ်.. ဖြူနီကြောင်ကျား အားလုံးစုပြုံ ဝင်လာကြတော့မှာ..
    သူတို့ကြိုက်တယ်ပြောတဲ့နေရာက မိသားစုတွေ အနေအစား ခက်တော့မှာ…။ 😳

    Reply

  • ကြောင်ကြီး

    December 15, 2011 at 11:58 am

    အဲဒါ ကြေးမုံတို့ အမျိုးတွေလေ…။ ဝေသာလီပြည် တရုပ်စီးတယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား….။ ပြောတော့ပါဘူး…တော်ကြာနေ သူစိတ်ဆိုးသွားအုံးမယ်။။။ :mrgreen:

    Reply

  • kotun winlatt

    December 15, 2011 at 12:04 pm

    တရုတ်တွေကပြောတယ်ဆိုပဲဗျ..
    ရုတ်ရုတ်မလုပ်နဲ့ မင်းတို့ဗမာပြည်ကြီးးကို
    ငါတို့ တရုတ်တွေ ရှူးနဲ့ ဝိုင်းပန်းလိုက်လို့
    ရေနစ်သွားမယ်တဲ့…ဟုတ်မဟုတ်တော့
    ဂေဇက်ဝိုင်းတော်သားးးပေါက်ဖော်ကြီးးအားးးမေးမြန်းကြပါခင်ညာ….။

    Reply

Leave a Reply

Your email address will not be published.