အပျော်ကြံချင်ကြသူများအတွက် အပျော်တမ်းဘလက်ရဲ့ ရိုက်ချက်များ။

black chawDecember 14, 20116min034

ပြီးခဲ့တဲ့ မန္တလေး ခရီးမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးများကို အားငယ်စိတ်ဖြင့် မတင်ဖြစ်ခဲ့ပါ။
သို့သော် ဆရာတွေရဲ့ ဓါတ်ပုံတွေကို ကြည့်ပြီးသကာလ ဘလက်လည်း စိတ်ပါလာကာ
ပါသည့်စိတ်ကို အလိုလိုက်မိပါသည်။
အပျော်တမ်း ဓါတ်ပုံလေးများသာ ဖြစ်ပါသဖြင့် အပျော်တော့ မကြံကြပါနဲ့ ခင်ဗျာ။
သူကြီးပြောသလို ဒေါ်လာနှင့် ဝယ်မည်ဆိုပါက ဘလက်က အကြီးအကျယ်စဉ်းစားပေးမည် ဖြစ်ပါကြောင်း။

အမြန်လမ်းပေါ်က မိတ္ထီလာ ဖီးလ်ရှေ့က နေထွက်ချိန် ။

ဒါလည်း မိတ္ထလာ ရဲ့ နေထွက်ချိန် ။

နေထွက်ချိန် ကို စစ်ဆင်ရေး လုပ်တာ မဟုတ်ပေမယ့် ကြိုက်နေမိလို့ သုံးပုံမြောက်တင်မိပါတယ်။

ဘလက်တို့ သူငယ်ချင်းတွေ ဧရာဝတီ မြစ်ကြီးထဲမှာ နေ့လယ်စာ စားခဲ့တဲ့ အမရာ ၂ သင်္ဘော။

အမရာ ၂ သင်္ဘော။

သင်္ဘောပေါ်ကနေ ဆိပ်ကမ်းပေါ် မြင်ကွင်း။

ဆေးရောင်စုံ မန်းဆိပ်ကမ်း။

လှေကလေးတစ်စီး မြစ်ထဲမှာ။

မြစ်ကမ်းပါးပေါ်က မျက်ရိုင်းတွေ။

မန်းဘက်ကို မျှော်ကြည့်လိုက်တာပါ။

လှေဦး က အရုပ်ကလေးနောက်မှာ ဘလက်က ကင်မရာအစုတ်ကလေးကိုင်လို့ ဆြာလိုလိုဘာလိုလို။

မင်းကွန်းပုထိုးတော်ကြီးကို လှမ်းမြင်ရပြီဗျာ။

စစ်ကိုင်းဘက်က အလှ။

ဓါတ်ပုံနဲ့ ရေးတဲ့ ပန်းချီကား။

အပျော်တမ်းရိုက်ချက်လေးပါ။

မင်းကွန်း ဘက်ကမ်း အလှ။

ဒီအရွယ်လေးတွေနဲ့ လှေပေါ်ရောက်နေကြသူလေးများ။

မင်းကွန်းဘက်က ရှုခင်းတစ်ကွက်။

လမ်းတွေ့ရာ အကုန်အပျော်ကြံနေသော အပျော်တမ်းဘလက် ရဲ့ ရိုက်ချက်။

ပွဲသွားကြော့ကြော့ ပွဲပြန်မော့မော့ ဆိပ်ကမ်းပေါ်က သင်္ဘောကို ပြန်အမော့ ။

34 comments

  • Shwe Tike Soe

    December 14, 2011 at 12:57 pm

    ရိုက်ထားအုံးပေါ့ ကိုဘလက်ရယ်.. ကျွန်တော်လဲ တစ်လပိုင်း မန်းလေးပြန်မှာ အဲဒီကျမှ အကုန်အပျော်လိုက်ကြံအုံးမယ်..
    အခုတော့ ကိုဘလက်အပျော်ကြံတာ ပဲကြည့်နေရတယ်. ဟဟ 😀

    Reply

  • nozomi

    December 14, 2011 at 1:02 pm

    သူကြီးရေ ကိုဘလက်ကြီး ညာနေပါတယ် ဗျို့
    ဒီလောက်ကောင်းတဲ့ ရိုက်ချက်တွေနဲ့တောင် ၊ မရိုက်တတ်ဘူး ညာနေသေးတယ်

    ဓါတ်ပုံတွေ ကြည့်ပြီး မြစ်ထဲကို ခုန်ချပြီး ရေကူးပစ်ချင်စိတ်တွေ ပေါ်လာတယ်

    Reply

  • ssa

    December 14, 2011 at 1:09 pm

    အပျော်ကြံတာတောင် ပုံတွေက အတော်လန်းတယ်ဗျာ..
    အတည်ပေါက် ရိုက်ရင်တော့ အခြားဆရာတွေ ထမင်းအိုးကွဲကုန်တော့မှာ..လျှော့ရိုက်ဆရာရေ.။

    Reply

  • Moe Z

    December 14, 2011 at 1:10 pm

    အပျော်မကြံချင်ပေမယ့် ဝင်ကြည့်သွားပါတယ် ဘဘဘလက်ရေ 😀
    မင်းကွန်းဘက်က ရှုခင်းတစ်ကွက်ကို ကြိုက်ပါတယ်ဗျို့

    Reply

  • Diamond Key

    December 14, 2011 at 1:13 pm

    အောင်မလေး…လေး၊ ပုံကောင်းလေးတွေကိုများ ချွေနေရသေးတယ်။ ပုံ ၁ တို့၊ ပုံ ၁ရ တို့ဆို ကောင်းမှကောင်း။
    အမရာပေါ်က အချောအလှတွေ ချန်ထားတာလေးပဲ :mrgreen:

    Reply

    • inz@ghi

      December 14, 2011 at 1:24 pm

      ဟုတ်ပါ့ဗျာ ..
      ကောင်းကောင်း ရိုက်ထားနိုင်တဲ့ပုံကောင်းလေးတွေပါဗျာ…
      ထိပ်ဆုံးက နေထွက်ချိန်ပုံလေးတွေပဲ ဇောင်းပေးပြောရရင်….

      ခုလို မဘမ်းအောင် ရိုက်ဖို့ မလွယ်ဘူးဗျာ…
      ပလို တွေတောင် ဖစ်လတာတွေနဲ့ ဖြစ်ညှစ် လုပ်ကြရသေးတာ..
      ခုပုံတွေက အန်ဒါ လည်းမဖြစ်ဘူး ..ဘန်းလဲမဘန်းဘူး…
      နောက်တချက် ဒေါင်လိုက်ပုံ၁ပုံပါတယ် …ဒေါင်လိုက်ရိုက်ဖို့
      အတွေးရတယ် ဆိုကတည်းက အတော်ရိုက်တတ်တယ် ပြောရမှာဗျို့….

      လှေပုံရေပုံတွေက တော့ အထူးပြောဖို့မလိုဘူးဗျာ…
      လှေကလေး၁စီး ကို အနှစ်သက်ဆုံးပါ….

      သည်ဒေသက သည်ရှုခင်းတွေ ရိုက်နေကျ ဆြာသော့က ပိုသိပါတယ်ဗျာ..
      သည်လောက်ပဲ မန့်တော့မယ်
      ဘဘဘလက်ရေ့ ….

      စကားမစပ်
      လှေဦးကပုံလေးက တော့ ရုပ်တုလေးက တူရူကိုငေးနေသယောင် ရိုက်နိုင်ရင်
      အတော် အသက်ဝင်သွားမှာဗျ…

      Reply

  • ကိုရင်စည်သူ

    December 14, 2011 at 1:25 pm

    အပျော်ကြိုက်တဲ့ ကိုရင်လည်း
    ကိုဘလက်ရဲ့ အပျော်ကြံရိုက်ချက်များကို
    အားပေးသွားပါတယ်…
    အမှန်ပြောမည်ဆိုလျှင် Beginner အဆင့်
    လက်ရာများမဟုတ်တာတော့ အသေအချာပါပဲဗျာ… 🙂

    Reply

  • ဆူး

    December 14, 2011 at 1:50 pm

    ဆူး တော့ ရွာထဲ ဝင်တာ ခေတ်မှီသွားပြီ.. တနေ့က ဦးနို ရဲ့ ပုံတွေနဲ့ မီးပုံးပျံ ပေါ်တက်ပြီးသွားပြီ..
    အခု ဦးဘလက် ရဲ့ ဧရာဝတီမှာလည်း သင်္ဘောစီးပြီး ရှူခင်းတွေ ကြည့်ပြီးပြီ..

    တန်သလားတော့ မမေးနဲ့.. တခါမန်း ၆ကျပ်တောင် ရသေးတယ်။

    Reply

  • “ဘီလူးကြီး”ogre

    December 14, 2011 at 2:40 pm

    ရိုက်ချက်တွေလှတယ်ဗျာ
    ဒါမျိုးရိုက်ချင်ထှာ…ဒါ့ပုံ ကင်မရာမရှိလိုပေါ့ 🙂 😛

    Reply

  • နွယ်ပင်

    December 14, 2011 at 2:41 pm

    ကိုဘလက်ရေ အပျော်ကြံလို့သာ တော်တော့တယ်
    အပျော်များမကြံရင်အခက် (ဓာတ်ပုံတွေပြောပါတယ် … 😀 )

    Reply

  • M-Lulin

    December 14, 2011 at 2:46 pm

    ဒီလို လက်ရာ ကို အပျော်ကြံတယ် ဆိုတော့ အတည်များကြံ ရင် လွယ်ဘူး .. လှေကလေးတစ်စီး နဲ့ အပေါ်စီးက ပုံ သုံးပုံ ကိုကြိုက်တယ်။ ဓတ်ပုံ နဲ့ ရေးတဲ့ပန်းချီကား ကိုလဲ ကြိုက်တယ် . ဒါပေမယ်လေ .. ပုံ အလယ်မှာ ဖြတ်ပိုင်းထားသလိုဖြစ်နေသလား လို့ .. ဒါပေမယ့် အကုန်ကြိုက်တယ်ဗျာ .. blackchaw ဆိုတဲ့ folder ဆောက်ပြီးတော့ ကူးပြီးသိမ်းထားတယ်။

    Reply

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 14, 2011 at 3:30 pm

    ဓာတ်ရိုက်ဓာတ်ဆင်တာတွေတော့ ကျုပ်က သိပ်ပြီးနားမလည်ဘူး
    ကြည့်လို့တော့ အကောင်းသား
    ကမ်းတွေပြိုနေတာ တော်တော်စိတ်မချမ်းသာစရာဘဲ
    အောက်ဆုံးက လှေပုံကိုကြည့်ပြီး တစ်ခုသတိရမိပါရဲ့
    လှေနောက်ပိုင်းမှာ
    ဝရန်တာလို့ခေါ်သလား ဘာလားသိဘူး အဲ့လိုလေးလုပ်ထားတယ်
    ကျုပ်တွေ့ဘူးတဲ့ ကမ်းရိုးတန်းလှေတွေမှာတော့ ဒါမျိုးမရှိဘူး
    လှေသမားစကားနဲ့ဆိုရင် လှေနောက်ပိုင်းကို ပဲ့ပိုင်းလို့ ခေါ်တာပေါ့လေနော
    လှေက လှိုင်းတွေကြားမှာ ရုန်းရင်းကန်ရင်း သွားနေမယ်
    အိုက်ဒီ ဝရန်တာလို တန်းလေးပေါ်မှာ စောင့်ကြောင့်လေးထိုင်
    ဘေးက တိုင်ကို လက်တစ်ဖက်နဲ့အပြီဖက်ထား
    လှိုင်းလေးက ငြိမ့်ငြိမ့် လေးနဲ့
    ဖင်လှန်ပြီး အီးပါရင်းလှေစီးရတာလေး လွမ်းသဗျာ

    Reply

  • thit min

    December 14, 2011 at 3:33 pm

    အဝေးခရီးမှာ
    အပြေးကြီးလာ
    နှုတ်ဆက်ရှာတဲ့သူရိန်ရှင်
    ကိုဘလက်က မှတ်တမ်းတင်။
    ဇာတ်လမ်းစဉ်ကဧရာဝတီ မှာ
    သွားကြမယ်ကွဲ့
    အမရာ နဲ့ ပေါ့ ။
    မဟော်သဓာမပါလဲ
    အဖော်သဟာ
    ဆရာများနဲ့
    ပျော်စရာ ဒီခရီး
    ပြုံးဖြီးဖြီးနဲ့ ကိုဘလက်
    သွက်လိုက်တဲ့ ရိုက်ချက်က
    တောင်ပေါ်ကိုသွား
    ဘုရားဖူးခဲ့
    ထူးတဲ့မြစ်ပြင်
    မှတ်တမ်းတင်ပြန်
    လှေငယ်ဟန်လည်း မကျန်စေရ
    သူ့တင်ပြလည်း
    ရွာသားဂေဇတ်
    လွန်”တင်း” ချက် က
    အလန်းသွက်လက်မပါသောကြောင့်။
    (^^)

    Reply

  • pooch

    December 14, 2011 at 3:40 pm

    ကိုဘလက်ချော အတော်လုပ်ပါနော် အပျော်ကြံတဲ့ မဟုတ်တာတွေ

    မြင်နေကျ မြင်ကွင်းတွေမှ ဟုတ်ရဲ့လားလို့တောင် ထင်မိတယ်
    ရိုက်ချက်တွေက ကောင်းမှ ကောင်း

    မြစ်ကမ်းပါးပေါ်က မျက်ရိုင်းတွေ ဆိုတဲ့ ပုံကို အနှစ်သက်ဆုံးပဲ
    ကမာ္ဘကြီးပေါ်မှာ မှီတင်းနေထိုင်နေတဲ့ ရုန်းကန်လှုပ်ရှားနေတဲ့ လူတွေနဲ့ တူတယ်
    ဘာရယ် မဟုတ်ဘူး ပုံတွေထဲထိ လိုက်ပြီး အဓိပါ္ပယ်ဖော်ပြီး ခံစားရတာကို သဘောကျလို့

    ကျမလည်း မောင် လုလင်လိုပဲ အရင်ကထဲက ဓာတ်ပုံရူး ( ကြိုက်တဲ့ ပုံတွေကို လိုက်စုတာ) ဆိုတော့ တော်တော်များများ စုခဲ့ဖူးတယ်
    သို့ သော် သိပ်မကြာခင်က ကံမကောင်း အကြောင်းမလှစွာနဲ့ laptop လေး virus ကိုက်သွားလို့ ဆိုင်ပို့ရတဲ့ အခါမှာ တသက်လုံး စုထား ဆောင်းထားသမျှတွေ ပါသွားလို့ တော်တော်လေး စိတ်ဓာတ်ကျပြီး နောက်ဘယ်တော့မှ ဘာမှ မစုတော့ဘူး ဆိုပြီး ဆုံးဖြတ်ခဲ့ဖူးတယ် ခံစားရတာ မသက်သာလို့

    ဒါပေမဲ့ အခု အဲ့ဒီပိုးက ဝင်လာပြန်ပြီ တော်တော်များများလည်း ရွာထဲကကို ဆွဲထားမိတယ်
    ဆိုင်က မှာလိုက်လို့ ခုတော့ backup ထဲ သိမ်းနေတယ် ဘယ်နေ့ ပြန်ငိုရအုန်းမလဲ မသိဘူး.

    Reply

  • windtalker

    December 14, 2011 at 3:54 pm

    “““ တစ်ရက်ကို ဒေါ်လာသုံးထောင်ကျော်ပေးပြီး ငှားစီးရတဲ့ အမရာ၂ လို သင်္ဘောမျိုး ကို စီးပြီး ဓါတ်ပုံတွေ ရှယ်ရိုက်ထားတာပါကလား ”””
    အားကျပါ၏ ။ ကိုဘလက်အား မုဒိတာ ပွားမိပါ၏ ။ ဓါတ်ပုံများကို ပြန်ရှဲပေးလို ့ကျေးဇူးတင်ပါ၏ ။

    Reply

  • naywoonni

    December 14, 2011 at 6:26 pm

    လုံးဝကြီးကို အပျော် မကြံပါ…။ အကြော်ပန်းကန်ပဲ အရက်နဲ့ မြည်းဖို့ ယူသွားပါသည်…။
    ပုံ –
    နေဝန်း

    Reply

  • သီချင်းလေးတပုဒ်သွားသတိရမိတယ်။
    မြန်မာပြည်သိန်းတန်နဲ့မေဆွိဆိုထားတာ။
    အားကျတယ် အားကျတယ်ဟေ့
    အားကျရုံဘဲတတ်နိုင်ပါတော့တယ်………………………..

    ကိုချော
    ရိုက်ချက်
    တကယ့်အမိုက်စား
    ဒါများသူက
    အပျော်ကြံတယ်ဆိုပြီး
    ပဲတွေများပြနေတယ်
    လူကြီးနော်…………………………….

    Reply

  • မှော်ဆရာ

    December 14, 2011 at 7:22 pm

    ရွာထဲမှာလဲ ဒေါ်လှ ရှိတော့
    ဘူဘောင်းအကြီးကြီး စီးတဲ့သူနဲ့
    မော်တော် အကြီးကြီး စီးတဲ့သူနဲ့
    ဒါတောင် သူတို့က အပျော်ကြံတာပါတဲ့ …။
    အေးပေါ့လေ ဒေါ်လှရှိတော့ အပျော်ကြံနှိုင်တာပေါ့ …။
    တို့ကတော့ ကိုဘကြိုင် ဖြစ်နေတယ် … နေနှင့်ဦးပေါ့ ဒေါ်လှရယ် ..

    Reply

  • alinsett

    December 14, 2011 at 7:38 pm

    ရိုးရှင်းပေမယ့် လှပ တဲ ့ပုံလေးတွေပါ။

    အခုလို ဝေမျှပေးတာ ကျေးဇူးပါပဲ။ ကိုယ်လည်း အဲဒီလို ခရီးတွေ…သွားနေချင်လိုက်တာ…

    Reply

  • MaMa

    December 14, 2011 at 8:23 pm

    အနက်ရောင်ဝမ်းဆုနဲ့ ဆိပ်ကမ်းကနေ ဓာတ်ပုံရိုက်နေတာ ကိုဘလက်ဖြစ်ရမယ်။
    ရွာသားတွေအားလုံးရဲ့ ချစ်ခင်စွာနဲ့ ဝိုင်းဝန်းချီးမြှောက်ကြတာမို့ ပြောစရာစကား မရှိတော့ပါ 🙂

    Reply

  • TTNU

    December 14, 2011 at 9:01 pm

    BC ရေ ကြိုက်တာလေးတွေ ကူးသွားတယ်နော်။
    တော်လိုက်တာ။ ငါတိုများ မလုပ်တတ်ပေါင်ကွာ။ မင်းမို့။
    မောင်ရင့် ပုံတွေ ကြည့်ပြီး လှေတစ်စင်းနဲ့ ရွက်လွှင့်ချင်လိုက်တာ။

    Reply

  • blackchaw

    December 14, 2011 at 10:20 pm

    @ Shwe Tike Soe /
    ကျွန်တော် တကယ် ရိုးသားစွာ အပျော်ကြံတာပါ။
    ခင်ဗျား အပျော်ကြံမယ့် နေ့ကိုလည်း မျှော်နေမယ်ဗျာ နော။
    @ nozomi /
    ကိုရင်နိုဇိုမိရေ။
    တကယ်အပျော်တမ်းပါဗျာ။ လုံးဝမတင်တော့ဘူးလို့ တွေးထားတာပါ။
    ကိုရင်နိုဇိုမိ ဘူဘောင်းစီးတာလေးတွေ့လိုက်တာရယ်၊ ကိုပေါက်ကြီးကလည်း
    တင်ပါလို့ အားပေးတာရယ် တွေကြောင့် တင်လိုက်တာပါ။
    မင်းကွန်းပုံတွေ ကျန်သေးတယ်ဗျာ။
    ဘလက် အပျော်ကြံတာကို အားပေးတာ ကျေးဇူးတင်တယ်ဗျာ။
    @ ssa /
    ဒါက ဘီသူလည်းမီသိဘူး။ ဟဟ။
    အားပေးတာ ကျေးဇူးပါဗျာ။
    @ Moe Z /
    ဝင်ကြည့်သွားတယ်ဆိုကတည်းက ကျေနပ်ပြီးသားပါဗျာ။ ကျေးဇူးပါ။
    @ Diamond Key /
    အမရာပေါ်က အချောအလှတွေက ၄ဝ ကျော်တွေပါဗျာ။
    ကိုစိန်သော့ ကြိုက်လောက်တဲ့ စိုင်လေးတွေ ဟုတ်ပါဘူးဗျာ။ စိုင်ကြီးတွေပါ။

    Reply

  • blackchaw

    December 14, 2011 at 10:31 pm

    @ inz@gi –
    “စကားမစပ်လှေဦးကပုံလေးက တော့ ရုပ်တုလေးက တူရူကိုငေးနေသယောင် ရိုက်နိုင်ရင်
    အတော် အသက်ဝင်သွားမှာဗျ…”
    ဆိုတဲ့ အကြံပေးတာလေးအတွက် ကျေးဇူးပါ။ ရွာထဲမှာ ဓါတ်ပုံ မတင်ရဲလောက်အောင်ဖြစ်သွားတာ
    ညီလေးရဲ့ ရိုက်ချက်တွေကြောင့်လည်း ပါတယ်ကွာ။ တကယ်ပါ။
    ဒါပေမယ့် ဘောလုံးအသင်းတစ်သင်းလိုပဲ တွေးကြည့်လိုက်ပါတယ်။
    ညီလေးတို့ ကိုစိန်သော့တို့ က စီရော်နယ်ဒို တို့ မက်ဆီတို့ ဆိုရင်
    ကိုယ်တို့ကလည်း ရာမို့စ် လောက်တော့ ဖြစ်မလားပေါ့ကွာ။
    အဲဒါမှ မဟုတ်ရင်လည်း ဗီဒစ်လောက်ကလေးပေါ့။ ဟားဟား။
    အားလုံးပေါင်းမှ ရွာအလှက ပိုပေါ်မှာလေကွာ။ အားပေးတာ ကျေးဇူးပါ။
    @ ကိုရင်စည်သူ –
    ” အမှန်ပြောမည်ဆိုလျှင် Beginner အဆင့်
    လက်ရာများမဟုတ်တာတော့ အသေအချာပါပဲဗျာ… ”
    အဲဒီကွန်းမန့်ကတော့ ကိုရင် ကျုပ်ကို အပျော်ကြံတာပဲဗျာ။
    @ ဆူး –
    တန်သလားမမေးနဲ့။
    ငါးရှဉ့်ချောက်စပ်လေးတောင် စားချင်စိတ်ကုန်သွားပါတယ်။
    တရားပြသူတော်လို့ပါဗျာ။
    @ ဘီလူးကြီး –
    အောင်မယ်လေး ဘီလူးကြီးရေ။
    ဒါက အပျော်တမ်း ကင်မရာလေးဗျ။
    ကိုပေ့ ကင်မရာထက်တောင် နည်းနည်း နိမ့် ဦးမယ်ဗျ။ မယုံမေးကြည့်ဗျာ။ နော ကိုပေ။
    @ နွယ်ပင် –
    နွယ်ပင်ရေ။ အားပေးသွားတာ အလွန်ကို ကျေးဇူးတင်ပါတယ်ဗျာ။
    ဟားဟား။

    Reply

  • blackchaw

    December 14, 2011 at 10:42 pm

    @ M-Lulin –
    အသာလုပ်ပါ ဗျာ။ အကုန်ကြိုက်တယ်ဆိုလို့
    အပျော်ကြံတာဆိုရင်လည်း ကျေးဇူးတင်ပါတယ်ဗျာ။
    @ ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု –
    ခင်ဗျားကွန်းမန့် ဖတ်ရမှပဲ ဟိုကဗျာလေး သွားသတိရတယ်ဗျာ။
    ချစ်သူ က ချီးတုန်း
    ကိုယ်က လှိုင်းလုံး
    မြစ်ဧရာ နဒီကြောမှာ
    မျောလို့ မဆုံး
    ဆိုတာလေးလေဗျာ။
    လွမ်းစရာရှားလို့ ကိုအောင်ပုရယ်။ ဖင်လှန်ပြီးချီးပါတာများလွမ်းရတယ်လို့ ဟားဟား။
    @ Thit min –
    ကိုသစ်ရေ။
    မသိချင်ယောင်ဆောင်နေတာ။
    ခင်ဗျား ကဗျာ မရေးတာ ကြာပြီဗျာ။
    ကဗျာက ခင်ဗျားရဲ့ ပင်မအောင်မြေနော်။
    ကဗျာ ကို အပျော်မကြံစေချင်ဘူးဗျာ။ တစ်ပုဒ်လောက်တော့ လုပ်ဦးဗျာ။ ဖတ်ချင်တယ်။
    @ pooch –
    ကျေးဇူးပါဗျို့။ နောက်နေ့ မင်းကွန်းပုံလေးတွေ အားပေးဦးဗျာ။
    @ ကိုပေ –
    နောက်ရဘူးလေ။ ဘဝတူတွေကို။ ခင်ဗျားပို့စ်တွေ ကွန်းမန့် တစ်ခုမှ မပေးနိုင်သေးတာ ခွင့်လွှတ်ကိုပေရာ
    အချိန်အရမ်းလုနေရလို့ပါ။
    @ နေဝန်းနီ –
    ကိုနေကြီးရေ။ ကျေးဇူးဗျို့။

    Reply

  • blackchaw

    December 14, 2011 at 10:46 pm

    @ ကိုပေါက် –
    ကိုပေါက်ရေ။
    ဘာဖြစ်ဖြစ်ဗျာဆိုပြီး တင်လိုက်တယ်ဗျာ။
    ကိုပေါက်ကိုလည်းကျေးဇူးတင်တယ်ဗျို့။
    @ မှော်ဆရာ –
    နောက်ရဘူးလေ မှော်ဆရာရယ်။
    @ အလင်းဆက် –
    ကျေးဇူးဗျို့။
    @ MaMa –
    ဟုတ်ဘူးဗျ မမရေ။ အဲဒါ ရုပ်ရှင်မင်းသားဟောင်းတစ်ယောက်ပါ။
    ကျောင်းကသူငယ်ချင်းလေ။ ကျေးဇူးပါဗျာ။
    @ TTNU –
    ဆရာမကြီးရေ။ နောက်တစ်ခါလာရင်ရောက်အောင်လာမယ် ဗျာ။
    ဒီတစ်ခါကိုခွင့်လွှတ်ပါဗျာ။

    Reply

  • မင်းပြည့်ရှိန်

    December 15, 2011 at 3:21 am

    စာသည် စိတ်၏ကြေးမုံ လို့ ဆိုသတတ်..
    သို့ဆိုလျှင်… ပုံသည် ခေတ်၏ကြေးမုံ မဟုတ်တုံလော..
    လှတယ်လို့ ထင်ရတဲ့ မြင်ကွင်းတွေနဲ့ အတူ…
    မလှတဲ့ ဘဝတွေကို မြင်ရတယ်..
    နေရောင်အောက်မှာ သူတို့……. ဘဝကို ဖြတ်သန်းနေကြတယ်…
    ကိုဘလက်ကြီး စီးတဲ့ အမရာ(၂) ရယ် ကိုဘလက်ကြီးပုံရိပ်ဖမ်းခဲ့တဲ့ လှေကလေးရယ်…
    ဘဝတွေ ဘာကြောင့် ခြားနားနေကြသလဲ…
    အကြောင်းကြောင်း ကြောင့် ပေါ့နော်…
    ခံစားမိပါတယ်…
    ပြီးတော့… “ဒီအရွယ်လေးတွေနဲ့ လှေပေါ်ရောက်နေကြသူလေးများ” ဆိုတဲ့ ပုံလေး.
    အဲဒီ အခါ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်မွေးဝမ်းကျောင်းမှု အဆင်သင့် မဖြစ်သေးဘဲ သို့တည်းမဟုတ် ရင့်ကျက်တဲ့ အတွေးအခေါ်မရှိသေးဘဲ အိမ်ထောင်ပြုကြတဲ့ နယ်တွေက အလေ့အထကို မုန်းမိပြန်တယ်..
    ဘာလို့ဆို မျိုးဆက် တစ်ဆက် အောက်ပြုတ်ကျသွားရင် လိုက်မှီဖို့ မလွယ်တော့ဘူး…

    အဲဒီကလေးတွေက မွေးလာတဲ့ မျိုးဆက်တွေနဲ့
    အမရာ ပေါ်က ပုဂ္ဂိုလ်တွေရဲ့ မျိုးဆက်…..
    အသိုင်းအဝိုင်း အတွေးအခေါ် အယူအဆ ဘဝနေမှု
    အတော်လေးကို ဟ သွားပြီ။
    အခြေခံပညာကို ကောင်းကောင်း မသင်ရတဲ့ ကလေးငယ်ဟာ စာအုပ်စာပေ နဲ့ လည်း ဝေးလို့ကတော့… သူ့အတွက်လည်း မကောင်းသလို ကိုယ့်အတွက်လည်း မကောင်းဘူး….
    မိတ်ကောင်းဆွေကောင်းနဲ့ ခရီးသွားရတာ စိတ်ချမ်းသာသလို..
    တိုင်းပြည်ရဲ့ အနာဂတ်ခရီးကို ချီတက်ရာမှာ မိတ်ကောင်းဆွေကောင်းတွေ အများကြီးလိုတယ်လေ…
    သူ့အတွက်…….ကိုယ့်အတွက်…

    ကိုဘလက်ရဲ့ အပျော်တမ်းရိုက်ချက်တွေက Heart ထိပါတယ်ဗျာ…..
    ဘာပဲ ဖြစ်ဖြစ် အရာရာခြားနားလည်း အချစ်တော့ တူမှာပါ…

    Reply

  • kai

    December 15, 2011 at 4:02 am

    ရုပ်တရက်မြင်တော့.. လှလို့.. အံ့တောင်ဩသွားတယ်.။ 🙂
    ခေတ်ပေါ်ပစ္စည်းတွေနဲ့.ကွန်ခရစ်တွေမပါရင်… ပိုတောင်.. ဂျွမ်းပြန်အောင် လှမှာ…။

    Reply

  • fatty

    December 15, 2011 at 9:26 am

    နံနက်မိုးသောက်ချိန်ကြည့်ရတာ အင်အားတွေတိုးပွါးလာလိုက်တာ ………..
    တနေ့တာအတွက်အားသစ်တွေလောင်းမိတယ်ပေါ့ …။
    ရိုးရိုး ပလိမ်းထဲက မိုးသောက်ချိန်ဆိုရင် ပိုကောင်းမလားဘဲ …….။
    ပုံတွေတင်ရတာအချိန်ကုန်လှပါတယ် အခုလိုစေတနာပါပါနဲ့တင်ပေးတာ
    ကျေးဇူးပါခင်ဗျား …………..။

    Reply

  • စုံ စုံ

    December 15, 2011 at 11:20 am

    အပေါ်ဆုံးပုံတွေထဲကတိမ်တွေကိုအရမ်းသဘောကျတယ်
    အကြိုက်ဆုံးကတော့ လှေလေးတစ်စီးမြစ်ထဲမှာကိုဘဲ
    မြစ်အရောင်က အရင်မြင်ဖူးနေကျကာလာမျိုးမဟုတ်ဘဲ တအားဆန်းနေတာလေးကြိုက်တယ်
    နောက်ပြီးတော့လှေဦး က အရုပ်ကလေးနောက်မှာ ဘလက်က ကင်မရာအစုတ်ကလေးကိုင်လို့ ဆြာလိုလိုဘာလိုလို ဆိုတဲ့ပုံမှာ ကိုယ်ကိုတိုင်က အရုပ်လေးနေရာမှာဝင်ရပ်ချင်တယ်
    ဘယ်သူ့ကိုမှမကြည့်ချင်ဘဲ ရေပြင်ကြီးကိုဘဲမျက်စိတဆုံးကြည့်ချင်မိတယ်
    ဒါဆိုအာရုံနောက်နေသမျှလန်းသွားနိုင်မယ်ထင်ရဲ့

    Reply

  • E.T

    December 15, 2011 at 12:26 pm

    အမရာ ၂ သင်္ဘော နှင့် လှေကလေးပုံကြိုက်၏။ အမရာ ၂ သင်္ဘောစီးရင် ဘယ်လောက်ကျလဲ ဦးဘလက်။

    Reply

  • ကြောင်ကြီး

    December 15, 2011 at 12:33 pm

    သင်္ဘော အမရာ မစီးဘဲ သင်္ဘော မဟော်သဓာ စီးရင် ဘယ်လောက်ပေးရမလဲ။။ ချိတ်မချိုးနဲ့နော် ဦးဘလက်.. သဂျီးက မတူတဲ့အတွေးနဲ့ တွေးဘာစိုလို့…. 🙄

    Reply

  • Sonny

    December 15, 2011 at 1:55 pm

    ကိုဘလက်ချောရေ
    အလှတွေကိုမြင်တတ်ပါပေတယ်။
    ဓါတ်ပုံရိုက်သူက အလှကိုလည်းမြင်တတ်မှ
    ခံစားတတ်မှ ရှာဖွှေတတ်မှ နော……
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…..

    Reply

  • manawphyulay

    December 15, 2011 at 2:55 pm

    အပျော်ကြံတာ မဟုတ်ပါ။ အတည်ကြံသော ပုံများသာ ဖြစ်ပါကြောင်း….. အမရာ သင်္ဘောရှေ့က ကင်မရာနဲ့ ဦးလေးကြီးတစ်ယောက်ကကော ဘယ်သူလဲဟင်… ပုံတွေက ပြိုင်ပွဲဝင်ပုံတွေမှတ်လို့။ ပညာတွေမလျှိုထားပါနဲ့ သင်ပေးပါဦးနော်။

    Reply

  • KING

    December 15, 2011 at 3:30 pm

    သူများနဲ့မတူအောင် မန့်လိုက်မယ်ဗျာ
    ပုံတွေကို မကြည့်ချင်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    မျက်ရည်ကျတယ်
    ဘာလို့လဲဆိုတော့ တစ်ခါကြည့်မိရင် မခွာနိုင်အောင်ကြည့်မိ
    မခွာနိုင်အောင် ကြည့်မိတော့ မျက်လုံးအောင့်လာပြီး
    မျက်ရည်တွေကျ ကျ ကျ ကျ
    အခုတောင်ကျနေပြီဗျို့
    ကိုမှောင် အပျော်ကြံလိုက်တာ ဒီမှာ မျက်ရည်ကျနေပြီဗျို့ ……….. ( ! _ ! )

    Reply

Leave a Reply

Your email address will not be published.