လ ကြတ်ပြီး ဆေးပေါင်းခတဲ့ည

manawphyulayDecember 12, 20111min09
လ စပြီး ကြတ်တုန်း အပြေး ရိုက်လိုက်မိတာပါ
လကြတ်ပုံလေးပါ
လ နောက်တစ်ချိန်ပြန်ကြတ်နေတုန်း ရိုက်လိုက်တာပါ
လအကုန်ဝင်ခါနီး ရိုက်လိုက်တာပါ။

9 comments

  • naywoonni

    December 12, 2011 at 8:49 pm

    အော်……… တို့ မနောဖြူလေး ဘယ်နားအိပ်ပျော်နေတယ် မသိ …။ လကြပ်တဲ့ ပုံတွေ ခုမှ တက်လာတယ်…။ အဲဒါ နတ်ဖွက်ထှာ ဖြစ်မယ်နဲ့ တူရဲ့ …။ အပေါ်ဆုံးနှစ်ပုံက ပန်းချီ ဆန်တယ်နော်…။ အဲဒိလို ပန်းချီကားမျိုးတွေ့ဘူးတယ်…။ ဘယ်မှာလဲ မမှတ်မိလို့………..။

    Reply

  • kotun winlatt

    December 12, 2011 at 9:50 pm

    လကြတ်တာတော့ဟုတ်ပါပြီဗျာ..ဆေးပေါင်းခတယ်ဆိုတာသေချာရဲ့လားတော့မသိ..
    ဆောင်းပါးတစ်ပုဒ်မှာတော့ လေ့လာနေဆဲဆိုလားး
    ဆေးပေါင်းခပီး ဘယ်လိုအစွမ်းတွေထက်လဲ..သိရင်
    ပြောပြပေးကြပါလားးဗျို့….။

    Reply

  • aye.kk

    December 13, 2011 at 2:06 am

    လကအရှေ့ဘက်ကိုအံတယ်ဆိုဘဲ..
    အရှေ့သားတွေဆန်ရေစပါးပေါများကြမယ်ဆိုပါလား..
    ကြားတာလေးတွေဖောက်သည်ချလိုက်ပါရဲ ့ဂေဇက်အပေါင်းတို့ဗျား..။

    Reply

  • ကြောင်လတ်

    December 13, 2011 at 6:51 am

    လက်တဲ့စမ်းကြည့်တာ မဆိုဘူး တည့်သားပဲ

    Reply

  • E.T

    December 13, 2011 at 7:35 am

    ကြယ်တွေ၊ နက္ခတ်တာရာတွေ အားလုံး စုံတဲ့ညကို ဆေးပေါင်းခတဲ့ည လို ့ပြောတာပဲ။ ဆေးပေါင်းခတဲ့ညမှာ ဆေးဖော်ခြင်း၊ မန္တာန်စီရင်ခြင်း စတာတွေ ပြုလုပ်ရင် အောင်မြင်ပေါက်မြောက်နိုင်တယ်လို ့ ကြားဖူးတယ်။ လပြည့်ချိန်ဟာ စန်းအားကြီးတဲ့ အတွက်ကြောင့် ပီယဆေးဖော်ရင် ဖြစ်နိုင်တယ်တဲ့။ သတင်းကောင်းပြောဦးမှ .. ရွာထဲက နှူးဘာဂိုဏ်းသားတွေစုပြီး ဖော်ထားတဲ့ ပီယဆေးရှိပါတယ်။ လိုချင်သူများ ဆက်သွယ်ပါ။ အစွမ်းထက်ပုံကတော့ နှူးဘားဂိုဏ်း ခေါင်းဆောင် ဂီဂီဆို ကိုယ့်ပုံကို MG မှာတင်ပြီးကြော်ငြာရတဲ့အထိ ဆေးစွမ်းထက်ပါတယ် 😀

    Reply

  • moethidasoe

    December 13, 2011 at 2:33 pm

    ကြယ်တွေ နက္ခတ်တာရာတွေ စုံမှ ဆိုတာ အားလုံး မြင်တာကို ပြောတာလား မြင်မြင် မမြင်မြင် ကောင်းကင်မှာ အစုံထွက်တာကို ပြောတာလား ?
    အခု တိမ်တွေ အုံ့ဆိုင်းနေလို့ ဆေးပေါင်း ခ မခ သိချင်လို့ပါ
    နောက်ပြီး ဘာကြောင့်များ မယ်ဇလီ တစ်မျိုးထဲမှာ ဆေးပေါင်းက လာ ခ နေတာလဲ?

    Reply

  • kai

    December 13, 2011 at 3:09 pm

    လနဲ့သစ်ပင် အကြီးအကျယ်အဆက်အစပ်ရှိတယ်လို့တယ်.. သိဖူးတယ်..။
    ဂျပန်ရှိဇုဝို့ကာနယ်က… သစ်စက်ရုံသူဌေးပြောတာပဲ..။
    သူက..သစ်ပါးလွှာလုပ်တယ်လေ..။
    အဲလိုလုပ်ရင်.. လပြည့်ည..လကွယ်ည ခုတ်ထားတဲ့အပင်တွေက.. အရမ်းသိသာတယ်ပြောတယ်..။

    သိပ္ပံအရကတော့.. လဆိုတာ ဆွဲလို့.. ဒီရေ(ပင်လယ်ရေကြွတက်)တာတောင်ဖြစ်တာ…
    အပင်ထဲက..ရေဓါတ်အပါအဝင်.. ဓါတ်သဘာဝတချို့..အပင်ထိပ်ဖျားတက်လာမှာပဲ..။
    အဲဒီအချိန်ပွင့်တဲ့..ဖူးတဲ့..အပင်ဆိုရင်တော့.. အဲဒီအဖျား..ဘာဘာညာညာဓါတ်တွေလာစုနိုင်မှာပဲ..။

    ဆိုတော့..
    သာမန်အချိန်သုတ်စားတာနဲ့စာရင်..စားကောင်းတာတို့.. ရောဂါတချို့ပျောက်တာတို့..ရှိချင်ရှိမှာပေါ့..။
    ရှေးခေတ်ဆိုတာ.. သိပ္ပံမဖွံ့ဖြိုးသေးတော့..ဒီလိုပဲ.. နေမကောင်းဖြစ်ရင်.. ထူးဆန်းတာတွေရှာဖွေလိုက်လုပ်ကြည့်ရတယ်မဟုတ်လား..။
    ရောဂါတခုခုကို.. မဲဇလီဖူးသုတ်စားပြီးပျောက်တော့… မှတ်တမ်းထားမှာပေါ့..။
    အဲဒါကနေ.. ဆေးပေါင်းခတယ်ဖြစ်လာတာနေမယ်..။

    အဲ..အဲ.. လကြတ်တယ်ဆိုတာက.. ကမ္ဘာအရိပ်က..လပေါ်ကျတာလို့.. သာမန်အားဖြင့်နားလည်မိတယ်..။
    ဆိုတော့…ကမ္ဘာပေါ်(လကြတ်တာမြင်ရတဲ့နေရာ)ကို.. လဆွဲအားရော..နေဆွဲအားရောတတန်းထဲကျနေတဲ့အဓိပါယ်လို့ထင်တယ်..။
    ဆွဲအားပြင်းတယ်ပေါ့..
    ဆေးပေါင်းခတဲ့ည..ဆွဲအားပြင်းတဲ့ည.. 😆

    Reply

    • ဆူး

      December 13, 2011 at 3:25 pm

      သဂျီးက အခုထက်ထိ ပါဝါ ဆိုတာ လက်မခံဘူး.. ပြီးတော့ အဲဒါ ပါဝါ.. လရဲ့ ဆွဲနိုင်တဲ့ ပါဝါ.. အဲဒါတွေကြောင့် အဲလို အဲလို ဖြစ်လာတာပဲ ဆိုပြီး ပြောနေတယ်.. သဂျီးရဲ့ မသိစိတ်က လက်ခံထားပေမဲ့ အသိစိတ် နဲ့ ငြင်းနေတာ တခါတလေ အသိလွတ်လွတ်သွားတော့ ဝန်ခံပြီးသား ဖြစ်နေပြီ.. ဝန်ခံလိုက်ပါတော့ သဂျီးရယ်.. ဟိဟိ..

      Reply

      • inz@ghi

        December 13, 2011 at 3:38 pm

        နှူးဘာ ဂိုဏ်းသားတွေကတော့ ပါဝါကိုလက်ခံပါတယ်ကွယ်…
        ဆွဲအားပြင်းတာကိုလည်း လက်ခံပါတယ်ကွယ်…

        ဆွဲအားကတော့ ဘာပြင်းသလဲမမေးနဲ့
        ဇီးရိုးလောက်နီးနီး အေးနေတဲ့အချိန်မှာ ည၁၂နာရီလောက်ကြီး
        ထွက်ထွက်ပြီး ရိုက်ရတာ ..သူ့ဆွဲအားကြောင့် အသေက်ကလေးတောင်
        ထွက်ပီ မှတ်နေတာ ..အဟွတ် အဟွတ်….

        😀

        Reply

Leave a Reply

Your email address will not be published.