အာဖရိကငါးခူများအား သားဖောက်ထုတ်လုပ်ဖြန့်ဖြူးခြင်းမပြုကြရန်နှိုးဆော်

klnMay 26, 20101min01

မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် နိုင်ငံတော်အတွင်းရှိငါးမွေးမြူခြင်း လုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျစီမံခန့်ခွဲခြင်း၊ မျိုးထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းလာသည့် အာဖရိက ငါးခူ (Clarias gariepinus) များသည် သဘာဝသယံဇာတများကို ပျက်စီးစေကြောင်းနှင့် ဒေသခံငါးမျိုးများကို ပြုန်းတီးစေကြောင်း စစ်ဆေးတွေ့ရှိရပါသဖြင့်အဆိုပါအာဖရိက ငါးခူများကိုပြည်ပမှပြည်တွင်း သို့တင်သွင်းခွင့်မပြုကြောင်းနှင့် ပြည်တွင်းတွင် လက်ရှိ သားဖောက်ထုတ်လုပ်နေသည့် အာဖရိက ငါးခူများကို ဆက်လက်သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းစသည်တို့ကို မပြုလုပ်ကြရန် ၊ အမိန့်ကြော်ငြာစာအမှတ် ၅/ ၂၀၀၁ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်၍ ငါးလုပ်ငန်းလုပ်ကိုင်ကြောင်းစစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်းသတိပေးထားရှိသည်။ သို့ဖြစ်၍ ဤအမိန့်ကြော်ငြာစာပါ သတိပေးတားမြစ်ချက်များကို လိုက်နာကျင့်သုံးကြရန် နှင့် အာဖရိကငါးခူများအားသားဖောက်ထုတ်လုပ်ဖြန့်ဖြူးခြင်းမပြုကြရန်နှိုးဆော်အပ်ကြောင်း ၂၀၁ဝခုနှစ်မေလ ၂၆ရက်နေ့ ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။

One comment

  • etone

    June 29, 2010 at 9:07 am

    အာဖရိက ငါးခူကဘယ်လိုအကောင်မျိုးလဲ ။ ပုံလေးပါ ပါရင်သိပ်ကောင်းမှာပဲနော် ။

    Reply

Leave a Reply

Your email address will not be published.