မဟာဗန္ဓုလတံတားပေါ်တွင် BM တစ်စီးတိမ်းမှောက်

နွယ်ပင်December 7, 20111min028

ယနေ့ 7.12.11 3း45 PM အချိန်တွင်မဟာဗန္ဓုလတံတားပေါ်တွင် BM တစ်စီးတိမ်းမှောက်သွားပါတယ် ကားကတစ်စောင်းကြီး တိမ်းမှောက်သွားခဲ့ပြီး
လူအသေအပျောက်ရှိမရှိတော့ မသိသေးပါဘူး အခုချိန်ထိတော့ လူနာတင်ယာဉ်တစ်စီးမှ ရောက်တာမတွေ့သေးဘဲ မီးသတ်ကားနဲ့ ရဲကားများသာ ရောက်ရှိနေပါတယ် ..

28 comments

  • blackchaw

    December 7, 2011 at 4:16 pm

    လူတွေဘာတွေ သေကြသေးလားဗျ။

    Reply

    • နွယ်ပင်

      December 7, 2011 at 4:20 pm

      လူသေမသေတော့ သေချာမသိသေးပါဘူး ကိုဘလက်ရေ အခုတော့ ကားကို ပြန်တည့်ပြီး ကရိန်းနဲ့ဆွဲသွားပါတယ် ။အောက်ကပိနေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့ သူတွေကိုတော့ အခုလေးတင် လူနာတင်ယာဉ်လာသွားတာ တွေ့လိုက်ပါတယ် .. ရုံးပေါ်ကနေစပ်စုနေတာမို့ အကြောင်းထူးရင် ထပ်တင်ပေးပါ့မယ် ..

      Reply

  • pasi

    December 7, 2011 at 4:24 pm

    မနွယ်ပင် ကျေးဇူးပါ

    Reply

  • ဖီးကျူ

    December 7, 2011 at 4:30 pm

    အချိန်နဲ ့ တစ်ပြေးညီ တင်ပေးလို ့ ကျေးဇူးပါ နွယ်ပင်ရေ
    နောက်ဆက်တါဲလေးတွေလဲ ထပ်တင်ပါအုံး.

    Reply

  • MaMa

    December 7, 2011 at 4:31 pm

    နွယ်ပင်ရေ-
    တကယ့်ကို update သတင်းပဲ။ 🙂

    Reply

  • manawphyulay

    December 7, 2011 at 4:39 pm

    ဒီလိုပုံစံဆိုရင်တော့ ဒဏ်ရာရကြမှာ များမယ်ထင်တယ်နော်။ တုံးလုံးဖြစ်သွားတာဆိုတော့လေ… ခုတစ်လော ဒါတွေပဲ မြင်ယောင်ကြားနေမိတာ စိတ်ထဲမကောင်းဘူး။

    Reply

  • ဆူး

    December 7, 2011 at 4:46 pm

    BM ဆိုတာမျိုးက အခု တွေ့ရင် အသုဘ ပို့တဲ့ ကားတွေ အဖြစ်သာ သုံးကြတာ များတယ်။
    အသုဘ ပို့တဲ့ ကားတော့ မဟုတ်လောက်ပါဘူးနော်။

    Reply

  • နွယ်ပင်

    December 7, 2011 at 4:50 pm

    ကြားရသလောက်ကတော့ သံလျှင်ဘက်ကိုပြေးတဲ့ BM ကားပါတဲ့ ကားစပယ်ယာတော့ နေရာမှာတင် ပွဲချင်းပြီးသေသွားပါတယ် သွားကြည့်တဲ့ ကောင်လေးပြောတာကတော့ သေသွားတဲ့စပယ်ယာက
    ခေါင်းတောင်ပြားသွားတယ်ဆိုပဲတစ်ခြားဒဏ်ရာရသွားတဲ့ လူတွေကတော့များတယ်ထင်ပါတယ်

    Reply

  • koyinmaung

    December 7, 2011 at 4:51 pm

    ကျေးဇူးဘဲနွယ်ပင်ရေ……..

    Reply

  • Shwe Tike Soe

    December 7, 2011 at 4:54 pm

    မနွယ်ပင်တို.များ ဘယ်အချိန်ကတည်းက အဲဒီတိုက်ပေါ်တက်ပြီး စောင့်နေလဲမသိ.. ဟဟ
    ချက်ချင်းကို ဓာတ်ပုံရိုက် ချက်ချင်းကို တင်တော့တာပဲ.. ကျေးဇူးကျေးဇူး.. တိုက်ခေါင်မိုးပေါ်တက်ရင်လဲ သတိထားတက်အုံးနော့

    Reply

  • R Ga

    December 7, 2011 at 5:05 pm

    ဖြစ်လိုက်ရင် အဲဒီတံတားနားမှာ ချည်းပဲ ။ တော်ကြာ သစ်လုံးကား ပိတာနဲ့ ။ ကွန်တင်နာကား မှောက်တာ နဲ့ အခုက တော့ ခရီးသည်တင်ကားဆိုတော့ တော်တော်လေး စိတ်ပူမိတယ်။

    Reply

  • amatmin

    December 7, 2011 at 5:27 pm

    မှောက်လဲ မှောက်လောက်ပါတယ်ဗျာ..
    မနက်ကတင်ပဲ သာကေတ ဘက်ကနေ ပြန်လာတာ အဲဒီတံတား မတက်ခင်
    သန်လျင်ကလာတဲ့ ဘီအမ် နှစ်စီး အတင်းကာရော ကျော်ခွနေကြတာ..
    ခုတော့ ဘာမှ မဟုတ် တာတွေကြောင့် စီးပွားရှာ ရင်းအသက်စွန့် ကြရပြီ..
    ကြားထဲ က ခရီးသည်တွေ က အချောင်ခံ ကြရဦးမယ်…
    ကြည့်လုပ် ကြပါဦး ကိုယ့်ဆရာတို့ ရယ်….

    Reply

  • E.T

    December 7, 2011 at 5:49 pm

    ဘီအမ်၊ ဒိုင်နာ နဲ ့ဟိုင်းလပ် ကားတွေဆို မဖြစ်မနေစီးရမှ စီးတယ်။ အရမ်းမောင်းကြလို ့။ ဖြစ်လိုက်ရင်လဲ တုံးလုံးတွေ ပက်လက်တွေ။ နောက်တစ်ခုက အရပ်မလွတ်လို ့ 😛 ပါရမီတို ့လို ့ကားအကြီးကြီးပဲစီးတယ်။ အဲဒါတောင်ခပ်လန် ့လန် ့ပဲ ဟိုတလောက ဂတ်စ်အိုးပေါက်ပြီး ကားမီးလောင်သွားတဲ့ပုံကို ကြည့်ပြီးလန် ့နေတယ်။

    Reply

  • memeseku

    December 7, 2011 at 6:39 pm

    ဒါဆို စပါယ်ယာခေါင်းပြားပေါ.

    Reply

  • ပေါက်ဖော်

    December 7, 2011 at 7:10 pm

    မြင်ရမျက်စိဝ မချမ်းသာလှပါဘိဗျာ
    😳

    Reply

  • “ဘီလူးကြီး”ogre

    December 7, 2011 at 7:18 pm

    လူတစ်ယောက် ငါးဆယ်တစ်ရာနဲ့
    အတင်လုမောင်းကြတယ် အဲဒီပိုက်ဆံနဲ့ ချမ်းသာမှာလားဆိုတော့လဲ
    စားရရုံပဲရှိတယ် အဲဒါနဲ့များ အန္တရာယ်နဲ့ ငါးဆယ်တစ်ရာ ကိုလဲကြတယ်ဗျ
    လူတစ်ယောက်ပိုတင်လိုက်ရလို့ ငါဆယ်တစ်ရာတစ်သက်စားမကုန်မှာကျနေတာပဲ
    နောက်ကမိသားစုတော့ဒုက္ခရောက်ပြီ ဒရိုင်ဘာပြေးတော့ရော စိတ်လုံစွာပုန်းနေနိုင်မှာလား
    မိသားစုကရောမပူမပန်နေကြရမှာလား….
    အဲဒီ..ငါးဆယ်တစ်ရာအတွက်နဲ့ ..လူတွေအသက်ပေးရပေါင်းများပြီ

    Reply

  • windtalker

    December 7, 2011 at 8:25 pm

    မည်သို ့ပင်ဆိုစေ
    မနွယ်ပင် ၏ သတင်းထူး ကို
    အထူး ကျေးဇူးတင်ရှိပါ၏
    အပ်ဒိတ် ဂေဇက်

    Reply

  • htoosan

    December 7, 2011 at 8:30 pm

    ဒါကြောင့် နေ့လည်က မီးသတ်ကား လေးငါးစီးလောက် ဥဩ မဆွဲဘဲ သံချောင်းခေါက် ပြီး တံတား ဘက် တက်သွားလို့ ဘာဖြစ်ပါလည်းစပ်စုချင်နေတာ။
    နွယ်ပင်တို့ ရုံး အဲ့ဒီနား ဆိုတော့ ခဏ ခဏ ဓါတ်ပုံထွက်ထွက်ရိုက်နေရမယ်ထင်တယ်။

    ဘတ်စကားပြိုင်မောင်းတဲ့ ယာဉ်မောင်းတွေရယ် ၊ Taxi အရမ်းမောင်းတဲ့ သူတွေရယ် ၊ကိုယ့်ထမင်းရှင် တွေ ကိုဒုက္ခရောက်စေတာမို့ှ ပြစ်ဒါဏ် များများ ချသင့်တယ် ။

    Reply

  • 007James

    December 7, 2011 at 8:48 pm

    နွယ်ပင်အား မဟာဗန္ဓုလတံတားနှင့် ပတ်သတ်သောသတင်းများ အချိန်နှင့်တပြေးညီတင်ရန်အာဏာကုန်လွှဲသည်။
    ပုံ
    007

    Reply

  • gyinkalay

    December 7, 2011 at 9:57 pm

    ဒေါပုံ ဖက် တံတားအဆင်းမှာ slow down တွေ အဲ့လောက်လုပ်ထားတာတောင် ကားတွေက ဇွတ်မောင်းတုန်းပဲ….တံတားအဆင်းမှာဆို ခပ်လန့်လန့် ပဲ အရှိန်သိပ်များတာ…

    Reply

  • kai

    December 8, 2011 at 5:42 am

    မြန်မာပြည်မှာ.. အာမခံစံနစ်သေချာလုပ်ဖို့လိုနေပြီ ထင်မိတယ်..။
    ဆိုတော့.. ပြောလည်း ဘယ်သူမှမလုပ်တဲ့အတူတူ.. ကျုပ်ပဲလုပ်ပေးလိုက်ပါမယ်..။

    ရွာထဲက.. ပွိုင့်၅သောင်းအထက်ရှိသူ မြန်မာပြည်တွင်းက.. ရွာသူားတွေကို.. ကားနဲ့ပါတ်သက်တဲ့.. အာမခံရောင်းမယ်..။
    ဘတ်စ်ကားကြောင့်.. လူမှာမတော်တဆမှုတခုခုဖြစ်ရင်.. အသုံးပြုဆေးစရိတ် ဒေါ်လာ ၁၅ဝ ချက်ချင်းထုတ်ပေးမယ်..။
    ခိုင်မာမှုအတွက်.. ရဲစခန်းနဲ့..ဆေးခန်းထောက်ခံချက်ရယ်.. ရွာသူား ၂ယောက်ထောက်ခံချက်ရယ်…ပြရမယ်.။

    အဲဒီအတွက်.. တနှစ် ပွိုင့်၅သောင်း ပရီမီယံကြေး ကြိုသွင်းပေးရမယ်..။

    ဂီဂီရေ..
    အဲဒီဘစ်ဇနက်မိုဒယ်လေး မွန်းမံကြည့်မလား…။ MLM လေးထည့်ရောသမမွှေကြည့်လိုက်လေ…။ 🙂

    Reply

    • etone

      December 8, 2011 at 11:35 am

      တယ်ဟုတ်ပါလား သဂျီးရေ … ဒါဆိုရင် သဂျီးဆီမှာ အာမခံထားမယ် … ဟဲဟဲ … ။
      ကားဘရိတ်အုပ်လို့ … လက်နာသွားတာတောင် … အရိုးများထိသွားသလား ဓါတ်မှန်ရိုက်ရမယ် ။ အရွတ်များ ပဲ့သွားပလား စစ်ရ ဆေးရဦးမယ် … ကဲပေးတော့ $ 150 😆

      Reply

  • etone

    December 8, 2011 at 11:44 am

    အစ်မနွယ်ပင်ရေ … သတင်းထူးဆို ဂေဇက်ကတော့ ဦးပြီးသားပါပဲနော် ဟဲဟဲ 🙂
    မနေ့ညက ညီမအစ်ကိုပြန်လာတော့ အဲ့ဒီပုံတွေပြသေးတယ် …သူလည်း သတင်းကြားကြားချင်းလိုက်သွားသေးတယ် … နှစ်ယောက်သေတယ်တဲ့ အစ်မရေ … ဒဏ်ရာရတဲ့ ဦးရေတော့များတယ်ကြားတယ် … သေတဲ့နှစ်ယောက်က တယောက်က စပယ်ယာ ၊ တစ်ယောက်က ခရီးသည် လွင့်စင်ကျသွားလို့ သေတာတဲ့ .. စပယ်ယာလေးကတော့ ကားက တခြမ်းစောင်းသွားတဲ့အချိန် ညပ်ပြီးသေပါသတဲ့ …. ။ တဖက်က တိုက်တဲ့ ကားက စကိုင်းနက်ရဲ့ ဝန်ထမ်းတွေစီးတဲ့ကားလို့လည်းပြောသံကြားတယ် … ။ ဖြစ်လေ့ဖြစ်ထ ရှိတဲ့နေရာကို သတိထားပြီးမောင်းကြတာမဟုတ်ဘူး …. ။ ကြားရတာ စိတ်မကောင်းစရာနော် ။

    Reply

    • နွယ်ပင်

      December 8, 2011 at 1:37 pm

      etone ရေ သတင်းကဦးမှာပေါ့နော် ဖြစ်တဲ့နေရာက နွယ်ပင်တို့ အလုပ်ရှေ့မှာဆိုတော့
      ဖြစ်ဖြစ်ချင်းပဲ အပေါ်ကနေ လှမ်းပြီးဓာတ်ပုံရိုက်ပြီးတင်လိုက်တာဆိုတော့ …..
      နွယ်ပင်ကြားတာကတော့ ကားကဘရိတ်ပေါက်လာလို့ ဂုန်းတံတားကဆင်းရင်
      အရှိန်မထိန်းနိုင်မှာဆိုးလို့ ပြန်ကွေ့ပြီး သဲအိတ်တွေရှိတဲ့ ရဲကင်းဘက်ကို ကွေ့ရင်း တုံးလုံးလဲသွား
      တာလို့ပြောကြတယ် ဘယ်ကားနဲ့မှမတိုက်မိဘဲ သူ့တစ်စီးတည်းဖြစ်တာပါ ..
      ရဲကင်းကရဲကတော့ တစ်ယောက်ထဲ အရက်ထိုင်သောက်နေရင်း ကားကသူ့စီတည့်တည့်ဝင်လာလို့
      ပြေးရင်း ဒဏ်ရာရသွားတယ်လို့ သွားကြည့်တဲ့ သူတွေကပြောကြတယ် ….

      Reply

  • htoosan

    December 8, 2011 at 12:40 pm

    ဒီနေ့ Myanmar Times က စာမျက်နှာ ၁၂ ပါ သတင်း မှ ကောက်နှုတ်ဖော်ပြထားတာပါ။
    ..
    (၁) ၄ ရက်နေ့ နံနက် ၁၁ နာရီ ခန့် မှာ မထသ ၄၃ ခရီးသည် ယာဉ် မှ လမ်းပြောင်းပြန် မောင်းပြီး ရပ်နေသော ၊လမ်းဖြတ်ကူးသူ ဒေါ်ခင်ညွန့် (၇၈ နှစ်) နှင့် မောင်လျန်းထက် (၈ နှစ်) တို့အား တိုက်မိရာ ကလေးမှာ ဦးခေါင်းကြေမွပြီး ဝမ်းဗိုက်ပေါက်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ရသည်။
    ဒေါ်ခင်ညွန့် မှာ နောက်စေ့ စုတ်ပြဲ ကာ ခါးရိုးစုတ်ပြဲသွားကြောင်းနှင့် ယာဉ်မောင်း ထွက်ပြေးသွားကြောင်း ။

    (၂) ၄၄ မထသ လိုင်းယာဉ်သည် ၃ ရက်နေ့ ည ၉နာရီ မိနစ် ၅ဝ ခန့်တွင် အောက်မင်္ဂလာဒုံ လမ်း ဘိုခြံမှတ်တိုင် အနီး တွင် လမ်းစပ်မှ လမ်းလျှောက်သွားသူ ကို လွမ်းယု နှင့် ကို စန်းလွင်ဦး တို့အားတိုက်မိပြီး မောင်းနှင် ထွက်ပြေးရာ ကိုလွမ်းယုမှာ ဒါဏ်ရာများရရှိကာ အင်းစိန်ဆေးရုံတွင် ကွယ်လွန် သွားသည် ။ ယာဉ်မောင်းအား ၄ ရက်နေ့တွင် ကားနှင့် အတူ ဖမ်းမိခဲ့ကြောင်း။

    Reply

  • char too lan

    December 8, 2011 at 1:45 pm

    အရမ်းတွေ အက်ဒိတ် ဖြစ်လွန်းတယ်……
    ဖတ်ရတာစိတ်မချမ်းသာဘူး …………….

    Reply

  • thit min

    December 8, 2011 at 4:31 pm

    သတင်းလေးတွေ ဖြည့်မယ်ဗျို့။

    မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား ဖြစ်ပွားခဲ့သည့် မှုခင်းအများအစု စစ်ဆေးနေဆဲဖြစ်
    မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်အများစုမှာ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။
    နိုဝင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ပန်ဘဲတန်းမြို့နယ်ရှိ နိုက်ကလပ်တစ်ခု၌ စတင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် သရုပ်ဆောင်ဒါရိုက်တာဖြစ်သူ ကိုဇင်မင်းကို တရားခံဟုယူဆရသည့် မင်းကျော်ခေါင်(ခ) ကျော်ခေါင်မှ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်း နှင့် ၄၅ လမ်းထိပ်တွင် တရားခံဟု ယူဆရသူ မောင်းနှင်လာသည့် (Super Custom) ဖြင့် ကိုဇင်မင်းအား လည်ပင်းကိုသိုင်းဖက်၍ မောင်းထွက်သွားပြီး ၄၈ လမ်းထိပ်သို့ တရွတ်တိုက်ပါသွားရာ လမ်းဘေး၌ရပ်ထားသော ကားနှစ်စီးအား တိုက်မိပြီး ကားရပ်တန့်သွားပြီးမှ ယာဉ်မောင်းက ကိုဇင်မင်းအားလွှတ်ချပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဖြစ်စဉ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က လမ်းမတော်မြို့နယ် အမှတ်(၆)ရပ် ကွက်၊ (၁၄)လမ်းအတွင်း လမ်းလျှောက်နေသည့်အသက် ၆၂ အရွယ် ရှိ အမျိုးသမီးကြီးတစ်ဦးကို အမျိုးသားတစ်ဦးက ငွေတောင်းရာမှ မပေးခဲ့သောကြောင့် အဆိုပါအမျိုးသမီးကြီးကို ဓားဖြင့်ထိုးခဲ့သည့်ဖြစ်စဉ်၊ နိုဝင်ဘာလ ၁ရ ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ (၆)လမ်းအတွင်းရှိ 6 Stars စားသောက်ဆိုင်အတွင်း သူငယ်ချင်းနှစ်ယောက်နှင့်အတူ စားသောက်နေသည့် ကိုကျော်မင်းကို မျက်နှာဖုံးစွပ်ထားသူများက ဓားများဖြင့်ပါဝင် ခုတ်သတ်ခဲ့သည့်ဖြစ်စဉ်၊ ၂၃ ရက်နေ့ ည နေ ၅ နာရီအချိန်တွင် အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် သာယာရေး (၂) လမ်းရှိ နေအိမ်တစ်ခုတွင် အနုကြမ်းစီးမှု စသည့်မှုခင်းများမှာ အများပြည်သူများ အာရုံစိုက်နေသည့် မှုခင်းများဖြစ်ကြောင်း သိရသည်။
    နိုဝင်ဘာလ ၂ ရက်နေ့ညက သရုပ်ဆောင်ဒါရိုက်တာ သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်စဉ်တွင် အတူရှိနေ သည့် သူငယ်ချင်းက ဒီဇင်ဘာလ ၄ ရက်နေ့တွင် “ဒီအမှုနဲ့ ပတ်သက်လို့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရုံးတင်လိုက်ပါပြီ။ တရားခံအစစ်လု့ိ ယူဆရတဲ့သူကိုတော့ သက်ဆိုင်ရာက ဖော်ထုတ်စစ်ဆေး နေတုန်းပါပဲ”ဟု အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့ သည်။
    လမ်းမတော်မြို့နယ်အတွင်း နိုဝင်ဘာလ ၁၂ ရက်နေ့က အမျိုးသမီးကြီး တစ်ဦးအား ဓားဖြင့် ထိုးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဒီဇင်ဘာလ ၄ ရက်နေ့က “ကျွန်တော် တို့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးနေဆဲပါ”ဟု လမ်းမတော်မြို့နယ် ရဲစခန်းမှတာဝန်ရှိ သူကပြောကြားခဲ့သည်။
    ထို့အတူ နိုဝင်ဘာလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သော အင်းစိန် မြို့နယ်ရှိ နေအိမ်တစ်အိမ်အား အနုကြမ်းစီး ဝင်ရောက်မှုနှင့်ပတ်သက်၍ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဦးမြင့်သိန်းက “ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ တရားခံဖမ်းမိ ဖို့အတွက် စစ်ဆေးနေတုန်းပါပဲ၊ အမြန်ဆုံးဖော်ထုတ်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်”ဟု ဒီဇင်ဘာ လ ၄ ရက် နေ့က ပြောကြားခဲ့သည်။
    အလားတူ နိုဝင်ဘာလ ၁ရ ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် ကိုကျော်မင်းအား မျက်နှာဖုံးစွပ်ထားသူများက ဓားများဖြင့် ဝိုင်းဝန်း ခုတ်သတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ “ဒီနေ့အချိန် ထိတော့ တရားခံလို့ယူဆထားသူ အားလုံးပေါင်း ၁၄ ယောက်ကိုတော့ ဖမ်းဆီးစစ်ဆေး နေပါတယ်။ ထပ်မံပြီးတော့လည်း တရားခံတွေကို စစ်ဆေးဖော်ထုတ်သွားပါ့မယ်” ဟု မြောက်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုရဲမှူး ဦးစိန်ရိုးက ပြောကြားခဲ့သည်။
    http://www.weeklyeleven.com/index.php?option=com_content&view=article&id=11381:2011-12-07-09-14-06&catid=42:2009-11-10-07-36-59&Itemid=112

    Reply

  • ashinthusitta

    December 13, 2011 at 1:58 pm

    တစ်နေကွယ် သေနယ်သို့ တစ်ခါကူး မေ့လျှော့ကာ သေဘူးထင်ပါနဲ့ နေကွယ်တာ အခါများရင်ဖြင့် သေနယ်ရွာ တစ်ခါသွားရမယ် တားးးမရဘူး…

    Reply

Leave a Reply

Your email address will not be published.