ဒလိုင်းလားမား ရွှေတိဂုံကို ဖူးမြော်ရန် ဆန္ဒရှိ

chatsuDecember 6, 20111min04

By ဧရာဝတီ on December 6, 2011 7:54 pm in သတင်း
တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်၍ ရွှေတိဂုံဘုရားအား ဖူးမြော် လိုသည်ဟု ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီးနှင့်တွေ့ဆုံစဉ် လျှောက်ထားခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒလိုင်းလားမားနှင့် သီတဂူဆရာတော် အရှင်ဉာဏိသရ တွေ့ဆုံစဉ် (ဓာတ်ပုံ – သီတဂူ ဘလော့ဂ်မှ)အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပခဲ့သော ကမာ္ဘလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံ၌ ပြီးခဲ့သည့် သီတင်းပတ်က လျှောက် ထားခဲ့ခြင်းဖြစ်ကြောင်း သီတဂူ ဘလော့စတားတွင် ဖော်ပြသည်။

ဒလိုင်းလားမားက“ကမာ္ဘမှာ အလွန်ကျော်ကြားသည့် ရွှေတိဂုံ ဘုရားကြီးအား လာရောက် ဖူးမြော်ချင်ပါသည်ဟု မိန့်တော် မူသည်”ဟု ဘလော့၌ ရေးသားထားသည်။

ဝါဆိုဆရာတော်ကြီးက ပြန်လည်၍“ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမြော်ဖို့ သင့်လျော်သည့်အခါ ရွှေတိဂုံ စေတီတော်ကို ဖူးမြော်လှည့်ပါ”ဟု မိန့်ကြားခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဒလိုင်းလားမား အပါအဝင် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင်များသည် ထိုင်းနိုင်ငံသို့လာရောက်၍ မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ထိုစဉ်က နေအိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြဖူးသည်။

ဒလိုင်းလားမားအား ပြည်ဝင်ခွင့် ဗီဇာ ထုတ်မပေးရန် ထိုင်းအစိုးရကို တရုတ်အစိုးရက ဖိအားပေးခဲ့သည်။ သို့သော် နောက်ဆုံး ၌ အိန္ဒိယနိုင်ငံတွင် နေထိုင် သီတင်းသုံးနေသော ဘုန်းတော်ကြီး ဒလိုင်းလားမားအား ထိုင်းအစိုးရက၂၄ နာရီနေထိုင်ခွင့် ဗီဇာ ထုတ်ပေးခဲ့သည်။

4 comments

  • kai

    December 7, 2011 at 7:11 am

    .. ဒီလိုအချိန်မှာ.. ဒလိုင်လားမားလာရင်.. အကျိုးရှိစေတာထက်.. မဲ့စေတာပိုများမယ်ထင်မိတယ်..။
    ယူအက်စ်နဲ့တရုတ်ကြား.. ကြိုးတန်းလျှောက်နေရတဲ့.. မြန်မာအတွက်… အထိန်းအညှိ ခက်သွားတာပဲအဖတ်တင်မယ်..

    Reply

  • small cat

    December 7, 2011 at 7:53 am

    အခု အချိန် မြန်မာပြည်ကိုဘုရာဖူးဝင်ခွင့်ပေးရင် တရုပ်ကြီး ကကျေနပ်ပါ့မလား?

    Reply

  • htoosan

    December 7, 2011 at 12:09 pm

    ဒလိုင်းလားမား ကို ဒီဘဝမှာတော့ မဖြစ်နိုင်တော့ပါ ဟုသာ ……..

    Reply

  • blackchaw

    December 7, 2011 at 12:41 pm

    ကျွန်တော်တို့ကတော့ ဒလိုင်းလားမား ဘုရားလာဖူးရင်
    ကြိုဆိုချင်ပါတယ်ဗျာ။ သူလည်း ရွှေတိဂုံဘုရားကြီးတော့ ဖူးချင်ရှာမှာပဲလေ။
    ခွင့်ပြုတာခွင့်မပြုတာကတော့ ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်တွေရဲ့ အလုပ်ပါ။
    ဖြစ်လာနိုင်တဲ့နေ့ကို ရောက်လာမှာပါဗျာ။

    Reply

Leave a Reply

Your email address will not be published.