သွေးအမျိုးအစားအလိုက် လူတွေရဲ့ စရိုက်

ShwemannmayMay 25, 20101min08

သွေးအမျိုးအစားအလိုက် လူတွေရဲ့ စရိုက်က ဘယ်လိုရှိသလဲဆိုတာ ဖတ်ကြည့်ပါဦး။ မှန်မမှန်တော့ ကိုယ့်ဘာသာကိုယ်သာ ဆုံးဖြတ်ကြပါလို့။

A သွေး
စေ့စပ်သေချာသူတွေပါတဲ့။ အရာရာကို စနစ်တကျ၊ သပ်သပ်ရပ်ရပ် လုပ်ကိုင်လိုပြီး လူကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာကြပါတယ်တဲ့။ လူမှုရေး စည်းကမ်းတွေ၊
လူ့ဘောင်အသိုက်အဝန်းတွေကို အလွန်ဂရုစိုက်တတ်ကြသူတွေတဲ့

။ လွယ်လွယ်ကူကူ
ဥပမာပေးရရင်တော့ အေသွေးပိုင်ရှင်တွေက စာမေးပွဲရှိပြီဆိုတာနဲ့ စာကျက်ဖို့
ပြင်လိမ့်မယ်။ သူတို့ရဲ့ ဖတ်စာအုပ်တွေမှာ စာရှင်းပြတာကို
မှတ်ထားတာကလွဲပြီး တခြားဘာအရာမှ တွေ့ရမှာမဟုတ်ဘူး။ နောက်ပြီး
ဆရာဆူမှာတို့၊ ကျောင်းနောက်ကျမှာတို့ကို တော်တော်စိုးရိမ်တတ်ကြတဲ့
လူတွေပေါ့။ သမားရိုးကျဆန်ပြီးတော့ စာမှန်မှန်ကျက်တဲ့လူတွေ၊
အလုပ်အကြွေးမထားတဲ့လူတွေ၊ စိတ်လွတ်ကိုယ်လွတ် မနေတတ်တဲ့လူတွေတွေ့ရင် အေသွေး
လို့သာ မှန်းလိုက်တော့။ ဂျပန်လူမျိုးတွေရဲ့ ၈၀% ဟာ
အေသွေးပိုင်ရှင်တွေပါတဲ့။

B သွေး
အေသွေးနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဘာကိုမှ အရေးမထားဘူး။ သူတို့လုပ်ချင်တာပဲ စိတ်ဝင်စားတယ်။
မလုပ်ချင်ဘူးဆိုရင် တော်ရုံတန်ရုံ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ကြဘူး။
လူမှုရေးတွေ၊ ပတ်ဝန်းကျင်တွေကိုလည်း ခေါင်းထဲမှာ သိပ်မတွေးဘဲ
လွတ်လွတ်လပ်လပ် နေတတ်တဲ့လူတွေပါ။ ဒါပေမယ့် ဘီသွေးပိုင်ရှင်တွေမှာ
သူတစ်ပါးကို မြင်တတ်ကြတဲ့ အမြင်စိတ်ကူးတွေ ရှိကြပါတယ်တဲ့။ ဥပမာ
မနက်ဖြန်လို စာမေးပွဲရှိတာတောင် ဒီနေ့ ဂိမ်းဆော့နေနိုင်တဲ့လူ၊
အလုပ်ပြုတ်မှာတွေ၊ ကျောင်းထုတ်ခံရမှာတွေကို သိပ်မကြောက်တတ်တဲ့လူ၊
သပ်သပ်ရပ်ရပ်မရှိဘဲ သူတို့ပျော်သလို နေတတ်ကြသူတွေက ဘီသွေး
ပိုင်ရှင်တွေပါပဲ။ အနုပညာသမားတွေ၊ ဝေဖန်ရေးဆရာတွေထဲမှာ ဘီသွေးက
အများဆုံးပဲတဲ့။

O သွေး
ဒီသွေးက ဆရာကြီးသွေး။ ဒီသွေးပိုင်ရှင်တွေက သူများကို ဦးဆောင်ရမှ ကျေနပ်ကြတယ်တဲ့။
အပေါင်းအသင်းစိတ်ရှိပြီး အေးအေးဆေးဆေး နေလိုတဲ့ အခါမျိုးလည်း
ရှိတတ်ကြပါတယ်။ တစ်ခါတစ်လေကျတော့လည်း နည်းနည်းတော့ တစ်ကိုယ်ကောင်း
ဆန်ချင်ကြတယ်တဲ့။ သူတို့ပြောတာမှ အမှန်လို့ ယူဆချင်ကြတာလည်း ဒီ အိုသွေး
အုပ်စုဝင်တွေပါပဲ။ အပေါင်းအသင်းတွေထဲမှာ သူများကို ဆရာလုပ်တတ်တဲ့
အကျင့်ရှိနေသူတွေကို အိုသွေးလို့သာ စွပ်စွဲလိုက်ပါ။ သူတို့ကျတော့
ကျောင်းဆရာတွေ၊ ခေါင်းဆောင်တွေ အဖြစ်များကြတယ်။ မြန်မာပြည်မှာတော့ အိုသွေး
ပိုင်ရှင် အများဆုံးလို့ ထင်ပါတယ်။

AB သွေး
ရှားလည်းအရှားဆုံး၊ ထူးလည်း အထူးဆန်းဆုံးပဲ။ သူတို့မှာ အေရော၊ ဘီရော ပေါင်းထားတဲ့
အရည်အသွေးတွေ ရှိနေတတ်ကြတယ်တဲ့။ ဘီသွေးတွေထက်တောင် ပိုပြီး ဘာကိုမှ
မမှုကြဘူးတဲ့။ အေသွေးတွေလိုပဲ စနစ်တကျလည်း လုပ်တတ်ကြပါတယ်။ အခန်းထဲမှာ
ဒီလူကတော့ တစ်မျိုးပဲလို့ တွေးမိရင် အဲဒီလူက အေဘီသွေးပိုင်ရှင်
ဖြစ်ဖို့များနေပြီ။ သွေးအုပ်စုဝင်တွေအားလုံးထဲမှာ အရှားဆုံးသွေးပါ။

အေသွေးသမားနဲ့ ဘီသွေးသမားက မတည့်ပါဘူး။
အိုသွေးသမားနဲ့ ဘီသွေးသမားကတော့ တည့်တယ်။
အေဘီကတော့ ဘယ်သူနဲ့မှကို သိပ်ပြီး အဆင်မပြေချင်ပါဘူးတဲ့။

မေးလ်ထဲကရတာလေးရှယ်လိုက်တာပါ။
ရေးတဲ့သူနောင်နောင်ပါတဲ့

8 comments

  • Rain girl

    May 25, 2010 at 4:07 am

    အဲ့ဒါ မှန်လားဟင်။ မှန်မယ် ထင်တယ်၊ တစ်ခုတော့မှန်နေတယ်။

    Reply

  • Sayagyi

    May 25, 2010 at 5:20 am

    Oသွေးမှာရေးထားတာတော့မှန်လိမ့်မယ်၊ မြန်မာပြည်က ဆရာတွေများတော့ ဘယ်တော့မှအလုပ်မဖြစ်ဘူး

    Reply

  • thaejanlay

    May 25, 2010 at 5:35 am

    တို့သိသလောက်ကတော့ တစ်ကိုယ်ကောင်းဆန်တာ B သွေးသမားတွေပါ။
    A သွေးသမားတွေကတော့ သူများထက်ပိုပြီး စိတ်ရှည်တယ်လို့ ကြားဖူးတယ်။
    ဟုတ်လား။ AB သွေးကတော့ ရေးထားတဲ့အတိုင်း ကွက်တိမှန်တယ်။ကိုယ်တွေ့
    ပဲ။ O သွေးသမားကတော့ သတိမထားမိလို့မသိဘူး။

    Reply

  • banban

    May 25, 2010 at 6:21 am

    အနော်က..ဘီသွေးဂျ…. ကျနော့်ကိုကျနော်တော့… တစ်ကိုယ်ကောင်းဆန်တယ်လို့ မခံစားမိပါဘူး… 😀

    Reply

  • maylay

    August 20, 2010 at 12:24 pm

    တို့ကတော့ အေ သွေးအမျိုးအစားထဲမှာပါတယ်။ ဒါပေမဲ့ တို့စာအုပ်ကိုလာကြည့်လှည့် ကျောင်းစာကလွဲလို့ ပေါက်တတ်ကရ ကဗျာတွေ၊ ကာတွန်းတွေရှိတယ်(ဟီးဟီး)။
    စာမေးပွဲနီးရင် စာကြည့်ချက်ကတော့ one subject one night.
    အလုပ်အကြွေးလည်း သိပ်မထားတတ်ပါဘူး(လျှော်စရာ အဝတ်တွေကိုပုံလို့ :P)။
    ဘာလို့ပြောထားတာနှင့် ဒီလောက်ကွာရတာလဲမသိဘူးနော်။(ကြည့်ရတာ သွေးစစ်တဲ့သူမှားလို့လားမသိဘူး နောက်ထပ်သွားစစ်ကြည့်လိုက်ဦးမယ် :))

    Reply

  • ei lay

    October 25, 2012 at 1:11 pm

    AB သွေးလည်းမပါဘူးနော်…တင်ပေးဦးနော်..သူငယ်ချင်း

    Reply

  • Khaing Zar Win

    October 25, 2012 at 2:50 pm

    မှန်ပါတယ်ဗျို့။ 🙂

    Reply

  • jullies cezer

    October 25, 2012 at 4:55 pm

    မှန်လိုက်တာကွက်တိပါပဲလား ………

    Reply

Leave a Reply

Your email address will not be published.