ဝေးသွားပြီးနောက်

kotun winlattDecember 5, 20111min02


မေ…

တောင်တန်းပြာတွေဆီ

မျှော်မကြည့်ရဲတော့ပါဘူး..

ဗျိုင်းတစ်အုပ်ထအပြန်မှာ

အလွမ်းတွေလာလာမှန်မှာစိုးလို့ပါ…

အနောက်တောင်တဝိုက်ဆီက

တိမ်ညိုတွေစွေလာတိုင်းလည်း

မိုးခေါ်တေးတွေကိုမဆိုဖြစ်တော့ပါဘူး…

အဆွေးတွေပိုပိုလာမှာစိုးလို့ပါ ….

မြူခိုးတွေဝေနေတဲ့

ရွာအစွန်က ကုက္ကိုပင်အိုမှာလည်း

သွားမထိုင်ရဲတော့ပါဘူး…

ဥဩသံတွေကြားရင်

မေ….  ပြန်လာမလားလို့

မျှော်ရတာမောလွန်းလို့ပါ…

ခုတော……   ငါ ..

အခန်းကျဉ်းလေးထဲမှာ

သိမ်ငယ်မှုတေးတွေ

ရင့်ကျူးရင်း ….

မနက်ဖြန်တွေကို …

ရစ်သမ်ပျက်သံစဉ်တွေနဲ့ …

အဆွေးကုတင်ထက်မှာ

နားဆင်သူရှိနေမလားဆိုပြီး ..

တိတ်တိတ်လေးသာ ….

တိတ်တိတ်လေးသာ….

ဆိုငြီးနေရတာပါကွယ် …..

2 comments

  • aye.kk

    December 5, 2011 at 5:29 pm

    သုံးနဲ ့လေးဟာ..
    နီးရက်နဲ ့ဝေးရတယ်..
    မဝေးရအောင်..၃နဲ့၄ ကိုရှောင်ပေါ့နော်..။

    Reply

  • htet way

    December 5, 2011 at 8:20 pm

    ဝေးကြပြီ …..
    ငါ့လိပ် ပြာက မင်းဆီမှာဝဲနေလိမ့်မယ်
    ပတ်သက်ရာနေရာလေးတွေကြောက်တတ်နေပြီလား
    လွမ်းတာ လည်းကြုံ ရမယ်လေ…..

    Reply

Leave a Reply

Your email address will not be published.