ပေါက်ကွဲခွင့်

kotun winlattDecember 5, 20111min03

တိတ်ဆိတ်မှုတွေကြားမှာ အသားမကျ နေထိုင်မှုတွေနဲ့

ဗလောင်ဆူရင်ခွင်က တမ်းတမှုရောင်စဉ်တွေ

ကောင်းကင်အနှံကို ပြန့်ကျဲလွင့်ထွက်ကုန်ရင်း

လွမ်းနေတယ် ………

အတိတ်ကိုတမ်းတ အနာဂတ်ကို ဆုတ်ကိုင်မရနဲ့

ပရမ်းပတာ ပစ္စုပ္ပန် နေ့ရက်တွေ ပြိုပျက်နေလိုက်ကြပုံများ

ဟီရီုရှီးမားမြို့ပေါ် အနုမြူဗုံးကျသလိုပါဘဲ

အစဉ်အဆက်နှိပ်စက်မှုတွေနဲ့

သတိရနေလိုက်ရတာ……

အိမ်ပြန်နောက်ကျတဲ့ ဆောင်းညတွေမှာ

 တကိုယ်လုံးအေးစက် အိပ်မရနိုင်ခြင်းတွေနဲ့အတူ

အချိန်တွေကအသက်မဲ့

နာကျင်လွန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့

ကျဆုံးခန်းက မလှမပအဆုံးသတ်မှုမှာ

အသက်မဲ့ လူတစ်ယောက်လို ဒီလမ်းကိုဆက်လျှောက်နေရတာ

အကုန်လုံးအဓိပ္ပွါယ်မဲ့ရင်း ……..

ဝေးကွာချိန်ကစပြီး အဖော်မဲ့ အခန်းကျဉ်းထဲမှာ

အထီးကျန်မှုတွေ သောက်သုံးရင်း

ချစ်သူမရှိတော့တဲ့

ဒီနေရာ၊ ဒီအချိန်၊ ဒီပတ်ဝန်းကျင်

အကုန်လုံး မငြ်မ်သက်မှုတွေနဲ့ ရက်စက်လိုက်ကြတာ

ဘယ်မှာလဲဖြေသာစရာ ဒါအကောင်းဆုံးဇာတ်သိမ်းလား …..

မယုံနိုင် မယုံချင်ခဲ့ပါ

ခံစားချက်မျှော်လင့်ချက် အကုန်လုံးယူသွားရက်တယ်

အခုတော့လေ တစ်ကိုယ်တော်လွမ်းချင်းတွေနဲ့

မူးယစ်ရီဝေရင်း ဖြတ်ကျော်နေရပါတော့တယ် ……

လွမ်းတဲ့စိတ်၊ တမ်းတတဲ့စိတ်

အရာအားလုံးကုန်ဆုံးပြီး ချစ်သူအနားသို့

ရောက်ခွင့်ရှိခဲ့ရင် ပိုင်ဆိုင်ခွင့်ရပါ့ဦးမလား ?

မပြော၊ မရေး၊ မတွေးချင်

အရာအားလုံးကိုအရှုံးပေး

ဒီနေရာ ဒီလောကထဲကတိတ်တိတ်လေး ထွက်ခွာနိုင်ခွင့်

ဒါမှမဟုတ်ရင် ခံစားချက်တွေကို မျက်ရည်အဖြစ်

ပေါက်ကွဲခွင့် ရချင်ရှိချင်စမ်းပါရဲ့…….

3 comments

  • etone

    December 5, 2011 at 4:03 pm

    တနေ့ကို နှစ်ပုဒ်ပဲ တင်ခွင်ရှိတာပါ ။ အားတော့နာပါတယ်နော် .. စည်းကမ်းချက်လေး တစ်ဆိတ်လောက်ပြန်ဖတ်ပေးပါဦး ။

    Reply

  • unclegyi1974

    December 5, 2011 at 8:36 pm

    သည်းခံပေးကြပါခင်ဗျား
    ဝေဒနာသည်လေးမို့ရင်တွင်းခံစားချက်တွေပြင်းထန်နေလို့
    စိတ်ထဲပေါ့သွားအောင်ရင်ဖွင့်မိပါတယ်
    လွန်တာရှိဝန္တာမိပါဗျ

    Reply

  • tunlinaung

    December 6, 2011 at 9:31 pm

    တိတ်တိတ်လေးတော့ထွက်သွားခွင့်တော့ပေးပါတယ်ဗျာ။

    Reply

Leave a Reply

Your email address will not be published.