လျို့ဝှက်ချက်

pyanhlwar315December 3, 20111min05

မင်္ဂလာပါ သူငယ်ချင်းတို့

သူငယ်ချင်းတို့မှာ ဘယ်သူမှမသိစေချင်တဲ့ ကိုယ်ပိုင်လျို့ဝှက်ချက်လေးတွေ

ရှိကြမယ်ထင်ပါတယ် (ကောင်းတာရော မကောင်းတာရောပေါ့) လူတွေမှာ ကောင်းတာကိုလျို့ဝှက်ထား

တာထက် မကောင်းတာကိုလျို့ဝှက်ထားကြတာများမယ်လို့ထင်ပါတယ် (သူငယ်ချင်းတို့ရောဘယ် လိုမြင်လဲ)အဲ့ဒီလျို့ဝှက်ချက် တွေကိုဘယ်သူကိုပြောမိသေးလဲ ဘယ်သူ့ကိုမှမပြောမိစေနဲ့နော်

နောင်တစ်ချိန် နောင်တရနေရလိမ့်မယ် ကျွန်တော်ပြောတာတော့မဟုတ်ပါဘူး ဘုရားအလောင်းမဟော်သဓာက ပြောခဲ့တာပါ သူငယ်ချင်းတို့လဲငယ်ငယ်ကသင်ခဲ့ဘူးမှာပေါ့

ကျွန်တော်လဲသင်ခဲ့ဘူးပါတယ် ကျွန်တော်ကအခုထိမှတ်မိနေလို့ ပြောတာမဟုတ်ပါဘူး ပြန်ဖတ်မိလိုက်လို့ပါ

နောင်တစ်ချိန်မှာ အကျိုးမယုတ်ရအောင်လို့ မပြောသင့် မပြောထိုက်သောစကားကို

မည်သူတစ်ဦးတစ်ယောက် ကိုမှမပြောမိအောင်ထိန်းသိမ်းသင့်တယ်လို့ပြောခဲ့ပါတယ်

အကြံအစည်အောင်မြင်မှသာလျှင်ပြောကြားသင့်ပါတယ်တဲ့

ကျေးဇူးတင်ပါတယ်…

 

 

5 comments

  • Myatthu

    December 3, 2011 at 6:39 pm

    လျှို့ဝှက်ချက် ကို ထိမ်းသိမ်းရ ခက်တယ် သူငယ်ချင်းရေ ။
    ပြောမိလို့ ကျောကော့ရပေါင်းများပါပီ ။
    နောက်တစ်ကြိမ်များ ရှိခဲ့ရင်ပေါ့လေ .
    သူငယ်ချင်း သတိပေးတာကို အမြဲ သတိရနေပါ့မယ် ။

    Reply

  • minyanag

    December 3, 2011 at 6:45 pm

    မကောင်းတာတော့ မပြောမိပေါင်ဗျာ
    ကောင်းတဲ့ ကိစ္စလေးတော့ ပြေဖြစ်ပါသဗျာ
    အကျိုးမရှိဘဲ အကျိုးမဲ့ မဲ့ အကြောင်းတွေတော့ မပြောမိအောင်သတိထားပါတယ်
    သတိလေးပေးဖေါ်ရလို့ ကျေးဇူးပါ ။

    Reply

  • aye.kk

    December 3, 2011 at 6:58 pm

    ဗူးတစ်ရာအပေါက်ပိတ်လို ့ရပေမယ့်..
    ပါးစပ်တစ်ပေါက်ပိတ်ရမလွယ်တာမို ့..
    ခုလိုပြောပြတာအပြစ်မမြင်ကျေးဇူးတင်ရပါတယ်..
    လျှို ့ဝှက်ချက်ကတော့..လျှို ့ဝှက်ထားကြရမှာကသေတဲ့အထိပါဘဲ..
    လောကမှာပြောပြလို ့မရနိုင်တဲ့အဖြစ်ပျက်တို ့ရှိနေကြမှာပါ..
    မမှားသောရှေ့နေ မသေသောဆေးသမားဆိုသလို..
    လူတိုင်းအမှားနဲ ့မကင်းနိုင်ကြပါဘူး..
    အမှားမကင်းကြတဲ့အတွက်လျှို ့ဝှက်ချက်တို ့မကင်းနိုင်ကြပါဘူး..
    မပြောပါနဲ ့လို ့မှာထားရင်တော ့အပေါ်ကပြောသလိုပိတ်ရမလွယ်ပါဘူး..အမြင်လေးပြောမိပါတယ်..။

    Reply

  • windtalker

    December 3, 2011 at 7:08 pm

    ဖိုးကာ ကတော့ ငါ့ရဲ ့လျှို ့ဝှက်ချက် ဆိုကလားဘဲ
    🙂

    Reply

Leave a Reply

Your email address will not be published.