“တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင်”
(အပိုင်းတစ်)
1 စိန်ပန်းနီနီအပွင့်တွေကြားက မြင်ရတဲ့ထန်းရိပ်ညိုနဲ့ ရေပြင်ထဲက အရိ်ပ်
2 ဒီပုံလေးမှာတော့ စိန်ပင်အပွင့်တွေဝေနေတဲ့ကိုင်းကြားက ထင်ထင်ရှားရှား မြင်ရတဲ့ထန်းညီနောင်
3 ဒီပုံလေးက လဲ အဲဒီနေ့ တစ်နေ့တည်းရိုက်ထားတာပါ ထန်းပင်နဲ့တည့်တည့်အရှေ့ဖက်က ရိုက်တာပါ
4 မေလတစ်ရက် နံနက်ခင်း တောင်ဘက်ကမြင်ရတဲ့ ထန်းရိပ်ညို
5 သူလဲမေလထဲမှာရိုက်ထားတဲ့ပုုံလေးပါ ဒေါင့်နည်းနည်းလေးပဲကွာပါတယ်။
ဒါကတော့ ဩဂုတ်လ မိုးတိမ်တွေနဲ့ မှောင်နေတဲ့ရက်မှာရိုက်ထားတာပါ။
6 မိုးရိပ်တွေဆင်နေတဲ့ ညနေခင်းလေးမှာမြင်ရတဲ့ပုံလေးပါ
7 တစ်နေရာထဲမှာပါဘဲ စက္ကန့်ပုိုုင်းလေးဘဲကွာတယ် နောက်ခံတိ်မ်က ပြောင်း ပြောင်းသွားတယ်လေ
8 ညနေလေးနာရီကျော်ကျော်လောက်မှာကို မိုင်းညို့နေပါတယ်
9 တိ်မ်မဲ တွေရဲ့အလည်မှာ တိမ်ပြာပြာလေးက မဝံ့မရဲ
10 ထန်းပင်ကတော့ လေးပင် တိမ်ခိုးမျှင် အဆင်ပြောင်း
11 ဒီပုံလေးမြင်ရတာ လွမ်းဘို့ အဟုတ်ကောင်းပါတယ်
12 အလွမ်းတွေရင့်လာအောင်လုုပ်နေသလိုုပါဘဲ
ဒီပုံလေးက လဲ ဒီနေရာလေး ဒီအပင်လေးကို မတူတဲ့အချိန်မှာမြင်ရပုံပါဘဲ
13 အောက်တိုဘာလ တစ်ရက်က မြင်ကွင်း အပြာရောင်လွှမ်းနေပါတယ်
14 သူကတော့ အပြာရောင ်နည်းနည်းဖျော့ပါတယ်။
15 ဒီပုံလေးကတော့ မေလ ရဲ့ လဆန်းပိုင်းမှာရိုက်ထားတဲ့ပုံလေးပါ။
ကျနော်ကဓါတ်ပုံဝါသနာပါသူ သက်သက်ပါဘဲ။
အရင်ကတော့ ဓါတ်ပုံတစ်ပုံဖြစ်လာဘို့ အဆင့်အတော်များများကိုဖြတ်သန်း ငွေလဲအတော်လေးကုန်ပြီဆိုမှကိုယ်ရို်က်ထားတဲ့ပုံလေးကို မြင်ခွင့်ရပါတယ်။
အဲတော့ ဝါသနာနောက်ကိုလိုက်ဘို့ငွေမသုံးနိုင်တော့
ဝါသနာပါတာတင်မှာရပ်ထားလိုက်ပါတယ်။
အခုဒစ်ဂျစ်တယ်ခေတ်မှာတော့ ခုရိုက် မင်မိုရီကပ်ထဲသိမ်း။
ကွန်ပြူတာထဲမှာဖွင့်ကြည့်။
မကြိုက်ရင်ဖျက်။
ကြိုက်ရင်တင်။
ဒါပေမယ်နေ့ရာတစ်ရောက်ရင် တစ်ဖျပ်ဖျပ်နဲ့ ခလုပ်တွေနှိပ်လာတဲ့
ပုံလေးတွေကို မဖျက်ရက်ပြန်ပါဘူး။
အဲလိုချန်ထားတဲ့ပုံတွေကို အခုပြန်စုတင်ပေးလိုက်ပါတယ်။
ဒီနေရာ ဒီပုံကိုဘဲ နောက်ထပ် ထပ်တင်ပါအုံးမယ်။
ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့။
(3-12-2011)
Post Views: 0
6 comments
windtalker
December 4, 2011 at 3:10 pm
ထန်းတောထဲမှာ ပေ့ ကို ထားခဲ့လိုက်ပါတော့
ဆူး
December 4, 2011 at 3:57 pm
စိတ်ရှည် လက်ရှည်နဲ့ နေရာ တစ်နေရာတည်းက အချိန်အခါ ပုံစံ ပြောင်းလဲ ပုံတွေ ဖော်ပြထားတာ ရာသီဥတု မှတ်တမ်းလေး ကျနေတာပဲ။ တော်တော် စိတ်ရှည်တယ် အာရုံစူးစိုက်မှု ကောင်းတယ် ပြောရမယ်။
aye.kk
December 4, 2011 at 5:46 pm
စိတ်ညစ်နေတာတွေ..
ကိုပေါက်လက်ရာလေး..
မြင်လိုက်မှစိတ်ပြေကြည်နှူးသွားပါတယ်..
ကျေးဇူးပါကိုပေါက်..။
naywoonni
December 4, 2011 at 8:47 pm
ဒီနေ့ မိုးကအေးပါတယ်ဆို လွမ်းအောင်ဖန်နေပြန်ပြီ…..။ ဒီနေ့ နေပြည်တော်ဘက်မှာ ဆောင်းမိုးရွာတယ်…။
ကိုပေါက်(မန္တလေး)
December 4, 2011 at 9:52 pm
မန်းလေးမှာလဲရွာတာဘဲ မနက်ကမိုးတောင်မိသေးသဗျာ။
ဒါပေမယ့် မိုးရွာပြီးစမှာတောင် ဒီထန်းပင်ကို သွားနှက်လာသေးတယ်။
အပိုင်းနှစ်မှာကြည့်လိုက်တော့ မနက်တင်မယ်။
TTNU
December 4, 2011 at 11:37 pm
ကိုပေါက်ရေ… ၆။၇။၈။၉။၁၀။၁၁ ကူးသွားပြီ။
လွမ်းစရာအတော်ကောင်းတဲ့ ကိစ္စပဲ။