ခေတ်သစ်သူငယ်တန်းဖတ်စာ…

chatsuNovember 27, 20111min03

က…ကလေးငယ် မျက်ရည်လည်
ခ…ခရောင်းလမ်း သူဖြတ်သန်း ။
ဂ…ဂန်း(Gun)သံ ဆူဆူညံ
င…ငတိများ အလွန်စော်ကား။
စ…စစ်အာဏာ တကယ်ရှည်ကြာ
ဆ…ဆိုးသွမ်း သူတို့ပွဲကြမ်း။
ဇ…ဇာတ်တွေနာ နိုင်ငံဟာ
ည…ညှင်းဆဲခြင်း သူတို့သွတ်သွင်း။
တ…တရားဥပဒေ ဘယ်ရောက်နေ
ထ…ထမင်းငတ် ရိက္ခာပြတ်။
ဒ…ဒို့အရေး တို့ဟစ်ကြွေး
ဓ…ဓနရှင်စနစ် ချေမှုန်းပစ်။
န…နိုင်ငံရယ် ပျောက်ပြီကွယ်
ပ…ပညာရေးဘယ်ထွက်ပြေး။
ဖ…ဖာနိုင်ငံဖြစ်ပြီအမှန်
ဗ…ဗိုလ်ချူပ်စကား ပြန်လို့ကြား။
ဘ…ဘဝတွေဟာ စုတ်ပြတ်လာ
မ…မြောင်းထဲကျ ပြန်ထမရ။
ယ…ယမ်းငွေ့သုံး လူမျိုးပြူန်း
ရ…ရှူနေရ လူလုံးမလှ။
လ…လူ့အခွင့်အရေးတွေ ဆုံးရှူံးနေ
ပ…ပယ်လို့မရ တိုက်ယူကြ။
သ…သတင်းစာ မဖတ်ခြင်းဟာ
ဟ…ဟာသများ ရယ်ဖို့မအား။
အ…အမေ…တို့တိုင်းပြေ…ဘယ်တော့မှလွတ်လပ်မလေ…??

3 comments

  • chatsu

    November 27, 2011 at 2:56 pm

    this is copy

    Reply

  • aye.kk

    November 27, 2011 at 3:34 pm

    မ..မှန်လွန်းနေဖတ်စာတွေ..
    ကြ..ကြောင်ကလေးရေးလို ့ပေး..
    အ..အေးကေဖတ်လို ့တွေး..
    ဂ..ဂဟေဝင်သူတွေ..
    မ..မြင်မတော်ကပြင်လို ့ပေး..
    သ..သူကြီးလျှင်ပညာရှင်..
    င..ငါတို ့အားလုံးလေးစားကြ..။

    Reply

  • ကြောင်လတ်

    November 27, 2011 at 7:27 pm

    ကြောင်လေးရဲ့ ဆရာ မြန်မာစာဘိန်းမုန့်ခ ချုပ် ချက်စူ ပါခင်ဗျာ။

    Reply

Leave a Reply

Your email address will not be published.