အမျိုးသားလွှတ်တော် ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ ( မောက္ခပညာရေးမဂ္ဂဇင်း )

ဇေကမ္ဘာ ကုုမ္ပဏီပုိုင်ရှင် ဦးခင်ရွှေ ကြီးပွားချမ်းသာလာခြင်းဟာ စစ်အစိုုးရက သူကောင်းပြုတဲ့ စီမံကိန်းတွေနဲ့ ခေတ်ပျက်သူဌေးဖြစ်ပြီး ချမ်းသာလာသူ ဖြစ်ပါတယ်။

နအဖ နဝတ စစ်အစိုုးရ အဆက်ဆက် ကျေးဇူးကြောင့် ချမ်းသာလာတဲ့ ဦးခင်ရွှေကုို စစ်အစိုုးရကလည်း ထိုက်ထိုက်တန်တန် အသုုံးချခဲ့ပါတယ်။

၁၉၉ရ ခုုနှစ် အမေရိကန်ဆန်ရှင်ခေါ် စီးပွားရေး ပိတ်ဆုို့မှုကြောင့် မြန်မာစစ်အစိုုးရ အလူးအလဲ ခံနေရချိန်မှာ အမေရိကန်စီးပွားရေး ပိတ်ဆုို့မှုပြန်ဖွင့်ရေး၊ နုိုင်ငံတကာမှာ စစ်အစိုုးရ သိက္ခာပြန်တင်နုိုင်ရေးအတွက် အမေရိကန် Public Relations ကုုမ္ပဏီတွေကုို ဇေကမ္ဘာကုုမ္ဗဏီပုိုင်ရှင် ဦးခင်ရွှေကတဆင့် ငှားရမ်းခဲ့ပါတယ်။

၁၉၉ဝ ပြည့်နှစ်အစောပုိုင်းကစပြီး Jafferson Waterman International ဆုိုတဲ့ ကုုမ္ပဏီကုို တနှစ် အမေရိကန်ဒေါ်လာ ၄ သိန်းနဲ့ စစ်အစိုုးရက ငှားပီး လော်ဘီလုုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက်မတော့ Bain & Associates ကုုမ္ပဏီကုို တနှစ် ဒေါ်လာ ၂ သိန်းခွဲကျော်ပေးပီး ဇေကမ္ဘာကုုမ္ပဏီပုိုင်ရှင် ဦးခင်ရွှေ ကတဆင့် ငှားခဲ့ပါတယ်။ ဒါလည်း မအောင်မြင်ခဲ့ပါဘူး။

ဒီနောက် Atlantic Group ကုုမ္ပဏီကုို ဒေါ်လာအမြောက်အများပေးငှားပေမဲ့လဲ စစ်အစိုုးရ သိက္ခာတက်မလာခဲ့ပါဘူး။ ဒိနောက် ၂၀၀၂ ခုုမှာ DCI Group ဆုိုတဲ့ အမေရိကန် ကုုမ္ဗဏီကုို ရှစ်လတွက် ဒေါ်လာ ၃ သိန်းခွဲနဲ့ ငှားခဲ့ပေမဲ့ နောက်ဆုုံး ဒီကုုမ္ပဏီနဲ့လည်း စစ်အစိုးရ ခွာပြဲခဲ့ပါတယ်။

ဒီအခြေအနေတွေကုိုကြည့်ရင် ဦးခင်ရွှေဟာ စစ်အစုိုးရလက်ထက်ကထဲက ဘယ်လောက် အတိုင်အတာထိ အရေးပါနေသလဲ သိသာပါတယ်။

အမေရိကန် ဆန်ရှင်ပြန်ဖွင့်နိုုင်ရေး၊ နုိုင်ငံတကာမှာ စစ်အစိုုးရ သိက္ခာတက်လာရေး စီမံကိန်းကိုု တချိန်က OSS ထောက်လှမ်းရေး စစ်ဗိုုလ်တွေလုုပ်ခဲ့တာမုို့ ဦးခင်ရွှေဟာ ထောက်လှမ်းရေးအဖွဲ့က လက်ရင်းထား အားကုိုးခံခဲ့ရသူ လုုပ်ငန်းရှင်ကြီး တဦးဆုိုလည်း မမှားပါဘူး။ ဒီစီမံကိန်းသာေ အာင်မြင်ခဲ့ရင် ဦးခင်ရွှေဟာ ဒီထက်ပြုိုပီး သူကောင်းပြုခံရမှာ ဧကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကုို အနောက်နုိုင်ငံ စာနယ်ဇင်းတွေက ဖော်ထုုတ်ခဲ့တဲ့အတွက် ဦးခင်ရွှေပါ စစ်အစိုုးရနဲ့အတူ ရောပြီး သိက္ခာကျခဲ့ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က ဦးခင်ရွှေကို သုံးပြီး အမေရိကန်ကို လိမ်ဖို့ ထောက်လှမ်းရေးအဖွဲ့က ကြိုးစားခဲ့တာတွေကို အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်ရသွားတဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်ကလည်း ခုထိ ဖော်ထုတ်ခြင်း မပြုဘဲ ငြိမ်နေပါတယ်။

ဦးခင်ရွှေ ဒေါက်တာဘွဲ့အတုု ဘယ်လုိုရသလဲ

စစ်အစိုုးရဟာ တဘက်က ဦးခင်ရွှေကုို အသုုံးချပီး အမေရိကန် PR ကုုမ္ဗဏီတွေနဲ့ သိက္ခာတက်အောင် ကြိုးစားနေချိန်မှာ တဘက်ကလည်း ဦးခင်ရွှေကုို ဒေါက်တာဘွဲ့တစ်ခုု ရအောင် ဖန်တီးပေးပီး PR ကမ်ပိန်း အရှိန်ရအောင် ကြိုးစားခဲ့တာဖြစ်တယ်လုို့ ဦးခင်ရွှေရတာ ဒေါက်တာဘွဲ့အတုုဖြစ်ကြောင်း ဖော်ထုုတ်ခဲ့တဲ့ အမေရိကန်တွေဘက်က မြင်ပါတယ်။

ဦးခင်ရွှေဟာ စစ်အစိုုးရ သိက္ခာတက်ရေးအတွက် Bain & Associates ကုုမ္ပဏီနဲ့ အလုုပ်များနေတုုံးမှာ ဦးခင်ရွှေကုို အမေရိကန်နုိုင်ငံ ဝါရှင်တန်တက္ကသိုုလ်က ပေးအပ်တဲ့ Business Administration ဆုိုင်ရာ ဂုုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်တဲ့အခမ်းအနားလုုပ်တဲ့အကြောင်း စစ်အစိုုးရသတင်းကုို ကုိုးကားပြီး အမေရိကန် Washington Post သတင်းစာက ဖော်ထုုတ်ခဲ့ပါတယ်။

မြန်မာနုိုင်ငံက ကောလိပ် တက္ကသိုုလ်တွေကုို ပိတ်ထားတာ တနှစ်ကျော်နေတဲ့အချိန်မှာ စစ်အစိုုးရက ဦးခင်ရွှေသတင်းကုို ထုုတ်ပြန်လုိုက်လုို့ ပြည်ပရောက် ဒီမိုုကရေစီရေး မြန်မာအတုိုက်အခံတွေလဲ အံ့အားတသင့် ဖြစ်ကုုန်ပါတယ်။

စစ်အစိုုးရ သတင်းစာတွေအရဆုိုရင် ဦးခင်ရွှေကုို ဒေါက်တာဘွဲ့ပေးတဲ့အခမ်းအနားမှာ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ရဲ့ ကမကထနဲ့ ဝါရှင်တန် တက္ကသုိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal နဲ့ ဝါရှင်တန် တက္ကသိုုလ် ဂုုဏ်ထူးဆောင် သုုတေသန ကော်မီတီ ဥက္ကဌ ဒေါက်တာ Jom Lim တုို့ကနေ ပေးအပ်ခဲ့တာလုို့ ဆုိုပါတယ်။

တကယ်တော့ ဦးခင်ရွှေဟာ စစ်တပ်ကနေ တပ်ကြပ်ကြီးအဆင့်က အငြိမ်းစားယူခဲ့သူဖြစ်ပီး အတန်းပညာ အထက်တန်းတောင် မအောင်ခဲ့ဘူးလိုု့ အမေရိကန် သတင်းစာတွေက ရေးပါတယ်။

မှောင်ခို ဒေါက်တာဘွဲ့အတုဆိုတာ ဖော်ထုတ်နိုင်ပြီ

ဦးခင်ရွှေရဲ့ ဒေါက်တာဘွဲနောက်ကြောင်းကုို အမေရိကန် တက်ကြွလှုပ်ရှားသူတွေက စုုံစမ်းဖော်ထုုတ်ရာမှာ-

၁။ ဦးခင်ရွှေကုို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နုိုင်ငံ ဝါရှင်တန်တက္ကသုိုလ်ဆုိုတာ အသိအမှတ်ပြုခံထားရတဲ့ တက္ကသုိုလ်မဟုုတ်ဘဲ ဟာဝုိုင်အီကျွန်းမှာ မှတ်ပုုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်နယ် Bryn Mawr မှာ စာတုိုက်သေတ္တာနံပတ်တခုုနဲ့ ဘွဲ့တွေ ရောင်းစားနေတဲ့ တက္ကသုိုလ်အတုု ဖြစ်နေတာ တွေ့ရပါတယ်။ ဒေါက်တာဘွဲ့တခုုကုို အမေရိကန်ဒေါ်လာ ၃၆၀ဝ ကနေ ဒေါ်လာ ၆၀၀ဝ ကြားဈေးနဲ့ မှောင်ခိုရောင်းနေတဲ့ တက္ကသိုုလ်အမည်ခံ မှောင်ခိုလုပ်ငန်းတခုသာ ဖြစ်ပါတယ်။

၂။ ဒါပေမဲ့ ဦးခင်ရွှေကုို မှောင်ခုို ဒေါက်တာဘွဲ့အတုုရောင်းတဲ့ တကယ်မရှိတဲ့ နာမယ်တူ ဝါရှင်တန်တက္ကသိုုလ်ရဲ့ သတင်းကြောင့် အမေရိကန်နုိုင်ငံ St. Louis မှာတကယ်ရှိတဲ့ ဝါရှင်တန်တက္ကသိုုလ်က ကြားကနေ အချောင် နာမယ်ပျက်သွားပါတယ်။ ဒီမှာတင် အမှန်တကယ် တည်ရှိတဲ့ St. Louis ဝါရှင်တန်တက္ကသိုုလ်က ဦးခင်ရွှေ ဂုုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတယ်ဆုိုတဲ့ စစ်အစုိုးရသတင်းဟာ မှားယွင်းကြောင်းနဲ့ အထင်လွဲစရာတွေ ဖြစ်ကုုန်ကြောင်းကြေငြာချက်ထုုတ်ပြနြ်ပီး တရားစွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။

(ပင်ဆယ်ဗေးနီးယား အခြေစိုက် စီးပွားဖြစ်လုပ်စားနေတဲ့ ဝါရှင်တန်တက္ကသိုလ်အတုကို St. Louis ဝါရှင်တန်တက္ကသိုုလ် အစစ်ကနေ ဦးခင်ရွှေကို ပေးတဲ့ဘွဲ့ကိစ္စနဲ့ ပတ်သက်ပြီး Federal District တရားရုံးကနေ တရားစွဲခဲ့ရာမှာ နောက်ဆုံး တရားရုံးပြင်ပမှာ ကျေအေးခဲ့ပါတယ်။ ဒါပေမဲ့ စာတိုက်ပုံးတစ်လုံးနဲ့ မှောင်ခို ဒေါက်တာဘွဲ့တွေ ရောင်းစားနေသူတွေအနေနဲ့ တရားရုံးဆုံးဖြတ်ချက်အရ နောက်နောင် ဝါရှင်တန်တက္ကသိုလ်အစစ်နဲ့ တခြားအမေရိကန်တက္ကသိုလ်တွေရဲ့ အမည်သုံးပြီ်း စီးပွားမလုပ်နိုင်အောင် ဟန့်တားနိုင်ခဲ့ပါတယ်)။

၃။ ဦးခင်ရွှေကုို မှောင်ခုိုဒေါက်တာဘွဲအတုပေးတဲ့ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဆုိုတာ စင်္ကာပူနုိုင်ငံမှာသာ အခြေစုိုက်တဲ့အဖွဲ့ဖြစ်နေတာ တွေ့ရပါတယ်။

၄။ စစ်အစုိုးရသတင်းစာပါ ဦးခင်ရွှေကုို ဒေါက်တာဘွဲ့အတုုပေးတဲ့ ဝါရှင်တန် တက္ကသုိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal ဆုိုတာလဲ အမေရိကန်နုိုင်ငံ Philadelphia မှာရှိတဲ့ Drexell တက္ကသိုုလ်က ဓါတုုဗေဒ ပါမောက္ခဖြစ်နေတာ တွေ့ရပြီး ဦးခင်ရွှေဘွဲ့ပေးဖိုု့ သူမြန်မာနုိုင်ငံသွားတဲ့စရိတ်ကုို ဦးခင်ရွှေကပဲ စိုက်ထုတ်ကျခံတယ်လုို့ သိရပါတယ်။

၅။ တကယ်တော့ ဦးခင်ရွှေရတယ်ဆုိုတဲ့ ဂုုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆုိုတာ ဘွဲ ဒီဂရီ ပေးခွင့်မရှိတဲ့ အဖွဲ့အစည်းတခုုက ပေးတဲ့ မှောင်ခုိုဒေါက်တာဘွဲ့အတုုသာဖြစ်ပီး ဒေါက်တာဘွဲပေးတဲ့ ဖြစ်စဉ်တခုုလုုံးရဲ့ ကုုန်ကျစရိတ်တွေကို ဦးခင်ရွှေကဘဲ အကုုန်အကျခံတာ ပေါ်လွင်နေတယ်လုို့ ကုိုလံဘီယာတက္ကသိုုလ် နုိုင်ငံတကာရေးရာ ပါမောက္ခ Tom Lansner ကပြောပါတယ်။

ခုုလိုု ဦးခင်ရွှေကုို မှောင်ခုို ဒေါက်တာဘွဲ့ အတုုရအောင် စစ်အစိုုးရက ဘာကြောင့် လုုပ်ပေးရသလဲဆုိုရင် ဒေါ်အောင်ဆန်းစုုကြည်ကုို နုိုင်ငံတကာက ဂုုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေပေးတာ မနာလုိုတဲ့အတွက် ဖြစ်နုိုင်တယ်လုို့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ နောက်ကြောင်းကုို ဖော်ထုုတ်သူ အမေရိကန် တက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ချပါတယ်။

နိဂုုံး

ဦးခင်ရွှေဟာ စစ်အစိုုးရအကျိုးစီးပွားကုို နာမယ်ပျက်ခံ ဆောင်ကျဉ်းပေးခဲ့သူဖြစ်တဲ့အတွက် ကနေ့ အမျိုးသားလွှတ်တော်မှာ ကြံ့ဖွံ့အမတ်အနေနဲ့ နုိုင်ငံရေးနယ်ပယ်ထိ ဦးသိန်းစိန်အစိုုးရက ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုုးရ ဒါမှမဟုုတ် ဦးသိန်းစိန်အစိုုးရဟာ ဦးခင်ရွှေနဲ့ အကျိုးတူဖြစ်နေတာမုို့ ဒီလုို သိက္ခာမဲ့တဲ့ ပြည်သူ့လွှတ်တော်ကုိုယ်စားလှယ်မျိုးကုို အခြေခံဥပဒေ ၂၀၀၈ အရ လွှတ်တော်ကုိုယ်စားလှယ်အဖြစ်က ရပ်ဆုိုင်းပေးပါရန် (recall) မဲဆန္ဒရှင်တွေက စုုပေါင်းလက်မှတ်ထုိုးပြီး ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆုိုခွင့်ရှိပါတယ်။

ဂျက်ဖရီ ဆန်းမောင် စုဆောင်းတင်ပြသည်။

ဝါရှင်တန်တက္ကသိုလ်မှ ဦးခင်ရွှေအား မည်သည့်အခါကမျှ မည်သည့်ဘွဲ့မျိုး မပေးအပ်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည့်စာ

 

10 comments

  • koyinmaung

    November 24, 2011 at 7:41 pm

    ရှက်ရကောင်မှန်းမသိတော့လဲ
    ပြောတဲ့သူသာမောရတယ်….

    Reply

  • windtalker

    November 24, 2011 at 7:48 pm

    “ ကဲ
    ခင်ရွှေတု
    မောင်မင်း ဘာပြောချင်သေးတုန်း ”
    ခင်ရွှေတု = အာဘား ၊ အာဘား ၊ ဒီလိုသာ ဆက်လုပ်နီးကီးနေရင် ၊ ငါ နင်တို ့နိုင်ငံမှာ မနေတော့ဘူးနော် ၊ ပြေးပြီသာမှတ် ။

    Reply

  • inz@ghi

    November 24, 2011 at 7:51 pm

    အဲ့လာကျောရာပေါ့ …….
    စာနယ်ဇင်းကလည်း လက်မှတ်စုထိုးပြီး
    တိုင်မယ်လို့ ပြောတာကြားတယ်…
    လုပ် သာလုပ် ဆြာတို့

    လုပ်သင့်ဒါကြာဘီ

    Reply

  • htoosan

    November 24, 2011 at 8:35 pm

    ရှိသမျှ ဥက္ကဌ ရာထူးတွေကပါ ထွက်ခိုင်းရမှာ။

    Reply

  • naywoonni

    November 24, 2011 at 8:39 pm

    မီးဒုတ် ရှို့တဲ့ သူဘယ်ရောက်နေလဲ မသိဘူး…။ နာတော့ ရှို့ရဲဖူး…………။

    Reply

  • မှော်ဆရာ

    November 24, 2011 at 8:41 pm

    ်မနာလိုလို့ ပြောကြတာတွေပါကွယ် …
    ့ပါမောက္ခချုပ် ဒေါက်တာ့ ဒေါက်တာ ဒေါက်တာ မှော်ဆရာ ( ABCDEFGHIJKLMNOPQRSTUVWXYZ)

    Reply

    • inz@ghi

      November 24, 2011 at 8:48 pm

      ကျန်လို့ဖြည့်ပေးမယ်နော (သဂျီးလေကျ ဖြင့်)
      ပါမောက္ခချုပ် ဒေါက်တာ့ ဒေါက်တာ ဒေါက်တာ မှော်ဆရာ
      ( ABCDEFGHIJKLMNOPQRSTUVWXYZ)
      GAY UNIVERSITY

      ;D

      Reply

  • unclegyi1974

    November 24, 2011 at 11:09 pm

    ဒီလိုဘွဲ့တွေကရိုးနေပါပြီကွယ်
    အစကတည်းကသိနေကြပြီးသားပါ
    ပြောပြန်ရင်…..

    Reply

  • မောင်သန်းထွဋ် ဦး

    November 24, 2011 at 11:41 pm

    မလွယ်ပါလားဗျာ။အတုကြီး……အတုကြီး။တပ်ကြပ်ကြီးလုပ်ခဲ့ဖူးတယ်ဆိုတော့ သေချာပါတယ်
    စစ်ခွေးတွေ အနည်းဆုံးတော့ ပေါင်းတတ်၊နှုတ်တတ်လောက်ပါရဲ ့ဗျာ။ခုလိုဘွဲ ့အတုတွေနဲ ့
    လူလည်လုပ်နေတဲ့ ငနာတွေဘယ်လောက်များရှိနေမလဲ။????????????

    Reply

  • kai

    November 25, 2011 at 6:42 am

    တကယ်တော့ ..honorable doctor တွေလည်း.. အများကြီးရှိပါတယ်..
    တက္ကသိုလ်တွေကတကယ်ပေးတဲ့ အစစ်အမှန်တွေပါ..။

    ဒါပေမဲ့..
    ယူအက်စ်မှာတော့.. အဲဒီလိုဒေါက်တာတွေက… သူတို့အမည်ရှေ့ ထည့်မသုံးကြပါဘူး..။
    တကယ်..ကျောင်းတက်ပြီး..ကြိုးစားရယူထားသူတွေကို… ရှက်လို့…။
    ရှက်လို့…။
    အဲ..အဲ..
    (ဒေါ်စုလည်း.. honorable doctor ဘွဲ့တွေအများကြီးရထားပါတယ်နော..။ – စကားချပ်)

    Reply

Leave a Reply

Your email address will not be published.