အမှားမဟုတ်သောအမှန်များ-၁

နီကီတာNovember 24, 20111min019

(၁) ယောက်ျားအကြောင်းကို နားလည်သလို နားမလည်သလိုနဲ့ မိန်းမတစ်ယောက်ဟာ နောက်ဆုံးမှာ အဲဒီယောက်ျားရဲ့ဇနီးမယားဖြစ်သွားတယ်။

ယောက်ျားအကြောင်း လုံးဝနားလည်သူဟာ နောက်ဆုံးမှာ အပျိုကြီးဖြစ်သွားတယ်။

(၂) မိန်းမတစ်ယောက်ရဲ့တစ်သက်မှာ ယောက်ျားနှစ်ယောက်ရှိတယ်။

တစ်ယောက်က အမှတ်တရထဲမှာ၊ နောက်တစ်ယောက်က တစ်သက်လုံးအနားမှာ

(၃) ယောက်ျား
သင့်ရဲ့ငွေကြေး၊ သင့်ရဲ့ရုပ်ရည်၊ သင့်ရဲ့အတတ်ပညာ၊ သင့်ရဲ့ဟာသဉာဏ်
ဘယ်အရာကမှ သင့်ရဲ့သစ္စာစောင့်သိတာလောက် အရေးမကြီးဘူး။

(၄) မိန်းမ
သင့်ရဲ့အလှ၊ သင့်ရဲ့စိတ်နေစိတ်ထား၊ သင့်ရဲ့ဂုဏ်ယူစရာတွေကို ထိုက်တန်တဲ့သူတစ်ယောက်အတွက် ချန်ထားပေးပါ။

(၅) လောကမှာ အလွယ်တကူ ယုံလို့မရတဲ့အရာ သုံးမျိုးရှိတယ်။
ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့ဆင်ခြေဖြစ်တယ်။

လောကမှာ အဖိုးတန်ဆုံးအရာ သုံးမျိုးရှိတယ်။
ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့နှလုံးသားဖြစ်တယ်။

(၆) ဘယ်လောက်ပဲ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့လူဖြစ်ဖြစ် လမ်းခွဲလိုက်ပြီဆိုတာနဲ့ တဖြေးဖြေး စိမ်းစိမ်းသွားတော့တယ်။

(၇) အချစ်မှာ လူကိုအနာကျင်စေဆုံးက “အမှတ်တရ”ဖြစ်တယ်။
တကယ်လို့ အမှတ်တရတွေသာ မရှိခဲ့ရင် ဒီလောက်နာကျင်လိမ့်မှာ မဟုတ်ဘူး။

(၈)လမ်းခွဲလိုက်ပြီဆိုတာနဲ့ သူ့ဘဝကို သွားမနှောင့်ယှက်နဲ့တော့… ပြန်လည်တွေ့ဆုံခဲ့ရင်လည်း အမုန်းရန်ငြိုးမထားနဲ့….. ခေါင်းတစ်ချက်ညိတ် ပြုံးပြလိုက်ပါ။

(၉) မိန်းကလေးတွေ နုပျိုချိန်မှာ ဘယ်လောက်ပဲ ချောခဲ့ချောခဲ့၊ ဘယ်လိုပဲ မာနာကြီးခဲ့ကြီးခဲ့ နောက်ဆုံးမှာ ယောက်ျားတစ်ယောက်အတွက် ဖြစ်သွားတယ်။

ယောက်ျားလေးတွေ နုပျိုချိန်မှာ ဘယ်လောက်ပဲ လွတ်လပ်ခဲ့လွတ်လပ်ခဲ့၊ ဘယ်လောက်ပဲ ထကြွခဲ့ထကြွခဲ့ နောက်ဆုံးမှာ မိန်းမတစ်ယောက်အတွက် ရုန်းကန်ရတော့တယ်။

(၁၀) ရွာသူ၊ရွာသားများ စိတ်ကြိုက်တစ်ခု ဖြည့်ပါ။

19 comments

  • MaMa

    November 24, 2011 at 8:05 pm

    သိုင်းညီနောင်တွေမလာခင် ဦးအောင်မန့်ချင်တာ…..
    ဘာရွေးရမှန်း မသိလို့ သူများ မန့်တာပဲ ကြည့်တော့မယ်။
    😆

    Reply

  • windtalker

    November 24, 2011 at 8:14 pm

    ၃၊၄၊၅၊၉ ကို လက်ခံပါတယ်
    ၂ နဲ ့ပတ်သက်ပြီး
    ကျုပ် မိန်းမအတွက် ၊ ကျုပ် ဟာ ရည်းစားဦး ၊ အချစ်ဦး ၊ ဒါပေမယ့် ၊ ကျုပ်နဲ ့မညားခင်လေးမှာ ၊ သူ နဲ ့တော်တော်ခင်တဲ့ ကျောင်းနေဘက် ငနာတစ်ကောင် က ထကြောင်ချင်တယ် ။ အဲဒါအတွက် သူ ့မှာ အမှတ်တရ ဖြစ်မလား တော့ မသိဘူး ။

    Reply

  • unclegyi1974

    November 24, 2011 at 10:30 pm

    ပြောလိုက်ကြတဲ့အချစ်တွေမေတ္တတွေဗိုက်ဆာလာတော့လဲမင်းငါဖြစ်ကုန်ကြတာပါပဲ

    Reply

    • nikita

      November 25, 2011 at 1:56 pm

      ဘာပဲ ဖြစ်ဖြစ် တစ်သက်မှာ တစ်ခါတော့ ချစ်ဖူးချင်ကြတာပဲလေ
      ဟုတ်တယ်ဟုတ် ?

      Reply

  • ချစ်စခင်စကြင်နာစ ကမ်းစပ်မှာထိုင်နေတုန်း
    ဗြုန်းဆိုငှက်ကလေးထပျံ
    အဲဒါဘာငှက်တုန်းမောင် ဆိုတော့ ကြင်ဖော်မက်တဲ့စင်ရော်ငှက်ကလေးပေါ့ကွယ်တဲ့။
    နောင်သုံးလေးနှစ် ရင်ကဖြစ်တဲ့ချစ်စရာကလေးတွေကလဲသုံးယောက်
    အိမ်မှာရေမလာ လျှော်စရာတပုံတပင်
    မြစ်ဆိပ်မှာ သွားလို့ အဝတ်လျှော်စဉ်
    မိန်းမက ငယ်မူပြန်
    အဲတာဘာငှက်တုံးဟင်ဆိုလဲ မေးရော
    စိတ်တိုတိုနဲ့ယောက်ျားဖြေပုံလေးက
    အချစ်မက်တဲ့ ?ထစ် ငှက်ဟေ့တဲ့
    ကဲ ဘာပြောအုံးမလဲကွယ်

    Reply

  • Moe Z

    November 25, 2011 at 8:42 am

    အချစ်ဆိုတာ ဘဝကိုဖန်တီးတတ်သလို..
    အချစ်ဆိုတာ ဘဝကိုဖျက်ဆီးတတ်တယ်..
    သာယာမှုနဲ့စိတ်ကြေကွဲမှု ဝမ်းနည်းမှုပျော်ရွှင်မှုတွေ..
    ရောပြွန်းနှိပ်စက် ဘဝတစ်သက်ဖူလုံစေ….
    (သီချင်းနော် 🙂 )

    Reply

  • small cat

    November 25, 2011 at 8:50 am

    အချစ်ဆိုတာ မနှစ်ကသေသွားတဲ့ အိမ်ရှေ့အိမ်က အပျိုကြီး မမ ပါ။

    Reply

  • inz@ghi

    November 25, 2011 at 9:05 am

    ကရင်စည် မမန့်သေးလို့ မမန့်ဘဲ နေနေတာ…
    ရွာရဲ့ ၂ယောက်တည်းသော M.Z မှ ၁ယောက်က မန့်သွားပီ
    ဆိုတော့ ကျန်တဲ့ M.Z လည်း မန့်ရတော့မပေါ့…
    (ဟီး …မန့်ချင် မန့်ချင်ဒယ်ပေါ့ …သက်သက် ရမယ်ရှာတာ..)

    ၁။အပျိုကြီးတွေဟာ ယောက်ျားအကြောင်း နားအလည်ဆုံးလား…ဟဲဟဲ ..
    ပြန်စဉ်းစားပါဦး သမီးရယ်….
    ၂။ တခါတလေလည်း အဲ့သည့် ၂ယောက်ဟာ လူ၁ဦးတည်းဖြစ်နေတတ်ပါတယ်
    (ကျနော်တော့ ဖြစ်ခွင့်မရဖူးပါ …Ad)
    ၃။ မွဲတေ စုတ်ပြတ် . ရူပါက ချူခြာ . သုံးစားလို့ကမရ ..နုံက နုံသေး အဲ့ သစ္စာတော့
    စောင့်သိရိုသေပါ၏ ဆိုတဲ့ လူတွေ့ရင် ယူမား? (မည်သူ့ကိုမှ စောင်းမပြောပါခည..)
    ၄။သင့်ရဲ့အလှ၊ သင့်ရဲ့စိတ်နေစိတ်ထား၊ သင့်ရဲ့ဂုဏ်ယူစရာတွေက လွဲရင်
    ကျန်တာတွေတော့ ရက်ရောမယ် ပေါ့ ဟင်င်င်င်
    ၅။ ယုံလို့မရတဲ့အရာ သုံးမျိုး ကို ယောက်ျားတယောက်ရဲ့ ရည်းစားဦး ကိုပါ ပေါင်းထည့်လိုက်ပါကွယ်
    အဖိုးတန်ဆုံးအရာ တွေမှာတော့ ယောက်ျားတယောက်ရဲ့ တာဝန်ယူတဲ့စိတ် ကိုဖြည့်စွက်ပါရစေ
    ၆။ တဖြည်းဖြည်း ခြောက်သွေ့ ကွဲအက် သွားတာကွဲ့
    ၇။ ဟင့်အင်း အမှတ်တမဲ့တွေပါ။ အမှတ်တမဲ့လုပ်မှုလေးတွေ တခုခြင်းစီပေါင်းစည်းရင်
    လမ်းခွဲဖို့ ခိုင်မာတဲ့ တွန်းအား တခုဖြစ်လာတယ်မလား..
    ၈။တချို့များ တသက်လုံး အရင်းနှီးဆုံး မိတ်ဆွေတွေလို အခင်မင် မပျက် နေသွားနိုင်ပါတယ်ကွယ်
    ၉။ တယောက်အတွက် ဆိုတဲ့ စာသားကို ပြင်ပေးပါ။
    ၁၀။ ဖြည့်ပြီ ဗျို့။
    ယောက်ျားတွေက ကောင်းတဲ့ကောင်တွေ မဟုတ်ဘူး။ အဟုတ် ။ကျုပ်ဆို တကောင်မှ ကြည့်ရတာ
    မဟုတ်ဘူး။(မှန်ကြည့်တိုင်း ထွက်ထွက်လာပြီး ပြုံးပြတတ်တဲ့ လူချောကြီးတယောက်ကလွဲလို့)
    သည်တော့ ကျုပ် သံဓိဌာန်ချထားတယ်။ ဘယ်တော့မှ ယောက်ျား မယူဘူး။ မိန်းမပဲယူမှာ

    ပုံ
    မင်ဇက်

    Reply

    • Moe Z

      November 25, 2011 at 9:24 am

      မိန်းမယူတာလဲယူပေါ့ကွယ် ..
      မျက်နှာကြီးတော့ အုပ်မထားနဲ့(ချောတယ်လည်းဆိုသေး)
      သူများတွေအထင်လွဲနေပြီ မိုးစက်ကရေမွှေးဖျန်းပေးလိုက်တယ်ဆိုပြီး 😀

      Reply

      • inz@ghi

        November 25, 2011 at 9:50 am

        အော်ဟော်. ..
        ဇက်ကလေးက ကိုအင်ဂျီး မျက်နှာတော် ကို မြင်ဖူးချင်ဒယ်ပေါ့
        ဟုတ်စ …
        မြင်ရဇေမယ်ဗျား မြင်ရဇေမယ်…

        ခုပဲ အမြန်ဆုံးနည်းနဲ့ ပုဂံလုံးစီးပီး အဗေတာ ချိန်းလိုက်ပါ့မယ်ကွယ်..
        (အင်း ပြမယ့်သာ ပြရမယ် ရှက်ထှာ)

        ပုံ
        လွန်စွာမှ ရှက်တတ်သော ဂီဂီ

        Reply

      • inz@ghi

        November 25, 2011 at 10:17 am

        Z ကလေးရေ ….
        Avatar ချိန်းလိုက်ပီလေ…

        မူရင်းယုတ်သွင်ဂျီးဂို
        အားပေးရှုဇားပါဦးကွယ်

        ပုံ
        Zကြီး

        Reply

        • ပေါက်ဖော်

          November 25, 2011 at 10:33 am

          ဇိကိုထိရင် မီးပွင့်တွားမယ်..
          ခဲနဲ ့ထုမယ်..ဒုတ်နဲ ့ရိုက်မယ်
          ပုလင်းနဲ ့ပစ်မယ်..
          ကုန်းကုန်းလုပ်ပစ်မယ်..
          ပါမစ်ပိတ်မယ်
          မြေကွက်သိမ်းမယ်
          ဧည့်စာရင်းစစ်မယ်.
          ကင်မလာအလစ်သုတ်မယ်
          ကီးဘုတ်ဖြုတ်မယ်..
          ချောင်းပြီးရိုက်မယ်..
          ဗုံးခိုးထောင်မယ်..
          မီးနဲ ့ရှို ့မယ်..

        • Moe Z

          November 25, 2011 at 11:49 am

          oh my god!
          ရူပါကခန့်ညားပါဘိသနဲ့
          အပြင်ထွက်ရင် သတိထားနော်
          ကောင်မလေးတွေလိုက်ဆွဲနေဦးမယ် 🙂

  • htoosan

    November 25, 2011 at 9:28 am

    (၁၀)ယောက်ျား တွေမိန်းမ မရှိတဲ့ ဒုက္ခ ၊ မိန်းမတွေ ယောက်ျားမရှိတဲ့ ဒုက္ခ ၊ အဲ့ဒီ့ ဒုက္ခတွေ ကင်းလွတ်ဖို့ ကြိုးစား ပြီး သကာလ သိလာတာ ကတော့ ရှိခြင်းရဲ့ ဒုက္ခ တွေပါ။

    Reply

  • etone

    November 25, 2011 at 1:07 pm

    (၄) မိန်းမ
    သင့်ရဲ့အလှ၊ သင့်ရဲ့စိတ်နေစိတ်ထား၊ သင့်ရဲ့ဂုဏ်ယူစရာတွေကို ထိုက်တန်တဲ့သူတစ်ယောက်အတွက် ချန်ထားပေးပါ။ တဲ့ .. ဟီးဟီး ..
    အပျိုဂျီးတွေ .. ထိုက်တန်သူစောင့် … ချန်ထားရင်း …ချန်ထားရင်း ….. ဟီးဟီး … ။ ထိုက်တန်သူမတွေ့ခင်ကတော့ ရုပ်ဆိုး ၊ စိတ်ပုတ် … အကျင့်ယုတ်တွေကျနေတာပဲ … စာသားရေးထားကိုပြောပါဒယ် … :mrgreen:

    Reply

  • E.T

    November 25, 2011 at 6:44 pm

    ချစ်တတ်လွန်းသော မိန်းကလေးများသည် နားညီး၏။
    ချစ်တတ်လွန်းသော ယောက်ျားလေးများသည် ရည်းစားများ၏။

    Reply

    • inz@ghi

      November 25, 2011 at 6:53 pm

      မှန်၏ ကိုရင်တီ…
      ဂီဂီတို့က မာကတ်တာဆိုတော့ အသည်းမမာဘူးမလား …အဲ့သည့်လိုနဲ့ ….
      ခုလော့ တယောက်ထဲပါ ဟီး ….
      တနားပါလယ်

      Reply

  • Shanma TUmdy

    November 25, 2011 at 10:05 pm

    သိပ်ချောသိပ်လှသော.. ယောကျာ်းလေးမိန်းကလေးများ.. အချစ်စစ်နှင့်တွေ့ခဲ၏ .. (သူချစ်ကိုဆိုလိုပါတယ်)

    Reply

  • naywoonni

    November 25, 2011 at 10:15 pm

    အင်း ဒါမျိုးတွေတွေ့ရရင် စက်ရုပ်ချစ်သူပြဿနာကို သွားသွားသတိရတယ်…။

    Reply

Leave a Reply

Your email address will not be published.