ထူးဆန်းစွာ ပေါ်ထွက်လာသော မြတ်စွယ်တော်

နိုဝင်ဘာ၂၂ရက်၊ည ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ ဝါယာလတ် ပေါက်ကုန်းရပ်ကွက် အပိုင်(၁၀)မဥူသက
လမ်း၊ အိမ်နံပါတ်(၂၀၁) ကိုထွန်းလှ+မဘိုမတို့၏နေအိမ်တွင် နံနက်ခင်း၁ဝနာရီခွဲခန့်က နေပြည်တော်မှ ရန်ကုန်မြို့သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပင့်ဆောင်လာသော ဂေါတမဗုဒ၏စွယ်တော်မြတ်ပုံတော် ထူးဆန်းစွာ ပေါ်ပေါက်လာကြောင်းသိရှိရ
သည်။ ဖြစ်ပျက်ပုံမှာ အဆိုပါအိမ်ပိုင်ရှင် မဘိုမသည် ည(၈)နာရီတွင် MRTV-4မှထုတ်လွှင့်ရာတွင် တရုတ်ပြည်မှပင့်ဆောင်လာသည့် ဗုဒစွယ်တော်အား တီဗွီဖန်သားပြင်မှ ဖူးမျှော်ရစဉ် ကိုယ်တိုင်အနီးကပ်ဖူးမျှော်ချင်သည့်ဟု စိတ်ထဲမှ ဆုတောင်းခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဆုတောင်းပြီးခဲ့ပြီးနောက် နေအိမ်ရှိ ဘုရားစင်မှ ပန်း၊ဆီမီး၊အမွှေးတိုင်၊ ရေချမ်း စသည်တို့အားလုံး အသစ်လဲလှယ်ခဲ့ကြောင်း၊ ထိုသို့လဲလှယ်အပြီးတွင် မီးခဏပျက်သွားခဲ့သည်။ မီးပြန်လာချိန်၊ ည(၉)နာရီခန့်တွင် ဘုရားစင်အားရုတ် တရတ်အမှတ်မထင် ကြည့်မိရာ သူမကပ်ထားသည့် သောက်တော်ရေခွက်ထဲတွင် ဗုဒစွယ်တော်နှင့် တထေရာတည်း တူနေသည့် စွယ်တော်ပုံ ထူးဆန်းစွာ ပေါ်ပေါက်နေသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။ ထို့နောက် အနီးတဝိုက်မှအိမ်နီးချင်းများအား ခေါ်ယူပြ သခဲ့ပြီး ထိုမှတဆင့် ဝါယာလတ်မြို့နယ်တစ်လျှောက် သတင်းပြန်နှံ့သွားခဲ့ပြီး ည(၁)နာရီခန့်တွင် လာရောက်ကြည့်ရှုဖူးမျှော်သူအများ
အပြားဖြင့် စည်ကားလာခဲ့သည်။ အဆိုပါသတင်းကြောင့် သက်ဆိုင်ရာရပ်ကွက်လူကြီးများနှင့် ရဲဝန်ထမ်းများလာရောက်စစ်ဆေးပြီး
သောက်တော်ရေခွက်အား အသစ်လဲလှယ်စေခဲ့သည်။ ထိုသို့ပြုလုပ်စေခဲ့သော်လည်း သောက်တော်ရေခွက်ထဲတွင် မူလအတိုင်း စွယ်တော်မှာ ပြန်လည်ပေါ်ပေါက်လျက်ရှိကြောင်းတွေ့ခဲ့ရသည်။

အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Starnet Internet Cafe( 01-637162)……(ကိုသီဟ)
ကိုကျော်မြတ်စိုး(0949508818)
ကိုသက်နိုင်ဦး (0943104635)

မှတ်ချက်။    ။ကျွန်တော့်မေးလ် ထဲမှကူးယူတင်ပြခြင်းဖြစ်ပါသည်။ ။

17 comments

  • ချစ်ရင်ထူး

    November 23, 2011 at 10:33 pm

    အမှားပြင်ဆင်ခြင်း။ ။ စာကြောင်းရေ (၈)တွင် ဂေါတမဗုဒ္ဓ ဟုဖြည့်စွက်ဖတ်ရှုပေးပါရန်။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 24, 2011 at 8:34 am

    ယုံဘူး
    ဆက်ဘူး
    မနက်ဖြန်သဘက်ခါဘဲ 2012 ရောက်ပြီး ဂဘာဂ ပျက်ဒေါ့မယ်
    ဒီလောက်ကြီးနာမည်ကြီးမှတော့ ရုပ်ပုံတွေတက်လာတော့မှာပေါ့
    အိမ်ပုံတွေ
    လူပုဂ္ဂိုလ်ပုံတွေ ဘာညာသာရကာတွေ

    Reply

    • laypai

      November 24, 2011 at 12:40 pm

      မိုက် , မယုံ မရှိ နဲ့ movie CD အလှူ တောင် ပေးနေတာ။ သွား ဖူးတဲ့သူ အတော်များများ ရ ကြတယ်။ အရုဏ်ဦး က အလှူ လို့ ကြော်ညာ စားတန်းလေးနဲ့။

      Reply

  • etone

    November 24, 2011 at 9:35 am

    အဲ…ကိုချစ်ရင်ထူး တင်ထားတာ ကျွန်မမတွေ့လို့ ခုနကလေးတင် …စွယ်တော်နဲ့ ပ တ်သတ်တာ နည်းနည်းရေးတင်လိုက်မိသေးတယ် … ဒီသတင်းက ဒီတေးလ်ပိုစုံပါတယ် …ကျွန်မတင်တဲ့ပို့စ်ကတော့ … overview လောက်ပဲ ရှိတယ် … ။ ဓါတ်ပုံထဲမှာတော့ တကယ့်ကို ပီပီပြင်ပြင် တွေ့ရပါတယ် ။

    Reply

  • ပေါက်ဖော်

    November 24, 2011 at 9:51 am

    ဘယ်မတုန်း.ဒါ့ပုံ
    ဘယ်မတုန်း..ဝိုင်းကြည့်နေတဲ့လူဒွေ
    ပုံ
    ကျောက်ဆင်းထုခေါင်းမော့
    ကဖော်ဂျီး

    Reply

    • inz@ghi

      November 24, 2011 at 9:59 am

      တိန်..
      သည်လူရီး မိုးမလင်းတေးဝူး
      တားတားကို လာ ကညော့်တွားဒယ်

      ရွာထဲမှာ နာမည်ပေါင်းစုံရတာတင် မကဝူး
      ဝိသေဿ ကိုတောင် ရန်ရှာခံထိနေဘီ

      ကယ်နိုင်တော့ဝူးလား မိုးရဲ့ ဟင့် ..

      မင်ဇက်

      Reply

      • ပေါက်ဖော်

        November 24, 2011 at 10:41 am

        နာတို ့တဂျီးက ဒီလိုကိစ္စတွေမှာ..ဒါ့ပုံမပြောနဲ ့ဘုန်းကြီးလေပေါ်ပျံနေတဲ့….ဗွီဒီယို မြင်တာတောင်
        2012 ရောက်ပြီ ပလိတ်သတ်ဂျီးခေါင်းသုံးပါလို ့ပြောသကွဲ ့.
        ဒါကြောင့်…
        ရမ်းသမ်းခေါင်းငြိမ့်လို ့မရဘူး…ငဂီရ
        နင်က ကျောက်ဆင်းထုခေါင်းငြိမ့်..
        နာက ကျောက်ဆင်းထုခေါင်းမော့..ငွှ..ငွှ…ငွှ.

        ဝှေ ့ကပေ..
        ကျောက်စိမ်းတစ်တုံးလောက် ချေးစမ်းဘာ..
        ကျောက်စိမ်းရောင်းရအသပြာနဲ ့..မုံဂလာဒင်သွားပြီး သွားထောက်မလို ့..(သတင်း)

        Reply

  • Moe Z

    November 24, 2011 at 10:29 am

    ထူးဆန်းတာဆိုလို့ စွယ်တော်နဲ့တော့မဆိုင်ဘူး မေမြို့မှာကြုံခဲ့တာ
    ၂၀၀၄လောက်ကဖြစ်မယ်ထင်တယ်
    မန္တလေးလားရှိူးလမ်းနဲ့ ဘူတာဘက်ကိုသွားတဲ့မြို့ပတ်လမ်းထောင့်မှာ ဆိုင်ခန်းတွေရှိတယ်
    အဲဒီရှေ့က ယူကလစ်ပင်ကနေ ကျောက်ဆင်းတုပုံပေါ်နေတာ
    ဆိုင်ခန်းတွေရဲ့အရှေ့ဘက်ကကြည့်ရင်ဘာမှမမြင်ရဘူး ဟိုးအနောက်ဘက်လှမ်းလှမ်းကကြည့်မှ
    ခေါင်မိုးရဲ့အပေါ်မှာ ကိုယ်တစ်ပိုင်းပုံမြင်ရတယ် နေ့ဘက်ကြည့်ရင်လည်းမမြင်ရဘူး
    ညကျမှ ကောင်းကင်ရဲ့နောက်ခံမှာထင်ထင်ရှားရှားပေါ်တာ
    လာကြည့်ကြတဲ့လူတွေလည်းကြိတ်ကြိတ်တိုးပဲ
    အဲဒီနားကထီဆိုင်လည်းလက်မှတ်တွေပြောင်သွားတဲ့အထိ ရောင်းကောင်းတယ် 🙂
    နောက်သစ်ရွက်တွေကြွေသွားတော့ မပေါ်တော့ဘူး

    Reply

  • kai

    November 24, 2011 at 12:37 pm

    ထူးဆန်းစွာ ပေါ်ထွက်လာသော စာလုံးကြီးများ…

    အောင်မလေးဗျ…
    မြန်မာပြည်ကနေ မိုင်ထောင်ချီဝေးတဲ့နေရာ.. အမေရိကားက.. ခလုပ်(ကွန်ပျုတာကီးဘုတ်) နှိပ်လိုက်တာ.. ရန်ကုန်ကလူကွန်ပျူတာရှေ့.. အရိပ်…အဲ..အဲ.. စာလုံးအတိုင်း သွားပေါ်တယ်ဗျ…

    ဒါ့ပုံတောင် ရိုက်စရာမလို… အတိအကျ..
    ကဲ..ကဲ.. ကြည့်ကြ..ကြည့်ကြ..
    ပြီးရင်.. ရှိတာလေးတွေ.. ချွတ်ချက်.. လှူခဲ့ကြ…
    အဲဒါ.. မြန်မာပြည်ကြီး.. အောင်မြင်ကျော်ကြားတော့မှာကို.. “ထင်း” ကနဲ့ ပြတဲ့နမိတ်ကွဲ့..။

    (နောက်တာနော..။ စိတ်ဆိုးတော်မမူကြနဲ့..။ မကျေနပ်..အနီကဒ်ပြလိုက်နော..။)

    Reply

    • ကြောင်ကြီး

      November 24, 2011 at 1:00 pm

      သဂျီးနည်းက ဘာဆန်းလို့လည်။ အီတာလျံလူမျိုး မာကိုနီဆိုသူ ကြေးမဲ့ကြိုးနန်းစနစ်ကို ၁၈ရာစုမှ အဲသလို ထွင်ပြခဲ့တယ်။ ကင်းဝန်မင်းကြီးက ရှေ့တန်းမြန်မာခံတပ်ကို အင်္ဂလိပ်သင်္ဘောကို မခုခံဖို့ အမိန့်ထုတ်တော့လည်း ကြေးနန်းရိုက်ထုတ်တာပဲ မဟုတ်လား။ အခု သဂျီးပြောတဲ့နည်းနဲ့ သိပ်မထူးပေါင်ဗျာ။။။။။။ 😆

      Reply

  • မိုးချမ်းမြေ့

    November 24, 2011 at 3:20 pm

    ဟုတ်ပါ့..အဖွဲ့တော်သားတို့ရေ..။ မင်္ဂလာဒုံဘက်မှာတော့..တော်တော်သတင်းကြီးနေတယ်ကြားတာပဲ..။
    ်လိုက်ပြီးဖူးပါလားလို့လဲ..ခေါ်ကြပါရဲ့..။ အင်းဒါပေမယ့်…မူလစွယ်တော်တောင်မှ ဘုရားစွယ်တော်စစ်..မစစ်
    ီDNA နဲ့စမ်းကြည့်ဖို့တောင် ကိုရွှေတရုတ်တို့ကလက်မခံဘူးလို့ ကြားတာပဲ…။ စစ်ရင်ရော…အဲဒီစွယ်တော်
    က တရားတွေဟောပြောလို့ လူတွေကိုငြိမ်းချမ်းအောင်လုပ်ပေးနိုင်မှာလား…။ ဝေးစွ…..။
    ဆရာတော် ဦးဇောတိကရေးထားတဲ့..(လွတ်လပ်သောစိတ်) စာအုပ်ထဲက..စာသားလေးကိုသတိရမိလို့
    ရေးမိလိုက်ပြန်တယ်ဗျို့..။ What does is the bring to you Vikali : by looking at thit facial body of
    filth? He who see the dhamma see`s me. တဲ့ ဒီခန္ဓာကိုယ် အပုတ်ကောင်ကြီးကို ကြည့်နေလို့ မင်းအ
    တွက်ဘာတွေများ အကျိုးထူးမှာလဲ “ဝက္ကလိ”။ တရားကိုတကယ်မြင်တဲ့သူမှသာ ငါ့ကိုမြင်နိုင်မှာလို့ ပါဠိတော်
    နဲ့တကွ ရေးသားထားတာ တွေ့ရပါတယ်…။
    ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှားနဲ့ ရှိစဉ်တုန်းက အနားမှာ တဖဝါးမကွာပဲ ကြည်ညို
    လို့မဆုံးရှိခဲ့တဲ့ “ဝက္ကလိ” ရဟန်းကြီးကို ဘုရားရှင်ကိုယ်တိုင်က အဲ့သလိုပြောပြီး ဆုံးမနေပါလျှက်နဲ့မှ
    (သွားတော်ကို မကြည်ညိုတဲ့ စိတ်ရိုင်းနဲ့ပြောခြင်းမဟုတ်ပါ) တလွဲ ဆံပင်ကောင်းနေကြတာဖြင့်…ဘုရား
    ရှင်တော်မြတ်ရဲ့ စကားတော်ကို မရိုတဲ့သူဖြစ်သလို…ဘုရားရှင်ကိုယ်တော်ရဲ့ ဆိုလိုရင်းကို နားမလည်
    မသိကြလို့ပဲလို့ ထင်မိပြီး စိတ်မကောင်းဖြစ်ရလေရဲ့…။

    Reply

    • mgmaung

      December 12, 2011 at 1:46 pm

      အေးဗျ၊ လူတွေက နေရာတော်တော်လွဲနေကြတယ်ဗျ။ ဗုဒ္ဓဆွယ်တော်ကို အဲဒီလာက်ဝိုင်းလှူနေကြတာ အဲဒီငွေတွေက ဆွယ်တော့်ကိစ္စ ဘယ်နေရာတွေမှာ သွားသုံးမှာလဲ။ ဆွယ်တော်က သေးသေးလေး။ ဘုရားရှိနေရင်တောင် လိုအပ်တာထက် ပိုအလှူခံတာတို့၊ ပိုလှူတာတို့ ကို သဘောကျနိုင်ပါ့မလား။ တိုင်ပြည်အတွက် လိုအပ်တဲ့နေရာတွေမှာ စွယ်တော်ကို လှူသလို ပံ့ပိုးပေးတာမှ ဘုရားအလိုကျမှာလို့ ထင်မိပါတယ်။

      Reply

  • char too lan

    November 24, 2011 at 8:36 pm

    haha 🙂
    သိနေဒယ် သဂျီးမင်းလေသံကိုု ဒီလိုုခပ်ဆန်းဆန်းကြားရမယ်လိုု့
    ဘာပြုလိုု့လဲဆိုုတော့ ညနေကရုုံးနားမှာလူတွေ ရေသန့်ဗူးတွေကိုုင်ပီး
    အလုုပ်တွေရှုပ်နေတာတွေ ့ပီးကတည်းက အင်း…… နာတိုု့သဂျီးမင်းတော့
    လှောင်နေရော့မယ်………..လိုု့ …………

    Reply

  • winkyawaung

    November 24, 2011 at 9:29 pm

    ထူးဆန်းတာတွေ လိုက်နေကြတာပဲနော်..။ ကျွန်တော်တို့ဆီမှာလဲ ရေသန့်ဘူူးတွေ ကို်ယ်စီကိုင်ကြည့်နေကြပါတယ်။

    Reply

  • သော်ကြီး

    November 24, 2011 at 11:05 pm

    ်ကောင်းကင်မှာ သံလုံး၊သံခဲတွေ၊ မြေလုံး၊ မြေခဲ တွေ ပျံနေတာ ရွာသားတွေ မသိသေးလို့ပါ။ သိလို့ရှိရင် ပိုလို့ တောင် အံ့ဩသွားအုံးမယ်။ ( ကောင်ကင်မှာ သံလုံး၊ သံခဲတွေ ပျံနေတာ မင်းမအံ့၊ ဒါကျမှ မင်းအံ့ရတယ်လို့ ) ကဒူး စကား ဖြစ်ပါတယ်။ ( အတားရုတ် ရှီးဗမ်းလား = ထမင်းစားပြီးပြီလား )

    Reply

  • mgmaung

    December 12, 2011 at 1:51 pm

    ဒေးဗစ်ကော်ပါးဖီက ကောင်းကင်လည်းပျံပြတယ်။ နံရံကြီးလည်း ဖောက်ထွက်ပြတယ်။ မြန်မာပြည်မှာဆို ဝိုင်းကန်တော့ လိုက်ကြမလားမသိ၊ အင်တာနေရှင်နယ် တောသားတွေဖြစ်မှန်းမသိဖြစ်နေပြီ။

    Reply

    • inz@ghi

      December 12, 2011 at 2:53 pm

      ကြိုက်တယ်ညီ …
      ဒါမျိုး သူတပါးမထိခိုက်စေဘဲ ..ကိုယ်ထင်ထားတဲ့ ကိုယ်ပိုင်အတွေး နဲ့ ရဲရဲချပြောတဲ့ သတ္တိကို …..
      (မှန်တာ မှားတာ ခနထားဦးနော ….)

      သည်တော့ ကျနော်လည်းပြောမယ် …ခင်ဗျားလေးမှန်တယ်ဗျ(ကျုပ်လည်း ကျုပ်ထင်တာ
      ပြောထားတဲ့အတွက် …တကယ်မှန်လားမှားလား မသိပါခင်ဗျား..)

      ဒီမိုကရေစီ ရချင်တယ် လိုချင်တယ် အော်နေတယ်…
      ကောင်းပြီ ..မိမိကိုယ် မိမိရော ဒီမိုကရေ စီ အပြည့်အဝပေးဖူးပါသလား …???
      သည်တခါ ကျနော် psychology သုံးပြီးပြောနေတာမဟုတ်ပါ….
      တိုက်ဆိုင်လို့ ပြောကြည့်တာပါ..

      ကြိုက်ရင်ကြိုက်ကြောင်း မကြိုက်ရင်မကြိုက်ကြောင်း…
      ပုဂ္ဂိုလ်စွဲမပါ … အမှီ အထောက် ကင်းကင်း ပြောရဲဆိုရဲ(သူတပါးပုတ်ခတ်မှုမပါ)
      တဲ့ သတ္တိ… မမွေးနိုင်သ၍တော့ ..(သတ္တိသည် ဂုဏ်သတ္တိဟုညွှန်းပါသည်…)
      ဘယ်တော့မှ ဒီမိုကရေစီရမယ်မမှတ်နဲ့ဗျ…….

      (ခံစားရဲ-ပြောရဲ- ကျင့်သုံးရဲ-ကြေညာရဲပြီဆိုရင်တော့ ဘယ်သူ့ဆီကမှ ဒီမိုကရေစီ
      တောင်းစရာ မလိုတော့ဘူးဗျို့….)

      ခင်တဲ့
      ဂီဂီ

      Reply

Leave a Reply

Your email address will not be published.