ဆောင်း

ဆောင်းသို့ရောက်ပြီ။

မနှစ်တုန်းဆီက နှင်းမြူမှုန် ပါးပါးကြား

မပီပြင်ဝိုးတဝါးနဲ့

ရသပျောက် ဆောင်းအောက်မှာ ငါ ပူလောင်ခဲ့တယ်..။

ခြေချမိတဲ့ လွန်သော နှစ်များဆီ

နယ်ချဲ့အတွေးတွေနဲ့ အမှတ်တရတွေကို ပြန်ကြည့်တဲ့အခါ

မွန်းလွဲ နေကျော် ဆောင်းမပျောက်

အေးစက်မှုလွှမ်းခြုံခြေလက်ဖျားပူးကပ်

လွမ်းစရာက ဆောင်းနှင်းရည်…။

ဆောင်းဦးစ အေးချမ်းတဲ့ညတစ်ည

သန်းခေါင်လွဲချိန် အလွမ်းပိုမိခဲ့တော့

ကျမိခဲ့တဲ့ မျက်ရည်တစ်စက် အေးစက်ခဲသွားတုန်းက

မသိလိုက် အမေ့ခက်

အမေ့ကို တမ်းတမ်းတမိ

ခုတော့ ဒီဆောင်းကလေး ပူလောင်လွန်းပြန်ပြီ..။

ခုတော့

လွမ်းစရာ သည်ဆောင်း

ဆောင်းရယ်လို့ ဆောင်းမပီ…

အေးတဲ့အချိန်အေး….နွေးတဲ့အချိန်နွေး…

နှင်းမြူထူထပ်နေ့တွေက

မြေပြင်ကို လွှမ်းခြုံတစ်ရက် ဝေးကွာတစ်ရက်…

ရက်စက်မှုနဲ့ ကျီစားလို့…

ခြေဖျား လက်ဖျား လေတိုးတာလည်း မသိလိုက်သလို..

ဆောင်းဆိုတာလည်း မသိတော့ပြီ…။

သော်ဇင်(လွိုင်ကော်)

3 comments

  • htet way

    November 21, 2011 at 8:06 pm

    တခါက လရောင်ဖြာကျ
    နှင်းကျဝေသီ
    ဆောင်းတညမှာ….မိတ်ဆွေဘာကိုမျက်ရည်ကျတာလဲ

    Reply

  • ထာဝရ

    November 21, 2011 at 8:37 pm

    လွိုင်ကော်ဆောင်း ဆို တော. တော်တော် အေးမှာဘဲ
    ချစ်ခြင်းကြောင်. ဖြစ်ရတာဘ.ဲ.. ဝေဒနာလို. မသတ်မှတ်ပါနဲ.ဗျာ

    Reply

  • mipukay

    November 22, 2011 at 9:59 am

    ဆောင်းကဆောင်းနဲ ့မတူဘဲ ပူလောင်ခြင်းတွေစွတ်ဖက်လာလို ့မျက်ရည်ကျတာမှတ်လား၊

    Reply

Leave a Reply

Your email address will not be published.