မြန်မာနိုင်ငံသားဖြစ်တဲ့အတွက်လည်းဂုဏ်ယူမိပါသည်။

chityimhtooNovember 19, 20111min09

ကျွန်တော်တို့ဟာ မြန်မာပြည်မှာမွေး၊ မြန်မာပြည်ရေကိုသောက်ပြီးမြန်မာနိုင်ငံမှာကြီးပြင်းလာတဲ့ မြန်မာနိုင်ငံသားတွေပါ။မြန်မာနိုင်ငံသားဖြစ်ရတဲ့အတွက်လည်း
မြောက်များစွာဂုဏ်ယူမိပါတယ်။စင်ကာပူ၊မလေးရှား၊ထိုင်းနိုင်ငံတို့တိုးတက်သလိုကျွန်တော်တို့နိုင်ငံကိုလည်း မြောက်များစွာတိုးတက်စေချင်ပါသည်။
2014မှာမြန်မာပြည်အာဆီယံဥက္ကဌဖြစ်တဲ့အတွက်လည်း အလွန်ဘဲဂုဏ်ယူမိပါသည်။NLD မှနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည်
ကိုလည်း အလွန်ဘဲဝမ်းသာမိပါသည်။ မျှော်လင့်ချက်ပေါင်းများစွာကြောင့်ခုဆိုရင်ကျွန်တော်တို့နိုင်ငံသားတွေတက်တက်ကြွကြွရွှင်ရွှင်လန်းလန်းဖြစ်နေကျပါသည်။
နိုင်ငံတော်သမ္မတကြီးနဲ့အမေစုကိုလည်းကျွန်တော်တို့ပြည်သူတွေအားလုံးမြောက်များစွာအားကိုမိပါသည်။အလွန်အမင်းဝမ်းသာစွာနဲ့ ဂုဏ်ယူမိပါတယ်
နိုင်ငံတော်သမ္မတကြီးနဲ့ အမေစု။

နောက်ဆိုရင်ကျွန်တော်တို့နိုင်ငံ မှာစက်ရုံအလုပ်ရုံပေါင်းများစွာနဲ့ ကျွန်တော်တို့လူငယ်တွေအလုပ်အကိုင်ကောင်းကောင်းရနိုင်ဘို့မျှော်လင့်မိပါသည်။
ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေး အဆင့်အတန်းကိုလည်းဒီထက်ပိုပြီးမြင့်မားစေချင်စိတ်နဲ့အားကိုးမိပါသည်။

ကျွန်တော်တို့ရွာသားတွေအားလုံးရဲ့ကိုယ်စားလည်းဒီနေရာကနေဂုဏ်ယူမိပါသည် နိုင်ငံတော်သမ္မတကြီးနဲ့ အမေစု……..

9 comments

  • chityimhtoo

    November 19, 2011 at 10:53 pm

    ငါဟဲ့ဆိုပြီးအားကျိုးမာန်တက် ရေးလိုက်ပါတယ် ကွန့်မတ်လေးတစ်စောင်တောင်မပါဘူး။ချိတ်နာတယ်
    သိုင်းလောက ကအနားယူတော့မယ်။အီး…..ရွှတ်

    Reply

  • inz@ghi

    November 19, 2011 at 11:07 pm

    အနော် မန့်ပီ ဘာမှ အားမငယ်နဲ့ အစ်ကိုချစ်ရင်ထူး …
    ရွာ့ နံပတ်တစ် ခြောက်မြင်ကပ်ခံ ကျောက်ဆင်းတုခေါင်းငြိမ့် အင်ဇာဂီ မန့်ပီ…

    ကျုပ်လည်း ဗမာ ဖြစ်ရတာ ဂုဏ်ယူတယ်ဗျာ …
    ကိုယ်ပိုင် စာပေ ဂီတ ယဉ်ကျေးမှုရှိတယ်. ..
    (ဘောပွဲ ရှုံးပေမယ့် အဲ့ ကောင်တွေလို အင်္ဂလိပ်စာနဲ့ ကိုယ့် ဘာသာစကားကိုရေးနေရအောင် အဖြစ်မဆိုးဝူး။။)
    ကျုပ်တို့ဘာသာလည်း မကြာခင် ကွန်ပြူတာပေါ်မှာ ယူနီကုတ်အနေနဲ့ သုံးလို့ရတော့မယ်
    လက်ရှိ Mac OS မှာ ဗမာ ယူနီကုတ်ပါတယ်…
    windows 8မှာ ဗမာစာထည့်ပေးဖို့ microsoft က ကတိပေးထားတယ်…

    ဆင်းရဲလို့ ဝိုင်းနှိမ်ထားတဲ့အိမ်နီးနားချင်းတွေ ကျပ်ကျပ် သတိထားပါ။။
    (စလုံးကျွန်းက အေဘေးတွေ ထိပ်ဆုံး …)
    ၁)ငါတို့သည် တရုတ်ရဲ့ အနောက်ဘက်ခြမ်း ပင်လယ်ထွက်ပေါက်ဖြစ်တယ်..
    ၂) အာစီယံ အုတ်ကထ မကြာခင်ဖြစ်လာမယ်
    ၃) အမေလိကားနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတယ်
    ၄).. ယပက်လက်အပါအဝင် အခြား အာချိယံတွေထက် ရေမြေအနေအထားကောင်းမွန်လို့
    ဂျပွန် ကိုရီးယား ရင်းနှီးမှုတွေလာဖို့ရှိတယ်…
    ၅) မင်းတို့ဆီမှာ မူးလို့တောင် ရှူစရာမရှိတဲ့ ကမာ္ဘကသိတဲ့ အမျိုးသားခေါင်းဆောင်ရှိပီး မကြာခင် အသိအမှတ်ပြု
    လုပ်ပိုင်ခွင့် ဦးဆောင်နိုင်ခွင့် ရတော့မယ်…

    မကြာပါဘူးကွာ ….စနစ်သာပြောင်းကြည့် ..ခေတ်ပြောင်းဖို့ ….ကြွေးကျော်စရာမလိုဘူးကွ…

    Reply

  • အီးတီ

    November 20, 2011 at 9:16 am

    ကို chityimhtoo အီးရွှတ်နေလို ့ ဝင်မန် ့ပါတယ်။ အပေါ်က ကအင်ကြီးပြောတဲ့ အချက် ၅ချက်အား ကြိုက်ပါတယ်။ စီလုပ်နဲ ့ အမေလိကားကြား မြန်မာနိုင်ငံကြီး တိုးတက်ဖို ့ ကောင်းကောင်း ကိုင်တွယ်တတ်ရင်ကောင်းမယ်

    Reply

  • windtalker

    November 20, 2011 at 1:40 pm

    ဟော်လန်(နယ်သာလန်) နိုင်ငံက အမ်စတာဒမ်မြို ့မှာ ၊ ဆေးခြောက် ဂါဒီးကို ပေါ်တင်တရားဝင်ရှူလို ့ရသတဲ့
    သူတို ့တွေ ကို ပြောလိုက်စမ်းဘာ
    တို ့မြန်မာနိုင်ငံက ပျင်းတယ်လို ့
    မယုံရင် စတိတ်ရှိုးပွဲတွေမှာလာကြည့်လို ့၊ ဂါဒီးထက် မြင့်တဲ့ မြင်းစီးထားတဲ့သူတွေမှ ပလူကိုပျံနေတာဘဲ လို ့
    ပွဲအထက်ကြည့်မလား ၊ အောက်ကြည့်မလား

    Reply

    • utawgyaw

      November 20, 2011 at 4:46 pm

      ဟီးဟီး အမှန်တွေအရမ်းပြောတယ်။

      Reply

  • mipukay

    November 22, 2011 at 8:00 am

    မြန်မာကိုချစ်တဲ့မည်သူ ့ကိုမဆို အားပေးပါမည်။
    မြန်မာတွေကမ္ဘာ့အဆင့်နှင့်အတူ အများစုရင်ဘောင်တန်းနိုင်အောင် လုပ်ပေးသောသူအားလုံးကို ကျေးဇူးရှင်ဟုသတ်မှတ်ပါသည်။

    ဘဘကြီးဦးသိန်းစိန်ကို သမ္မတမဖြစ်ခင်ကတည်းက အင်မတန်လေးစားမိသူစာရင်းထဲတွင် ထည့်သွင်းထားပါသည်။ စိတ်ထားမွန်မြတ်သူများ ၏စာရင်းထဲတွင်သူထိပ်ဆုံးကပါပါသည်။
    မယုံရင်မေးကြည့်ကြပါ လုံးဝမောက်မာမှုမရှိပါ။

    ယခုအလုပ်သမားညွှန်ချုပ်သည်လဲ မြန်မာအလုပ်သမားများကိုအလွန်ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်သည့် အားလျျှော်စွာ အချိန်ပိုခွင့်ပြုခြင်းများကို ထိထိရောက်ရောက်အတိုင်းအတာ တစ်ခုအထိ ချုပ်ကိုင်ပေးသည့် အတွက်လည်း (အရင်းရှင်တို ့ဘက်မှာသာမနေဘဲ အလုပ်သမားဘက်ကအမြင်ဖြင့်)
    ကျေးဇူးတင်ရှိပါသည်။ ခရီးတာအတော်သွားသည်ကို သတိထားမိပါသည်။ ယခုဆိုတနင်္ဂနွေတိုင်းနီးပါးပိတ်ရက်ဖြစ်လာကြပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ်။

    ကောင်းတာလေးတွေဆက်ပြီးထိန်းသိမ်းရင်းဖြင့် ပညာတတ်ခေါင်းဆောင်ဖြစ်တဲ့ ပါတ်ဝန်းကျင်က ဝိုင်းဝန်းပြီးလမ်းကောင်းလေးတွေ ညွှန်ပြပေးကြပါလို ့ စိတ်ထဲကဆုတောင်းမိပါသည်။

    တစ်ခုဘဲစိတ်ပူပါသည် အတတ်ပညာတိုးတက်ရေး ပရောဂျက်တစ်ခုမျှမကြားမိပါသဖြင့်….
    စက်ရုံထဲမှာဘဲငုတ်နေ သဖြင့်လည်းမကြားမိခြင်းဖြစ်နိုင်ပါသည်။ ခွင့်လွှတ်ကြပါကုန်။
    ကိုယ့်လိုငုတ်နေသူတွေ တုတ်တုတ်မလှုပ် ဖြစ်နေသူတွေအတွက် သတင်းကောင်းလေးကြားပါရစေ။

    Reply

  • htoosan

    November 22, 2011 at 9:23 am

    နိုင်ငံတော် သမ္မတ ကြီး နှင့် အမေစု တို့ ဆိုပြီး အားကိုး၊ ကိုယ့်အိမ်ကိုယ်ထိုင်နေလို့တော့ ဘာမှ ရလာမှာ မဟုတ် ။ ကိုယ်တွေဘက်ကလည်း ကိုယ့်ကို ကိုယ် အဆင့်မြင့်နိင်အောင် ကြိုလုပ်လို့ ရတာ ကြိုတင်ပြင်ဆင်ထားမှ ရမှာပါ။

    Reply

  • နီလေး

    November 22, 2011 at 2:16 pm

    မြန်မာနိုင်ငံသားဖြစ်ရတာဂုဏ်ယူပါတယ်

    Reply

  • etone

    November 22, 2011 at 3:15 pm

    ကျွန်မလည်း မြန်မာနိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူတယ် ။
    ကိုယ့်ထမင်းကိုယ်စားပြီး အတင်းပြောပေးတဲ့ ပါးစပ်ပေါက်တွေရှိတာ အပျင်းပြေလို့ပါပဲ 🙄

    Reply

Leave a Reply

Your email address will not be published.