တောက်တဲ့က နောက်တာပါဆိုပဲ …

ေမွာ္ဆရာNovember 16, 20111min029

အရင်တုန်းက ရွာထဲမှာ တောက်တဲ့တစ်ကောင်ကို သိန်း တစ်သောင်းကျော်နဲ့ အရောင်းအဝယ် ဖြစ်တဲ့သတင်း ပါလာပါတယ်…
သိန်းတစ်သောင်းကျော်ဆိုတဲ့ မက်စရာကြီးပေါ့ ..။အမယ်အမယ် ဝယ်တဲ့သူက သိန်းငါးသောင်းတောင် ပေးဦးမှာဆိုပဲ …
ဒီသတင်းကြောင့် လူစွမ်းကောင်း ဆယ့်တစ်ယောက်က ခေါင်းဆောင်ပြီး ရှိရှိသမျှ ရွာသူရွာသားအားလုံး ရွာထဲရှိ အပင်ကြို အပင်ကြား တွင်းကြို တွင်းကြား နောက်ဆုံး သူကြီးရဲ့ တောင်ရှည်ပုဆိုးကြားပါ မကျန်(ခေါက်သိမ်းထားတဲ့ ပိုးပုဆိုးကြားပါခင်ဗျာ .. တော်ကြာ သူကြီး မလုံမလဲ ဖြစ်နေမှာစိုးလို့ ..) တောက်တဲ့ ရှာဖွေရေးဆင်းနေကြပါတယ် ..။ zzလေးအတွက် တောက်တဲ့ ဆိုတဲ့သူနဲ့၊ အိုး တောက်တဲ့များရလိုက်လို့ကတော့လေ ဘီယာစက်ရုံကြီးကို ထောင်ပြီး သောက်ပလိုက်ဦးမှာဆိုတဲ့ သူနဲ့၊တောက်တဲ့တစ်ခု အရင်းပြုပြီး ယိုးဒယားသွား ရွက်ပုန်းသီး လုပ်မယ့်သူနဲ့ ရင်ထဲမှာတော့ ကိုယ်စီ စိတ်ကူးလေးတွေနဲ့ပေါ့ခင်ဗျာ ..
အခုတော့ အားလုံးရဲ့ စိတ်ကူးလေး ပျက်ပျယ်သွားပါပြီ … တောက်တဲ့ဆိုတာ နောက်တာပါတဲ့
အီလဲဗင်း မီဒီယာက စာဖတ်သူများကို တောင်းပန်လိုက်ပါသတဲ့ …
သုံးပေခွဲကျော်ရှိ တောက်တဲ့ တကောင် ကျပ်သိန်းပေါင်း တသောင်းခုနစ်ထောင်ဖြင့် ဝယ်ယူ”ဟူသည့် ခေါင်းစဉ်ဖြင့်
နိုဝင်ဘာလ ၁ဝ ရက်နေ့ထုတ် ဂျာနယ်မျက်နှာဖုံး၌ ဓါတ်ပုံနှင့်တကွဖော်ပြခဲ့ရာ ယင်းသတင်း မှားယွင်းသဖြင့် စာဖတ် ပရိတ်သတ်အား တောင်းပန်ကြောင်း အင်္ဂါနေ့တွင် မြန်မာနိုင်ငံတွင်း အရောင်းရဆုံးဂျာနယ်တခုဖြစ်သည့် 7 DAY ၏ လူမှုကွန်ယက်အင်တာနက် စာမျက်နှာ Facebook ၌ ရေးသားထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်ဆည်ကျေးရွာတွင် ဖြစ်ပေါ်ခဲ့သည့် တောက်တဲ့ရောင်းဝယ်မှုတွင် တောက်တဲ့ အဝယ်တော် ဆိုသူက အင်တာနက်တွင် ဖော်ပြထားသည့် ထိုင်းနိုင်ငံမှ တောက်တဲ့ဓာတ်ပုံအား ကုန်သည်ထံ
ပြသခဲ့ကြောင်းနှင့် ကုန်သည်ကလည်း ယုံကြည်သည့်အတွက် ကျပ်သိန်းပေါင်း တသောင်းမှ စတင်ပေးခဲ့သည်။

ယင်းနောက် ဈေးမတည့်သည့်အတွက် ကျပ်သိန်းပေါင်း ငါးသောင်းအထိ ဈေးတိုးပေးခဲ့ရာ ပွဲစားက တခြား သူတဦး အား ကျပ်သိန်းပေါင်း တသောင်းခုနစ်ထောင်ဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ကုန်သည်၏
ပြောဆိုမှုကို သတင်းယူ ရေးသားခဲ့ခြင်းဖြစ်သည်။

ယင်းကုန်သည်မှာ ယခင်ကတည်းပင် ဂျာနယ်သို့ သတင်းပေးကူညီခဲ့ပြီး ယုံကြည်ရသည့် သတင်းရင်းမြစ် ဖြစ်သည့် အတွက် ရေးသားခဲ့ခြင်းဖြစ်ကာ၊ ကုန်သည်မှ ကျပ်သိန်း ငါးသောင်းအထိ ဈေးပေးဝယ်ယူခဲ့ သည်မှာလည်း မှန်ကန်ကြောင်း 7 DAY ဂျာနယ်က ပြန်လည်ဖြေရှင်းထားသည်။

သတင်းဖော်ပြရာတွင် တိကျ ခိုင်မာရန် အတွက် ကွင်းဆင်းလေ့လာမှု မရှိဘဲ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်းနှင့် လုပ်ကြံ
ရေးသားခြင်း မဟုတ်ကြောင်းလည်း ဖြေရှင်းချက်တွင် ပါရှိသည်။

ကဲ ထိုင်းက တောက်တဲ့ ပါတဲ့နော် … မြန်မာနိုင်ငံမှာ အဲဒီလောက်ကြီးတဲ့ တောက်တဲ့ ကျန်လောက်ပါသေးသလား
မှော်ဆရာတော့ မထင် ….
ဒါကြောင့် ရွာသူရွာသားအားလုံး တောက်တဲ့ရှာဖွေရေး စီမံကိန်းအား ရပ်ဆိုင်းပြီး ပိုနေမြဲ ကျားနေမြဲ အနေအထားသို့ တန်းဖြုတ်နှိုင်ပြီ ဖြစ်ပါကြောင်း

29 comments

  • မှော်ဆရာ

    November 16, 2011 at 1:05 pm

    သတင်းအမှန်ကို သိစေချင်တာ တစ်ခုထဲမှာ
    ရွာထဲတွင် တောက်တဲ့သတင်းရေးသားသွားသော ကို chityinhtoo အား ထိခိုက်စေလိုစိတ်မရှိပါကြောင်း

    Reply

  • we R one

    November 16, 2011 at 1:06 pm

    ဒီနေ့ထုတ် ရရက် သတင်းဂျာနယ်မှာ သတင်းမှားသွားတာပါ.. တောင်းပန်ထားပါတယ်..

    Reply

  • ကြောင်ကြီး

    November 16, 2011 at 1:18 pm

    သူတို့တောင်းပန်တာ သိပ်မရှင်းဘူးဗျ။ အရောင်းအဝယ် တကယ်မဖြစ်ဘူး၊ အဲဒီဈေး မပေးခဲ့ဘူးလို့ ဆိုလိုချင်တာလား။ ဒါမှမဟုတ် အစိုးရကို အခွန်ရှောင်ချင်လို့ ပြန်ရှောချသွားတာလည်း ဖြစ်နိုင်တယ်နော်။ မတူတဲ့ အတွေးနဲ့တွေးစမ်းပါ။

    Reply

    • မှော်ဆရာ

      November 16, 2011 at 1:32 pm

      ဟုတ်ပါ့ ဟုတ်ပါ့ ရေးတာ သိပ်မရှင်းတာဆိုတာတော့ သတိထားမိတယ် …
      မတူတဲ့ အတွေးတော့ မတွေးလိုက်ဘူး ..
      သတင်းဦးလေး ဖတ်စေချင်လိုက်တာကိုး ကိုကြောင်ရေ …

      Reply

  • Diamond Key

    November 16, 2011 at 1:19 pm

    ဆြာမှော်ရေ။
    အရောင်းရဆုံးဂျာနယ်တခုဖြစ်သည့် 7 DAY ကြီးကို အဖတ်ကြီးဖတ်ပြီး ပြန်ပွားနေ ကြသူတွေက အခုတော..
    {“တောက်”……………………………..တဲ့} ။ 😀 😀

    Reply

  • nozomi

    November 16, 2011 at 1:39 pm

    “အခုတော့ အားလုံးရဲ့ စိတ်ကူးလေး ပျက်ပျယ်သွားပါပြီ … တောက်တဲ့ဆိုတာ နောက်တာပါတဲ့
    အီလဲဗင်း မီဒီယာက စာဖတ်သူများကို တောင်းပန်လိုက်ပါသတဲ့ …”

    ဆရာမှော် 7 day မီဒီယာက တောင်းပန်တာ မဟုတ်ဘူးလား ?

    Reply

  • မှော်ဆရာ

    November 16, 2011 at 1:44 pm

    တိန် မှားပြန်ပဟ ဟုတ်ပါ့ဗျာ ..
    လောချင်စော ပြောအားကြီးသွားလို့ပါ ..
    တောင်းပန်ပါ၏ နာဇိုမီ

    Reply

  • ကိုရင်စည်သူ

    November 16, 2011 at 1:51 pm

    တော်တော်နောက်တဲ့ သတင်း… (မသိစေချင်တဲ့ တခြားအကြောင်းရှိလို့
    ပြန်လျောချတဲ့အနေနဲ့… တောင်းပန်တယ်ထင်တာပဲ…)
    ထားပါတော့… ကမှော်ရာ..
    တောက်တဲ့တွေ့ရင် ဖမ်းပြီး..
    ပန်းသီး အုံလိုက်ချွတ်မယ့် ကို့ရင့် အိပ်မက်တွေပျက်သွားပြီဗျာ… 😛 😛 😛

    Reply

  • kai

    November 16, 2011 at 1:56 pm

    ကျုပ်ကပွဲစားလုပ်ပြီးဝယ်မလို့.. ခေါ်ဈေးတခုပြောပေးထားသေးတယ်လေ..။
    ၆သန်းလား ၈သန်းလားတောင် မမှတ်မိတော့ဘူး..။
    မထူးပါဘူး.. ၁ဝသန်းတိုးပေးလိုက်မယ်..။ အာဟိ..။ 🙂

    Reply

    • မိုက်ကယ်ဂျော်နီအောင်ပု

      November 16, 2011 at 2:45 pm

      သဂျီးမင်းခင်ဗျား
      မေးလ်းနဲ့ ကျနော် ပို့ပေးလိုက်တဲ့ တောက်တဲ့ကို ဘယ်လိုသဘောရပါသလဲခင်ဗျ

      Reply

      • kai

        November 16, 2011 at 4:21 pm

        အဲဒီတောက်တဲ့.. အမဲပြောက် ၈၈ခုမပါနိုင်ဘူးတဲ့..
        အဲဒါနဲ့ မဝယ်ဘူးပြောတယ်..။ အာဟိ…။ 🙂

        ဆိုတော့..
        မြန်မာတွေမှာလည်း.. စံလင်းပိုက်ဆံနဲ့ လိမ်ခံလိုက်..
        တောက်တဲ့နဲ့ ရိုက်စားခံလိုက်..
        ရွေငါးဖမ်းလိုက်နဲ့.. နေကြတေ့ာမှာလား..ဟင်င်င်..။

        Reply

  • etone

    November 16, 2011 at 2:36 pm

    ဟီးဟီး … အဲ့ဒီပို့စ်ဖတ်တုန်းက မယုံတယုံနဲ့ … ရေးခဲ့ပါသေးတယ် ..
    မိကျောင်းနဲ့များ စပ်ဖောက်ထားသလား မှတ်ရတယ် 😀 လို့လေ … ။
    ဘာပဲဖြစ်ဖြစ် ဂျာနယ် အရောင်းနှစ်ခါသွက်သွားတာပကောလား ။ ပထမက ဝယ်တဲ့သတင်း … နောက်တခါက မဟုတ်ဘူးဖြေရှင်းတဲ့သတင်း … ဟီး … ရယ်ရတယ် ဗြဲ 😆

    Reply

  • ပေါက်ဖော်

    November 16, 2011 at 3:41 pm

    တောက်!
    တဲ့ ဖမ်းပြီး အီသီယိုးပီးသီးယား ဒိုးဖို ့အစီအစဉ် ဖျက်ရပြီ..
    နာသကွာ!

    Reply

  • ဆူး

    November 16, 2011 at 3:58 pm

    ထိုင်းက တောက်တဲ့ ဒီဘက်ခြမ်းကနေ ပြေးသွားတာ မလွတ်စေနဲ့ အမြန်လိုက်ဖမ်း..

    Reply

  • နွယ်ပင်

    November 16, 2011 at 4:06 pm

    အခုလေးတင်ပဲ ဂျာနယ်က မဟုတ်ဘူးဖြေရှင်းတဲ့သတင်းလေး
    ဖတ်ပြီးတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် တောက်တဲ့က တကယ်ဟုတ်မဟုတ်တော့
    မသိဘူး ဂျာနယ်ကတော့ အတော်ရောင်းကောင်းတယ်ဆိုပဲ ….. 🙂

    Reply

  • Gipsy

    November 16, 2011 at 4:07 pm

    တောက်တဲ့ ဖမ်းပြီး မင်္ဂလာဆောင် လက်ဖွဲ့ မဲ့ အစီအစဉ် ပျက်ပြီပေါ့… :mrgreen:
    7 Day ကလဲဗျာ .. အသံကြားရင် ဖမ်းပြီးတရားနာလိုက်တော့တာပဲ…
    ပြီးလဲပြီးရော…သတင်းမှားလို့ပါဗျာ .. (အမှားပြင်ဆင်ချက်)… ဒီလို အမြဲလုပ်နေလို့
    ပြီးစတမ်းလား.. သတင်းရရင်ပြီးရော … ငါကွ ဆိုတဲ့ ပုံစံမျိုး မလုပ်သင့်ပါ…
    ဘာသတင်းမှ သေချာမရေးတတ်၊ ဘာမှနားမလည်တဲ့ ကျနော့်လို လူမျိုးတွေက
    သတင်းအတတ်ပညာမှာ သမ ္ဘာရင့်နေတဲ့ ပုဂ္ဂိုလ်ကျော် ကြီးများကို ဝေဖန်နေမိတာ
    ဝေဖန်ရတဲ့သူတောင် ရှက်သလို ဖစ်လာပြီကွယ်လေ့…။ :mrgreen:

    Reply

  • အီးတီ

    November 16, 2011 at 4:28 pm

    သွားပါဘီ။ သင်္ဘောမလိုက်ဘဲ တောထဲမှာ တောက်တဲ့ရှာပြီး ရောင်းစားမလို ့စဉ်းစားနေတုန်းရှိသေးတယ်။ ဈေးတကယ် ပေးတယ်ဆိုတော့ မျှော်လင့်လို ့ရသေးတယ်။ 😀

    Reply

  • Gipsy

    November 16, 2011 at 4:30 pm

    အရွယ်အစားက အဲသလောက်ကြီး မရှိနိုင်ပါဘူးဗျာ..၊
    ဟိုလိုမျိုး ဆေးထိုး ပေးလိုက်ရင် တော့ ….

    Reply

  • AKKO

    November 16, 2011 at 4:52 pm

    မိချောင်းနဲ့ မျိုးစ်ပထားတဲ့ တောက်တဲ့ တကောင်မွေးပြီး ကြက်အသားတိုးဆေးကျွေးရမယ် …. 😀

    Reply

  • ချစ်ရင်ထူး

    November 16, 2011 at 6:43 pm

    ကိုမှော်ရေ တောက်တဲ့ ကသစ်တောအက် နဲ့မလွတ်လို့ ရှောင်သွားတာဖြစ်မယ်ဗျ။ တော်ကြာ တိုက်ထဲရောက်သွားမှာစိုးလို့လေ..

    Reply

  • “ဘီလူးကြီး”ogre

    November 16, 2011 at 6:45 pm

    အင်းသတင်းကလဲ ခုတစ်မျိုး…ခုတစ်မျိုးနဲ့
    ဘယ်ဂျာနယ်မှမယုံရဘူး….
    တောက်တဲ့အန်ဖတ်ကျတော့ဆေးဖော်တယ်တဲ့
    ကျုပ်တို့ အရက်သမားအန်ဖတ်ကျတော့ နှာခေါင်းရှုံကြတယ်
    ““ဘလက်လေဘယ် သောက်ထားတယ်ပြောတောင်..အနားမကပ်ကြဘူး”” 😛

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 16, 2011 at 7:03 pm

    မူရင်းသတင်းဆိုဒ်အနေနဲ့ မိမိတို့ရဲ့ သတင်းလွဲမှားမှု့ကို တာဝန်ယူဖြေရှင်းပေးတာလေးကို
    အထူးကျေးဇူးတင်မိပါတယ် ဂုဏ်လည်းယူပါတယ်
    လောကီသားတွေဘဲနော အမှားဘယ်ကင်းမလဲ
    ကျုပ်အထင် ဒီသတင်းက သတင်းမှားတာထက်
    တောက်တဲ့ရောင်းဝယ်ရေးတွက် လူတွေ အလွန် စိတ်အားထက်သန်အောင်
    အကျိုးဆောင်လိုက်သလား သိပါဘူးနော 😀 😀 😀
    ………………………………….
    ကျုပ်သေသေခြာခြာနားလည်ထားတာကတော့ တောက်တဲ့ဆိုတာ
    တောက်တဲ့ လို့အော်တာကို အစွဲပြုပြီး တောက်တဲ့ လို့ခေါ်သတတ်
    မှီငြမ်း ( ရှေးဟောင်း ဂမ္ဘီရ ကျမ်းကြီး )
    ……………………………………….
    မသိတာလေးတွေရှိလို့ ဖြေပေးနိုင်သူရှိလျှင်တော့ သိပ်ကောင်းမှာဘဲ
    တောက်တဲ့ဆိုတဲ့ တောက်တဲ့တွေကို ဘယ်လိုသက်တမ်းသတ်မှတ်ကြသလဲ
    ဘယ်လို စံချိန်တင်ထားတာရှိသလဲပေါ့ ဥပမာ အကောင် အကြီးဆုံး အသက်အကြီးဆုံး
    တောက်တဲ့တွေဟာ သုံးရက်တစ်ခါ အံတတ်ကြတယ်ဆိုတာ ဟုတ်သလား
    တောက်တဲ့အံဖတ်ဟာ အေအိုင်ဒီအက်စ် ပျောက်တယ်ဆိုတာ ဟုတ်သလား
    ဒီအချက်က ပိုအရေးကြီးပါတယ် ဘာဖြစ်လို့လဲဆိုတော့ ယနေ့ ဒီရောဂါတွက် ဆေးကိုသိရင်
    နိုဘယ်လ်ဆုပါရမှာလေ အလွန်အရေးကြီးတဲ့ ဆေးဝါးတစ်ရပ်ပါ
    တစ်ကယ်မှန်ရင် တရားဝင်ကြေငြာမယ်လို့ ထင်မိပါတယ် ( အထင်ပါ )
    သို့မဟုတ်ရင် ပေါက်ဖေါ်တွေ နည်းပညာ လျှိူ့ဝှက်ထားသလား
    ကျုပ်ကတော့ထင်ဘူး ဒီနွားတွေက စီးပွားဖြစ်ကို လုပ်စားမှာ
    ဘာတွက်ပါဆိုတာ ဘယ်သူ သေခြာသိသလဲ
    သေခြာတာက ဈေးကောင်းပေးဝယ်တယ်
    ……………………………………..
    ကျုပ်ကတောသားဆိုတော့ တောက်တဲ့ကို ဆေးမြီးတိုအနေနဲ့ကြားဘူးတာ
    တောက်တဲ့ကို မီးကင်စားရင် သူငယ်နာပျောက်တယ် လို့ဘဲကြားဘူးတယ်
    ကြားသာကြားဘူးတာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှလည်းမစားဖူးဘူး
    စားတဲ့လူလဲ မတွေ့ဖူးသေးဘူး တော်တော်ရုပ်မချောတဲ့သတ္တဝါ
    လက်ရှိ ကျုပ်သိတဲ့ သူတွေရဲ့ ခြံဝင်းတွေထဲမှာ တောက်တဲ့ ဆယ်ကောင်ကျော်လောက် ရှိတယ်
    ဈေးကောင်းရရင်တော့ ချမယ်
    အထူးဆိုခြင်တာကတော့ ကျုပ်နားလည်သလောက်လေးဘဲပြောတာပါ
    ကျုပ်မသိတိုင်း နားမလည်တိုင်းနဲ့ မဟုတ်ဘူးလို့တော့ ဖင်ပိတ်မငြင်းလိုပါဘူး
    ဆိုတော့ကာ
    တောက်တဲ့ဆိုတာ တွားသွားသတ္တဝါလို့ဆိုရမလားနော
    မြွေမဟုတ်တဲ့ ခြေလက်ပါတဲ့ သုံးပေကျော်ရှည်တဲ့ သတ္တဝါတစ်ကောင်ဟာ
    ကိုယ်ထည် ခြေသလုံးလောက်အသာလေးရှိတတ်ပါတယ်
    အလေးချိန် သုံးပိဿာ လောက်အသာလေးရှိပါတယ်
    မယုံရင် သဂျီးမင်းကို မေးကြည့်ပါ ကျုပ် သူ့ကို ပို့ပေးထားတယ်
    အထူးသိရမှာက သဘာဝတရားပါ
    တောက်တဲ့ဟာ တောက်တဲ့လောက်ဘဲ အရွယ်ရှိပါတယ်
    ခေတ်မှီနည်းပညာတွေနဲ့တော့သိဘူး လက်ရှိလည်း ကြားမိသေးပါဘူး
    အနီးစပ်ဆုံးပြောရရင် စာကလေးက ဘာဘဲစားစား ကျီးကန်းလောက်ဘယ်ရှိမလဲ
    ဒီနေရာမှာ ထူးဆန်းတာက အကောင်ဘယ်လောက်ကြီးရင် ဆိုပြီး ဈေးတွေအတော်ပေးတယ်ဆိုဘဲ
    ဒီတော့ လူတွေက တောက်တဲ့တွေဖမ်းကြတယ်
    သတ်မှတ်ချက်မပြည့်ဘူး ဈေးလျှော့ပေးမယ် သေခြာတာက ဈေးနှုန်းဆိုတဲ့ အသိနဲ့ အပီပြင်ဖမ်းကြတော့
    ဝယ်လိုဖက်က အရေတွက်များများရတယ်
    ပြောနေကြတာ ခြောက်ဆယ်သားလေးတဲ့ တောက်တဲ့ဆိုတာ နည်းတာကြီးမှတ်လို့
    ကျုပ်လည်းတောသားပါဗျ
    အိမ်မြောင်ဘဲမြင်ဘူးတဲ့သူအတွက်ကတော့ တောက်တဲ့ဆိုတဲ့ အကောင်ကိုတွေ့ရင်
    အကောင်အကြီးကြီးလို့ စွတ်ပြောတာ သဘာဝပါ
    အထူးဆိုခြင်တာက ဝယ်လိုသူတွေဖက်က မိမိတို့ အလိုရှိတဲ့ ပစ္စည်းကို
    အပြည့်ဝရရှိဘို့ မက်လုံးပေးပြီး ကြီးကြီးသေးသေး အကုန်ဝယ်နေကြတာ
    ဘာ့ကြောင့်လဲ ??????????????????????????????? ဆိုတာကို
    ခင်ဗျားတို့ သိနိုင်အောင် အထူးကြိုးစားသင့်ပါကြောင်း
    ကျုပ်ကတော့ လုံးဝမသိဘူး
    ဝယ်တဲ့သူလည်း မသိဘူး ဘယ်သူဝယ်လဲ ဘယ်မှာရောင်းလဲ
    ခင်ဗျားတို့ လေ့လာအားထုတ်ကြစေလိုပါတယ်

    Reply

  • windtalker

    November 16, 2011 at 7:37 pm

    တောက်တဲ့အကြောင်း ဖတ်ပြီး တီးသွားသောက်လိုက်ဦးမယ် ကိုမှော်ရေ
    ှီတီးသွားသောက်လို ့တီးဆိုင်မှာ တောက်တဲ့တွေ ့ရင်တော့ ကင်မလာ နဲ ့သေချာရိုက်ခဲ့ပြီး
    ဂေဇက်ဝင်တွေကို ဒါတောက်တဲ့ပါ လို ့အသေအချာ ပြန်လည်ပြသမှာ ဖြစ်ပါကြောင်း

    Reply

    • small cat

      November 17, 2011 at 7:44 am

      ကိုပေ တောက်တဲ့အကြောင်းဖတ်ပြီးတီးသွားဆွဲရင်း
      တောက်တီး……. တောက်တဲ့ တော့မလုပ်နဲ့နော်။

      တောက်တဲ့ အကောင်ကြီးလာရင် ဖွတ် တို့ ပဒတ် တို့ဖြစ်သွားမယ်ထင်တယ်။

      Reply

  • zaymdy

    November 16, 2011 at 8:51 pm

    တောက်တဲ ဖမ်းမယ်သူများ စိတ်ပျက်သွားကြပြီးပေ့ါ မပျက်ပါနဲ. ယိုးဒယားမှာ မိကျောင်းတစ်ကောင်မိရင် ကန် ဒေါာ်လာ 3 သောင်းပေးမယ်….လို. ယိုးဒယားအာငှာပိုင်တွေ.က ကြော်ငြာထားပါတယ်….:P
    စိတ်ဝင်စားကြလားမသိဘူး းးးး ရွာတည်းမှာ မိကျောင်းဖမ်း အတွေ.အကြုံရှိသူများ ခေါင်းဆောင်ဖမ်းမယ်ဆို လိုက်မယ်ဗျို….

    Reply

  • Shanma TUmdy

    November 16, 2011 at 8:52 pm

    တောက်တဲ့တော့ ဘဝင်တွေဇွတ်မြင့်နေမှာ.. အပျိုကိုလာတောင်းရင်တောင် အဲလောက်မရဘူးဆိုပြီး. 😀 😀

    Reply

  • chityimhtoo

    November 17, 2011 at 9:19 am

    ဟလုပ်ကျပါဦး chityimhtoo က နှစ်ကိုယ်ခွဲဖြစ်နေပါလား……ဟင့်တောက်တဲ့စီမံကိန်းတော့ပြတ်ပါပီ…

    Reply

  • ba gyi

    November 17, 2011 at 11:28 am

    မိုးလေဝသ ဟောနိုင်တဲ့ တောက်တဲ့– တောက်တဲ့ လို့သီချင်းတစ်ပုဒ်ကြားဖူးတယ်၊
    သိပ်လည်း မဖမ်းကြပါနဲ့အုန်း ၊ တော်ကြာ ဆရာဦးထွန်းလွင်ကြီး အထီးကျန်နေပါအုန်းမယ်ဗျား။
    ဝင်နောက်တာနော် ဟီး ဟီး ။

    Reply

  • ဆူး

    November 17, 2011 at 11:57 am

    တောက်တဲ့ တကောင်တော့ တွေ့ထားတယ် မိချောင်းလောက် ရှိတယ်။ ဒီအကောင် ပိုကြီးတယ်။
    http://lannthit2007.blogspot.com/2011/04/blog-post_8122.html
    အဲဒီမှာသာ သွားကြည့်ကြပေတော့။

    Reply

Leave a Reply

Your email address will not be published.