စာပေတော်လှန်ရေး – ၃

ムラカミNovember 17, 20113min014
နေရာကား ရန်ကုန်မြို့လည်ခေါင်။ မိုးမျှော်တိုက်တွေက တမျှော်တခေါ်
တခုသော မိုးမျှော်တိုက်အောက်သို့ ဂိုင်း ရောက်ချလာသည်။
သူ့ထုံးစံအတိုင်း ဘေးလွယ်အိတ် ၁အိတ်နှင့်။
ယခင်က ထိုနေရာသည် ပန်းဆိုးတန်း စာအုပ်အဟောင်းတန်း
သာဖြစ်သည်။ ယခုမူ အဟောင်းတွေ တန်ကြေးကြီးလာသောခေတ်တွင်
ထိုသို့ထိုနှယ် ပြောင်းလဲသွားတော့လေသတည်း။


Mandalar Gandawin Enterprise (MG) ကိုပဲကြည့်။ မူလက
မလန ရုံးဘေးတွင် အဖီထိုးကာ စာအုပ်ဟောင်းရောင်းရသော
ဆိုင်ကလေးဖြစ်သည်။ ရုံးကို အမှီသဟဲပြုကာ ကွမ်းယာ ဆေးလိပ်
နှင့် စာအုပ်ချုပ်လုပ်ငန်းကို တွဲလုပ်ရသော ကိုခိုင်မာ တယောက်တည်း
စခဲ့ရသော လုပ်ငန်းဖြစ်သည်။ကိုခိုင်မာ ဆိုသည်မှာ
မဟာဂန္တဝင် စာရေးဆြာ မောင်ခိုင်မာကို လေးစား အားကျသဖြင့်
သူ့ နာမည်ကို ယူထားသော ဆိုင်ပိုင်ရှင် ဦးလေးကြီး ဖြစ်သည်။
ခုတော့ Mandalarခိုင်မာ (MD of MG)ြဖစ်နေပြီ။


ယနေ့ခေတ်တွင်ပင် Mandalar Gandawin Enterprise (MG)
အဆောက်အဦသည် ခေတ်လွန် အဆောက်အဦ စာရင်းဝင်သည်
seminar ကျင်းပရာ ခန်းမ သို့ ဓါတ်လှေကားကို ၁ဝမိနစ်ခန့် စီးရ
မည်ဖြစ်သည် ။ဒါတောင် ထိပ်ဆုံးထပ် မဟုတ်သေး။
ထိပ်ဆုံးထပ်မှာ အထပ် ၁၂၅ဝ ဖြစ်သည်။




သူရောက်တော့ ဟောပြောပွဲက စနေပြီ ဖြစ်သည် ။
ခေါင်းစဉ်က ပြင်သစ်ကို ပြင်ပေးပါ ဟူ၍ဖြစ်သည်။
MD ဆြာ ခိုင်မာ ဟောပြောနေသည်။
မတွေ့တာကြာရော့ ထင့် ပိုအိုစာ သွားသည် ဟု မှတ်ချက်ချမိသည်။







ဒါ တော်လှန်ရေးခေတ်က နာမည်ကြီးသော စာစုဖြစ်သည်။
သူအလွတ်ရနေသော စာစုဖြစ်သောကြောင့် စိတ်မဝင်စားတော့
ဟောပြောသူကတော့ အာဘောင်အာရင်း သန်သန်ဖြင့်
ဥပမာ ဥပမေယျ တွေဆွဲထုတ်ပြီး တက်တက်ကြွကြွပြောနေသည်။
ဒါကတော့ အရင်အတိုင်း မပြောင်းလဲသေး။ အငြင်းလည်း သန်တုန်းပင်။
ဟုတ်ပါသည် ဒါ တော်လှန်ရေးခေတ်က သူတို့ ဖြုတ်ချခဲ့သည့်
အယ်ဒီတာချုပ်ပင်ဖြစ်သည်။
သူရောင်းသော မဟာ ဂန္တဝင်စာအုပ်ဟောင်းများ
ဈေးကောင်းရပြီးသကာလထုတ်ဝေသူဘဝ သို့ တက်လှမ်းနိုင်ခဲ့တာဖြစ်သည်။
(စာပေတော်လှန်ရေးကြီး မတိုင်မီခေတ်က စာများကို မဟာ ဂန္တဝင် ဟု
သတ်မှတ်ပြီး တော်လှန်ရေး စာပေများကတော့ ခေတ်ပေါ် ဂန္တဝင် modern classic
များ ဖြစ်သည်။)



ထုတ်ဝေသူနှင့် တည်းဖြတ်သူ တပြိုင်တည်း လုပ်သောအခါ
မနိုင်မနင်းဖြစ်ပြီး စာပေတော်လှန်ရေးပေါ်ပေါက်လာရသည်ဟု
သုတေသီများကဆိုသည်။တက်လာသော ကုန်ဈေးနှုန်းအရ
စာရေးဆြာများကြား စာမူကတိုးပေးရေး ဒို့အရေး ဆိုသော
အသံများ ကျယ်လောင်ခဲ့ဖူးလေသည်။
စာရေးဆြာ သမဂ္ဂ များပေါ်ပေါက်လာပီး ၁ပါတီအယ်ဒီတာ
စနစ်ကို  ပြင်းထန်စွာ ရှုံ့ချခဲ့ကြသည်။


Writers League of Democracy(WLD)လည်းပေါ်လာပြီး
စာရေးဆြာများကို ဦးဆောင်နိုင်ခဲ့လေသည်။ အင်တာဗျူးတခုတွင်
မိမိကိုယ်ကိုယ် ကြောင်ဟု ခံယူထားသော စာရေးဆြာ တစ်ဦးက
ထိုတော်လှန်ရေးကာလတွင်မိမိသည်ရှေ့တန်းမှ ပါဝင်ခဲ့သည်
ဟု ဆိုခဲ့ဖူးသည်။ မယုံလျင် ကွယ်လွန်သွားပြီးပြီဖြစ်သော စာရေးဆြာများကို
သွားမေး ဟု  ရဲရဲတောက် ဆိုခဲ့ဖူးလေသည်။









အယ်ဒီတာချုပ်ကြီးခမျာ နည်းနည်းလောက် သီးမခံနိုင်ကြတော့ဘူးလား
ဟု မေးရင်းမှပင် ပြုတ်ကျရသော အဖြစ်တည်း။
ဂိုင်းကသာ အယ်ချုပ်ကို ဘယ်သူဘယ်ဝါ သိနေတာ
အယ်ချုပ်ကတော့ သူ့ကို တချိန်က စာရေးဆြာအင်ဇာဂီ အဖြစ် မသိပါ။
ဟောပြောပွဲ လာနားထောင်သူတွေကိုလည်း ကြည့်လိုက်ဦး.
ကိုရင်စည်သူ။ မိုးဇက်။ ဇိုး။အီးတီ နိဂိမိ။နိုဇိုးမိ။
စုံစုံ။ ရှုံးလူ။ ဆူး။ သဘာဝ။ ပန်ပန်။ ရာဇဝင်လူဆိုး။ ကြောင်လတ်။ 
အားလုံး တော်လှန်ရေးစာရေးဆြာတွေ ချည်းဖြစ်သည်။





လောကကြီးက ရယ်တော့ ရယ်စရာကောင်းနေသည်။
လွန်ခဲ့သောနှစ်အနည်းငယ်က သူတို့ တော်လှန်ပစ်ခဲ့ကြသူ
၏ ဆွေးနွေးပွဲကို သူတို့ စိတ်ဝင်တစား လာရောက် နားထောင်နေကြသည်။
ထိုသူ ဘယ်သူဆိုတာ သူတို့ကလည်း မသိ။ ဟောပြောနေသူကလည်း
သူတို့ကို ဘယ်သူတွေမှန်းမသိ။ အော် ..မသိခြင်းများတဲ့ လောကပါလား.
သိနေသော သူပင်လျင် သူတို့ကြားမှာ အရူးလို ဖြစ်နေသည်။
ထပြန်လို့တော့ မကောင်း။ ခပ်လျောလျော ထိုင်ရင်းက မျက်ခွံများ
လေးလံလာသည်။ မကြာလှ။ ဟောပြောပွဲ ခန်းမနှင့်သူ
ခေတ္တ အဆက်ပြတ်သွားသည်။



ကျုပ်ဟောပြောတာ အတော် စိတ်ဝင်စားဖွယ်ကောင်းတယ်ပေါ့ Mr.Guy
ဦးခိုင်မာ ထိုသို့ စတင်မိတ်ဆက်လိုက်သည်။
ဂိုင်းလည်း မျက်စိလက်နှင့်ပွတ်ပြီး ... ဆောရီးဗျာ ကျနော် အိပ်ရေးပျက်ထားလို့ပါ။
ခိုင်။ မောင်ရင့်ကို မော်ဒန် ကလပ်စစ် စာပေနှင့်ပါတ်သတ်ပြီး အလုပ်ကိစ္စတခု
      ပြောချင်တာရှိတယ်ဗျ။
ဂိုင်း။အလုပ်ကိစ္စဆိုရင်တော့ အချိန်ပေးပြီး ပြောနိုင်ပါရဲ့။
ခိုင်။ ကောင်းပြီလေ ဒါဆို ကျုပ်နဲ့လိုက်ခဲ့ပါ။



ဦးခိုင်မာ ရှေ့က ဦးဆောင်ပြီး ခေါ်ဆောင်သွားလေသည်။
Mandalar Gandawin Enterprise ၏ အထပ် ၁၂၅၀-ထိပ်ဆုံးထပ်ဆီသို့
နောက်ထပ် ၅မိနစ်လောက် ဓါတ်လှေကား ထပ်စီးလိုက်ရသည်။
ဦးခိုင်၏ ပြောစကားအရ ဒါသည် ဦးခိုင်၏ ကိုယ်ပိုင် စာကြည့်ခန်း
ပြုလုပ်ထားသော အထပ် ဖြစ်သည်။ သူတစ်ဦးတည်းသာ သုံးခွင့်ရှိသော
သီးသန့် နေရာလည်းဖြစ်လေသည်။


ဦးခိုင် password နှင့် fingerprint သုံးပြီး ကာကွယ်ထားသော အခန်း....
ဟုတ်ပါသည်။ စာပေမုဆိုး ဂိုင်းတယောက် တသက်နှင့်တကိုယ်
စာကြည့်ခန်းပေါင်း မြောက်များစွာ ကို ဝင်ဖူး မွှေနှောက်ခဲ့ဖူးပါသည်။
သို့သော ယခုကဲ့သို့ သော ခန်းနား ကြီးကျယ်ပြီး
စုံလင်လွန်းလှသော စာကြည့်ခန်းမျိုး မရောက်ခဲ့ဖူးတာ အမှန်ဖြစ်သည်။




စာအုပ်တွေ အားလုံးကလည်း တကယ့် ရှားပါးစာရင်းဝင်တွေချည်း
တကယ့် မော်ဒန်ကလပ်စစ်တွေ .... မိမိ၏ စာမူတချို့ပင်
ပါဝင်လိုက်သေးသည်။ တော်လှန်ရေးကာလတွင်
အလားအလာကို ကြိုတင် တွက်ချက်မိပြီး အသေအချာ စုဆောင်းခဲ့ပုံပေါ်သည်။
ထိုထဲကမှ ခေတ်တွေဘယ်လိုပြောင်းပြောင်း မော်ဒန်ကလပ်စစ်များကြားတွင်ပင်
ရှယ် ကလပ်စစ်ဖြစ်သော ကိုသစ်မင်း၏ စာစုတွေကို သီးခြား စုထားသေးသည်။

ဦးခိုင်သည် စာစု တစု ထုတ်ချလာသည်

မော်ဒန် ကလပ်စစ်တို့တွင် နာမည်အကြီးဆုံး ကိုသစ်မင်း၏ လက်ရာမွန်
ကိုကြောင်သို့….. (၁)(၂)(၃) (ဂျပန်နဲ့တို့တွေဘယ်လိုကွာ)  ဖြစ်သည်။
တော်လှန်ရေးကာလ အားလုံး ပွဲဆူသွားသော စာတပုဒ်ဟုလည်း ခေါ်နိုင်ပေသည်။
ထိုမူရင်းစာမူမှာ ကိုကိုကြောင် ဆီမှာသာ ရှိနေသင့်သော အရာဖြစ်ပြီး ဦးခိုင်ဆီ
မည်သို့ ရောက်ရှိနေသနည်း ဆိုတာတော့ သူမသိပေ။ သို့သော် သူသိစရာလည်းမလိုပါ။

ဦးခိုင်ကစကားစသည်။
ခိုင်။ မောင်ရင့်ကို အပ်ချင်တဲ့အလုပ်ကတော့ သည်စာအုပ်ဟာ
       အစစ် ဟုတ်မဟုတ် တိုက်ဆိုင် စစ်ဆေးပေးဖို့ပဲ။
ဂိုင်း။ ဗျာ။ ဘယ်လို
ခိုင်။ သည်လို ရှိတယ် မောင်ရင်။ ဆြာ ကိုသစ်မင်းရဲ့ မူရင်းစာမူဟာ
       တလောကလုံးမှာ ၃အုပ်ပဲ ရှိတယ်။ သည်တအုပ်က ကိုယ့်ဆီမှာ
       နောက်၂အုပ် နဲ့တိုက်ဆိုင် စစ်ဆေးပြီး ကိုယ့်ဟာ အစစ်ဖြစ်ရင်လည်း ဖြစ်ကြောင်း
       တယောက်ယောက်ဟာ အစစ် ဆိုရင်လည်း အဲ့သည့် အစစ်ကို ကိုယ့်ဆီကို
       ဖြစ်တဲ့နည်းနဲ့ ဆောင်ကျဉ်းပေးဖို့ ဖြစ်တယ်..


ဂိုင်း။ သည်အတွက် ကျနော့်အတွက် အကျိုးဆောင်ခက ....
ခိုင်။ အခု သည်စာအုပ်နဲ့အတူ ဒေါ်လာ ၅သိန်း ပေးလိုက်ပါ့မယ်။
       အလုပ်အောင်မြင်တဲ့အခါ ကျန်တဲ့ ၅၀% ဖြစ်တဲ့ ဒေါ်လာ ၅သိန်း
       ထပ်လွှဲပေးပါ့မယ်။ ဘယ့်နှယ့်လဲ မောင်ရင် ။ လက်ခံသလား။





ဂိုင်း။ ငြင်းဆန်ဖို့ ခက်တဲ့ ကမ်းလှမ်းချက်ပဲ ဦးခိုင်။ ကျုပ် လက်ခံပါတယ်။
ခိုင်။ ကောင်းပီလေ မောင်ရင်။ သည် ၁ပါတ်အတွင်းပဲ စတင် စေချင်ပါတယ်။
ဂိုင်း။ ကောင်းပါပြီခင်ဗျား။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

14 comments

  • windtalker

    November 17, 2011 at 9:06 pm

    ဟောဗျာ ၊ ဇွတ်ကို အအပ်ခံ နေတော့တာဘဲ
    ရှေ ့လေး ၊ နောက်လေး လဲ ကြည့်ပါဦး
    နင့်ကိုစောင့်နေမယ့် အိမ်ကမိန်းမတွေ ဘာဒွေ ပြောပါဒယ်

    Reply

  • ပေါက်ဖော်

    November 17, 2011 at 9:21 pm

    တားလဲ..ဉာဏ်တိန်လို ့..ထွက်ထွက်ပြေးနေတာ..
    နောက်ခါ…တော်လှန်ရေးအဖွဲ ့ထဲ ဝင်မှနဲ ့တူတယ်..

    တော်လှန်ပါ..တော်လှန်ပါ
    တော်မလှန်ရင် ကျုပ်လှန်ပြီ..(စာရွက်)

    Reply

    • windtalker

      November 17, 2011 at 9:25 pm

      သွားလုပ်နဲ ့
      သူ ့ဟာသူ သဂျီးကို လှန်နေတာ
      တော်ကြာ နင့်ကိုလာလှန်နေလို ့
      ပွေးထူတာ လူသိကုန်မယ်

      Reply

      • inz@ghi

        November 17, 2011 at 9:26 pm

        စာမူခ တိုးပေးရေး တို့အရေးပဲဟေ့ ……

        သူ့ဟာသူ တည့်တည့်မန့်လည်း တော်လှန်ရမှာဘဲ ….
        ဂီဂီတဲ့ကွ…

        Reply

        • windtalker

          November 17, 2011 at 9:33 pm

          အဲဒီ စာမူခ တိုးပေးရေး ဆိုတာကိုတော့
          စိတ်ဝင်စားတယ်မောင်
          မပေးပေးပေး..ပေးပေးပေး
          စာမူခ တိုးပေး
          ဝေးဟေးဟေး

      • ပေါက်ဖော်

        November 17, 2011 at 9:30 pm

        ပွေးပျောက်သွားပါပြီဗျာ..
        ဂျွတ်ပဲ ကျန်တော့တာ

        Reply

  • ရာဇဝင်လူဆိုး

    November 17, 2011 at 10:28 pm

    inz@ghi says:

    စာမူခ တိုးပေးရေး တို့အရေးပဲဟေ့ ……

    သူ့ဟာသူ တည့်တည့်မန့်လည်း တော်လှန်ရမှာဘဲ ….
    ဂီဂီတဲ့ကွ…

    ရဲဘော်ဆက်လုပ်။ ဒါမျိုးကတော့ တော်လှန်ရေးခေတ်ကတည်းက ပြောင်းဖူးစားပြီး လုပ်လာခဲ့တာတွေ ။
    ခုခေတ်ကျတော့မှ …..ဟွင်း ဟွင်း ဟွင်း

    Reply

  • blackchaw

    November 18, 2011 at 8:13 am

    အထပ်ပေါင်း ၁၂၅ဝ ဆိုရင်တော့ ငလျင်ဒဏ်ခံပါ့မလား ဂိုင်းရေ။
    ဆရာမင်းလူ ကိုတောင် သတိရစေနိုင်သော
    ဂိုင်း၏ လက်ရာကွဲတစ်ခုကို
    မနက်စောစော
    အဝတ်အစားတွေကြော့မော့ ဝတ်ပြီး
    ဖတ်ရှုသွားပါကြောင်း။

    Reply

  • မှော်ဆရာ

    November 18, 2011 at 8:24 am

    အေးဗျာ ဒီလူ အရေးအသား ကောင်းရဲ့သားနဲ့ ဂေးဖြစ်နေတာတော့ ဆိုးသဗျာ …

    Reply

    • inz@ghi

      November 18, 2011 at 8:36 am

      အင်း …
      ရောဂါ ရင့်တယ် ပြောရင်လည်း မကြိုက်ဝူး းးးး
      မိုးလင်းတာနဲ့ စပြောတဲ့ စကားက ဂေးတဲ့ …..

      ဝိုင်းထိန်းကြပါဦး ရွာသူားတို့ …
      😀

      Reply

      • မှော်ဆရာ

        November 18, 2011 at 8:52 am

        မှားသွားပါတယ် ဂီဂီ ..
        ဂီဂီက ဂေးမှမဟုတ်ပဲ … ယိုးဒယားပြန်ဖြစ်သွားပြီဆိုတော် ပစ္စည်းရှိလူတန်းစား ဖြစ်သွားပြီပေါ့နော် ..
        မော်ပါ ကြွားပါ ဂီဂီရာ …..

        Reply

  • ကိုရင်စည်သူ

    November 18, 2011 at 10:54 am

    လှန်.. လှန်… မယ်…
    အဲ့ဒီ့.. သဂျီးကို… မော်ဒန်နဲ့ကို လှန်ပစ်မယ်…
    ကအင်ကြီး.. စာမူခတိုးပေးရေး… တို့အရေးပဲ…။ 👿 👿
    မတိုးပေးရင်… အဲ့ သဂျီးကို… မော်ဒန်နဲ့ လှန်မရရင်
    ဟိုတစ်နေ့က မခွဲခြားပါနဲ့ ပို့စ်က မော်ဒယ်လ် ခေါ်ပြီး..
    လှန်ခိုင်းမယ… ဟီးဟီးး… 😀 😀 😀 😀

    Reply

  • အီးတီ

    November 18, 2011 at 11:33 am

    သဂျီးမျက်ခုံးလှုပ်နေပီ ထင်တယ်။ တစ်ခြားဘာတွေ လှုပ်လည်းတော့မသိ…လှန်တဲ့သူတွေက များတယ်ဆို တော့။ တော်လှန်တာကို ပြောတာပါ။ ကိုအင်ကြီး သဂျီးဒေဝါလီ ခံသွားရဦးမယ်နော် ကြည့်လုပ်။ MG လေးပျောက်သွားလို ့ ပျင်းနေရဦးမယ်။

    Reply

  • naywoonni

    November 18, 2011 at 2:30 pm

    MG ပျောက်ရင်တော့ ဒီပို့စ်တင်တဲ့သူ တရားခံ ဒါပဲ…။ 😀

    Reply

Leave a Reply

Your email address will not be published.