ပုခန်းမြို့ဟောင်းတစ်နေရာက စည်သူရှင်သရက္ခန်ဘုရား

Diamond KeyNovember 11, 20111min05

ဒီရက်ပိုင်းမှာ သွားရင်းလာရင်းနဲ့ စိန်သော့ သရက္ခန်ဘုရားများရှိရာမြေ၊ မြန်မာ့သမိုင်းဝင် ပုခန်းကြီးမြို့ဟောင်းကို ရောက်ခွင့်ကြုံကာ အလောင်းစည်သူမင်းကြီးတည်ထား ကိုးကွယ်ခဲ့တဲ့ စည်သူရှင်သရက္ခန်ဘုရား ကိုဖူးခွင့်ရခဲ့ပါတယ်။

ပုခန်းမြို့ဟောင်းဆိုတာက နှစ်ပေါင်း ၇၀ဝ လောက်ရှိပြီဖြစ်တဲ့၊ တစ်ချိန်အခါဆီက အထူး စည်ကားပြီး ဘာသာသာသနာ ထွန်းတောက်ခဲ့တာကြောင့် မြို့ပတ်လည်မှာ ယခုတိုင် စေတီပုထိုး၊ သမိုင်းအမွေ တို့ဖြင့် ပြည့်နေတဲ့ ဧရာဝတီရဲ့ အနောက်ဖက်၊ ပခုက္ကူခရိုင်တွင်းက မြန်မာ့သမိုင်းဝင် ရှေးမြို့ဟောင်းတစ်ခုပါ။ ပျူမင်းညီအကိုတွေ တည်ခဲ့ကြောင်း ရှေးဟောင်းနွားထိန်းကျောက်စာ အရ သိရတယ်လို့ ဆိုပါတယ်။ ပျူနိုင်ငံတော်ဖြစ်တဲ့ ဗိသာနိုးမြို့ဟောင်းနဲ့ သဏ္ဍန်တူတယ်လို့ သုသေသီတွေက ဆိုပါတယ်။

ပုခန်းမြို့ဟောင်းမှာ အလောင်းစည်သူမင်းကြီးက ကောဇာသက္ကရာဇ် ၄၈ဝ မှာ အလောင်းစည်သူမင်းကြီးတည်ထား ကိုးကွယ်ခဲ့တဲ့ စည်သူရှင်သရက္ခန်ဘုရား ရှိပါတယ်။ ရှေးအဆိုအရ သိကြားမင်းက နတ်ပြည်မှာရှိတဲ့ တစ်တောင်ပိုပို သရက္ခန်သား (လူ့ပြည်မှာမပေါက်) ကို ဆင်းတုတော်များထုကာ ဆက်သခဲ့လို့ ဆင်မယဉ်သာပေါ်တင်ကာ အဓိဌာန်ပြုရာမှ ပုခန်းမြို့မှ က္ကုဒ္ဓိဝိဒ တောင်ကုန်းတော်မြတ်မှာ နှာမောင်းတင်ကာ ညွှန်ပြတာကြောင့် ကောဇာသက္ကရာဇ် ၄၈၀၊ တပေါင်းလပြည့်မှ ဂူဘုရားတည်ထားကာ ကိုးကွယ်ခဲ့တယ်လို့ သိရပါတယ်။ သာလွန်မင်းလက်ထက်မှာ မင်းဆရာတော် ဦးဇဗ္ဗူဒီပမှ ဂူဘုရားကို စေတီပေါက် ပြန်လည်တည်ထားခဲ့ကြောင်း မှတ်တမ်းတင် ခရေသီးကြေးကဗျည်းအရ သိရပြီး နောက်ပိုင်းမှာ ရွှေဥမင်ဆရာတော်ကြီးမှ ပြန်လည်ပြုပြင်ခဲ့တယ်လို့ သိရပါတယ်။

သရက္ခန်ဆင်းတုတော်

စေတီတော်ရဲ့ ဘုရားပွဲတော်က နှစ်စဉ် လတန်ခူး နှစ်ဦးချိန်ခါမှာ ကျင်းပပါတယ်။ ဒီမှာက သင်္ကြန်တွင်းမှာ ရေမပက်တဲ့ ထူးခြားတဲ့ ဒေသလို့ ဒေသခံတွေက ဆိုပါတယ်။ စည်သူရှင် သရက္ခန်ဘုရားပွဲတော်ရောက်ရင် အနီးပတ်ဝန်းကျင်ဒေသတွေဆီကနေ ဘုရားဖူးတွေက အခုချိန်ထိ လှည်းတပ်ကြီးချီကာ ဘုရားဖူးဖို့လာကြ၊ ဒေသထွက်ကုန်တွေ ရောင်းဖို့လာကြ၊ ဝယ်ဖို့ အလွန်စည်ကြောင်း ဒေသခံတွေက ပြောပြပါတယ်။

အမျိုးသားတွေက ပုခုံးမှာ ပြသာဒ်ကြီးတွေ ထမ်းပြီး ယိမ်းအကနဲ့ ပူဇော်ကြတာဟာလည်း ထူးခြားတဲ့ အစဉ်အလာ ပါပေ။ ဒါကြောင့် အခွင့်သင့်လျှင် ဝင်ရောက်ဖူးမျှော်နိုင်ဖို့ စိန်သော့က ကုသိုလ်ယူ နတ်လမ်းညွှန်ရပါကြောင်း၊

သရက္ခန်ဆင်းတုတော်များ ညဖက်တွင် စံပယ်ရာ နေရာ
ပုခန်းမြို့ဟောင်းတစ်နေရာက စည်သူရှင်သရက္ခန်ဘုရား

5 comments

  • ပေါက်ဖော်

    November 11, 2011 at 4:45 pm

    ကရင်စည်သူရေ..
    နင်..အလောင်းစည်သူဘဝက တည်ထားတဲ့ဘုရား….သတိတရလာဖူးပါဦး.
    🙄

    သမိုင်းလေးတွေပါပြောပြပေးတဲ့..အတွက်..ကျေးဇူးဦးစိန်သော့..

    Reply

  • windtalker

    November 11, 2011 at 6:14 pm

    မရောက်ဖူးသော နေရာများကို မြင်တွေ ့ရ ၊ မသိသောအကြောင်းအရာများကို သိခွင့်ရတဲ့ အတွက်
    ကျေးဇူးတင်ပါတယ် ကိုစိန်သော့

    Reply

  • koaung

    November 11, 2011 at 6:55 pm

    ဆရာဒိုင်းမွန်းကီး ရေ ဓတ်ပုံတွေပြတ်သားလှတယ်ဗျာ သာဓုပါဗျာ

    Reply

  • “ဘီလူးကြီး”ogre

    November 12, 2011 at 7:58 am

    သရက္ခန် ဆင်းတုဆိုပြီး အပေါ်ပုံက
    ဘာအလုံးတွေလဲဗျ ပုတီးမဟုတ်ဘာမဟုတ်

    Reply

    • Diamond Key

      November 12, 2011 at 9:03 am

      အဲဒါက ကျွန်တော် ရောက်တုန်းဓါတ်ပုံရိုက်တော့မယ့် အချိန်မှာ ရှေ့က ဘုရားဖူးတွေရဲ့ သိဓ္ဒိတင်ထားတဲ့ စိတ်ပုတီးတွေပါ။ ကျွန်တော် က အချိန်သိပ်မရတော့ ကြုံသလိုပဲ အချိန်မစောင့်ပဲ ရိုက်ခဲ့လို့ပါ။

      Reply

Leave a Reply

Your email address will not be published.