အတ္တ

မသိလိုက် မသိဘာတာနဲ့

ကျွံဝင်နေတဲ့ စိတ်မှာ

လွတ်လပ်မှုကိုစော်ကားလို့ ဘောင်ကျော်ခဲ့တာ မဟုတ်ဘူး…။

စည်းဝိုင်းထဲမှာရှိသူနဲ့ စည်းပြင်ဘက်မှာရှိတဲ့သူ

မျက်နှာချင်းဆိုင် စကားပြောကြည့်တော့

ယုံကြည်မှုတွေကင်းမဲ့လို့ အတ္တအလံတွေလွှင့်တင်နေကြ

ငါကလည်း

အမှားကင်းသူ တစ်ယောက်မှ မဟုတ်တာပဲ…။

ငိုစရာရှိရင် ငိုလိုက်ပြီး

ရယ်စရာရှိရင် ရယ်လိုက်ကြမယ်လို့ဆိုပေမယ့်

တစ်သားတည်းဆိုတဲ့ ဟိုအရင်က စိတ်မှာ

အတ္တအရောင်တွေ ခြယ်သလာကြ

ငါတို့….မဖြူစင်တော့ပြန်ဘူး..။

ငါစွဲ အတ္တအလံမှာ မှန်တယ်ထင်တဲ့ ယူဆချက်တွေအပေါ်

စုတ်ဆွဲချက်တွေ ခပ်ပြင်းပြင်းဖြစ်ခဲ့မယ်ဆိုရင်

ငါ့ ဟာ ငါပဲ မှားတာပါ.လို့

ငါ့ဘက်ကမှားတာပါကွာလို့ အထပ်ထပ်ပြောစရာမလို

လွတ်လပ်စွာ မင်းကွဲလွဲလို့ရပါရဲ့…

ပွင့်လင်းစွား ဆွေးနွေးလို့ရပါရဲ့…

နှိုင်းယှဉ်ဆက်စပ်တွေးနိုင်ပါရဲ့…

မွန်းကြပ်နေတဲ့ မင်းစိတ်မှာ ငိုစရာရှိရင် ငါက အတူငိုလိုက်ပြီး

ရယ်စရာရှိရင်လည်း ငါက အတူရယ်လိုက်

ငါတို့ဟာ သူငယ်ချင်းတွေဆို…။

နွေးထွေးမှုအသက်ဝင်လှတဲ့ အခန်းမှာ

တိတ်ဆိတ်ခြင်းတွေ မင်းမူလို့မဖြစ်ဘူး….

မလိုမှုတွေ ပြည့်နှက်လို့မဖြစ်ဘူး…

တင်းမာမှုတွေ ခက်ထန်လို့ မဖြစ်ဘူး…။

ဖြေလိုက်ပါလို့ ပြောရမယ့်စကားမှာ

မင်းလွတ်လပ်ခွင့်ကို ထိပါးခဲ့ရင်

တဒင်္ဂမှားတဲ့အမှားတစ်ခုအတွက်

ပုဒ်စာတွက်မှားတယ်လို့ပဲ

မင်းထင်ပေးပါ….

ကျေးဇူးပြုပြီး အတ္တတွေ ဖုံးကွယ်ရင်ပေါ့…။

Thaw Zin Loikaw

One comment

  • ကြောင်လတ်

    November 11, 2011 at 4:33 pm

    စိတ်ကူကောင်းတဲ့ကဗျာလေးပါပဲ။

    Reply

Leave a Reply

Your email address will not be published.